Sunday, April 14, 2013

ဇီဝိတဒါနပြုလုပ်ရာတွင် အကြံပြုဆွေးနွေးချင်သော အချက်များ။

by Lu Mg (Notes) on Wednesday, April 18, 2012 at 3:00am


 
(၁) မိတ်ဆွေ နောင်နှစ် ဇီဝိတဒါန ငါးလွှတ်ရင် ရေကန် (ရေသေ) ထက် ဖြစ်နိုင်ရင် ရေ အရှင် စီးဆင်းနေသော ချောင်းမြောင်းစသည်တို့တွင် သွားလွှတ်ပါ ( ကန်ထဲရှိ ငါးကြီးများကို ကိုယ်လွှတ်လိုက်သော ငါးပေါက်စလေးတွေအား အစာအဖြစ်လာကျွေးသကဲ့သို့ ဖြစ်နေသည်ကို ကန်ထဲငါးပေါက်လေးတွေ လွှတ်ချိန်တွင် အနည်းငယ် သတိပြုရုံနှင့် သင်သဘောပေါက်သွား ပါလိမ့်မည်။)


(၂) ခြင်းတောင်းထဲမှ စာပေါက်လေးတွေအား မလွှတ်ခင် အစာရေတိုက်ကျွေးပြီးမှ အနီးရှိသစ်ကိုင်းပေါ်တွင် နားစေပြီးမှ လွှတ်စေချင်ပါသည်။(ပိုက်ဆံတတ်နိုင်တယ်ဆိုပြီး ဓါတ်ပုံရိုက်ခံကောင်းအောင် ခြင်းကိုရိုက် ခြောက်လှန့်လွှတ်ခြင်းမှာ အတောင်ညောင်းနေသော စာငယ်လေးများအား ကျီးကန်းများက လေထဲမှာပင် နေ့လည်စာအဖြစ် လိုက်ထိုးသုတ်ကြပါလိမ့်မည်။)
မိမိလှူလိုက်သောအလှူ ရာနှုန်းပြည့်နီးပါး ကုသိုလ်ရစေရန်အတွက် အမှတ်တမဲ့လေးတွေကို သတိထားလိုက်ပါက အမှတ်တရအလှူများ ဖြစ်စေချင်တာ စေတနာအမှန်ပါ။

(၃) လိပ်လွတ်လျှင်လည်း သတိပြုရန် ရှိပါသည်။ လိပ်များမှာ ကုန်းလိပ်နှင့် ရေလိပ်ဟု၍ ရှိပါသည်။ ကုန်းလိပ်ကို မြစ်ချောင်းထဲ၊ ရေထဲသို့ မှားလွှတ်မိလျှင် ကုန်းလိပ်များခမျာမှာ - အသက်ဆက်ရှင်ရန် ခဲယဉ်းပါလိမ့်မည်။( Emerald Ko Gyi ။)

(၄) ကျနော် တခုသောသင်္ကြန် နှစ်ဆန်း၃ရက်နေ့မှာ ဈေးတဈေးလုံးက မသတ်ရသေးသောငါးအရှင် ရှိရှိသမျှ အကုန်ဝယ်ပြီး ငမိုးရိပ်ချောင်းထဲ ရေစပ်အထိ ဆင်းလွှတ်ပေးဖူးပါတယ်( ကြွားဝါခြင်းမဟုတ် ကုသိုလ်အမျှဝေချင်လို့ပါ) ကုသိုလ်အမျှ အမျှ အမျှ ယူတော်မူကြပါခင်ဗျာ.. 
        အဲဒိနေရာမှာ ကိုယ်တွေ့တခု ထပ်ပြောပြရရင်..ဈေးထဲမှာ ကြက်အရှင်တွေကို လှောင်အိမ်ထဲကထုတ်ပြီး ချက်ခြင်းသတ်ရောင်းတဲ့ မြင်ကွင်းနဲ့ တိုးပါလေရောခင်ဗျ....ငါးမှ အသက်ရှိတာမဟုတ် ကြက်လဲ အသက်ရှိနေတာမို့..မသတ်ရသေးသော လှောင်အိမ်ထဲမှ ကြက် ၁၅ ကောင်လောက်ကို တလက်စထဲ ၀ယ်ယူကယ်တင်ပြီး ပစ်ကပ်ပေါ်ခြေထောက်တွေကြိုးချည်တင်လာတာပေါ့..ပြသနာက ဘယ်မှာသွားလွှတ်ရမှန်း မသိဘူးလေ...ထစ်ခနဲရှိ ပြေးသတိရတတ်တာက ဘုန်းကြီးကျောင်း..ဒီတော့ ကျောင်းဝင်းထဲ သွားလွှတ်ပြီးပီတိတွေနဲ့ အိမ်ပြန်လာပေါ့...နောက်တော့မှ ပြန်ကြားရတာက...........အဲဒိနား ဆင်းရဲသားရပ်ကွက်က လူတွေ ကျနော်ကို ကျေးဇူးတင်နေကြတယ်တဲ့ .......................................................................................................................................................(ကြက်သား ၀ယ်မစားနိုင်တာ ကြာပြီတဲ့လေ.........ကောင်းလေစွ) :p

အခုလို ပြီးဆုံးအောင်ဖတ်ပေးတာ ကျေးဇူးတင်ပါသည်။
                                                                                                                             လူမောင်(ဆေး ၁)
၁၃၇၄ တန်ခူးလဆုတ် ၁၂ရက်
  နှစ်ဆန်း ၂ ရက်နေ့

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...