သူပုန်နှင့် သံအမတ်
http:// dawngwincamp.blogspot.com/ 2013/04/blog-post.html
အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး Los Angles မြို့ ကိုလာမယ်ဆိုတာကို အဲဒီ့ခရီး စဉ်ဖြစ်မြောက်အောင်
စီစဉ် ပေးနေတဲ့သူတဦးဖြစ်တဲ့ ၈၈ မျိုးဆက်ကျောင်းသားဟောင်း ကိုပေါက် ကတဆင့်
စပြီးသိခဲ့ရပါတယ်။ သံအမတ်ကြီးက ဆန်ဖရန်စစ်စကိုမြို့ ကိုအရင်သွားပြီး L.A
ဖက်ကို ကူးလာမယ်လို့ သိရပါတယ်။ တနင်္ဂနွေနေ့ ဖြစ်တဲ့အတွက် မိမိအလုပ်
ပိတ်ရက်ဖြစ်နေတော့ အဲဒီ့ပွဲကို သွားဖို
့ဆုံးဖြတ်လိုက်ပါတယ်။ ကိုပေါက်ကပဲ အဲဒီ့ပွဲမှာ ၀ိုင်းကူပေးပါလို့  အကူအညီ
တောင်းခံလာတဲ့အပေါ်မှာ ဒီလိုသုံးသပ်မိပါတယ်။
- လတ်တလောမြန်မာသံရုံးရဲ့ ပြုပြင်ပြောင်းလဲနေတဲ့ အခြေအနေမှန်ကို အသိအမှတ်ပြုဖို့ လိုပါတယ်။ ဗီဇာကို ၂ ရက် အတွင်းထုတ်ပေးနေတာကို သံရုံးဝက်ဆိုဒ်ကတဆင့်လျောက် တဲ့သူတဦးဆီက ကြားလိုက်ရ လို့ အဲဒါကို တိုးတက် ပြောင်း လဲတဲ့ သင်္ကေတအနေနဲ့ အသိအမှတ်ပြုလိုပါတယ်။
- သံအမတ်ကြီးက တွေ့ ဆုံပွဲမှာ မြန်မာနိုင်ငံအခြေအနေ၊ မြန်မာမိသားစုများက သိလိုတဲ့ အကြောင်း အရာတွေကို ပြော ကြားပေးမယ်လို့ သိရတဲ့အတွက် L.A လူထုအတွက် အကျိုးရှိစေနိုင်တဲ့ တွေ့ ဆုံပွဲလို့  ရိုးရိုးလေးပဲ မြင်မိပါတယ်။
- သံအမတ်နဲ့ တွေ့ ဆုံပြီး မိမိတို့ ဒီမိုကရေစီအင်အားစုများရဲ့
ထင်မြင်ချက်၊ တောင်းဆိုချက်၊ သိလိုချက်များကို တင်ပြ
ဆွေးနွေးနိုင်မယ်ဆိုတဲ့ အခွင့်အလမ်းတခုကိုလဲ လက်လွတ်မခံလိုတဲ့အတွက်
ဒီပွဲကိုသွားဖို့ နဲ့ တတ်နိုင်သမျှ ၀ိုင်းဝန်း လုပ်ပေးဖို့ 
ဆုံးဖြတ်မိပါတယ်။
- အရေးကြီးဆုံးအချက်က အခုတွေ့ ဆုံပွဲလုပ်မဲ့နေရာဖြစ်တဲ့ လပွန်းတီဘုန်းကြီးကျောင်းဟာ ဒီမိုကရေစီရေး လှုတ်ရှားမှု အခမ်းအနားတွေကို စဉ်ဆက်မပြတ်လက်ခံကျင်းပပေးေ နတဲ့ L.A မြို့ ဂုဏ်ဆောင် ဘုန်းကြီးကျောင်း ဖြစ်တာကြောင့် ဒီပွဲ ကိုအတတ်နိုင်ဆုံးအောင်မြင် စေဖို့ အတွက် ကူညီချင်တဲ့စိတ်က အရင်းခံဆန္ဒပဲဖြစ်ပါတယ်။
တွေ့ ဆုံပွဲလုပ်မဲ့နေ့ မှာ မနက်ပိုင်းက မွေးနေ့ ရှင်များစုပေါင်းအလှူရှိတာ ကြောင့်
အလှူပြီးမှ အခမ်းအနား စတင်ဖြစ်ပါ တယ်။ အမြဲသုံးနေကြ ဘုန်းကြီးကျောင်းက
