Thursday, April 11, 2013

ဥတုရာသီ လူကိုမှီ၏

Cloud Cuckoo Land shared 7Day News Journal's photo.
ဥတုရာသီ လူကိုမှီ၏

ရေးသားသူ- မောင်ထွန်းလွင် (မိုးလေ၀သ)

ပြောင်းလဲခြင်းတို့၏ သဘော
လောကကြီးမှာ အရာဝတ္ထုတိုင်းဟာ ပြောင်းလဲတတ်တာ သဘာဝပဲဖြစ်ပါတယ်။ ဒါပေမဲ့ ပြောင်းလဲခြင်းမှာ သဘာဝကျကျ ပြောင်းလဲခြင်း (Systematic Change) နဲ့ သဘာဝနဲ့ မကိုက်ညီဘဲ ပြောင်းလဲခြင်း (Chaotic Change) ဆိုတာ ရှိနေပြန်ပါတယ်။ တစ်နည်းပြောရရင်တော့ စနစ်တကျပြောင်းလဲခြင်းနဲ့ စနစ်မကျ ပြောင်းလဲခြင်းလို့လည်း ခေါ်နိုင်ပါတယ်။

ရာသီဥတုမှာတော့ စနစ်တကျပြောင်းလဲခြင်းဟာ သဘာဝတရားတစ်ခုဖြစ်ပြီး စနစ်မကျ ပြောင်းလဲခြင်းကိုတော့  ဖောက်ပြန်ခြင်းလို့ ခေါ်ရမှာဖြစ်ပါတယ်။ ယနေ့ ကမ္ဘာကြီးရဲ့ ရာသီဥတုတွေမှာ စနစ်တကျပြောင်းလဲနေတာတွေ ရှိနေသလို  စနစ်မကျဘဲ ပြောင်းလဲနေတာတွေကိုလည်း တွေ့နေရပါတယ်။ စနစ်တကျ ပြောင်းလဲနေတာတွေဟာ အထိန်းအကွပ်နဲ့ သတ်မှတ်ဘောင်အတွင်း ပြောင်းလဲနေကြပြီး ဒါတွေဟာ သဘာဝတရားကြောင့် ဖြစ်နေတာမို့ ဘာမှထူးထူးခြားခြား အဆန်းတကျယ် လူသားတွေအတွက် ပြဿနာကြီးငယ် ပြောစရာ မရှိလှပါဘူး။ ဒါပေမဲ့ စနစ်မကျ ပြောင်းလဲနေတဲ့ ရာသီဥတုဖောက်ပြန်မှုတွေကတော့ သတ်မှတ်ဘောင်မရှိ၊ လွန်ကဲမှုတွေအတိနဲ့ လူ့ဘောင်ရဲ့ အရှည်တည်တံ့မှုကိုပါ ခြိမ်းခြောက်နေတဲ့အပြင် ဒါတွေကလည်း လူတွေရဲ့ ပယောဂကြောင့် ဖြစ်ကြရတာလို့ ယနေ့တော့ ကမ္ဘာ့ပညာရှင်များက လေ့လာတွေ့ရှိခဲ့ကြပြီး ဖြစ်ပါတယ်။

အကျိုးသက်ရောက်မှု အတိုင်းအတာချင်းတော့ ကွာလှပါတယ်
ရာသီဥတုနဲ့ ပတ်သက်တဲ့ ဒီပြောင်းလဲမှုနှစ်ခုဖြစ်တဲ့ သဘာဝနဲ့ လူ့ပယောဂကြောင့်ဖြစ်ရတဲ့ ပြောင်းလဲမှုနှစ်ခုရဲ့ အကျိုးဆက် အတိုင်းအတာကတော့ ကွာခြားလွန်းလှပါတယ်။ သဘာဝအရ ပြောင်းလဲမှုတွေဟာ စနစ်ရှိရှိ ပြောင်းလဲနေကြတာမို့ လွန်ကဲမှုဆိုတဲ့ (Extreme) တန်ဖိုးတွေကို မရောက်ရှိနိုင်တဲ့အတွက် ကမ္ဘာကြီးရဲ့ အရှည်တည်တံ့နိုင်မှုကို အနည်းဆုံးတော့ မျက်မှောက်ကာလမှာ မထိခိုက်စေနိုင်ကြပါဘူး။ ဒါပေမဲ့ လူ့ပယောဂကြောင့်ဖြစ်ရတဲ့ ပြောင်းလဲမှုကတော့ မျှော်လင့်မထားတဲ့ နှုန်းထားတွေနဲ့ ပြောင်းလဲနေကြလေတော့ ရာသီဥတုဖြစ်စဉ်တွေဟာ လွန်ကဲတဲ့အဆင့်ကို ဦးတည်ပြောင်းလဲနေကြပါတယ်။ ဥပမာ-ကမ္ဘာကြီးရဲ့ အပူချိန်ဟာ သဘာဝအတိုင်းသာဆိုရင်တော့ နောင်နှစ်ပေါင်း ၁၀၀၀၀ လောက် ကြာမှ 1ºC လောက်ပဲ တက်နိုင်ပါတယ်။ အခုတော့ လူ့ပယောဂကြောင့် နောင်နှစ်ပေါင်း  ၉၀ လောက်အတွင်း သက္ကရာဇ် ၂၁၀၀ မှာ အပူချိန် 5ºC လောက် တက်လာတော့မှာဖြစ်ပါတယ်။ လောကမှာ လွန်ကဲပြီဆိုမှတော့ အဆီးအတားဘောင်ကို ကျော်လွန်သွားပြီး ပျက်စီးမှုကို  ဦးတည်နေစေပါတော့တယ်။ မဇ္ဈိမပဋိပဒါ အလယ် အလတ်တရားက လွဲချော်သွားရပြီမို့ အရှည်တည်တံ့ဖို့ဆိုတာ မရှိနိုင်တော့ပါဘူး။ ရှင်တော်မြတ်ဘုရား ဟောကြားတော်မူတဲ့ လောဘ၊ ဒေါသ၊ မောဟတရားတွေကို ထိန်းချုပ်ဖို့ ဟောကြားချက်တွေဟာလည်း တကယ်တော့ ဒီတရားတွေဟာ အထိန်းအကွပ် မဲ့တတ်တဲ့ သဘာဝကြောင့် အစွန်းတရားကို ရောက်ရှိစေပြီး ပျက်စီးမှုကို ဦးတည်စေတတ်လို့ ဖြစ်ပါတယ်။

