Saturday, April 6, 2013

ကျောင်းတတ်ချင်တယ် အမေ



သားပါ အမေ
သူတို့တွေကျောင်းသွားနေကြတယ်
ဖြူစိမ်းလေးတွေကိုယ်စီနဲ့
တစ်ယောက်လက်တစ်ယောက်တွဲ
သိပ်ပျော်ဖို့ကောင်းတယ်နော် .......... ။

သားပါ အမေ
ပညာသင်ရေးအတွက်
အခွင့်ရေးတွေနည်းခဲ့လေတော့
လွယ်အိတ်လေးနဲ့ဝေးရတဲ့ဘဝ
ခေါင်းလောင်းသံတွေနဲ့လွဲခဲ့ရတယ်
သား ကျောင်းတတ်ချင်လိုက်တာ အမေ ............ ။

သားပါ အမေ
ကြည်နူးဖွယ် မြင်ကွင်း
စာသင်းခန်းတွေဆီချီတတ်နေကြတယ်
သားမှာတော့ဖြင့်
ရဲရဲတောင် မကြည့်ရဲ
ချောင်ကပ်ပြီးအားကျနေရ
သား ပညာတတ်ချင်တယ် အမေ ........... ။

သားပါ အမေ
ကျောင်းတတ်ချင်တယ်
ပညာတတ်ချင်တယ်
အိတ်တစ်လုံးလွယ်အမိုက်ကောက်
အဲ့လိုဘဝမျိုးမရောက်ချင်ဘူး
သားကျောင်းတတ်ချင်တယ် အမေ ........ ။

သားပါ အမေ
အမေ နေကောင်းရဲ့လား
ချောင်းတွေဆိုးတယ်ဆို
စားသောက်ကောင်းရဲ့လား
သားကျောင်းတတ်ချင်တာပေါ့အမေ
ထားလိုက်ပါတော့ အမေ
အမေ့ကျန်းမာရေးအတွက်
ခေါင်းလောင်းတွေသားမျက်ကွယ်ပြုလိုက်မယ်
နောက်ဘဝပေါ့ အမေ
ဒီဘဝတော့
အမေ့ဆေးဖိုးအတွက်
ဟိုဘတ်လမ်းဆီချီတတ်လိုက်ဦးမယ်
ရေခဲချောင်းကကုန်မှဖြစ်မယ်
သား ကျောင်းတတ်ချင်တယ် အမေ ....... ။

(ဝေယံမောင်မောင်)

... ပုံလေးတွေ့လို့ အပျံသင်ကြည့်လိုက်မိတာ ပျော်ရွှင်ကြပါစေ .....

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...