စပီကာနှင့်အသံချဲ့ စက်များကိုလည်း ဒီပွဲမှာ သုံးမယ်ထင်ပြီး အဆင်သင့်လုပ်
ထားပေမဲ့ ကူညီချင်တဲ့သူတွေအများအပြား ရှိနေပြီး စပီကာနှင့် စက်များကိုလည်း ယူလာတယ်လို့ သိရတော့ ဒီနေ့ ဟာ ထူးခြားတဲ့နေ့ ပဲလို့ တွေးမိပါတယ်။
အခမ်းအနားစတင်ချိန်မှာ အခမ်းအနားမှူးက အခုအချိန်ကစပြီး သံအမတ်ကြီးဦးသန်းဆွေက မိန့် ခွန်းပြောကြားပါတော့ မယ်လို့ ကြေညာလိုက်ချိန်မှာ သံအမတ်ကြီးက ကျနော်မိန့် ခွန်းပြောမှာ မဟုတ်ပါဘူး၊ မိသားစုတွေကို လာတွေ့ တာပါ ဆိုပြီး သံရုံးရဲ့လက်ရှိဝန်ဆောင်မှု အခန်းကဏ္ဍ နဲ့ လတ်တလောမြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို တင်ပြဆွေးနွေးမှာဖြစ်ကြောင်း၊ ပြည်ပရောက်မြန်မာများရဲ့ အကြံဥာဏ်များကိုလည်း ရယူလိုကြောင်း၊ အမေရိကန်နိုင်ငံရဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံ မှုအခြေအနေ၊ အမေရိကားအနောက်ဖက်ကမ်း တွင် မြန်မာကောင်စစ်ဝန်ရုံးဖွင့် နိုင်မဲ့
အလားအလာ၊ စသဖြင့် ဆွေးနွေးတင်ပြပါတယ်။ သူဟာ စကားကို ဖြေးဖြေးမှန်မှန်နဲ
့အချက်အလက်များကို အသေးစိပ်တင်ပြဆွေးနွေး တာကို တွေ့ ရပါတယ်။
ဇတ်ရှိန်အတက်ဆုံးအချိန်ကတော့  အပြန်အလှန်မေးခွန်းမေးတဲ့အပိုင်းပဲဖြစ်ပါတယ်။
ဦးစွာ ဒေါက်တာအောင်ခင်က မိမိ အမေရိကားရောက်သည်မှာ ၃၇
နှစ်ရှိပြီဖြစ်ကြောင်း၊ ပြည်တွင်း ဖွံ့ ဖြိုးရေးအတွက် မိမိ တနိုင်
တပိုင်ကူညီလျက်ရှိကြောင်း၊ သို့ သော်လည်း မိမိကူညီနေသောပြည်တွင်းဘုန်းကြီးကျောင်းမှ
ဘုန်းကြီးကစိုးရိမ်သဖြင့် မိမိနာမည်ကိုပင် မဖော်ပြရဲကြောင်း စသဖြင့်
မေးခွန်းများမေးကြ၊ အပြန်အလှန် ဆွေးနွေးကြဖြင့် ဆွေးနွေးပွဲကို ပိုပြီး
အသက်ဝင်လာပါတယ်။ အများစုကတော့သူတို့ ရဲ့သိလိုချက်တွေ၊ အားမရမှုတွေ၊
မကျေနပ်ချက်တွေကို အပြုသဘော ဝေဖန်ထောက်ပြသွားသလို သံအမတ်ကြီးကလည်း ဟာသနှော
ပွင့်လင်းရင်းနှီး စွာ ပြန်လည်ဖြေကြားပေးသွားလို့  ပရိတ် သက်များ
သဘောကျစေတဲ့ တွေ့ ဆုံပွဲလို့ ပြောရင်လဲ မမှားပါဘူး။
ဒီပွဲကိုလာတဲ့သူတွေကို အကဲခတ်ကြည့်မိတော့… သံအမတ်ကြီးဘာပြောမလဲဆိုတာကို
နားထောင်ချင်တဲ့သူက အများ စုပါ။ ပြီးတော့ သံအမတ်ကြီးကို
သိချင်တဲ့ကိစ္စတွေကို မေးခွန်းမေးတဲ့သူတွေနဲ့ အပြုသဘော ဝေဖန်သူတွေကိုလည်း