အရှည်တည်တံ့စေနိုင်တဲ့ ဖြစ်စဉ်အကြောင်းတရား
မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ တရားတွေထဲမှာ“အနိစ္စသည် နိစ္စ” ဆိုတာကို ထည့်သွင်းဟောကြားခဲ့ပါသည်။ အဓိပ္ပာယ်ဆိုလိုရင်းကတော့ “မမြဲသော တရားသည်သာ မြဲ၏” လို့ ဆိုလိုရင်းပါပဲ။ အဲဒီ သဘောတရားကိုသိပ္ပံနည်း
ကျကျ သင်္ချာလို ပုံပြမျဉ်းဂရပ်ဖ်ဆွဲကြည့်ရင် Sine curve လို့ခေါ်တဲ့ ပတ်လည်ဖြစ်စဉ် (Oscillation) တစ်ခုဖြစ်နေတာကို တွေ့နိုင်ပါတယ်။ ဒီသဘောသဘာဝကို ရာသီဥတုဖြစ်စဉ်တွေမှာ အထင်အရှားတွေ့နေကြရပါတယ်။ အကြောင်းကတော့ ကမ္ဘာ့ရာသီဥတု ဖြစ်စဉ်တွေ အားလုံးလိုလိုဟာ လွှဲချိန်အမျိုးမျိုးရှိနေတဲ့ ပတ်လည်ဖြစ်စဉ်မျိုးစုံနဲ့ ဖွဲ့စည်းထားလို့ ဖြစ်ပါတယ်။
ဥပမာ-တစ်နေ့လို့ခေါ် တဲ့ ၂၄ နာရီလွှဲချိန်ဘောင်အတွင်းမှာ နေ့၊ ညဖြစ်စဉ်တွေဟာ အဆက်မပြတ် တစ်လှည့်စီဖြစ်နေပါတယ်။ ဒီလိုပဲ တစ်နှစ်လို့ခေါ်တဲ့ ၁၂ လ လွှဲချိန်ဘောင် အတွင်းမှာလည်း နွေ-ဆောင်းဖြစ်စဉ်တွေဟာ တစ်လှည့်
စီဖြစ်နေကြပါတယ်။ ဒီလို တစ်လှည့်စီ အဆက်မပြတ် ဖြစ်စဉ်တိုင်းဟာ ပတ်လည်ဖြစ်စဉ်တွေချည်းပါပဲ။ ဒီလို ပတ်လည်ဖြစ်စဉ်တိုင်းဟာ ရာသီဥတုတွေကို အစွန်းတရားတွေ မရောက်အောင် ထိန်းသိမ်းပေးထားပါတယ်။ ဒါကြောင့် ကမ္ဘာကြီးဟာအရှည် ဒါမှမဟုတ် စဉ်ဆက်မပြတ် တည်မြဲနေနိုင်စေခဲ့ပါတယ်။

