Monday, October 1, 2012

ဒေါက်တာ အောင်ထွန်းသက်၏ ဟောပြောပွဲ presentation slides များကိုရယူနိုင်

Myanmar Network mail@myanmar-network.net
ဗြိတိသျှကောင်စီ (မြန်မာ) မှ ကြီးမှူး၍ မြန်မာ-ယူကေကျောင်းသားဟောင်းများကွန်ရက် (Myanmar-UK Alumni Network) ၏ ဟောပြောပွဲတစ်ရပ်ကို ၂၀၁၂ စက်တင်ဘာလ ၂၂ ရက်တွင် နေ့လည် ၁:၀၀ နာရီ၌ British Club တွင်ကျင်းပခဲ့ပါသည်။

ယင်း ဟောပြောပွဲတွင် British Council မှ အာရှတစ်ခွင်တွင် ကျင်းပသော Global Education Dialogue ဆွေးနွေးပွဲ ပွဲစဉ်များထဲမှ တစ်ခုဖြစ်သည့် Employability skills in Southeast Asia and the needs of the new economy: The challenge for higher education ကို မြန်မာနိုင်ငံမှ ကိုယ်စားပြု တက်ရောက် ခဲ့သော ဒေါက်တာ အောင်ထွန်းသက် မှ ၎င်းပွဲ၏ အတွေ့အကြုံများကို ရင်းနှီးစွာ ဖလှယ်ခဲ့ပါသည်။

GED သည် ကမ္ဘာတစ်ဝန်း ပြောင်းလဲနေသော စီးပွါးရေးမဏ္ဍိုင် နှင့်ကိုက်ညီသည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွက်ရေးအတွက် အဆင့်မြင့်ပညာရေးနယ်ပယ်၊ စီးပွါးရေးနယ်ပယ်နှင့် အစိုးရဌာနများမှ ကိုယ်စားလှယ်များကြား ပြုလုပ်သော ဆွေးနွေးမှုတစ်ရပ်ဖြစ်ပါသည်။ ဒေါက်တာ အောင်ထွန်းသက် ၏ ဟောပြောပွဲ presentation slides များကို Myanmar Network တွင် download ရယူနိုင်ပါသည်။
မြန်မာ-ယူကေကျောင်းသားဟောင်းများကွန်ရက် (Myanmar-UK Alumni Network) ကို ဗြိတိသျှကောင်စီမှ အဓိက ပံ့ပိုး၍ ယခုလက်ရှိ အသင်းဝင်ပေါင်း ၁၅၀ ကျော်ဖြင့်ဖွဲ့စည်းထားပါသည်။


Superlative teaching!

What better way to interest your students in using superlatives than talking about what's best in football? An activity is based around a chart containing information about football. It is a quick quiz reading activity and can be used to either practice or present superlatives and comparatives. Superlative teaching!

English lessons from our archive
အင်္ဂလိပ်စကားပြောပိုကောင်းစေရန်နည်းလမ်းများ (အပိုင်း-၁) - "ယနေ့ခေတ်မှာ လူတိုင်းကိုမေးလိုက်။ ဘာလုပ်နေလဲ “အင်္ဂလိပ် စပီကင် တက်နေတယ်” ဟူသည့်အဖြေကို ညံညံစီစီ ကြားနေရသည်။ အင်္ဂလိပ်စာ၏အရေးကြီးပုံကိုလူတိုင်း သဘောပေါက်နေကြပြီဖြစ်သည်။ သူသူငှာငှာ အင်္ဂလိပ်စကားပြောတတ်ချင် ကြသည်။ အင်္ဂလိပ်လို ဒွတ်ဒက်ရွှတ်ရှက် နှင့်ပြောနေ သူတစ်ယောက်ကို မြင်ရကြားရတိုင်း သူတို့လို ပြောတတ်ချင်စိတ်တွေ တဖွားဖွားပေါ်လာ တတ်ပါသည်။ အင်္ဂလိပ်စကားကို သွက်သွက်လက်လက်နှင့် ကိုယ်ပြောတာကို သူများနားလည်၊ သူများပြောတာကိုလည်း ကိုယ်ကနားလည် ဖြစ်ချင်ပါက အောက်ပါနည်းလမ်းများက မိမိဆန္ဒများကို ဖြည့်ဆည်း ပေးနိုင်ပါလိမ့်မည် ..."
ဆက်လက်ဖတ်ရှုရန် - http://www.myanmar-network.net/forum/topics/3423487:Topic:95035

အင်္ဂလိပ်စကားပြောပိုကောင်းစေရန်နည်းလမ်းများ (အပိုင်း-၂) - "အရင်တစ်ပတ်က နည်းလမ်းတစ်ချို့ရေးခဲ့ပါတယ်။ ဒီ post မှာတော့ အရင်တစ်ခေါက်က ကျန်ခဲ့တဲ့အကြောင်းအရာလေးတွေကိုတင်ပြပါ့မယ်။ ..."
ဆက်လက်ဖတ်ရှုရန် - http://www.myanmar-network.net/forum/topics/3423487:Topic:97281

ရယ်လည်းရယ်ရ၊ ပညာလည်းရ - "အင်္ဂလိပ်စာလေ့လာရာမှာ ဘာသာပြန်ခြင်းရဲ့ထိရောက်မှုကလည်း မသေးလှပါဘူး။ ကိုယ်စိတ်ဝင်စားရာ ဟာသလေးတွေကို ဖတ်ပြီး ဘာသာပြန်ကြည့်ခြင်းအားဖြင့် အင်္ဂလိပ်စာစွမ်းရည်လည်းတိုး၊ မြန်မာစာအသိလည်းပိုပြီးကြွယ်ဝလာ၊ ပျော်လည်းပျော်ရပါတယ်။ အောက်မှာပေးထားတဲ့ ဟာသလေးတွေကို အင်္ဂလိပ်လိုအရင်ဖတ်ကြည့်၊ ပြီးမှ ကိုယ့်ဘာသာကိုယ်မြန်မာလိုပြန်ကြည့်၊ နောက်ဆုံးမှ ကျွန်တော့်ရဲ့ဘာသာပြန်လေးနဲ့တိုက်ကြည့် ဒီလိုလုပ်ကြည့်စေချင်ပါတယ်။ အင်္ဂလိပ်စာကို လေ့လာနေပါလားဆိုတဲ့အသိမ၀င်ဘဲ ပေါ့ပေါ့ပါးပါးလေးနဲ့ မိမိစိတ်ထဲကို ရောက်သွားမယ့် နည်း (Language Acquisition) တစ်မျိုးပါပဲ။ ..." 
ဆက်လက်ဖတ်ရှုရန် - http://www.myanmar-network.net/forum/topics/3423487:Topic:95835

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...