တွေ့ ရပါတယ်။ ပြီးတော့ သံအမတ်ကြီးနောက်မှာ အရိပ်သဖွယ်လိုက်နေတဲ့
လူတစုကိုလဲ တွေ့ ရပါတယ်။ အဆက် အသွယ်နဲ့ အခွင့်အရေးကို လက်မလွတ်တမ်း
အသုံးချခြင်သူများလည်း ရှိနေတယ်လို့ မြင်မိပါတယ်။
ဒီနေ့ ပွဲဟာ L.A မြို့ ရဲ့ သမိုင်းဝင်အခမ်းအနားတခုလို့ လဲ ပြောလို့ ရပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ သံအမတ်ကြီး စကားပြောနေတဲ့နေရာမှာပဲ ၈လေးလုံးအခမ်းအနား၊ ဒေါ်အောင်ဆန်း စုကြည်မွေးနေ့ ပွဲတွေကို အမြဲတမ်း ကျင်းပနေ လို့ ဖြစ်ပါတယ်။ အခမ်းအနားအပြီး ပစ္စည်းများကိုကူညီသိမ်းပြီး နောက်မှာ ပွဲစီစဉ်သူများဖြစ်တဲ့ ကိုမူးသာ၊ ကိုပေါက်၊ ကိုမိုးကျော်တို့ က သံအမတ်ကြီးနှင့်ဒီမိုကရေစီအ င်အားစုများ သီးသန့် တွေ့ ဆုံပွဲလေးစီစဉ်ပေးတဲ့အတွက်
ဘုန်းကြီး ကျောင်းတနေရာမှာ တွေ့ ဆုံဖြစ်ပါတယ်။ L.A Organizers အဖွဲ့ က
ကိုပြေငြိမ်း၊ ဒေါ်နှင်းအုန်း၊ ကျနော်၊ မန္တလေး ဂေဇတ် သတင်းစာက
ကိုမောင်မောင်ကြည်နှင့်မနီလာစိန်တို့ နဲ့ သံအမတ်ကြီး အဖွဲ့ နဲ့ တွေ့ ဆုံဖြစ်ပါတယ်။ တွေ့ ဆုံပွဲမှာ မိမိတို့ ဖက်က အထူးတင်ပြဆွေးနွေးတာကတော့…
၁။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီမရသေးပါ။ သို့ သော်ယခုလက်ရှိ ဖြစ်ပေါ်ပြောင်းလဲတိုးတက်နေေ သာ
ကောင်းမွန်သည့် အခြေအနေများကို အသိအမှတ်ပြုသည်။ စစ်မှန်သော
ပြုပြင်ပြောင်းလဲရေးကို ရဲဝန့် မှန်ကန် ဖြောင့်မတ်စွာ လုပ်ဆောင် သွားပါက
မိမိတို့  ပြည်သူများကလည်း အပြည့်အ၀ထောက်ခံအားပေးသွားမ ည်ဖြစ်သည်။
၂။ မြန်မာနိုင်ငံ နောက်ကြောင်းပြန်လှည့်နိုင် မည့်အခြေအနေကိုမေးမြန်းရာ သံအမတ်ကြီးကလုံးဝမရှိကြောင်း ဖြေကြား သွားသည်။
၃။ ဒေါ်အောင်ဆန်းစုကြည်အား Statesman ဖြစ်လာနိုင်ဖွယ်အခြေအနေကို ဆွေးနွေးရာ မိမိတို့ နှစ်ဖက်စလုံးက ဒေါ်အောင်ဆန်းစုကြည် Statesman ဖြစ်လာပါက ပြည်တွင်း၊ ပြည်ပထောက်ခံမှုများကြောင့် နိုင်ငံအတွက် အကျိုးများ မည်ဖြစ်ကြောင်းကို ဆန္ဒတူညီကြသည်။
၎။ L.A မြို့ သည် မြန်မာနိုင်ငံသားအများစုအြေ ခစိုက်နေထိုင်ရာမြို
့ကြီးဖြစ်ပြီး အနီးပတ်ဝန်းကျင်တွင်လည်း မြန်မာများ နေထိုင်ရာဖြစ်သောမြို
့များ ၀ိုင်းရံနေတဲ့ အချက်အချာကြသည့်မြို့ ဖြစ်သဖြင့်
ကောင်စစ်ဝန်ရုံးတည်ရန် အလွန်သင့်တော် သောမြို့ ဖြစ်ကြောင်း
တင်ပြဆွေးနွေးသည်။
ဆွေးနွေးနေစဉ်အတွင်းပိုမိုရ င်းနှင်းမှုရှိလာပြီး
သံအမတ်ကြီးအကြောင်းကို ပိုပြီးသိလာရပါတယ်။ သူဟာ သံအမတ် မဖြစ် ခင်က
စစ်တပ်မှာ တိုက်ခိုက်ရေးအရာရှိအဖြစ် ၁၉၈၈ မှ ၁၉၉၀ ၀န်းကျင်အတွင်း
ကရင်ပြည်နယ် မဲသဝေါ၊ ၀မ်းခ ဒေသ များတွင် တာဝန်ကျနေပြီး
ဗိုလ်မှူးဘ၀ဖြင့်ပင်စင်ယူကာ
ဝဒေသ နယ်စပ်ဖွံ့ ဖြိုးမှုတွင် ၈နှစ်ကြာတာဝန် ထမ်းဆောင်ခဲ့ ကြောင်း သိရသည်။
ထူးခြားတိုက်ဆိုင်စွာပင် သံအမတ်ကြီးစစ်ဗိုလ်ဘ၀ဖြင့် မဲသဝေါ၊
ဝမ်းခဒေသများတွင် ထိုးစစ်ဆင် တိုက်ခိုက်နေချိန်၌ မိမိသည်လည်း ၈၈နောက်ပိုင်း
တောခိုသွားသော ကျောင်းသားပြည်သူများဖြင့်ဖွဲ့ စည်းထားသည့် ABSDF တပ်ဖွဲ့ တွင်တာဝန်ထမ်းဆောင်လျက်ရှိ ပြီး သူနဲ့ ဆန့် ကျင်ဖက်အရပ် ခံစစ်တွင် KNU နှင့်အခြားတပ်ပေါင်းစု တော်လှန်ရေးသမားများနှင့်အတူ ခုခံကာကွယ်စစ်ကို ဆင်နွဲနေတဲ့အချိန်ဖြစ်ပါတယ် ။
ထိုးစစ်ဆင်တိုက်ခိုက်သော စစ် အစိုးရစစ်တပ်မှ ထောင်နဲ
့ချီပြီးကျဆုံးခဲ့ပြီး ခုခံစစ်ဆင်နွဲသော တော်လှန်ရေးအဖွဲ့ ဖက်မှ ရာနဲ
့ချီဖိတ်စင်ခဲ့သော ခားသီး လှတဲ့ အဲဒီ့တိုက်ပွဲများတွင် အထိအခိုက်မရှိသူ
ရန်ဖက်နှစ်ဦး အခုလို စားပွဲဝိုင်းတခုထဲတွင် အတူထိုင်ပြီး နိုင်ငံရှေ့ ရေး
အလားအလာများကို ဆွေးနွေးတိုင်ပင်ခွင့်ရတဲ့အ ပေါ်မှာ မိမိအနေဖြင့် ကြည်နူးပီတိဖြစ်မိပါတယ်။ မိမိတို့ ဆက်လက် ရန် ဖြစ်နေဦးမှာလား… ရန်ဆက်ဖြစ်ရန်လိုနေသေးလားကိုလည်း တဆက်တည်း စဉ်းစားမိပါတယ်။ နှစ်ပေါင်းများစွာ တည်ရှိ ခဲ့တဲ့ အစိုင်အခဲကြီးတခုဟာ ခဏတာအတွင်း မကွယ်ပျောက်သွားနိုင်တာကတော့
သေချာပါတယ်။ ဒါပေမဲ့ နောင်လာ နောက်သားများရဲ့ရှေ့ ရေးကိုမျှော်ကိုးပြီး
အခုထဲက တတ်စွမ်းသလောက် ၀ိုင်းဝန်းလုပ်ဆောင်ဖို့ ခြေလှမ်း စထားနိုင်မှ
တော်ကာကြလိမ့်မည်ဟု ခံစားမိပါတယ်။
မိမိတို့ နိုင်ငံရေးတက်ကြွသူများနှင့်
သံအမတ်ကြီးနဲ့ တွေ့ ဆုံမှုအပေါ်အချို့ သူများက အမြင်မကြည်ကြ။ မိမိတို့ သည်
သံအမတ်ကြီးအား မြှောက်ပင့် ဖော်လံဖားရန်သွားတွေ့ ခြင်းမဟုတ်။
အခွင့်အရေးတစုံတရာမျှော်ကိုးပြီး
သွားတွေ့ ခြင်း မဟုတ်သည့်အတွက် မိမိတို့ လိပ်ပြာသန့် သည်။ နယူးယောက်မြို
့တွင် ကုလသမ္မဂဆိုင်ရာ မြန်မာနိုင်ငံအမြဲတန်း ကိုယ်စားလှယ်အဖြစ် ၎
နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ပြီး မနှစ်ဇူလိုင်လမှစကာ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်အဖြစ် တာဝန်ထမ်းဆောင်နေသည့်သံအမတ် ကြီးသည် သံတမန်ဝန်းကျင်တွင်အထာညက်သူ တဦးဖြစ်ကာ
လူကဲခတ်ညံ့မည့်သူတဦး မဟုတ်ကြောင်း လေ့လာမိသည်။ မိမိတို့ အနေဖြင့်
သံအမတ်ကြီး မြန်မာပြည်ကောင်းကျိုး အတွက်လုပ်ဆောင်နေသည့်ကိစ္စများကို အားပေးထောက်ခံသွားမှာဖြစ်ပြီး အားနည်းချက်များရှိပါက ဝေဖန်ထောက်ပြ မည်ဖြစ်ကာ မကောင်းမှု၊ မရိုးသားမှု၊ မသမာမှုများရှိပါက ဆန့် ကျင်ရှုတ်ချသွားမည်ဖြစ်သည်။
သံအမတ်ကြီးနှင့်တွေ့ သဖြင့် မိမိနိုင်ငံရေးကွေးသွားမှာလား။ မိမိအနေဖြင့် စိုးစင်းမျှ မစိုးရိမ်ပါ။ မိမိသည် နိုင်ငံရေးသမား တဦး မဟုတ်။ မိမိနားလည်သောနိုင်ငံရေးသမားဆိုသည်မှာ
နိုင်ငံရေးပါတီတခုကို ပါတီဝင်အဖြစ်ဝင်ပြီး ရွေးကောက်ပွဲ တွင် ၀င်အရွေးခံကာ
နိုင်ငံအာဏာကိုယူ (သို့ မဟုတ်) နိုင်ငံတာဝန်ကို ထမ်းဆောင်သူများကို
နိုင်ငံရေးသမားဟုမြင် ပါ တယ်။ မိမိသည် မည်သည့်နိုင်ငံရေးပါတီထဲသို့ ဝင် ထားခြင်းမရှိဘဲ နိုင်ငံရေးနိုးကြားတက်ကြွသူ ၊ နိုင်ငံအရေးလှုတ်ရှား သူ၊ သာမန်ပြည်သူတဦးသာဖြစ်ပါ တယ်။
နိုင်ငံတနိုင်ငံတိုးတက်ဖို့ ၊ အဆင့်မြင့်လာဖို့ အတွက် နိုင်ငံသားတဦးစီရဲ့ စိတ်ဓါတ်အဆင့်အတန်းမြင့်ရန် လိုပါတယ်။ နိုင်ငံ အနာဂတ်ကောင်းအောင်လုပ်နေသူများကို အားပေးထောက်ခံဖို့ လိုပြီး နိုင်ငံအကျိုး မဲ့အောင်လုပ် နေသူများကိုလည်း ဆန့် ကျင် ဝေဖန်ထောက်ပြရန်လိုပါတယ်။ ဒါဟာ မိမိတို့ ပြည်သူအားလုံး ရဲ့ မွေးရာပါတာဝန်ပဲဖြစ်ပါတယ်။ ။
အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး Los Angles မြို့ ကိုလာမယ်ဆိုတာကို အဲဒီ့ခရီး စဉ်ဖြစ်မြောက်အောင
- လတ်တလောမြန်မာသံရုံးရဲ့ ပြုပြင်ပြောင်းလဲနေတဲ့ အခြေအနေမှန်ကို အသိအမှတ်ပြုဖို့ လိုပါတယ်။ ဗီဇာကို ၂ ရက် အတွင်းထုတ်ပေးနေတာကို သံရုံးဝက်ဆိုဒ်ကတဆင့်လျောက်
