"ဆရာလှသောင်းရေးသောမြန်မာနိုင်ငံ၏ ကမ္ဘာ့ပထမဆုံးသောလေယာဉ်ပြန်ပေးဆွဲမှုကြီး"
၁၉၇၀ ခုနှစ်အစောပိုင်းနှင့် နောက်ပိုင်းနှစ်များတွင် လေယာဉ်ပြန်ပေးဆွဲမှုသတင်းများ မကြာခန သတင်းစာများတွင်ရေးသားဖော်ြ ပကြသည်။ သို့သော်လည်းစစ်အေးတိုက်ပွဲ ကာလပြီးဆုံးချိန် တွင် လေယာဉ်ပြန်ပေးဆွဲမှုသတင်းများကိုမဖတ်ရ၊
မကြားရသလောက်ဖြစ်နေသည်။ 9/11 ဟုခေါ်သည့် အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ
World Trade Center အဆောက်အအုံကြီးကို ဆီအပြည့်ဖြည့်ထားသောလေယာဉ်ကြီးများဖြင့် အာရပ်အကြမ်းဖက်သမားများကဝင် ရောက် တိုက်ခိုက်သဖြင့်မီးလောင်ပျ က်စီးပြိုကျကာ အမေရိကန်အများအပြားအပါဝင် လူမျိုးပေါင်းစုံ ၃,၀၀၀ ကျော်တို့သေကြေခဲ့ရသည်။ ဤအကြမ်းဖက်လုပ်ရပ်ကြောင့်လူ သားအားလုံးတုန်လှုပ်ခဲ့ ရသည့် အပြင် ယနေ့တိုင်မပြီးဆုံးနိုင်သေး သောအာဖဂန်စစ်ပွဲနှင့်အီရတ်စ စ်ပွဲတို့၏မြစ်ဖျားခံရာ ဟုဆိုလျှင်မမှားနိုင်ပေ။
သမိုင်းဖြစ်စဉ်တို့ကိုပြန်ေ ကာက်လျှင် လေယာဉ်ပြန်ပေးဆွဲမှု၏အစသည်မြ န်မာနိုင်ငံမှဖြစ်သည် ကိုတော့သိသူနည်းမည်ဖြစ်သည်။
သို့သော်လည်း ၁၉၅၄ ခုနှစ် ဇွန်လက မင်္ဂလာဒုံလေဆိပ်မှ ပျံတက်လာသော
ဒါကိုတာလေယာဉ်ကြီးကို စောကျော်အေးဦးဆောင်သောလူ (၃)ယောက်
ကပြန်ပေးဆွဲခဲ့ကြသည်။ ကမ္ဘာမှာပထမဆုံးသောလေယာဉ်ပြန်ပေးဆွဲခြင်းဖြစ်သည်။ထိုလေယာဉ် ကို ပုသိမ်ခရိုင် ဂွ နှင့် ချောင်းသာအကြားရှိပင်လယ်သဲေ သာင်ပြင်ပေါ်တွင်ဆင်းသက်ခိုင်းခဲ့ သည်။ ဖြစ်တောင့်ဖြစ်ခဲ၊ ကြုံတောင့်ကြုံခဲဖြစ်ရပ်တစ် ခုပင်ဖြစ်သည်။ စာရေးသူမှ ခဲရာခဲဆစ် ရှာဖွေလေ့လာရေးသားထားခြင်ြး ဖစ်သည်။
အထူးခြားဆုံးဖြစ်ရပ်ကား လေယာဉ်ပြန်ပေးဆွဲရာတွင်ဦးဆောင်ခဲ့သော ဦးစောကျော်အေးနှင့် သက်ရှိထင်ရှားတွေ့ဆုံမေးမြန်းနိုင်ခဲ့ခြင်းပေတည်း။ မြန်မာ့သမိုင်းထဲမှ ထူးခြားသောသမိုင်းဖြစ်ရပ် တစ်ခုကို မှတ်တမ်းတင်နိုင်ခြင်းဖြစ်သ ည်။ ယခုပင်လျှင် ဦးစောကျော်အေးမှာ အသက် (၈၆)နှစ် ရှိပေပြီ။ ဧဝံဂလိခရီးထွက်နေဆဲ။
ယခုစာအုပ်ကား "မြန်မာနိုင်ငံ၏ ကမ္ဘာ့ပထမဆုံးသောလေယာဉ်ပြန်ေ ပးဆွဲမှုကြီး" ပင်ဖြစ်သည်။
သမိုင်းဖြစ်စဉ်တို့ကိုပြန်ေ
အထူးခြားဆုံးဖြစ်ရပ်ကား လေယာဉ်ပြန်ပေးဆွဲရာတွင်ဦးဆေ
ယခုစာအုပ်ကား "မြန်မာနိုင်ငံ၏ ကမ္ဘာ့ပထမဆုံးသောလေယာဉ်ပြန်ေ
0 comments:
Post a Comment