Thursday, April 11, 2013

ဟယ်လို !!!


Ko Myoe posted a photo to MoMo Aung's timeline.
ဟယ်လို !!! 

ဖုန်းကို ကောက်ကိုင်လိုက်တော့ ဟိုဘက်က မဟာကြောင်လားတဲ့။ ဟုတ်ပါတယ်ဆိုတော့ ဒီနေ့ဖွင့်လှစ်သွားတဲ့ လှည်းတန်းခုံးကျော်တံတားနဲ့ပါတ်သက်ပြီးဗျူးချင်လို့ပါတဲ့။ ဗျူးချင်ရင် ရွှေတောင်ဗျူး၊ YCDC ဗျူးပါဆိုတာ မရဘူး။ ဒီသူငယ်မ သတင်းထောက်ကလေးက မဟာကြောင့်ပဲ ဗျူးပါရစေရှန့်ဆိုတာနဲ့ ဗျူးခံလိုက်ပါသည်။

သတင်းထောက်။ ။ ဒီနေ့ ခုံးကျော်တံတားကို ဖြတ်ပြီးပါပြီလားရှန့်..

မဟာကြောင်။ ။ ပြီးပါပြီ.. ၂ခါပါ.. ၁ခါက အပေါ်ကသွားပါတယ်.. ၁ခါက အောက်ကသွားပါတယ်..

သတင်းထောက်။ ။ ဘာလို့ ခုံးတံတားကို အပေါ်က သွားလို့ရအောင်ဆောက်ထားပေးတာ ဘာလို့ အောက်ကသွားတာလဲရှန့်..

မဟာကြောင်။ ။ တံတားပေါ်မှာ ကားတွေ ပိတ်နေတာကိုး။ ဒါနဲ့ အောက်က သွားတော့ မြန်မြန်သွားလို့ရတယ်..

သတင်းထောက်။ ။ ဒါဆို ခုံးတံတားကြောင့် သွားလမ်းလာလမ်း အဆင်ပြေတယ်ပေါ့ရှန့်...

မဟာကြောင်။ ။ (အနည်းငယ်အသံမြှင့်လျက်) မပြေဘူးဟေ့ မပြေဘူး.. ခုံးတံတားဆုံးတာနဲ့ နာနတ်တောမှာ ၁ခါ၊ အ၀ိုင်းမှာ၁ခါ၊ မြေနီကုန်းမှာ ၁ခါ၊ အလုံလမ်းမှာ ၁ခါ၊ ၄ ခါတိတိ ကားတွေပိတ်နေပါတယ်.. အရင်တုန်းကမှ လှည်းတန်း၁ခုထဲပိတ်ပါတယ်.. အခု ၄နေရာပိတ်ပါတယ်.. ပြီးတော့ တံတားပေါ်မှာလည်း ကားတွေ ပိတ်နေပါတယ်.. တံတားမဆောက်ခင်တုန်းက အောက်မှာပိတ်နေတဲ့ကားတွေအားလုံး တံတားပေါ်မှာ ပိတ်နေပါတယ်.. ပြီးတော့ နောက်ထပ် အသစ် ၄နေရာထပ်ပိတ်ပါတယ်.. ဒါပေမယ့် တံတားကြီးကြောင့် ပိတ်တာ အဆင့်မြင့်သွားပါတယ်..

ခါတိုင်း အောက်မှာ ပိတ်နေတဲ့ကားတန်းကြီးက တံတားပေါ်မှာ အဆင့်မြင့်မြင့် ကားပိတ်ကြပါတယ်..

သတင်းထောက်။ ။ တိန် !!!

(အစမို့လို့နေမယ်ထင်တယ်၊ ကျနော်တို့ မြန်မာလူမျိုးတွေ သနားဖို့ကောင်းပါတယ်ဗျာ... ဒီလောက်နာမည်ကြီးတဲ့ တံတားကြီးဆိုတော့ အရင်ဆုံးဖြတ်ဖူးချင်ကြတာနဲ့ ဖြစ်တာနေမှာပါ၊ နောက်ဆိုရင်တော့ လျော့သွားမယ်ထင်ပါတယ်၊ နောက်ရန်ကုန်မှာ ပေါလာတဲ့ကားနဲ့ ကျပ်နှုန်းကတော့ ရွှေဂုံတိုင်ပြီးလဲ ပြေလည်ဦးမယ်မထင်ပါဘူး ဒီလိုပဲ သွားရမပေါ့ ဖြည်းဖြည်းချင်း)

(Traffic ထဲက ကြောင်)