အခုတော့ ကမ္ဘာကြီးရဲ့ အရှည်တည်တံ့နိုင်မှုဟာ စိန်ခေါ်ခံနေရပါပြီ
ကမ္ဘာကြီးရဲ့ သက်တမ်းဟာ နှစ်သန်းပေါင်း ၄၅၀၀ ရှိခဲ့ပါပြီ။ ဒီလို စဉ်ဆက်မပြတ် အရှည်တည်တံ့နေခဲ့တာဟာ ကမ္ဘာကြီးရဲ့ ဂေဟစနစ်ကြီး မျှခြေ (မျှမျှတတရှိတဲ့အခြေအနေ) မှာ ရှိနေခဲ့လို့ဖြစ်ပါတယ်။ ကမ္ဘာ့ဂေဟစနစ်ကြီးမှာရှိတဲ့ အလွှာမီဒီယာကြီး ငါးခုဖြစ်တဲ့ လေထု၊ ရေထု၊ မြေထု၊ ရေခဲထုနဲ့ ဇီဝထုအားလုံးကြားမှာ အပေးအယူမျှတခဲ့လို့ ဖြစ်ပါတယ်။ ဒီတော့ ကမ္ဘာ့ ရာသီဥတုတွေဟာလည်း စနစ်တကျနဲ့ ရှိနေခဲ့ပါတယ်။ ဒါဟာ ၁၈၅၀ ပြည့်နှစ်လောက်အထိသာ မှန်ကန်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၁၈၅၀ ပြည့်နှစ်လောက်ကစပြီး ကမ္ဘာကြီးပေါ်မှာ စက်မှုတော်လှန်ရေးခေတ်ကြီး (Industrial revolution era) ပေါ် ပေါက်လာလို့ ဖြစ်ပါတယ်။ လူတွေရဲ့ စီးပွားရေးလောဘတွေကြောင့် တိုးပွားတည်ဆောက်လာတဲ့ စက်ရုံအလုပ်ရုံတွေအတွက် လိုအပ်လာတဲ့ လျှပ်စစ်ဓာတ်ထုတ်လုပ်ရေးမှာ ရုပ်ကြွင်းလောင်စာများဖြစ်တဲ့ ကျောက်မီးသွေး၊ ရေနံနဲ့  ဒီဇယ်ဆီတွေကို  အမြောက်အမြား မီးရှို့လာခဲ့ကြရပါတယ်။ ဒီမှာ ဟေလိုဂျင် ဓာတ်ငွေ့တွေ အမြောက်အမြား ထုတ်လွှတ်လာရပါတော့တယ်။ ကလိုရင်းနဲ့ ဘရိုမင်းဓာတ်ငွေ့တွေ အဓိကပါဝင်တဲ့ ဓာတ်ငွေ့ထုတ်လွှတ်မှုများဟာ လေထုအတွင်းမှာရှိတဲ့ အိုဇုန်းအလွှာထဲက အိုဇုန်းဓာတ်ငွေ့တွေနဲ့ ဓာတ်ပြုမိကြတော့ ကမ္ဘာကြီးရဲ့ ဂေဟစနစ်အတွက် ပြဿနာကြီး နှစ်ရပ်ကို ဖြစ်စေပါတယ်။ အဲဒါတွေကတော့ ကမ္ဘာကြီးကို ပူနွေးစေတဲ့ မှန်လုံအိမ်ဓာတ်ငွေ့ (Green-house Gases-GHGs) တွေကို တိုးလာစေပြီး ကမ္ဘာကြီးကို ပိုမိုပူနွေးလာစေပါတယ်။ နောက်တစ်ခုကတော့ အိုဇုန်းဓာတ်ငွေ့တွေဟာ ဓာတ်ပြုရဖန်များလာတော့ နောက်ဆုံးမှာ အိုဇုန်းလွှာ ပေါက်ပြဲရတဲ့အထိ ဖြစ်လာစေခြင်းပါပဲ။ သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်များ အတွင်း အိုဇုန်းလွှာရဲ့ အပေါက်၊ အရွယ်ဟာ အကြီးဆုံးဖြစ်လာခဲ့ပြီး ဧရိယာအားဖြင့် စတုရန်းကီလိုမီတာ ၂၅ သန်းကျော် ရှိလာကာ အမေရိကတိုက် အရွယ်ထက် ပိုကြီးလာခဲ့ပါတယ်။ အဲဒီလို ကမ္ဘာကြီးရဲ့ ဂေဟစနစ်တွေ ချို့ယွင်းလာရတော့ ကမ္ဘာကြီးဟာ ပိုမိုပူနွေးလာခဲ့ရပါတယ်။ 
မှတ်တမ်းများအရ ဓာတ်ငွေ့ထုတ်လွှတ်မှုတွေကို ၁၈၅၀ ပြည့်နှစ်ကတည်းက တိုးလာစေခဲ့တယ်။ ၁၉၅၀ ပြည့်နှစ်ခန့်က စတင်ပြီး ဖန်လုံအိမ်ဓာတ်ငွေ့တွေ တိုးလာခဲ့ပါတယ်။ ၁၉၈၀ ပြည့်နှစ်က စတင်ပြီး ကမ္ဘာကြီးပူနွေး လာတာကို တွေ့ခဲ့ကြရပါတယ်။ အဲဒီနောက်တော့ ကမ္ဘာ့ရာသီဥတုတွေကပါ ပြောင်းလဲလာပါတော့တယ်။ မြန်မာနိုင်ငံမှာတော့ မုတ်သုံရာသီဥတု ပြောင်းလဲမှုကို ၁၉၇၈ ခုနှစ်ကတည်းက  စခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာတော့ ရာသီဥတု
ဖောက်ပြန်မှုတွေ တိုးလာလိုက်တာ လက်ရှိအချိန်အထိပါပဲ။ ဒီတော့ ကမ္ဘာရဲ့ အရှည်တည်တံ့နိုင်မှုဟာ အကြီးအကျယ် စိန်ခေါ်ခံနေရပြီဖြစ်ပါတယ်။

