စိတ်ကူးကမ္ဘာတွေ (Possible Worlds by Tom Hayton)
Author: lubo601 |
10:19 PM |
No မှတ်ချက် |
အင်္ဂလိပ်ဘာသာစကားမှာ စိတ်ကူးစကြာဝဠာနဲ့ အခြားစိတ်ကူးကမ္ဘာတွေကို ဖန်တီးကြည့်တတ်ဖို့ လိုတယ်။ ဥပမာ ၀ါကျကို ကြည့်ပါ။
If I was rich, I’d buy a penthouse . ငွေကြေးချမ်းသာမယ်ဆိုရင် ကွန်ဒိုအပေါ်ဆုံးထပ်တစ်ခန်း ၀ယ်လိုက်မှာ။
ဒီဝါကျကို ကြည့်မယ်ဆိုရင် ပြောသူအနေနဲ့ ငွေကြေးချမ်းသာပြီး ကွန်ဒိုအပေါ်ဆုံးထပ်ကို ၀ယ်ယူ ရင်းနှီးမြှုပ်နှံလိုက်တဲ့ စိတ်ကူးကမ္ဘာတစ်ခုကို ဖော်ပြထားတာဖြစ်ပါတယ်။
ဝါကျဖွဲ့စည်းပုံကိုတော့ second conditional (ဒုတိယ အကယ်၍ ပုံစံ) လို့ ခေါ်ပါတယ်။ အောက်ပါ ပုံစံအတိုင်း ဖြစ်ပါတယ်။
If + subject + past simple, subject + would (’d) + verb
အကယ်၍ If နောက်က ကတ္တား Subject လိုက်၊ ပြီးရင် ရိုးရိုးအတိတ်ကာလ ကြိယာ past simple verb လိုက်၊ ပြီးရင် Subject ကတ္တား၊ ပြီးရင် Would ဒါမှမဟုတ် ‘d ၊ အဲဒီနောက်က ကြိယာ Verb လိုက်ရမယ်။
If I was rich, would buy a penthouse. ငွေကြေးချမ်းသာမယ်ဆိုရင် ကွန်ဒိုအပေါ်ဆုံးထပ်တစ်ခန်း ၀ယ်လိုက်မှာ။
ဒီဝါကျကို နားလည်နိုင်ဖို့ counterfactuals လို့ ခေါ်တဲ့ တကယ်မဟုတ်သော်လည်း စိတ်ကူးကြည့်ခြင်း အယူအဆကို နားလည်ဖို့ လိုအပ်တယ်။ အဲဒီ ၀ါကျတွေဟာ အဖြစ်မှန်နဲ့ ကွဲပြားခြားနားတဲ့ အခြေအနေတွေကို ဖော်ပြတယ်။
If Bill wasn’t so lazy, he’d be the richest guy on the sales team. ဘီလ်က ဒီလောက် မပျင်းဘူးဆိုရင် အရောင်းအဖွဲ့မှာ အချမ်းသာဆုံး ဖြစ်မှာ။
တကယ်မဟုတ်ပေမယ့် စိတ်ကူးကြည့်ထားတဲ့ ဒီဝါကျမှာ ဘီလ်က အဖွဲ့ထဲမှာ အချမ်းသာဆုံးဖြစ်နေတဲ့ အနေအထားကို စိတ်ကူးနဲ့ ဖော်ပြထားတာဖြစ်ပါတယ်။
ဒီဝါကျရဲ့ အမှန်တရားက ဖြစ်နိုင်ခြေအယူအဆအပေါ်မှာ မူတည်ပါတယ်။ ဒီဝါကျက ဆိုတဲ့အတိုင်း ဖြစ်နိုင်တယ်ဆိုရင် မှန်ကန်မှု ရှိတယ်လို့ ဆိုရမယ်။ မဖြစ်နိုင်ဘူးဆိုရင် မဖြစ်နိုင်တာကို ယုံကြည်နေတဲ့ အတွက် အဲဒီဝါကျဟာ အဓိပ္ပာယ်ကင်းမဲ့သွားပါတယ်။
ဘီလ်က တကယ်တမ်း အရည်အချင်းရှိသူဖြစ်တယ်။ အဖွဲ့ထဲမှာ သူတကယ် အချမ်းသာဆုံးဖြစ်နိုင်တဲ့ အနေအထားကို စိတ်ကူးကြည့်လို့ရတယ်ဆိုပြီး ယုံကြည်ကြောင်း ရှင်းလင်းသိသာပါတယ်။
ဒီအချက်ကို ရှင်းသွားအောင် အောက်ပါ ၀ါကျကို ကြည့်ပါ။
If I were you, I’d abandon the project. ကျွန်တော်သာ ခင်ဗျားဆိုရင် စီမံချက်ကို စွန့်လွှတ်လိုက်မှာဘဲ။