- သံအမတ်ကြီးက တွေ့ ဆုံပွဲမှာ မြန်မာနိုင်ငံအခြေအနေ၊ မြန်မာမိသားစုများက သိလိုတဲ့ အကြောင်း အရာတွေကို ပြော ကြားပေးမယ်လို့ သိရတဲ့အတွက် L.A လူထုအတွက် အကျိုးရှိစေနိုင်တဲ့ တွေ့ ဆုံပွဲလို့  ရိုးရိုးလေးပဲ မြင်မိပါတယ်။
- သံအမတ်နဲ့ တွေ့ ဆုံပြီး မိမိတို့ ဒီမိုကရေစီအင်အားစုများရဲ့
- အရေးကြီးဆုံးအချက်က အခုတွေ့ ဆုံပွဲလုပ်မဲ့နေရာဖြစ်တဲ့ လပွန်းတီဘုန်းကြီးကျောင်းဟာ
တွေ့ ဆုံပွဲလုပ်မဲ့နေ့ မှာ မနက်ပိုင်းက မွေးနေ့ ရှင်များစုပေါင်းအလှူရှိတာ
အခမ်းအနားစတင်ချိန်မှာ အခမ်းအနားမှူးက အခုအချိန်ကစပြီး သံအမတ်ကြီးဦးသန်းဆွေက မိန့် ခွန်းပြောကြားပါတော့ မယ်လို့ ကြေညာလိုက်ချိန်မှာ သံအမတ်ကြီးက ကျနော်မိန့် ခွန်းပြောမှာ မဟုတ်ပါဘူး၊ မိသားစုတွေကို လာတွေ့ တာပါ ဆိုပြီး သံရုံးရဲ့လက်ရှိဝန်ဆောင်မှု
ဒီပွဲကိုလာတဲ့သူတွေကို အကဲခတ်ကြည့်မိတော့… သံအမတ်ကြီးဘာပြောမလဲဆိုတာကိ
ဒီနေ့ ပွဲဟာ L.A မြို့ ရဲ့ သမိုင်းဝင်အခမ်းအနားတခုလို့ လဲ ပြောလို့ ရပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ သံအမတ်ကြီး စကားပြောနေတဲ့နေရာမှာပဲ ၈လေးလုံးအခမ်းအနား၊ ဒေါ်အောင်ဆန်း စုကြည်မွေးနေ့ ပွဲတွေကို အမြဲတမ်း ကျင်းပနေ လို့ ဖြစ်ပါတယ်။ အခမ်းအနားအပြီး ပစ္စည်းများကိုကူညီသိမ်းပြီး
၁။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီမရသေးပါ။ သို့ သော်ယခုလက်ရှိ ဖြစ်ပေါ်ပြောင်းလဲတိုးတက်နေေ
၂။ မြန်မာနိုင်ငံ နောက်ကြောင်းပြန်လှည့်နိုင်
၃။ ဒေါ်အောင်ဆန်းစုကြည်အား Statesman ဖြစ်လာနိုင်ဖွယ်အခြေအနေကို ဆွေးနွေးရာ မိမိတို့ နှစ်ဖက်စလုံးက ဒေါ်အောင်ဆန်းစုကြည် Statesman ဖြစ်လာပါက ပြည်တွင်း၊ ပြည်ပထောက်ခံမှုများကြောင့် နိုင်ငံအတွက် အကျိုးများ မည်ဖြစ်ကြောင်းကို ဆန္ဒတူညီကြသည်။
၎။ L.A မြို့ သည် မြန်မာနိုင်ငံသားအများစုအြေ
ဆွေးနွေးနေစဉ်အတွင်းပိုမိုရ
မိမိတို့ နိုင်ငံရေးတက်ကြွသူများနှင
သံအမတ်ကြီးနှင့်တွေ့ သဖြင့် မိမိနိုင်ငံရေးကွေးသွားမှာလ
နိုင်ငံတနိုင်ငံတိုးတက်ဖို့ ၊ အဆင့်မြင့်လာဖို့ အတွက် နိုင်ငံသားတဦးစီရဲ့ စိတ်ဓါတ်အဆင့်အတန်းမြင့်ရန်
ဒေါင်းဂွင်
ဧပြီလ ၁၂ ရက်၊ ၂၀၁၃
0 comments:
Post a Comment