လူ့ပယောဂဆိုတဲ့ အကြောင်းတရားတွေ
ကမ္ဘာကြီး ပူနွေးရတဲ့ အကြောင်းရင်းတွေကို ရာသီဥတုပြောင်းလဲမှုကို လေ့လာနေတဲ့ ကမ္ဘာ့ IPCC အဖွဲ့ကြီးက ဦးဆောင်ပြီး ဆန်းစစ်ချက်အစီရင်ခံစာတွေ (Assessment Reports) ပြုစုခဲ့ရာမှာ အတွဲ (၁) မှ (၄) အထိ ရှိလာခဲ့ပြီ။ လက်ရှိအချိန်မှာတော့ ကမ္ဘာကြီး ပူနွေးလာရမှုကို ဖြစ်စေခဲ့တဲ့ အကြောင်းတရားများအဖြစ် အဓိကအားဖြင့် Income (GDP), Deforestration, Energy Production, CO2 emission, population, cabon intensity, energyintensity, emission intensity တို့ ဖြစ်ကြပါတယ်။ ကမ္ဘာကြီး ပူနွေးမှုကို ထိပ်ဆုံးက အဓိကဖန်တီးနေတဲ့ တရားခံဟာ ယနေ့ကမ္ဘာ့နိုင်ငံ အသီးသီးက အသံကောင်း
တွေဟစ်ပြီး မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းနေကြတဲ့ GDP (Gross Domestic Product) တိုးတက်ရေးလုပ်ငန်းတွေ ဖြစ်နေတာကို တွေ့ကြရပါတယ်။ ဒါတွေဟာ နိုင်ငံအသီးသီးရဲ့ အစိုးရတွေက ဦးစားပေးလုပ်ဆောင်နေကြတာဖြစ်ပါတယ်။ ကျန်အကြောင်းတရားတွေဖြစ်ကြတဲ့ သစ်တောပြုန်းတာတို့၊ စွမ်းအင်ထုတ်လုပ်တာတို့၊ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထုတ်လုပ်တာတို့၊ လူဦးရေ တိုးပွားတာတို့ .. အားလုံးအားလုံးဟာ ဘယ်သူတွေက ဖန်တီးတာလဲ၊ ဘယ်သူ တရားခံလဲ။ တကယ်တော့ လူတွေရဲ့ ပယောဂတွေပဲ မဟုတ်ပါလား။

ဥတုရာသီ လူကိုမှီ၏
ကျွန်တော်တို့ မြန်မာမှာ ဆိုရိုးရှိခဲ့ပါတယ်။ “ဥတုရာသီ တောကို မှီ၏” တဲ့။ အခုတော့ မြန်မာနိုင်ငံမှာ တောတွေလည်း ပြုန်းခဲ့ပြီ။ ကမ္ဘာ့သစ်တောပြုန်းတီးမှု အများဆုံး ထိပ်ဆုံးလေးနိုင်ငံထဲမှာ အရှေ့တောင်အာရှက သုံးနိုင်ငံ ပါနေပါတယ်။ အင်ဒိုနီးရှား၊ ဖိလစ် ပိုင်နဲ့ မြန်မာတို့ ဖြစ်ကြပါတယ်။ ကမ္ဘာမှာ မြန်မာက သစ်တောပြုန်းတီးမှုမှာ နံပါတ် (၄) ပါ။ တစ်ပြည်လုံးအတိုင်းအတာနဲ့ဆိုရင် သစ်တောလက်ကျန်ဧရိယာဟာ ၂၄ ရာခိုင်နှုန်းသာ ရှိပါတော့တယ်။ ဒီတော့ “သစ်တောဝေစည်၊ လူကို မှီ၏” ပဲ မဟုတ်ပါလား။ ဒီသစ်တော ပြုန်းတီးမှုများလို့ အခု တောင်အာရှဒေသတစ်ခုလုံး အပူချိန်တွေတိုး၊ အိုဇုန်းလွှာတွေ ပါးလာရပြီး ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းတွေ မြင့်တက်၊ မိုးတွေ လျော့နေခဲ့ရပါပြီ။

နိုင်ငံတွေက ပတ်ဝန်းကျင်ရေးရာဆန်းစစ်မှုများမရှိဘဲ စီးပွားရေးတွေတိုးဖို့၊ GDP တွေတိုးဖို့ဆိုတာတွေကို ကြွေးကြော်ပြီးတော့ ဦးစားပေးလုပ်နေကြတာတွေဟာ ကမ္ဘာ့ရာသီဥတုပြောင်းလဲရခြင်းမှာ အဓိက အကြောင်းရင်းဖြစ်လာကြရတယ်လို့ နောက်ဆုံးတွေ့ရှိချက်တွေက ထောက်ပြထားတာကို အစိုးရတွေ (လူတွေ) သတိရှိဖို့ သင့်နေပါပြီ။

တကယ်တော့ ရာသီဥတု ပြောင်းလဲခြင်းမှာ လူသာတရားခံ ဖြစ်ပါတယ်။ IPCC ကလည်း ကမ္ဘာကြီး ကြုံတွေ့နေကြရတဲ့ လက်ရှိရာသီဥတုပြောင်းလဲခြင်းမှာ သဘာဝ (natural cause) ကြောင့် မဟုတ်ဘဲ လူ့ပယောဂ (Anthropogenic cause)ကြောင့် ဖြစ်ရကြောင်း အတိအလင်း ထောက်ပြထားခဲ့ပြီးပါပြီ။