ဒီလိုဝါကျတွေဟာ တကယ်တော့ အဓိပ္ပာယ်ရှိရဲ့လားဆိုတာ အတော် အခြေအတင် ဆွေးနွေးကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က ခင်ဗျားမဟုတ်နိုင်ဘူး။ ဒီနေရာမှာ ကျွန်တော်က ခင်ဗျားနေရာမှာ စိတ်ကူးနဲ့ အစားဝင်ကြည့်ရုံလောက်သာ ဖြစ်နိုင်ပါတယ်။ ဒါက တကယ်တမ်း ခင်ဗျားဖြစ်သွားတာမှ မဟုတ်ဘဲ။ စိတ်ကူးနဲ့ ဖန်တီးကြည့်တာ မဟုတ်ဘဲ အကြံပေးတဲ့အနေနဲ့ စကားအဖြစ် ထင်ရှားအောင် ပြောတာသာ ဖြစ်တယ်။
မူရင်းဥပမာ ၂ခုကို ပြန်ကြည့်ရအောင်။
If I was rich, I’d buy a penthouse. ချမ်းသာမယ်ဆိုရင် ကွန်ဒိုအပေါ်ဆုံးထပ် တိုက်ခန်းကို ၀ယ်မှာ။
If Bill wasn’t so lazy, he’d be the richest guy on the sales team. ဘီလ်က ဒီလောက်အထိ အပျင်းမကြီးဘူးဆိုရင် အရောင်းအဖွဲ့မှာ အချမ်းသာဆုံး ဖြစ်မှာ။
ဒီဝါကျတွေ အဓိပ္ပာယ်ရှိစေဖို့ ပြောတဲ့အတိုင်း မှန်ကန်ကြောင်း လက်တွေ့လောကထဲက သက်သေ အထောက်အထားတွေ ထုတ်ပြပံ့ပိုးနိုင်ရမယ်။
ငွေကြေးချမ်းသာရင် ကွန်ဒိုအပေါ်ဆုံးထပ် တိုက်ခန်းကို တကယ်တမ်း ၀ယ်မှာလားဆိုပြီး တစ်စုံတစ်ဦးက မေးခွန်းထုတ်မယ်ဆိုရင် မျက်စိကျနေတဲ့ ကွန်ဒိုတွေကို ညွှန်ပြနိုင်တယ်။ ကွန်ဒိုတစ်ခုစီရဲ့ အကောင်းအဆိုး တွေကို ရှင်းပြနိုင်တယ်။ ငွေကြေးကိစ္စတစ်ခုဘဲ မတတ်နိုင်လို့ ဆိုတာ ပြောပြနိုင်တယ်။
ဘီလ်ဟာ အရောင်းအဖွဲ့မှာ အချမ်းသာဆုံး ဖြစ်လာနိုင်လောက်တဲ့ စွမ်းရည်ရှိရဲ့လား ဆိုပြီး တစ်စုံတစ်ဦးက မေးခွန်းထုတ်မယ်ဆိုရင် အခြားသူတွေအားလုံးထက် အလုပ်ချိန် တစ်ဝက်ဘဲ လုပ်ပေမယ့် လစာ ကောင်းသေးတယ် (လစာအများဆုံးတော့ မဟုတ်ဘူး) လို့ ထောက်ပြနိုင်တယ်။ အလုပ်အတွက် အချိန် ပိုပေးမယ်ဆိုရင် အဖွဲ့ထဲမှာ အချမ်းသာဆုံး ဖြစ်လာနိုင်တယ်လို့ ယူဆနိုင်တာပေါ့။
ဒါကြောင့် သတိပြုရမယ့် second conditional တွေရဲ့ ‘if’ နဲ့စတဲ့ စကားစုမှာ ပါတဲ့ စိတ်ကူးကြည့်တဲ့အပိုင်း
If I was rich ?
If Bill wasn’t so lazy ?
If I were you ?
တွေဟာ တကယ်တမ်း မှန်မယ်ဆိုရင်၊ ဆိုလိုတာက ကျွန်တော်ကလည်း ငွေကြေးချမ်းသာ၊ ဘီလ်ကလည်း တစ်ခါတည်း အလုပ်ကို ကြိုးကြိုးစားစား လုပ်၊ ကျွန်တော်ကလည်း ခင်ဗျားဖြစ်မယ်ဆိုရင် ၀ါကျက တကယ်တမ်း မှန်ကန်ကြောင်း ပြသနိုင်ရပါမယ်။
တတိယဥပမာ ၀ါကျဟာ ထင်သာမြင်သာအောင် ဖော်ပြထားတာသာ ဖြစ်တယ်။ တကယ်တော့ ကျွန်တော်က ခင်ဗျား ဘယ်ဖြစ်နိုင်ပါ့မလဲ
Read more: စိတ်ကူးကမ္ဘာတွေ (Possible Worlds by Tom Hayton) - Myanmar Network http:// www.myanmar-network.net/forum/ topics/ possible-worlds#ixzz29fnXAsXM
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment