စစ်တပ်အရာရှိငယ်များ၏ Facebook သုံးစွဲမှုကို ကန့်သက်ဖို့လိုပြီလား
Author: lubo601 |
10:12 PM |
No မှတ်ချက် |
အဂ္ဂမဟာ ဒီမိုဖက်တီး shared Eleven Media Group's photo.
မြန်မာစစ်တပ်ဟာ တခြားစစ်တပ်တွေ၊ တခြားနိုင်ငံက စစ်တပ်တွေအားလုံးထက် လုံခြုံရေး နှင့် သတင်း မပေါက်ကြားရေးကို အထူးအလေးထား ထိန်းသိမ်းလိုတဲ့ စစ်တပ်တစ်ခုဖြစ်ပါတယ်။ တခြားနိုင်ငံတွေမှာ စစ်အင်အားအခြေအနေ နဲ့ အခြား လုပ်ဆောင်မှုများကို ပြည့်ပြည့်စုံစုံမဟုတ်တောင် ဝတ္တရားတစ်ခု အနေဖြင့် ချပြသင့်သလောက် ကို နည်းနည်းပါးပါး ချပြလေ့ရှိပါတယ်။
ဒါပေမယ့် စစ်တပ်တစ်တပ်မှာ လျှို့ဝှက်မှု အရေးကြီးတယ်ဆိုတာကိုတော့ တကမ္ဘာလုံးက စစ်တပ်အားလုံး လက်ခံထားကြပါတယ်။ ဒီကနေ့ နိုင်ငံခြားသို့ လျှို့ဝှက်သင်တန်း တက်ရောက်နေတဲ့ မြန်မာစစ်တပ်အရာရှိငယ်တချို့ဟာ Facebook ပေါ်မှာ ဘယ်ကျောင်းမှာ တက်နေတယ်၊ ဒီနေ့ ဘယ်သွားတယ်၊ ဒီနေ့ ဘာချက်စားတယ် ဆိုပြီး သူတို့ရဲ့ လုပ်ဆောင်မှုမှန်သမျှကို facebook ပေါ်မှာ တင်နေကြတာတွေ့ရတော့ နည်းနည်းတော့ လွဲနေပြီလို့ ထင်မိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း တပ်မတော်မှာ အချိန်အကြာကြီး တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ တပ်မတော်သား တစ်ယောက်အနေနဲ့ ဒီကနေ့ ဘယ်သူနဲ့တွေ့ပြီး ဘာလုပ်တယ်ဆိုတာကို နေ့စဉ်မှတ်တမ်းမှာ ရေးခဲ့ပါတယ်။ အဲဒီနေ့စဉ်မှတ်တမ်းတောင် မိသားစုတွေကို ဖက်ခိုင်းလေ့မရှိပါဘူး။ အခု အရာရှိငယ်တွေကတော့ ဓာတ်ပုံတွေ ဝေဝေဆာဆာ နဲ့ စတိုင်အမျိုးမျိုးထုတ်ပြီး အများမြင်အောင် တင်နေကြတာ မလုပ်သင့်ဘူးလို့ထင်ပါတယ်။ တချို့တွေက သူငယ်ချင်းတွေအားလုံးသိအောင် ပြပါတယ်၊ တချို့တွေက သူငယ်ချင်းရဲ့ သူငယ်ချင်းတွေပါ သိအောင်ပြပါတယ်။ သူငယ်ချင်းဆိုတဲ့လူအားလုံးကလည်း တပ်မတော်သားတွေ မဟုတ်ကြပါဘူး။ သူငယ်ချင်းရဲ့ သူငယ်ချင်းဆိုတဲ့ထဲမှာဆိုရင် ပိုဆိုးပါတယ်။ ဘယ်သူတွေကိုပဲပြပြ ဒီအလုပ်က ပြဖို့လိုတဲ့ အလုပ်မဟုတ်ဘူးလို့ထင်ပါတယ်။ တစ်ခါတစ်လေမှာ တပ်မတော်အရာရှိ တစ်ယောက်နဲ့ မလျှော်ညီတဲ့ ဆံပင်တွေ၊ နားကပ်တွေ၊ အဝတ်အစားတွေကိုလည်း တွေ့နေရပါတယ်။ တခါတလေ အကျီချွတ်နဲ့ပုံတွေ အပြင် ကနွဲ့ကလျ ပုံတွေလည်း ပါပါတယ်။