ဓါတ်ပုံကာတွန်းကို ကာတွန်းATHထံမှာ ယူပါသည်။

ဖုန်းကို ကောက်ကိုင်လိုက်တော့ ဟိုဘက်က မဟာကြောင်လားတဲ့။ ဟုတ်ပါတယ်ဆိုတော့ ဒီနေ့ဖွင့်လှစ်သွားတဲ့ လှည်းတန်းခုံးကျော်တံတားနဲ့ပါတ်သက်ပြီးဗျူးချင်လို့ပါတဲ့။ ဗျူးချင်ရင် ရွှေတောင်ဗျူး၊ YCDC ဗျူးပါဆိုတာ မရဘူး။ ဒီသူငယ်မ သတင်းထောက်ကလေးက မဟာကြောင့်ပဲ ဗျူးပါရစေရှန့် ဆိုတာနဲ့ ဗျူးခံလိုက်ပါသည်။


သတင်းထောက်။ ။ ဒီနေ့ ခုံးကျော်တံတားကို ဖြတ်ပြီးပါပြီလားရှန့်..

မဟာကြောင်။ ။ ပြီးပါပြီ.. ၂ခါပါ.. ၁ခါက အပေါ်ကသွားပါတယ်.. ၁ခါက အောက်ကသွားပါတယ်..

သတင်းထောက်။ ။ ဘာလို့ ခုံးတံတားကို အပေါ်က သွားလို့ရအောင်ဆောက်ထားပေးတာ ဘာလို့ အောက်ကသွားတာလဲရှန့်..

မဟာကြောင်။ ။ တံတားပေါ်မှာ ကားတွေ ပိတ်နေတာကိုး။ ဒါနဲ့ အောက်က သွားတော့ မြန်မြန်သွားလို့ရတယ်..

သတင်းထောက်။ ။ ဒါဆို ခုံးတံတားကြောင့် သွားလမ်းလာလမ်း အဆင်ပြေတယ်ပေါ့ရှန့်...

မဟာကြောင်။ ။ (အနည်းငယ်အသံမြှင့်လျက်) မပြေဘူးဟေ့ မပြေဘူး.. ခုံးတံတားဆုံးတာနဲ့ နာနတ်တောမှာ ၁ခါ၊ အ၀ိုင်းမှာ၁ခါ၊ မြေနီကုန်းမှာ ၁ခါ၊ အလုံလမ်းမှာ ၁ခါ၊ ၄ ခါတိတိ ကားတွေပိတ်နေပါတယ်.. အရင်တုန်းကမှ လှည်းတန်း၁ခုထဲပိတ်ပါတယ်.. အခု ၄နေရာပိတ်ပါတယ်.. ပြီးတော့ တံတားပေါ်မှာလည်း ကားတွေ ပိတ်နေပါတယ်.. တံတားမဆောက်ခင်တုန်းက အောက်မှာပိတ်နေတဲ့ကားတွေအားလုံး တံတားပေါ်မှာ ပိတ်နေပါတယ်.. ပြီးတော့ နောက်ထပ် အသစ် ၄နေရာထပ်ပိတ်ပါတယ်.. ဒါပေမယ့် တံတားကြီးကြောင့် ပိတ်တာ အဆင့်မြင့်သွားပါတယ်..

ခါတိုင်း အောက်မှာ ပိတ်နေတဲ့ကားတန်းကြီးက တံတားပေါ်မှာ အဆင့်မြင့်မြင့် ကားပိတ်ကြပါတယ်..

သတင်းထောက်။ ။ တိန် !!!

(အစမို့လို့နေမယ်ထင်တယ်၊ ကျနော်တို့ မြန်မာလူမျိုးတွေ သနားဖို့ကောင်းပါတယ်ဗျာ... ဒီလောက်နာမည်ကြီးတဲ့ တံတားကြီးဆိုတော့ အရင်ဆုံးဖြတ်ဖူးချင်ကြတာနဲ့ ဖြစ်တာနေမှာပါ၊ နောက်ဆိုရင်တော့ လျော့သွားမယ်ထင်ပါတယ်၊ နောက်ရန်ကုန်မှာ ပေါလာတဲ့ကားနဲ့ ကျပ်နှုန်းကတော့ ရွှေဂုံတိုင်ပြီးလဲ ပြေလည်ဦးမယ်မထင်ပါဘူး ဒီလိုပဲ သွားရမပေါ့ ဖြည်းဖြည်းချင်း)

(Traffic ထဲက ကြောင်)

ဓါတ်ပုံကာတွန်းကို ကာတွန်းATHထံမှာ ယူပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...