တကယ်တော့ “ဥတုရာသီ လူကိုသာမှီ” နေကြောင်းပါဗျာ။
ရေးသားသူ- မောင်ထွန်းလွင် (မိုးလေ၀သ)

ပြောင်းလဲခြင်းတို့၏ သဘော
လောကကြီးမှာ အရာဝတ္ထုတိုင်းဟာ ပြောင်းလဲတတ်တာ သဘာဝပဲဖြစ်ပါတယ်။ ဒါပေမဲ့ ပြောင်းလဲခြင်းမှာ သဘာဝကျကျ ပြောင်းလဲခြင်း (Systematic Change) နဲ့ သဘာဝနဲ့ မကိုက်ညီဘဲ ပြောင်းလဲခြင်း (Chaotic Change) ဆိုတာ ရှိနေပြန်ပါတယ်။ တစ်နည်းပြောရရင်တော့ စနစ်တကျပြောင်းလဲခြင်းနဲ့ စနစ်မကျ ပြောင်းလဲခြင်းလို့လည်း ခေါ်နိုင်ပါတယ်။
ရာသီဥတုမှာတော့ စနစ်တကျပြောင်းလဲခြင်းဟာ သဘာဝတရားတစ်ခုဖြစ်ပြီး စနစ်မကျ ပြောင်းလဲခြင်း ကိုတော့ ဖောက်ပြန်ခြင်းလို့ ခေါ်ရမှာဖြစ်ပါတယ်။ ယနေ့ ကမ္ဘာကြီးရဲ့ ရာသီဥတုတွေမှာ စနစ်တကျပြောင်း လဲနေတာတွေ ရှိနေသလို စနစ်မကျဘဲ ပြောင်းလဲနေ တာတွေကိုလည်း တွေ့နေရပါတယ်။ စနစ်တကျ ပြောင်းလဲနေတာတွေဟာ အထိန်းအကွပ်နဲ့ သတ်မှတ်ဘောင်အတွင်း ပြောင်းလဲနေကြပြီး ဒါတွေဟာ သဘာဝတရားကြောင့် ဖြစ်နေတာမို့ ဘာမှထူးထူးခြားခြား အဆန်းတကျယ် လူသားတွေအတွက် ပြဿနာကြီးငယ် ပြောစရာ မရှိလှပါဘူး။ ဒါပေမဲ့ စနစ်မကျ ပြောင်းလဲနေတဲ့ ရာသီဥတုဖောက်ပြန်မှုတွေကတော့ သတ်မှတ်ဘောင်မရှိ၊ လွန်ကဲမှုတွေအတိနဲ့ လူ့ဘောင်ရဲ့ အရှည်တည်တံ့မှုကိုပါ ခြိမ်းခြောက်နေတဲ့အပြင် ဒါတွေကလည်း လူတွေရဲ့ ပယောဂကြောင့် ဖြစ်ကြရတာလို့ ယနေ့တော့ ကမ္ဘာ့ပညာရှင်များက လေ့လာတွေ့ရှိခဲ့ကြပြီး ဖြစ်ပါတယ်။

အကျိုးသက်ရောက်မှု အတိုင်းအတာချင်းတော့ ကွာလှပါတယ်
ရာသီဥတုနဲ့ ပတ်သက်တဲ့ ဒီပြောင်းလဲမှုနှစ်ခုဖြစ်တဲ့ သဘာဝနဲ့ လူ့ပယောဂကြောင့်ဖြစ်ရတဲ့ ပြောင်းလဲမှုနှစ်ခုရဲ့ အကျိုးဆက် အတိုင်းအတာကတော့ ကွာခြားလွန်းလှပါတယ်။ သဘာဝအရ ပြောင်းလဲမှုတွေဟာ စနစ်ရှိရှိ ပြောင်းလဲနေကြတာမို့ လွန်ကဲမှုဆိုတဲ့ (Extreme) တန်ဖိုးတွေကို မရောက်ရှိနိုင်တဲ့အတွက် ကမ္ဘာကြီးရဲ့ အရှည်တည်တံ့နိုင်မှုကို အနည်းဆုံးတော့ မျက်မှောက်ကာလမှာ မထိခိုက်စေနိုင်ကြပါဘူး။ ဒါပေမဲ့ လူ့ပယောဂကြောင့်ဖြစ်ရတဲ့ ပြောင်းလဲမှုကတော့ မျှော်လင့်မထားတဲ့ နှုန်းထားတွေနဲ့ ပြောင်းလဲနေကြလေတော့ ရာသီဥတုဖြစ်စဉ်တွေဟာ လွန်ကဲတဲ့အဆင့်ကို ဦးတည်ပြောင်းလဲနေကြပါတယ်။ ဥပမာ-ကမ္ဘာကြီးရဲ့ အပူချိန်ဟာ သဘာဝအတိုင်းသာဆိုရင်တော့ နောင်နှစ်ပေါင်း ၁၀၀၀၀ လောက် ကြာမှ 1ºC လောက်ပဲ တက်နိုင်ပါတယ်။ အခုတော့ လူ့ပယောဂကြောင့် နောင်နှစ်ပေါင်း ၉၀ လောက်အတွင်း သက္ကရာဇ် ၂၁၀၀ မှာ အပူချိန် 5ºC လောက် တက်လာတော့မှာဖြစ်ပါတယ်။ လောကမှာ လွန်ကဲပြီဆိုမှတော့ အဆီးအတားဘောင်ကို ကျော်လွန်သွားပြီး ပျက်စီးမှုကို ဦးတည်နေစေပါတော့တယ်။ မဇ္ဈိမပဋိပဒါ အလယ် အလတ်တရားက လွဲချော်သွားရပြီမို့ အရှည်တည်တံ့ဖို့ဆိုတာ မရှိနိုင်တော့ပါဘူး။ ရှင်တော်မြတ်ဘုရား ဟောကြားတော်မူတဲ့ လောဘ၊ ဒေါသ၊ မောဟတရားတွေကို ထိန်းချုပ်ဖို့ ဟောကြားချက်တွေဟာလည်း တကယ်တော့ ဒီတရားတွေဟာ အထိန်းအကွပ် မဲ့တတ်တဲ့ သဘာဝကြောင့် အစွန်းတရားကို ရောက်ရှိစေပြီး ပျက်စီးမှုကို ဦးတည်စေတတ်လို့ ဖြစ်ပါတယ်။

အရှည်တည်တံ့စေနိုင်တဲ့ ဖြစ်စဉ်အကြောင်းတရား
မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ တရားတွေထဲမှာ“အနိစ္စသည် နိစ္စ” ဆိုတာကို ထည့်သွင်းဟောကြားခဲ့ပါသည်။ အဓိပ္ပာယ်ဆိုလိုရင်းကတော့ “မမြဲသော တရားသည်သာ မြဲ၏” လို့ ဆိုလိုရင်းပါပဲ။ အဲဒီ သဘောတရားကိုသိပ္ပံနည်း
ကျကျ သင်္ချာလို ပုံပြမျဉ်းဂရပ်ဖ်ဆွဲကြည့်ရင် Sine curve လို့ခေါ်တဲ့ ပတ်လည်ဖြစ်စဉ် (Oscillation) တစ်ခုဖြစ်နေတာကို တွေ့နိုင်ပါတယ်။ ဒီသဘောသဘာဝကို ရာသီဥတုဖြစ်စဉ်တွေမှာ အထင်အရှားတွေ့နေကြရပါတယ်။ အကြောင်းကတော့ ကမ္ဘာ့ရာသီဥတု ဖြစ်စဉ်တွေ အားလုံးလိုလိုဟာ လွှဲချိန်အမျိုးမျိုးရှိနေတဲ့ ပတ်လည်ဖြစ်စဉ်မျိုးစုံနဲ့ ဖွဲ့စည်းထားလို့ ဖြစ်ပါတယ်။
ဥပမာ-တစ်နေ့လို့ခေါ် တဲ့ ၂၄ နာရီလွှဲချိန်ဘောင်အတွင်းမှာ နေ့၊ ညဖြစ်စဉ်တွေဟာ အဆက်မပြတ် တစ်လှည့်စီဖြစ်နေပါတယ်။ ဒီလိုပဲ တစ်နှစ်လို့ခေါ်တဲ့ ၁၂ လ လွှဲချိန်ဘောင် အတွင်းမှာလည်း နွေ-ဆောင်းဖြစ်စဉ်တွေဟာ တစ်လှည့်
စီဖြစ်နေကြပါတယ်။ ဒီလို တစ်လှည့်စီ အဆက်မပြတ် ဖြစ်စဉ်တိုင်းဟာ ပတ်လည်ဖြစ်စဉ်တွေချည်းပါပဲ။ ဒီလို ပတ်လည်ဖြစ်စဉ်တိုင်းဟာ ရာသီဥတုတွေကို အစွန်းတရားတွေ မရောက်အောင် ထိန်းသိမ်းပေးထားပါတယ်။ ဒါကြောင့် ကမ္ဘာကြီးဟာအရှည် ဒါမှမဟုတ် စဉ်ဆက်မပြတ် တည်မြဲနေနိုင်စေခဲ့ပါတယ်။

အခုတော့ ကမ္ဘာကြီးရဲ့ အရှည်တည်တံ့နိုင်မှုဟာ စိန်ခေါ်ခံနေရပါပြီ
ကမ္ဘာကြီးရဲ့ သက်တမ်းဟာ နှစ်သန်းပေါင်း ၄၅၀၀ ရှိခဲ့ပါပြီ။ ဒီလို စဉ်ဆက်မပြတ် အရှည်တည်တံ့နေခဲ့တာဟာ ကမ္ဘာကြီးရဲ့ ဂေဟစနစ်ကြီး မျှခြေ (မျှမျှတတရှိတဲ့အခြေအနေ) မှာ ရှိနေခဲ့လို့ဖြစ်ပါတယ်။ ကမ္ဘာ့ဂေဟစနစ်ကြီးမှာရှိတဲ့ အလွှာမီဒီယာကြီး ငါးခုဖြစ်တဲ့ လေထု၊ ရေထု၊ မြေထု၊ ရေခဲထုနဲ့ ဇီဝထုအားလုံးကြားမှာ အပေးအယူမျှတခဲ့လို့ ဖြစ်ပါတယ်။ ဒီတော့ ကမ္ဘာ့ ရာသီဥတုတွေဟာလည်း စနစ်တကျနဲ့ ရှိနေခဲ့ပါတယ်။ ဒါဟာ ၁၈၅၀ ပြည့်နှစ်လောက်အထိသာ မှန်ကန်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၁၈၅၀ ပြည့်နှစ်လောက်ကစပြီး ကမ္ဘာကြီးပေါ်မှာ စက်မှုတော်လှန်ရေးခေတ်ကြီး (Industrial revolution era) ပေါ် ပေါက်လာလို့ ဖြစ်ပါတယ်။ လူတွေရဲ့ စီးပွားရေးလောဘတွေကြောင့် တိုးပွားတည်ဆောက်လာတဲ့ စက်ရုံအလုပ်ရုံတွေအတွက် လိုအပ်လာတဲ့ လျှပ်စစ်ဓာတ်ထုတ်လုပ်ရေးမှာ ရုပ်ကြွင်းလောင်စာများဖြစ်တဲ့ ကျောက်မီးသွေး၊ ရေနံနဲ့ ဒီဇယ်ဆီတွေကို အမြောက်အမြား မီးရှို့လာခဲ့ကြရပါတယ်။ ဒီမှာ ဟေလိုဂျင် ဓာတ်ငွေ့တွေ အမြောက်အမြား ထုတ်လွှတ်လာရပါတော့တယ်။ ကလိုရင်းနဲ့ ဘရိုမင်းဓာတ်ငွေ့တွေ အဓိကပါဝင်တဲ့ ဓာတ်ငွေ့ထုတ်လွှတ်မှုများဟာ လေထုအတွင်းမှာရှိတဲ့ အိုဇုန်းအလွှာထဲက အိုဇုန်းဓာတ်ငွေ့တွေနဲ့ ဓာတ်ပြုမိကြတော့ ကမ္ဘာကြီးရဲ့ ဂေဟစနစ်အတွက် ပြဿနာကြီး နှစ်ရပ်ကို ဖြစ်စေပါတယ်။ အဲဒါတွေကတော့ ကမ္ဘာကြီးကို ပူနွေးစေတဲ့ မှန်လုံအိမ်ဓာတ်ငွေ့ (Green-house Gases-GHGs) တွေကို တိုးလာစေပြီး ကမ္ဘာကြီးကို ပိုမိုပူနွေးလာစေပါတယ်။ နောက်တစ်ခုကတော့ အိုဇုန်းဓာတ်ငွေ့တွေဟာ ဓာတ်ပြုရဖန်များလာတော့ နောက်ဆုံးမှာ အိုဇုန်းလွှာ ပေါက်ပြဲရတဲ့အထိ ဖြစ်လာစေခြင်းပါပဲ။ သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်များ အတွင်း အိုဇုန်းလွှာရဲ့ အပေါက်၊ အရွယ်ဟာ အကြီးဆုံးဖြစ်လာခဲ့ပြီး ဧရိယာအားဖြင့် စတုရန်းကီလိုမီတာ ၂၅ သန်းကျော် ရှိလာကာ အမေရိကတိုက် အရွယ်ထက် ပိုကြီးလာခဲ့ပါတယ်။ အဲဒီလို ကမ္ဘာကြီးရဲ့ ဂေဟစနစ်တွေ ချို့ယွင်းလာရတော့ ကမ္ဘာကြီးဟာ ပိုမိုပူနွေးလာခဲ့ရပါတယ်။
မှတ်တမ်းများအရ ဓာတ်ငွေ့ထုတ်လွှတ်မှုတွေကို ၁၈၅၀ ပြည့်နှစ်ကတည်းက တိုးလာစေခဲ့တယ်။ ၁၉၅၀ ပြည့်နှစ်ခန့်က စတင်ပြီး ဖန်လုံအိမ်ဓာတ်ငွေ့တွေ တိုးလာခဲ့ပါတယ်။ ၁၉၈၀ ပြည့်နှစ်က စတင်ပြီး ကမ္ဘာကြီးပူနွေး လာတာကို တွေ့ခဲ့ကြရပါတယ်။ အဲဒီနောက်တော့ ကမ္ဘာ့ရာသီဥတုတွေကပါ ပြောင်းလဲလာပါတော့တယ်။ မြန်မာနိုင်ငံမှာတော့ မုတ်သုံရာသီဥတု ပြောင်းလဲမှုကို ၁၉၇၈ ခုနှစ်ကတည်းက စခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာတော့ ရာသီဥတု
ဖောက်ပြန်မှုတွေ တိုးလာလိုက်တာ လက်ရှိအချိန်အထိပါပဲ။ ဒီတော့ ကမ္ဘာရဲ့ အရှည်တည်တံ့နိုင်မှုဟာ အကြီးအကျယ် စိန်ခေါ်ခံနေရပြီဖြစ်ပါတယ်။

လူ့ပယောဂဆိုတဲ့ အကြောင်းတရားတွေ
ကမ္ဘာကြီး ပူနွေးရတဲ့ အကြောင်းရင်းတွေကို ရာသီဥတုပြောင်းလဲမှုကို လေ့လာနေတဲ့ ကမ္ဘာ့ IPCC အဖွဲ့ကြီးက ဦးဆောင်ပြီး ဆန်းစစ်ချက်အစီရင်ခံစာတွေ (Assessment Reports) ပြုစုခဲ့ရာမှာ အတွဲ (၁) မှ (၄) အထိ ရှိလာခဲ့ပြီ။ လက်ရှိအချိန်မှာတော့ ကမ္ဘာကြီး ပူနွေးလာရမှုကို ဖြစ်စေခဲ့တဲ့ အကြောင်းတရားများအဖြစ် အဓိကအားဖြင့် Income (GDP), Deforestration, Energy Production, CO2 emission, population, cabon intensity, energyintensity, emission intensity တို့ ဖြစ်ကြပါတယ်။ ကမ္ဘာကြီး ပူနွေးမှုကို ထိပ်ဆုံးက အဓိကဖန်တီးနေတဲ့ တရားခံဟာ ယနေ့ကမ္ဘာ့နိုင်ငံ အသီးသီးက အသံကောင်း
တွေဟစ်ပြီး မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းနေကြတဲ့ GDP (Gross Domestic Product) တိုးတက်ရေးလုပ်ငန်းတွေ ဖြစ်နေတာကို တွေ့ကြရပါတယ်။ ဒါတွေဟာ နိုင်ငံအသီးသီးရဲ့ အစိုးရတွေက ဦးစားပေးလုပ်ဆောင်နေကြတာဖြစ်ပါတယ်။ ကျန်အကြောင်းတရားတွေဖြစ်ကြတဲ့ သစ်တောပြုန်းတာတို့၊ စွမ်းအင်ထုတ်လုပ်တာတို့၊ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထုတ်လုပ်တာတို့၊ လူဦးရေ တိုးပွားတာတို့ .. အားလုံးအားလုံးဟာ ဘယ်သူတွေက ဖန်တီးတာလဲ၊ ဘယ်သူ တရားခံလဲ။ တကယ်တော့ လူတွေရဲ့ ပယောဂတွေပဲ မဟုတ်ပါလား။

ဥတုရာသီ လူကိုမှီ၏
ကျွန်တော်တို့ မြန်မာမှာ ဆိုရိုးရှိခဲ့ပါတယ်။ “ဥတုရာသီ တောကို မှီ၏” တဲ့။ အခုတော့ မြန်မာနိုင်ငံမှာ တောတွေလည်း ပြုန်းခဲ့ပြီ။ ကမ္ဘာ့သစ်တောပြုန်းတီးမှု အများဆုံး ထိပ်ဆုံးလေးနိုင်ငံထဲမှာ အရှေ့တောင်အာရှက သုံးနိုင်ငံ ပါနေပါတယ်။ အင်ဒိုနီးရှား၊ ဖိလစ် ပိုင်နဲ့ မြန်မာတို့ ဖြစ်ကြပါတယ်။ ကမ္ဘာမှာ မြန်မာက သစ်တောပြုန်းတီးမှုမှာ နံပါတ် (၄) ပါ။ တစ်ပြည်လုံးအတိုင်းအတာနဲ့ဆိုရင် သစ်တောလက်ကျန်ဧရိယာဟာ ၂၄ ရာခိုင်နှုန်းသာ ရှိပါတော့တယ်။ ဒီတော့ “သစ်တောဝေစည်၊ လူကို မှီ၏” ပဲ မဟုတ်ပါလား။ ဒီသစ်တော ပြုန်းတီးမှုများလို့ အခု တောင်အာရှဒေသတစ်ခုလုံး အပူချိန်တွေတိုး၊ အိုဇုန်းလွှာတွေ ပါးလာရပြီး ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းတွေ မြင့်တက်၊ မိုးတွေ လျော့နေခဲ့ရပါပြီ။

နိုင်ငံတွေက ပတ်ဝန်းကျင်ရေးရာဆန်းစစ်မှုများမရှိဘဲ စီးပွားရေးတွေတိုးဖို့၊ GDP တွေတိုးဖို့ဆိုတာတွေကို ကြွေးကြော်ပြီးတော့ ဦးစားပေးလုပ်နေကြတာတွေဟာ ကမ္ဘာ့ရာသီဥတုပြောင်းလဲရခြင်းမှာ အဓိက အကြောင်းရင်းဖြစ်လာကြရတယ်လို့ နောက်ဆုံးတွေ့ရှိချက်တွေက ထောက်ပြထားတာကို အစိုးရတွေ (လူတွေ) သတိရှိဖို့ သင့်နေပါပြီ။

တကယ်တော့ ရာသီဥတု ပြောင်းလဲခြင်းမှာ လူသာတရားခံ ဖြစ်ပါတယ်။ IPCC ကလည်း ကမ္ဘာကြီး ကြုံတွေ့နေကြရတဲ့ လက်ရှိရာသီဥတုပြောင်းလဲခြင်းမှာ သဘာဝ (natural cause) ကြောင့် မဟုတ်ဘဲ လူ့ပယောဂ (Anthropogenic cause)ကြောင့် ဖြစ်ရကြောင်း အတိအလင်း ထောက်ပြထားခဲ့ပြီးပါပြီ။

တကယ်တော့ “ဥတုရာသီ လူကိုသာမှီ” နေကြောင်းပါဗျာ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...