နောက်တစ်ခုက ကောင်မလေးတွေနဲ့ တွဲတဲ့ ဓာတ်ပုံတွေပါ။ တချို့ပုံတွေက ဖိုတိုလျှော့တွေ တွေ့ရပါတယ်။ တချို့ပုံတွေက မူရင်းတွေပါ။ ကောင်မလေးတွေနဲ့ မျက်နှာချင်းကပ်ပြီး ရိုက်တဲ့ပုံတွေ တွေ့ရပါတယ်။ တဖက်မှာလည်း အဲဒီကောင်မလေးရဲ့ အရက်သောက် ကလပ်တတ်နေတဲ့ ပုံတွေ တွေ့ရပြန်ပါတယ်။ ဒါတွေက အမြင်မတော်စရာတွေပါ။
တစ်ခါ ကောင်မလေးတွေနဲ့ အချင်းချင်းပြောသမျှကို Facebook မှာ update လုပ်ကြတာလည်း တွေ့ရပါတယ်။ သဲလေး၊ ခလေးလေး၊ ပူတူတူးလေး ကို အရမ်းချစ်တယ်၊ ကိုကို့ကို အရမ်းချစ်တယ် ဆိုတာတွေကို လူအများရှေ့မှာ ရေးကြပြန်ပါတယ်။ စစ်ဗိုလ်ကြီးတစ်ယောက် ရဲ့ မျက်နှာနဲ့ စကားလုံးအသုံးအနှုံးများက မြင်ရသူတွေအတွက် အတော်လေး ကသိကအောက် ဖြစ်ရပါတယ်။ တကယ်တမ်းတော့ ဒီအကြောင်းတွေဆိုတာကလည်း ဂျီတော့မှာသော်၎င်း၊ အီးမေးမှာသော်၎င်း၊ facebook မှာ Message ပို့ပြီးလည်း ပြောရမယ့် စကားတွေပါ။
Facebook ဆိုတာ တကမ္ဘာလုံးက သုံးနေတဲ့ Social Network တစ်ခုပါ။ နိုင်ငံခြားက စစ်သားတွေလည်း သုံးကြပါတယ်။ ဒါပေမယ့် တခြားနိုင်ငံတွေမှာ လျှို့ဝှက်ပညာသင်နေတဲ့ စစ်ဖက် အရာရှိကြီး၊ အရာရှိငယ်တွေကတော့ လူအများသိအောင် Facebook ပေါ်မှာ Status တွေ update လုပ်လေ့ မရှိကြပါဘူး။ မြန်မာ အရာရှိငယ်တွေလည်း ဒါကို အတုယူသင့်ပါတယ်။
Facebook ဆိုတာကို နိုင်ငံခြားမှာတင်မက မြန်မာလည်း လူအတော်များများသုံးနေပါတယ်။ အခြားနိုင်ငံတွေက စစ်ဘက်အရာရှိကြီးတွေ၊ အစိုးရ အရာရှိကြီးတွေ လိုပဲ မြန်မာ စစ်ဖက်အရာရှိကြီးတွေနဲ့ အစိုးရအရာရှိကြီးတွေလည်း သုံးပါတယ်။ ဒါပေမယ့် မြန်မာ စစ်ဘက်အရာရှိငယ်တွေ သုံးနေကြသလို ဒီကနေ့ ဘာလုပ်တယ်၊ ဘာစားတယ်၊ ဘယ်သူနဲ့ အမှတ်တရ ဆိုပြီး လူအများကို ပြောဆိုဖို့ Facebook သုံးကြတာ မဟုတ်ပါဘူး။ အဓိက က တော့ ပြည်တွင်း ပြည်ပသတင်းတွေကို ဖတ်ဖို့ နဲ့ တခြားရည်ရွယ်ချက်တွေနဲ့ပဲ သုံးကြတာ ဖြစ်ပါတယ်။
တလောက စစ်ဘက် အရာရှိကြီး တစ်ယောက်က facebook ပေါ်မှာ အတိုက်အခံ ကောင်မလေးတွေက စစ်ဘက် အရာရှိငယ်လေးတွေဆီမှာ ချဉ်းကပ်ပြီး သတင်းယူနေကြောင်း သတိပေးထားတာ တွေ့လိုက်ရပါတယ်။ တကယ်တမ်းတော့ ချဉ်းကပ်သတင်းယူနေတာက နည်းနည်းသာဖြစ်ပြီး မချဉ်းကပ်ချင်ကတည်းက သတင်းစုံ ပြောပြနေကြတဲ့ အရာရှိငယ်လေးတွေ အများကြီးရှိနေတာပါ။ ရုရှားနိုင်ငံမှ အရာရှိငယ်များ နှင့် ပတ်သက်ခဲ့သော မိန်းကလေးများကို မေးကြည့်ရင် သိပါတယ်။ ရုရှားနိုင်ငံမှာ စုစုပေါင်း မြန်မာအရာရှိပေါင်း ဘယ်လောက်ရှိတယ်၊ ဘယ်ကျောင်းမှာ ဘယ်လောက်ရှိတယ်၊ ဘယ်အပတ်စဉ်တွေ တက်နေတယ်၊ ဘယ့်နေ့ မှာ ဘယ်အပတ်စဉ် ပြန်မယ်၊ ဘယ်နေ့မှာ ဘယ်အပတ်စဉ် ရောက်မယ် ဆိုတာတွေအပြင် ဒီကနေ့ ကျောင်းမှာ အစည်းအဝေးလုပ်တဲ့အကြောင်း၊ ဘယ်အကြောင်းကို ဘယ်သူက ဘယ်လို ဆဲသွားကြောင်း က စပြီး ပြောပြကြပါတယ်။
ဒါ့အပြင် ရုရှားနိုင်ငံကိုရောက်ဖူးတဲ့ မိန်းကလေးတွေလည်း အများကြီး ရှိပါတယ်။ တချို့မိန်းကလေးတွေဆိုရင် ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေမှ ထဲထဲဝင်ဝင် လှုပ်ရှားနေသူတွေရဲ့ သမီးတွေ တောင်ပါပါတယ်။ အဲလိုလူတွေလာဖို့အတွက်လည်း စီနီယာ တာဝန်ကျတွေက မတားတဲ့အပြင် ကူညီနေကြပြန်ပါတယ်။ ဒါတွေကို တပ်မတော်အရာရှိကြီးများက ကန့်သက်ဖို့ လိုပါတယ်။
(ဆက်လက်ဖော်ပြမည်။ ကိုစိုင်း)
ဒါပေမယ့် စစ်တပ်တစ်တပ်မှာ လျှို့ဝှက်မှု အရေးကြီးတယ်ဆိုတာကိုတော့ တကမ္ဘာလုံးက စစ်တပ်အားလုံး လက်ခံထားကြပါတယ်။ ဒီကနေ့ နိုင်ငံခြားသို့ လျှို့ဝှက်သင်တန်း တက်ရောက်နေတဲ့ မြန်မာစစ်တပ်အရာရှိငယ်တချို့ဟာ Facebook ပေါ်မှာ ဘယ်ကျောင်းမှာ တက်နေတယ်၊ ဒီနေ့ ဘယ်သွားတယ်၊ ဒီနေ့ ဘာချက်စားတယ် ဆိုပြီး သူတို့ရဲ့ လုပ်ဆောင်မှုမှန်သမျှကို facebook ပေါ်မှာ တင်နေကြတာတွေ့ရတော့ နည်းနည်းတော့ လွဲနေပြီလို့ ထင်မိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း တပ်မတော်မှာ အချိန်အကြာကြီး တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ တပ်မတော်သား တစ်ယောက်အနေနဲ့ ဒီကနေ့ ဘယ်သူနဲ့တွေ့ပြီး ဘာလုပ်တယ်ဆိုတာကို နေ့စဉ်မှတ်တမ်းမှာ ရေးခဲ့ပါတယ်။ အဲဒီနေ့စဉ်မှတ်တမ်းတောင် မိသားစုတွေကို ဖက်ခိုင်းလေ့မရှိပါဘူး။ အခု အရာရှိငယ်တွေကတော့ ဓာတ်ပုံတွေ ဝေဝေဆာဆာ နဲ့ စတိုင်အမျိုးမျိုးထုတ်ပြီး အများမြင်အောင် တင်နေကြတာ မလုပ်သင့်ဘူးလို့ထင်ပါတယ်။ တချို့တွေက သူငယ်ချင်းတွေအားလုံးသိအောင် ပြပါတယ်၊ တချို့တွေက သူငယ်ချင်းရဲ့ သူငယ်ချင်းတွေပါ သိအောင်ပြပါတယ်။ သူငယ်ချင်းဆိုတဲ့လူအားလုံးကလည်း
နောက်တစ်ခုက ကောင်မလေးတွေနဲ့ တွဲတဲ့ ဓာတ်ပုံတွေပါ။ တချို့ပုံတွေက ဖိုတိုလျှော့တွေ တွေ့ရပါတယ်။ တချို့ပုံတွေက မူရင်းတွေပါ။ ကောင်မလေးတွေနဲ့ မျက်နှာချင်းကပ်ပြီး ရိုက်တဲ့ပုံတွေ တွေ့ရပါတယ်။ တဖက်မှာလည်း အဲဒီကောင်မလေးရဲ့ အရက်သောက် ကလပ်တတ်နေတဲ့ ပုံတွေ တွေ့ရပြန်ပါတယ်။ ဒါတွေက အမြင်မတော်စရာတွေပါ။
တစ်ခါ ကောင်မလေးတွေနဲ့ အချင်းချင်းပြောသမျှကို Facebook မှာ update လုပ်ကြတာလည်း တွေ့ရပါတယ်။ သဲလေး၊ ခလေးလေး၊ ပူတူတူးလေး ကို အရမ်းချစ်တယ်၊ ကိုကို့ကို အရမ်းချစ်တယ် ဆိုတာတွေကို လူအများရှေ့မှာ ရေးကြပြန်ပါတယ်။ စစ်ဗိုလ်ကြီးတစ်ယောက် ရဲ့ မျက်နှာနဲ့ စကားလုံးအသုံးအနှုံးများက မြင်ရသူတွေအတွက် အတော်လေး ကသိကအောက် ဖြစ်ရပါတယ်။ တကယ်တမ်းတော့ ဒီအကြောင်းတွေဆိုတာကလည်း ဂျီတော့မှာသော်၎င်း၊ အီးမေးမှာသော်၎င်း၊ facebook မှာ Message ပို့ပြီးလည်း ပြောရမယ့် စကားတွေပါ။
Facebook ဆိုတာ တကမ္ဘာလုံးက သုံးနေတဲ့ Social Network တစ်ခုပါ။ နိုင်ငံခြားက စစ်သားတွေလည်း သုံးကြပါတယ်။ ဒါပေမယ့် တခြားနိုင်ငံတွေမှာ လျှို့ဝှက်ပညာသင်နေတဲ့ စစ်ဖက် အရာရှိကြီး၊ အရာရှိငယ်တွေကတော့ လူအများသိအောင် Facebook ပေါ်မှာ Status တွေ update လုပ်လေ့ မရှိကြပါဘူး။ မြန်မာ အရာရှိငယ်တွေလည်း ဒါကို အတုယူသင့်ပါတယ်။
Facebook ဆိုတာကို နိုင်ငံခြားမှာတင်မက မြန်မာလည်း လူအတော်များများသုံးနေပါတယ်။ အခြားနိုင်ငံတွေက စစ်ဘက်အရာရှိကြီးတွေ၊ အစိုးရ အရာရှိကြီးတွေ လိုပဲ မြန်မာ စစ်ဖက်အရာရှိကြီးတွေနဲ့ အစိုးရအရာရှိကြီးတွေလည်း သုံးပါတယ်။ ဒါပေမယ့် မြန်မာ စစ်ဘက်အရာရှိငယ်တွေ သုံးနေကြသလို ဒီကနေ့ ဘာလုပ်တယ်၊ ဘာစားတယ်၊ ဘယ်သူနဲ့ အမှတ်တရ ဆိုပြီး လူအများကို ပြောဆိုဖို့ Facebook သုံးကြတာ မဟုတ်ပါဘူး။ အဓိက က တော့ ပြည်တွင်း ပြည်ပသတင်းတွေကို ဖတ်ဖို့ နဲ့ တခြားရည်ရွယ်ချက်တွေနဲ့ပဲ သုံးကြတာ ဖြစ်ပါတယ်။
တလောက စစ်ဘက် အရာရှိကြီး တစ်ယောက်က facebook ပေါ်မှာ အတိုက်အခံ ကောင်မလေးတွေက စစ်ဘက် အရာရှိငယ်လေးတွေဆီမှာ ချဉ်းကပ်ပြီး သတင်းယူနေကြောင်း သတိပေးထားတာ တွေ့လိုက်ရပါတယ်။ တကယ်တမ်းတော့ ချဉ်းကပ်သတင်းယူနေတာက နည်းနည်းသာဖြစ်ပြီး မချဉ်းကပ်ချင်ကတည်းက သတင်းစုံ ပြောပြနေကြတဲ့ အရာရှိငယ်လေးတွေ အများကြီးရှိနေတာပါ။ ရုရှားနိုင်ငံမှ အရာရှိငယ်များ နှင့် ပတ်သက်ခဲ့သော မိန်းကလေးများကို မေးကြည့်ရင် သိပါတယ်။ ရုရှားနိုင်ငံမှာ စုစုပေါင်း မြန်မာအရာရှိပေါင်း ဘယ်လောက်ရှိတယ်၊ ဘယ်ကျောင်းမှာ ဘယ်လောက်ရှိတယ်၊ ဘယ်အပတ်စဉ်တွေ တက်နေတယ်၊ ဘယ့်နေ့ မှာ ဘယ်အပတ်စဉ် ပြန်မယ်၊ ဘယ်နေ့မှာ ဘယ်အပတ်စဉ် ရောက်မယ် ဆိုတာတွေအပြင် ဒီကနေ့ ကျောင်းမှာ အစည်းအဝေးလုပ်တဲ့အကြောင်း၊ ဘယ်အကြောင်းကို ဘယ်သူက ဘယ်လို ဆဲသွားကြောင်း က စပြီး ပြောပြကြပါတယ်။
ဒါ့အပြင် ရုရှားနိုင်ငံကိုရောက်ဖူးတဲ့ မိန်းကလေးတွေလည်း အများကြီး ရှိပါတယ်။ တချို့မိန်းကလေးတွေဆိုရင် ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေမှ ထဲထဲဝင်ဝင် လှုပ်ရှားနေသူတွေရဲ့ သမီးတွေ တောင်ပါပါတယ်။ အဲလိုလူတွေလာဖို့အတွက်လည်း စီနီယာ တာဝန်ကျတွေက မတားတဲ့အပြင် ကူညီနေကြပြန်ပါတယ်။ ဒါတွေကို တပ်မတော်အရာရှိကြီးများက ကန့်သက်ဖို့ လိုပါတယ်။
(ဆက်လက်ဖော်ပြမည်။ ကိုစိုင်း)
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment