Monday, October 15, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၁၅-၁၀)


သစ်ထူးလွင်


Posted: 15 Oct 2012 06:35 AM PDT
ယခုလ ၇ ရက် မှစ၍ ရန်ကုန်မြို့ တိရစ္ဆာန် ဥယျာဉ် အတွင်းရှိ နှစ်ပေါင်း ၁၅ နှစ်အထိ ဖွင့်လှစ်လာခဲ့သည့် တို့ပြည်သား ကစားကွင်းကို သစ်တောဝန်ကြီး ဌာနသို့ လွှဲပြောင်းပေးလိုက်ခြင်း အတွက် လက်ရှိကစားကွင်း ဝန်ထမ်း ၇ဝ ကျော်နှင့် ကစားကွင်း အတွင်းရှိ ဆိုင်များမှ စုစုပေါင်း ဝန်ထမ်း ၅ဝဝ ကျော်ခန့် အလုပ်လက်မဲ့ ဖြစ်သွားနိုင်ကြောင်း ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

တို့ပြည်သား ကစားကွင်း



Posted: 15 Oct 2012 06:20 AM PDT
ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဒက္ကာမြို့တွင် မြန်မာ ကျပ်ငွေတွေ အပြင် ငွေစက္ကူမျိုးစုံ အတုလုပ်သည့် ဂိုဏ်းတစ်ခုကို ငွေစက္ကူ အတု သန်း ၁၀၀ ကျော်နှင့် အတူ ဘင်္ဂလာရဲက ယမန်နေ့က ဖမ်းဆီးခဲ့သည်။ ရဲအဖွဲ့မှ ၀င်ရောက်စီးနှင်းစဉ် အတွင်း တာကာငွေ အတု ၂၅၀၂၂၀၀၀ နှင့် အိန္ဒိယ ရူပီငွေ အတု ၈၈၀၀၀၀ ကို ရှာဖွေ ဖမ်းဆီမိခဲ့သည်ဟု ----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဖမ်းဆီးရမိသော ငွေစက္ကူ အတုများ (ဓါတ်ပုံ- Star)



Posted: 15 Oct 2012 05:12 AM PDT
 ဧရာဝတီတိုင်း သာပေါင်းမြို့နယ်တွင် ရေဘေးသင့် ပြည်သူများအတွက် လှူဒါန်း ပစ္စည်းများအား အလွဲသုံးစား ပြုလုပ်သူများရှိသူ ဟု ဒေသခံများက တိုင်ကြားမှု အပေါ်တွင်  မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ ကော်မတီ နှစ်ရပ်ဖွဲ့ကာ စစ်ဆေးမှု များ ပြုလုပ်လျှက် ရှိကြောင်း သိရသည်။ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 15 Oct 2012 05:02 AM PDT
ဒီဗွီဘီပြည်တွင်း သတင်းထောက် ဦးအောင်ထွန်းမြင့် ဒီနေ့ မနက် ၁၀ နာရီကျော်လောက်က ကျိုက်ထီးရိုးဘုရား ဈေးဆိုင်တန်းမှာ သတင်း ဓာတ်ပုံ ရိုက်ကူးနေတုန်း  ရိုးရိုးလေးကုမ္ပဏီ တာဝန်ရှိသူတွေရဲ့ ပိတ်ပင်ဟန့်တားမှု ခံခဲ့ရပါတယ်။ ဦးအောင်ထွန်းမြင့်က “ကျနော်က အင်တာဗျူး cut တွေရိုက်တယ်။ နောက် ဆိုင်ခန်းတွေ နဲ့ ပြဿနာတက်တယ်ဆိုတော့ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 15 Oct 2012 04:52 AM PDT
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ အစည်းအဝေးကို နေပြည်တော်မှာ ရှိတဲ့ ကော်မတီရုံးခန်းမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။ တရားဥပဒေ စိုးမိုးရေးအတွက် ပညာပေးအစီအစဉ်၊ ဌာနဆိုင်ရာတွေ ပူးပေါင်း ဆောင်ရွက်ရေး၊ အခြားသော ဥပဒေပညာရှင်တွေနဲ့---


သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ပထမအကြိမ် အစည်းအဝေးကျင်းပခဲ့စဉ်က



Posted: 15 Oct 2012 04:24 AM PDT
ကချင်တိုင်းရင်းသား စစ်ဘေး ဒုက္ခသည်တွေကို လှူနိုင်ဖို့ အတွက် လက် သီးချက် ပြင်းပြင်းနဲ့ အောင်လ အင်ဆန်း က ပြိုင်ဖက် အမေရိကန်နိုင်ငံသား ကို အလဲထိုး အနိုင်ယူပြီး ရံပုံငွေ ရှာဖွေ။  DVB TV News

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 15 Oct 2012 03:59 AM PDT
ရန်ကုန် ၊ မန္တလေး အပါအ၀င် ရခိုင်ပြည်နယ် နှင့် အခြားတိုင်းနှင့်ပြည်နယ် မြို့ကြီးများအချို့တွင် OIC အလိုမရှိကြောင်းကို ဆန္နထုတ်ဖော် လျက်ရှိကြောင်း သိရသည်။ အောက်တိုဘာ ၁၅ ရက်နေ့ နေ့လည် ၁ နာရီ တွင် ရန်ကုန်တိုင်း ဒေသကြီးတွင် ရွှေတိဂုံဘုရားမှ မြို့တော်ခန်းမအထိ သံဃာတော်အပါး တစ်ထောင်ကျော် ခန့်နှင့် လူဦးရေ ၂၀၀ ကျော်ခန့်တို့ ငြိမ်းချမ်းစွာ စီတန်းလှည့်လှည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ရန်ကုန်နှင့် ဖျာပုံမြို့ က ဆန္ဒထုတ်ဖော်ပွဲ ဓါတ်ပုံများကို စုစည်း တင်ပြထားပါတယ်။ ဓါတ်ပုံများကို ရန်ကုန်မှ (ရာဇ၀င် နှင့် နစ်ကီ) ဖျာပုံ မှ (မင်းခေါင်) တို့ က ပေးပို့ ထားတာဖြစ်ပါတယ်။


ဖျာပုံမြို့သူမြို့သားများ နှင့် သံဃာတော်များ၏ OIC ကန့်ကွက်ဆန္ဒပြပွဲ (၁၅.၁၀.၂၀၁၂ - နေ့လည် ၂ နာရီ)



Posted: 15 Oct 2012 02:35 AM PDT
 “တိုးရစ် ဂိုက်မလေး” ဆိုသည့် စကားရပ်သည် ဧည့်လမ်းညွှန် လုပ်ငန်းလိုင်စင် ကိုင်ဆောင်၍ တရားဝင် အသက်မွေးဝမ်းကျောင်း ပြုလုပ်နေသော ဧည့်လမ်းညွှန် အမျိုးသမီးများ၏ ဂုဏ်သိက္ခာကို တိုက်ရိုက် ထိခိုက် စော်ကားသော ရေးသားမှု ဖြစ်ကြောင်း မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များ အသင်းမှ သုံးသပ်ပြီး ပြင်းထန်စွာ ရှုံချကန့်ကွက်သည်။ ၄င်းဆောင်းပါး ရေးသားသူ မင်းမင်းလတ်(မြစ်ငယ်)မှ ဧည့်လမ်းညွှန်များထံသို့ တရားဝင် တောင်းပန်ရန်----

ကန့် ကွက်စာ အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 

“ဧည့်မျှော်နေဦး မည့် တိုးရစ် ဂိုက်မလေး” ဆောင်းပါး ကို ပြန်လည် ဖတ်ရှုလိုပါက ဒီနေရာကို နှိပ်ပါ




Posted: 15 Oct 2012 12:20 AM PDT
OIC အလိုမရှိ ဆန္ဒ ဖော်ထုတ်သူ သံဃာ့တော်များနှင့် ပြည်သူတို့သည် ဗဟန်း ၊ေ၇ွှတိဂုံဘုရား အရှေ့ဘက်မုဒ်ရှိ ကြေးသွန်း ဘုရားကြီးရှေ့မှ ဆူးလေသို့ စီတန်း လှည့်လည် လာပြီဟု သိရသည်။

ထို လမ်းလျောက် ဆန္ဒဖော်ထုတ် စီတန်း လှည့်လည်ရာတွင် သံဃာ့တော်အပါး ၂၀၀ ခန့်နှင့် ပြည်သူ ၁၀၀ ကျော်ပါဝင်ပြီး OIC အလိုမရှိ ဆိုင်းဘုတ်များ ကိုင်ဆောင်ထားကြောင်း ပေါ်ပြူလာနယူးစ် သတင်းထောက်က ပြောသည်။

ပြည်တွင်း၌ OIC အလိုမရှိ ကြောင်းကမ္ဘာက သိရှိစေရန် ပြသခြင်းဖြစ်သည်ဟု ဆန္ဒဖော်ထုတ် သူတစ်ဦးကပြောသည်။

တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ၀န်ကြီးတစ်ဦးက OIC ကို ပြည်တွင်း ၌ ရူံးဖွင့်ခွင့် မပေးထား၍ ဆန္ဒမဖော်ထုတ်ရန် ဖုန်းဆက် အကြောင်းကြား လာကြောင်း ယခုဆန္ဒဖော်ထုတ်ပွဲကို စီစဉ်သူတစ်ဦးက ပြောသည်။

Popular Myanmar News Journal




Posted: 14 Oct 2012 09:16 PM PDT
စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တည်ဆောက်ဖို့ဆိုပြီး ကျေးရွာ တချို့မှာ စာသင်ကျောင်းတွေ အပိတ်ခံထားရတာကို ပြန်လည် ဖွင့်ပေးဖို့ အတွက် မူလတန်းကျောင်းသား (၁၀၀) ကျော်က ၀က်မှေးရွာ မူလတန်းကျောင်းရှေ့မှာ ဒီကနေ့ မနက်ပိုင်းက (၃)နာရီကြာ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

ဝက်မှေးရွာ၊ ဆည်တဲရွာ၊ တုန်အလယ်ရွာ၊ တုန်ရွာသစ်၊ တုန်ရွာမ၊ ဇီးတော စတဲ့ကျေးရွာတွေက မူလတန်းကျောင်းသားတွေဟာ စာသင်ကျောင်းတွေ ပြန်ဖွင့်ပေးဖို့ကို အခုလို ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။

" ဖိုးဖိုး ဦးသိန်းစိန် ကယ်ပါ။ ကယ်ပါ။ ကယ်ပါ။ ဖွားဖွား ဒေါ်အောင်ဆန်းစုကြည် ကယ်ပါ။ ကယ်ပါ။ ကယ်ပါ။ သားတို့ကျောင်း အမြန်ဆုံး ဖွင့်ပေးပါ။ ဖွင့်ပေးပါ။ ဖွင့်ပေးပါ။ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး။ တို့ အရေး။ တို့ အရေး။ တို့ အရေး။ "

မူလတန်းကျောင်းတချို့ကို ပြီးခဲ့တဲ့နှစ်အတွင်းက စာသင်ခွင့် မပေးဘဲ ပိတ်ပင်ထားတာဖြစ်ပြီး စာသင်ခွင့် ပြန်ရဖို့ အခုလို ဆန္ဒပြတောင်းဆိုတာလို့ ၀က်မှေးရွာမှ စတုတ္ထတန်း ကျောင်းသူ တစ်ဦးက RFAကို ပြောပါတယ်။

" သမီးတို့ ကျောင်းကို ပိတ်ထားတဲ့အတွက် အမြန်ဆုံး ဖွင့်လှစ်ပေးရန် ဆန္ဒပြတာပါ။ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကြောင့် ပိတ်ထားတာပါ။ ဖိုးဖိုး ဦးသိန်းစိန်နဲ့ ဖွားဖွား ဒေါ်အောင်ဆန်းစုကြည်တို့ကို ကျောင်းဖွင့်ပေးစေရန် အဓိကထားပြီးပြောထားပါ။ "

စာသင်ကျောင်း ပြန်ဖွင့်ဖို့ ဆန္ဒပြတောင်းဆိုပွဲဟာ ဒီဒေသမှာ ပထမဦးဆုံးအကြိမ် ပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese




Posted: 15 Oct 2012 04:31 AM PDT
သြစကြီးယန်း လူမျိုး ဖီးလစ် ဘွန်ဂါတနာ (Felix Baumgartner) ဟာ အသံထက်မြန်အောင် သက်စွန့်ဆံဖျား လေထဲမှာ ပထမဆုံး ဒိုင်ဗင်ထိုးသူ အဖြစ် စံချိန်ချိုးသွားပါတယ်။ သူဟာ တနင်္ဂနွေနေ့က နယူးမက်ဆီကို သဲကန္တာရထဲမှာ ဒိုင်ဗင်ထိုးခဲ့တာဖြစ်ပြီး တနာရီ မိုင် ၈၄၀ လောက်နှုန်း နဲ့ မြန်အောင် ထိုးနိုင်ခဲ့တာမို့ အမြန်ဆုံး စံချိန်ကျိုးခဲ့တယ်လို့ နိုင်ငံတကာ လေကြောင်းဆိုင်ရာ အားကစား အဖွဲ့က ဘရိုင်ယန်ဥတလီ (Brian Utley) က ပြောပါတယ်။

ဒီအမြန်နှုန်းဟာ အသံထက်မြန်တဲ့ နှုန်း ဖြစ်ပါတယ်။ အဆင့်မြင့်နည်းပညာနဲ့ လုပ်ထားတဲ့ ၀တ်စုံ ၀တ်ဆင်ပြီး ယှဉ်ပြိုင်သူတွေထဲမှာ ဖီးလစ်ရဲ့ အမြန်နှုန်း စံချိန်ကို ဘယ်သူမှ မမီသေးပါဘူး။
သူဟာ ၅၂ နှစ်လုံး စံချိန်မကျိုးခဲ့တဲ့ လေယာဉ်ပေါ်ကနေ အမြင့်ဆုံး ခုန်ချသူ စံချိန်ကိုပါ ချိုးခဲ့တာဖြစ်ပါတယ်။

ဖီးလစ်ဟာ ၁၉၆၀ ခုနှစ်တုန်းက အမေရိကန် နိုင်ငံသား ဂျိုး ကစ်တင်းဂျာ (Joe Kittinger) တင်ထားတဲ့ အမြင့်ဆုံးကနေ ခုန်ချတဲ့ စံချိန်ကို  အခုသူ့ရဲ့ အကူအညီနဲ့ပဲ ချိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ 

အသံထက်မြန်တဲ့နှုန်းနဲ့ အမြင့်ဆုံး ကခုန်ချမှုနဲ့ စံချိန်သစ်ချိုးခဲ့တဲ့ Felix Baumgartner ။



Posted: 14 Oct 2012 08:10 PM PDT
အောက်တိုဘာလ (၁၁) ရက်နေ့မှာ ဦး.....(၄၁)နှစ်သည်အောင်မင်္ဂလာ အဝေးပြေး ကားဝင်း အတွင်းမှာ ရှိနေစဉ်  မွေးစားသမီး ဖြစ်သူ မ.....(၃၁)နှစ် ကို ဓါးထိုး ခံရကြောင်း ဇနီးဖြစ်သူ....က ဖုန်းဆက် အကြောင်းကြားတဲ့ အတွက် နေအိမ်ကို ပြန်တဲ့အခါ သမီးဖြစ်သူမှာ သူ၏ ရည်းစားဖြစ်သူ ကို.....(စိစစ်ဆဲ) နဲ့ စကားနိုင် လုရင်းကနေ စကားများပြီး အဖြူရောင် ကော်ရိုးတပ် အရိုးအသွား(၆)လက်မခန့်ရှိတဲ့ စတီးဓါးနဲ့ ထိုးတဲ့အတွက် မ.......ရဲ့ ၀ဲပါးပြတ်ရှ၊ ကျောဝဲဘက် ထိုးသွင်း ဒဏ်ရာတို့ရပြီး သင်္ဃကျွန်း စံပြဆေးရုံမှာ အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် ကုသရတဲ့ အတွက် ဖခင်ဖြစ်သူဦး.......ကတရားလို ပြုတိုင်တန်းထားကာ တ/ဥက္ကလာပရဲစခန်းက (ပ) ၆၄၇/၁၂
ပုဒ်မ ၃၂၆ နဲ့ စုံစမ်းနေရာကနေ အောက်တိုဘာလ (၁၂) ရက်နေ့မှာ သေဆုံးသွားတဲ့ အတွက် ပုဒ်မ ၃၂၆ မှ ပုဒ်မ ၃၀၂ ကိုပြောင်းလဲ အမှုဖွင့်ပြီး အမှုကို ဆက်လက်စုံစမ်း နေတယ်လို့ သိရတယ်။

by The Modern News Journal




Posted: 14 Oct 2012 08:04 PM PDT
ကမ္ဘောဒီယားဟောင်း ဘုရင် Norodom Sihanouk ဟာ နှလုံးရောဂါနဲ့ တရုတ်နိုင်ငံ ဘေဂျင်းက ဆေးရုံ တရုံမှာ နှလုံးရောဂါနဲ့ လွန်သွားပါပြီ။

ကွယ်လွန်ချိန်မှာ သူဟာ အသက် ဂ၉နှစ်ရှိပါပြီ။

ရှုတ်ထွေးလှတဲ့ ကမ္ဘောဒီယား နိုင်ငံရေးမှာ နှစ်ပေါင်း ၆ဝကျော် အဓိက နေရာက ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

ဗီယက်နမ်နဲ့ ခမာနီတွေက ကမ္ဘောဒီးယားကို မသိမ်းပိုက်ခင် သီဟာနုဟာ အတွက်အချက်မှားပြီး ခမာနီတွေနဲ့ မဟာမိတ် ပြုခဲ့သလို သူ့လက်ထက်မှာ အိမ်နီးချင်း ဗီယက်နမ်မှာ အမေရိကန် စစ်ပွဲ ဖြစ်ခဲ့တာကြောင့် သူ့နိုင်ငံဟာလည်း စစ်ထဲကျရောက်ခဲ့ပါတယ်။

၁၉၄၁ ခုနှစ်တုန်းက ပြင်သစ်က တင်မြှောက်ပေးခဲ့လို့ နန်းတက်ခဲ့ရတဲ့ သီဟာနုဟာ ၁၉၅၃ ခုနှစ်မှာ တိုင်းပြည်အတွက် လွတ်လပ်ရေး ပေးနိုင်ခဲ့ပါတယ်။

၂ဝဝ၄ ခုနှစ်မှာတော့ သူ့ထီးနန်း အရိုက်အရာကို သူ့သားက ဆက်ခံခဲ့တာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ကွယ်လွန်ပြီ ဖြစ်တဲ့ မင်းသားကြီး သီဟာနု



Posted: 14 Oct 2012 08:03 PM PDT
အိုအိုင်စီ ရုံး လာဖွင့်မယ့် ကိစ္စနဲ့ စစ်တွေမှာ ဆန္ဒပြ ကန့်ကွက်မူတွေ ရက်ဆက်ဆိုသလို ပေါ်ပေါက်ပြီးတဲ့ နောက် ပိုင်းမှာ အိုအိုင်စီနဲ့ ရုံးဖွင့်လှစ်ရေး အတွက် သဘောတူ လက်မှတ်ရေးထိုးထားတဲ့ နယ်စပ်ရေးရာ ၀န်ကြီးဌာနက ညွှန်ကြားရေးမှူး ချုပ်ဟာ စစ်တွေကို ရောက်ရှိလာပြီး ရခိုင် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ သွားခဲ့တယ်လို့ သိရပါတယ်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

OIC အဖွဲ့ အမှတ်တံဆိပ်



Posted: 14 Oct 2012 07:57 PM PDT
အောက်တိုဘာ ၁၅ ရက်နေ့ထုတ် Weekly Eleven News Journal အတွဲ ၈ အမှတ် ၂

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 14 Oct 2012 07:50 PM PDT
အောက်တိုဘာ ၁၄ ရက်နေ့ထုတ် မော်နီတာ သတင်းဂျာနယ် အတွဲ (၂)၊ အမှတ် (၂၅)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 14 Oct 2012 05:34 PM PDT
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ အမှတ်(၅) ပင်းပက်သံမဏိစက်ရုံ စီမံကိန်းကြောင့် အသိမ်းခံရသည့် မြေဧက ၅၀၀၀ ကျော်နှင့် ပတ်သက်သည့် သတင်း အား မိတ္တူကူးယူ ဖြန့်ခဲ့တာကြောင့်  ခေါ်ယူ ဝန်ခံလက်မှတ် ထိုးခိုင်းခံရသူ ကိုခမ်းကောင် မှ  မီဒီယာများအား အောက်တိုဘာလ ၁၄ ရက်နေ့ မှာ တွေ့ဆုံရှင်းလင်း ပြောကြားခဲ့ပါသည်။

၂၆.၁၀.၂၀၁၂ ရက်စွဲပါ အိပ်(စ်)ပရက်(စ်)တိုင်း(စ်) ဂျာနယ် ပါ “ မြေသိမ်းပါတယ်ဆိုမှ အစားထိုးပေးစရာ ဘယ်လိုလုပ်ရှိမလဲ ” ခေါင်းစဉ်ပါ ဂျာနယ်စာမျက်နှာအား ကော်ပီ ၁၀၀၀ မိတ္တူကူး ဖြန့်ချိခဲ့တာကြောင့် ကောင်ရွေ ပအိုဝ်း လူငယ်အဖွဲ့မှ ကိုခမ်းကောင် အား ခရိုင် ရဲတပ်ဖွဲ့ရုံးမှ ခေါ်ယူ၍ ပုဒ်မ ၅၀၅(ခ) ဖြင့် ညှိစွန်းသည်ပာု ဆိုကာ  ဝန်ခံလက်မှတ် ထိုး၍ ကိုယ်ရေးအကျဉ်း ဖြည့်ခိုင်းခဲ့ကြောင်း သိရသည်။

ဖြန့်ချီသည့် ဂျာနယ်စာမျက်နှာ တွင် ရေးသားထားသည့် “ စာဖတ်သူများ ဝိုင်းဝန်းပြီး ပင်းပက်စက်ရုံကြောင့် မတရားခံနေရတဲ့ ရွာသားများ၏ လုံခြုံမှုမရှိတဲ့ ဘဝကို ကူညီပေးကြပါ။ တရားမျှတမှု ရှိအောင်လုပ်ဆောင်ပေးကြပါ” ဆိုသည့် စာကြောင်းအား မိတ္တူအောက်တွင် ထပ်မံဖြည့်စွက်ခဲ့တာကြောင့် ဝန်ခံထိုးခိုင်းခဲ့ခြင်း ဖြစ်သည်ပာုသိရသည်။ ၎င်းစာသားသည် ပြည်သူအထိန့်အလန့် ဖြစ်စေသည်ပာု ဆိုကာ ခေါ်ယူ လက်မှတ်ထိုးခိုင်းခဲ့တာလည်း ဖြစ်သည်။

အဆိုပါ ဂျာနယ် သတင်းသည် ပင်းပက်သံမဏိ စက်ရုံ၏ လယ်မြေဧကပေါင်း ၅၀၀၀ ကျော်သိမ်းယူခဲ့ခြင်းအား စက်ရုံတာဝန်ရှိ  ဗိုလ်ကြီး မျိုးဝင်းနိုင် ၏ ပြန်လည်ဖြေကြားချက်များ ပါဝင်တာလည်း ဖြစ်သည်။

အထက်ပါ လယ်သိမ်းခံရမှုအား လွှတ်တော်စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့သည် ၁၀.၉.၂၀၁၂ တွင် လာရောက်စစ်ဆေးသွားသော်လည်း စက်ရုံတာဝန်ရှိသူများ လိုက်လံပြသသည့် နေရာများသာလိုက်လံကြည့်ရူခဲ့သည်ပာု ကိုခမ်းကောင် မှ ရှင်းလင်းပြောကြားခဲ့ကြောင်း ရှမ်းပြည်နယ်နယ် သတင်းထောက် နေလင်းသိုက် မှ သတင်းပေးပို့ ထားပါသည်။

By Myanmar News Now

ကောင်ရွေ ပအိုဝ်း လူငယ်အဖွဲ့မှ ကိုခမ်းကောင် မီဒီယာများအား တွေ့ ဆုံ ရှင်းလင်းစဉ်
ပုဒ်မ ၅၀၅(ခ) ဖြင့် ညှိစွန်းသည် ဆိုသည့် ဖြည့်စွက် ထားသည့် စာသားပါ။
Weekly Express Times  Vol.2,Issue 9 တွင် ဖော်ပြထားသည့် မူရင်း သတင်းကိုလည်း အောက်မှာ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။

မြေသိမ်းပါတယ်ဆိုမှ အစားထိုးပေးစရာ ဘယ်လိုလုပ်ရှိမလဲ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ အမှတ်(၅) ပင်းပက်သံမဏိစက်ရုံ စီမံကိန်းကြောင့် အသိမ်းခံရသည့် မြေဧက ၅၀၀၀ ကျော်နှင့် ပတ်သက် ၍ လည်းကောင်း၊ စက်ရုံမှ စွန့် ပစ်ရေများ နမ့်တစ်ဘက်ချောင်း အတွင်း စွန့်ပစ်မည်ကို ဒေသခံများ စိုးရိမ်ဟူသော ခေါင်းစဉ်ဖြင့် Weekly Express Times  Vol.2,Issue 9 တွင် ဖော်ပြပြီးနောက် ယင်းသတင်း နှင့် ပတ်သတ်၍ စက်ရုံမှ စွန့်ပစ်ရေ များ ချောင်းအတွင်းသို့ စွန့်ပစ်ခြင်း မဟုတ်ကြောင်းနှင့် မိုးရေထုတ်စနစ် နှင့် သံရိုင်းရေဆေး သန့်စင်စနစ်တို့ ကိုလာရောက်ကြည့်ရှုနိုင်ကြောင်း  Weekly Express Times သို့စာ အမှတ် ၂၀/၂၀/၁၄-၂၃/မစက (ပင်းပက်)ဖြင့် တိုက်ရိုက်သာမက ထိုစဉ်က စာပေစိစစ်ရေးသို့လည်း စာပို့ လာသည့်အတွက် လေ့လာရန် ဇွန်လ ၁၈ ရက်နေ့တွင် အဆိုပါ စက်ရုံ စီမံကိန်းမှ တာဝန်ရှိသူ တစ်ဦးဖြစ်သူဟု ဆိုသည့် ဦးမျိုးဝင်း နိုင်နှင့် သွားရောက်တွေ့ဆုံခဲ့သည်။

ယင်းတွေ့ဆုံမေးမြန်းချက်များကို စာပေစိစစ်ရေး ရှိစဉ်ကာလက အကြိမ်ကြိမ်သတိပေးချက်များရှိ ခဲ့သဖြင့် ထုတ်ဖော်ရေးသားနိုင်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် ယခုအချိန် အခါတွင် ယင်းစက်ရုံစီမံကိန်းမှ ဒေသခံများနှင့် ပတ်သက်၍ တာဝန် ယူမှုများကို သိရှိစေရန် ရေးသား ဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။

မေး- ကျွန်မတို့ရုံးကို ပို့ထားတဲ့ စာထဲမှာ ရေသန့်စင်စနစ်နဲ့ ပတ် သက်ပြီး လေ့လာပါလို့ ရေးထား ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး လေ့လာခွင့်ရမလား။

မျိုးဝင်းနိုင်- လေ့လာတာတော့လေ့လာလို့ရတယ်။ ဖြေခွင့်တော့မရှိဘူး။ ဖြေခွင့်မရှိဘူးဆိုတာက ရန်ကုန်က မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း ရုံးချုပ်မှာတရား ၀င်ခွင့်ပြုချက် တောင်းပါ။အဲဒီ ခွင့်ပြုချက်ရမှ ဖြေလို့ရမှာပါ။ အစ်မ ကို ပြောချင်တာကတော့ ကျွန်တော်တို့က ဘာမှလျို့ဝှက်တာ မရှိဘူး။ နောက်ပြီး ကျွန်တော် တို့ လုပ်နေတဲ့ လုပ်ငန်းကလည်း ဘေးနားက ပြည်သူလူထုတွေကို ဘယ်လိုနည်းနဲ့မှ ထိခိုက် ပျက်စီးတာမျိုးလည်း မရှိဘူး။ဘာဖြစ်လို့လည်းဆိုတော့ ကျွန် တော်တို့လည်း ဗမာ၊ သူတို့လည်း ဗမာ ကိုယ့်နိုင်ငံသားချင်း ထိခိုက် တာမျိုး မလုပ်ဘူး။ ညီမ အနေနဲ့ ဘာမှ မဆိုင်တဲ့ ပိုက်လုံးကြီးတွေကို ဓာတ်ပုံရိုက်ပြီးတော့ ကျွန်တော်ပိုက်က စွန့်ပစ်လိုက်တဲ့ ရေကြောင့် ရောဂါတွေ ဘာတွေ ဖြစ်တယ်လို့ ရေးလိုက်တာတော့ နည်းနည်း တာဝန်မဲ့တယ်လို့ ထင်တယ်။

မေး- အဲဒီသတင်းနဲ့ ပတ်သက် ပြီးတော့ ဆရာတို့သတင်းကိုသေချာ မဖတ်ဘူးလို့ ယူဆပါတယ်။ ဘာ ဖြစ်လို့လည်းဆိုတော့ ကျွန်မရေး တဲ့ အထဲမှာ ဒီပိုက်လိုင်းကနေ ရေဆိုးတွေ စွန့်ပစ်ပါတယ်လို့ရေး တာ မဟုတ်ပါဘူး။ ကျွန်မတို့ ဒေသခံတွေနဲ့ တွေ့တဲ့အခါမှာ စက်ရုံကရေပိုက်လိုင်းကြီးကချောင်းထဲကို ဦးတည်ထားတယ်။ ရေဆိုးတွေ စွန့်ပစ်မှာစိုးရိမ်တယ်လို့ ပြောကြတယ်။ ဒါကိုကျွန်မရေး တာပါ။ အဲဒီကာလမှာလည်း ပိုက်လိုင်းပေါ်မှာ ဘာမှရေးထား တာ မတွေ့ပါဘူးကျွန်မသတင်း ပါပြီးတော့မှသာ မိုးရေစွန့်ပိုက်လို့ လာရေးတာပါလို့ ဒေသခံတွေပြော ကြားချက်အရ သိပြီးပါပြီ။ ပြီး တော့ စက်ရုံက တာဝန်ရှိသူကို မေးဖို့အတွက် လာတဲ့အခါမှာဓာတ်ပုံရိုက်ခွင့်မရှိဘူး။ ဖြေဆိုခွင့် မရှိဘူး ဆိုတဲ့ စကားနဲ့ပြန်လာခဲ့ရတာပါ။

မျိုးဝင်းနိုင်- ကျွန်တော့်အနေနဲ့ ပြောရမယ်ဆိုရင် ဒီဟာက နိုင်ငံ တကာ စက်မှုလုပ်ငန်းကို လုပ် နေတာပါ။ စွန့်ပစ်ရေတွေ ဒီကနေ ထွက်လာမယ့် ပစ်္စည်းတွေဟာ အနီးအနားမှာရှိတဲ့ ဒေသခံတွေကို ထိခိုက်မှုမရှိအောင် လုံလောက်တဲ့ အကာအကွယ်တွေကို လုပ်ထား ပြီးသားပါ။ ကျွန်တော်တို့က  မြန်မာ အချင်းချင်းနေတာပါ။နိုင်ငံခြား သားတွေနဲ့ နေတာ မဟုတ်ပါဘူး။မြန်မာအချင်းချင်းနေတဲ့အတွက် ဘယ်လိုနည်းနဲ့မျှ အန်္တရာယ်ဖြစ် စေတဲ့ အလုပ်မျိုးမလုပ်ပါဘူး။

မေး- ဆရာပြောသလို မြန်မာ အချင်းချင်းကြားထဲမှာနေတာဆိုတော့ အခုမြေတွေ သိမ်းထားတာ၊ စိုက်ခင်းတွေထဲမှာ ကျောက်တိုင် တွေစိုက်ထားတာ တွေ့ရတယ်။ ဒေသခံတွေဆီကလည်း အသိမ်း ခံရတဆိုတာ သိထားပါတယ်။အခု စက်ရုံဆောက်နေတဲ့ နေရာ ဆိုရင် မြေပြန်ရဖို့ မဖြစ်နိုင်တဲ့ အတွက် သူတို့က တစ်မျိုးများ ပြန်စဉ်းစားပေးနိုင်မလားလို့ သိ ချင်နေကြပါတယ်။ နောက်ပြီး တပ်နယ်မြေလို့ ကျောက်တိုင်တွေ စိုက်ထားတဲ့အတွက် ဘယ်တော့ များ ထပ်အသိမ်းခံရမလဲဆိုတာ စိုးရိမ်ကြပါတယ်။ အဲဒါတွေ အတွက်ရောရှင့်

မျိုးဝင်းနိုင်- မြေသိမ်းတဲ့ ကိစ္စမှာ တရား ဥပဒေအရ ကျွန်တော်ပြောရလို့ရှိရင် ဗမာနိုင်ငံကြီး တစ်နိုင်ငံလုံးမှာ ရှိတဲ့မြေတွေက ဘိုးဘွားပိုင်မြေ  မဟုတ်ရင် နိုင်ငံတော် အစိုးရပိုင် မြေဖြစ်တယ်။တိုင်းသူပြည်သားတွေ အနေနဲ့ လုံလောက်တဲ့ အကျိုး ကျေးဇူးတစ်ခု သူတို့ပေးနိုင်မယ်လို့ မျှော်လင့်ရင် အဲဒီမြေကို အစိုးရ မြေအဖြစ်နဲ့ သိမ်းပိုင်ခွင့်ရှိတယ်။နောက်တစ်ခု ကျွန်တော်ပြောချင် တာက ဒီစက်ရုံကြီးကို ဒီမှာထောင် တယ်။ ထောင်တဲ့အခါ ဟောဒီ တောင်ကြီးကို ဟိုဟာလုပ်မယ်။ ဒီတောင်ကြီးက မြန်မာနိုင်ငံမှာ ဒုတိယ အကြီးဆုံးသိုက်ကြီးဆိုတာ သိထားပြီးရောပေါ့နော်။ ဒါပေမယ့် လူတော်တော်များများ မသိတဲ့ အချက်က ဒီမှာရှိတဲ့ သံတွေက ရွာမတို့ ပြင်ဦးလွင်တို့မှာ သုံးတဲ့ သမရိုးကျ ထုတ်လုပ်မှုနည်းနဲ့ သုံးမယ်ဆိုရင် သံထုတ်လို့မရဘူး။စီးပွားရေးအရ တွက်ခြေမကိုက်ဘူး။အဲဒါကြောင့် နည်းလမ်းအသစ်တွေနဲ့ သုံးဖို့ ကျွန်တော်တို့ ကြိုးစားတယ်။ ဒါကတော့ ဒေသခံတွေက ရိုးရိုး သာမာန်၊ ပညာတတ်တွေရှိချင် လည်းရှိမယ်။ မရှိချင်လည်း မရှိဘူး ပေါ့။သိချင်မှလည်း သိမယ်ပေါ့။ ဘယ်လို နေရာမှာမဆို စက်ရုံတည် ရင် မြေသိမ်းတာချည်းပဲ။

မေး- လက်ရှိတပ်နယ်မြေလို့စိုက် ထားတာကရော ဘယ်လိုကြောင့် စိုက်ထားတာလဲ။

မျိုးဝင်းနိုင်- မသိမ်းရသေးတဲ့ မြေ မှာတော့ တပ်မြေဆိုတာ စိုက်ထား တာ မရှိဘူးလေ။တပ်မြေဆိုတာက သိမ်းထားပြီးသားမြေ။ဒီကိစ်္စဖြစ်ရ တာက ကျွန်တော်တို့ရဲ့ စေတနာကြောင့် ဖြစ်ရတာလို့တောင် ပြောချင် သေးတယ်။မေး- ဘာကြောင့်ပါလဲ။မျိုးဝင်းနိုင်- ကျွန်တော်တို့ လုပ် ငန်းလုပ်တဲ့ မြေတွေလည်းရှိတယ်။လုပ်ငန်းလုပ်မှာကို လျာထားတဲ့ မြေတွေလည်းရှိတယ်။ နောင်လုပ် ငန်း လုပ်တဲ့အခါမှာ လက်ရှိနေ ထိုင်တဲ့ လူတွေကို လယ်တွေဘာတွေ စိုက်ပါစေ၊ ကျွန်တော်တို့လည်း မလုပ်ဘူးလေ။သူတို့စိုက်ပါစေဆိုပြီး ခွင့်ပြုထားတဲ့ ဥစ်္စာကို ဒီလိုပြောတာ မကောင်းဘူး။ ကျွန်တော်တို့ရဲ့ နယ်နိမိတ်က အစကတည်းက သတ်မှတ်ထားပြီးသား။မေး- ဒါဆိုဧရိယာက ဘယ် လောက် သတ်မှတ်ထားလို့လဲ။ကျောက်တိုင်တွေကတော့ တော် တော်များများမှာ တွေ့နေရတယ်။မျိုးဝင်းနိုင်- ဟောဒီသံတောင်ကြီး တစ်ခုလုံးပဲ။ဒီထဲက သံတွေထုတ် မှာဆိုတော့ သံတောင်ကြီး တစ်ခုလုံး ပါမယ်။စက်ရုံဖြစ်တဲ့အတွက် ဆက် စပ် အဆောက်အဦးတွေပါမယ်။နောက်တစ်ခု လျှော်ကြေးကိစ်္စက ဒေသပေါ်မှာ မူတည်တယ်။ကျွန် တော်တို့ စက်ရုံအတွက် စသိမ်း တုန်းက ၂၀၀၃ ခုနှစ်လောက်က တည်းက စတာ။အဲဒီအချိန်တုန်းက ကျွန်တော်တို့လည်း မရောက် သေး ဘူး။ အဲဒီတုန်းက မြေက ငါးသိန်း လောက်ပေါက်ပြီး အခုကျွန်တော်တို့ လမ်းတွေဖောက်ပြီးမှ ဒေသဖွံ့ ဖြိုးရေးတွေ လုပ်ပြီးမှ သိန်းငါးရာ လောက် ပေါက်တဲ့အခါမှ သိန်းငါးရာပေးပါလို့ ပြောလို့မရဘူးလေ။

    ကျွန်တော်တို့ ဒီစက်ရုံဆောက်တဲ့ အခါကျတော့ ဒေသခံတွေရဲ့ ဘုန်းကြီးကျောင်း တွေမှာ ကွန်ပြူတာသင်တန်း ကျောင်းတွေ ပေါ်လာတယ်။ ဒေသခံတွေကို မီးပေးတဲ့အတွက် အင်တာနက်တွေ ဖြစ်လာတယ်။တစ်ခါတစ်လေ တွေးမိတယ်။ငါတို့ပေးတဲ့မီးနဲ့ ငါတို့ပေးတဲ့ အင်တာနက်နဲ့ ငါတို့ကို ပြန်ပြီးလုပ် နေတာပါလားလို့။

 မေး- လျော်ကြေး တစ်ဧက ငါး ထောင်ပေးတာကရော။

မျိုးဝင်းနိုင်- အဲဒီတုန်းက တစ်ဧက ငါးထောင်ပဲ ဈေးပေါက်လို့ နေမှာ ပေါ့။ ရန်ကုန်မှာရော ဟိုးတုန်းက တစ်ပေ ကိုဘယ်လောက်ရှိသလဲ။ ဒါတွေက ဂျာနယ်ထဲ ထည့်ရေးဖို့ မဟုတ်ဘူး။ ထည့်ရေးရင်တော့ အကိုက တရားစွဲမှာ။ ဗမာတစ် ယောက်က ဗမာတစ်ယောက်ကို အခြေအနေ ရှင်းပြတာ။ ခုနက ပြည်သူလူထုတွေမှာ မလိုလား အပ်တဲ့ စိတ်ပူပန်မှုတွေ  ဖြစ်နေတာ ပေါ့။ ဒါကလည်း ကျွန်တော်တို့မှာ အပြစ်ရှိကောင်း ရှိလိမ့်မယ်။ကျွန် တော်တို့က secret တွေပါ။ခုနပြောတဲ့ အချက်တွေကြောင့် သူတို့အနေနဲ့ မလိုလားအပ်တဲ့ သဘောနဲ့ ပူပန်တာလည်း ရှိပါလိမ့်မယ်။ အဲဒါကြောင့်လည်း ဒီလိုကောလဟာလတွေ ထွက်လာ တာပါ။ ဒီလိုထွက်လာတာကြောင့် လဲ ဒီမှာရှိတဲ့ ပြည်သူလူ ထုအကျိုးကို မလိုလားတဲ့သူတွေက မြှောက်ထိုးပင့် ကော်လုပ်နေတာ ရှိတယ်။ဆိုလိုတာက ကျွန်တော်တို့ ဒီစက်ရုံဆောက်တဲ့ အခါကျတော့ ဒေသခံတွေရဲ့ ဘုန်းကြီးကျောင်း တွေမှာ ကွန်ပြူတာသင်တန်း ကျောင်းတွေ ပေါ်လာတယ်။ ဒေသခံတွေကို မီးပေးတဲ့အတွက် အင်တာနက်တွေ ဖြစ်လာတယ်။တစ်ခါတစ်လေ တွေးမိတယ်။ငါတို့ပေးတဲ့မီးနဲ့ ငါတို့ပေးတဲ့ အင်တာနက်နဲ့ ငါတို့ကို ပြန်ပြီးလုပ် နေတာပါလားလို့။ ထားပါတော့ အဲဒီလိုလည်း မပြောချင်ဘူး။ဒီရွာတွေမှာ မီးရအောင် လုပ်ပေး တယ်။ရေရအောင် လုပ်ပေးတယ်။ဟိုတုန်းကတည်းက ဒီရွာတွေမှာ ရေတွင်း ရှိတယ်။သွားကြည့်ပါ။စက်ရုံက ဘယ်သူတွေ ဦးစီးပြီး ဘယ်သူတွေ လှူဒါန်းထားပါတယ်လို့ ရေးထားပါတယ်။ သွားကြည့်ပါ။လမ်းတွေဖောက်ပေးတယ်။ လုံခြုံ ရေးကတော့ နည်းနည်းပါးပါး စစ် ဆေးတာ ရှိမှာပေါ့။ လမ်းက ဒီတစ်လမ်းပဲရှိတယ်။ ဒီလမ်း အပေါ်မှာ လုံခြုံရေးအရ စစ်ဆေး တာတော့ ရှိမယ်။ နောက်တစ်ချက် စက်မှုအထက်တန်းကျောင်းနဲ့ အဆင့်မှီ စာသင်ကျောင်း လုပ်လိုက် တယ်။ ဒီကျောင်းတွေက ဘယ် လောက်ကောင်းသလဲဆိုရင် တောင် ကြီးကနေတောင် လာသင်ရတယ်။အဲဒီတော့ ဒီမှာရှိတဲ့ ဒေသခံတွေ အတွက် ဒီလောက်လုပ်ပေးထား တယ်။ ဒါပေမယ့် ဒေသခံတွေရဲ့ တုံ့ပြန်လာမှုအပေါ်တော့ စိတ်ပျက် မိတယ်။ သူတို့က စေတနာနဲ့ မတန် ဘူးလို့ထင်တယ်။ ကဲထားပါတော့ အဲဒီလောက်ကြီးလည်း မပြောချင် ဘူး။ ကျွန်တော်တို့က လမ်းတွေ ဖောက် ပေးတယ်။ သူတို့အတွက် ရေတွေသယ်ပေးတယ်။ ဟိုးတုန်းက ဆိုရင် သူတို့က ရေတစ်ပုံးရဖို့အတွက် နန့်တဘက်ချောင်းကနေ သွား သယ်ရတာ။ ကျွန်တော်တို့က မသယ်ရအောင် သဘာဝရေထွက် ကနေ ရေရအောင်လုပ်ပေးတာ။ အဲဒီ ရေကနေ ရေလှောင်ကန်ထဲ ထည့်ပေးပြီး ရွာထဲကို မိန်းပိုက်လိုင်း ကနေ အိမ်ထဲကိုသွယ်တယ်။ ရွာမှာရှိတဲ့ စာသင်ကျောင်းတွေကို တိုးချဲ့ပြီး ပြင်ပေးတယ်။ ဆိုလှာပျအနာနဲ့ အိမ်ထဲကို မီးသွယ်ပေး တယ်။မေး- သူတို့ဆီက သိမ်းထားတဲ့ မြေအတွက် အစားထိုးပေးဖို့ ရှိသလား။မျိုးဝင်းနိုင်- အစားထိုးပေးဖို့တော့ မရှိဘူး။ မြေသိမ်းပါတယ်ဆိုမှ အစားထိုးပေးစရာ ဘယ်လိုလုပ် ရှိမလဲ။ နောက်တစ်ချက်က တောင် နေရာမှာ စိုက်ပြီး ဒါင့ါမြေဆိုပြီး လုပ်လို့ ရတာပဲလေ။ တကယ်တန်း ဒီနေရာမှာ မြေပိုင်ဆိုင်တယ်ဆိုတာ ဘာလဲ။ နိုင်ငံတော် အစိုးရသာ တရားဝင်ပိုင်ဆိုင်တာ။ မြေသိမ်း တာနဲ့ ပတ်သတ်ပြီးတော့ အစ်ကို့ အနေနဲ့ ဘာမှမပြောလိုတော့ဘူး။နောက်ပြီးတော့ စွန့်ပစ်ရေနဲ့ ပတ်သတ်ပြီး တအေနမ အမနအောနညအ စနစ်တွေရှိတယ်။ ထွက်လာတဲ့ရေက ဏ့ ၇ လောက် မကောင်းပေမယ့် ဏ့ ၇ လောက်နီးနီး ရေကိုပဲ ပြန်ထုတ်တယ်။ ဆိုလိုတာက နန့်တဘက် ချောင်းထဲ ရှိတဲ့ရေထက် စွန့်ပစ်တဲ့ ရေကျှကေူငအပ ပိုကောင်းဦးမယ်။မိုးရည်ထုတ်ပိုက်ဆိုတာက စက်ရုံဝန်း ကြီးထဲကရှိတဲ့ရေတွေကို နန့်တဘက် ချောင်းထဲ အကုန်လုံးမချဘူး။အစ်ကိုတို့ စက်ရုံကလည်း ရေလို တယ်လေ။ အဲဒီရေတွေကို အစ်ကို တို့က အရင်ယူသုံးမယ်။ ဆည် တစ်ခုရှိတယ်။ ဆည်ထဲမှာ ရေ လှောင်ပြီး သုံးမှာ။ သူ့ရေအ၀င်နဲ့ ရေအထွက်နဲ့ မျှခြေလောက်ပဲ။

 မေး- အခုလုပ်တဲ့ စက်ရုံက အခြား နိုင်ငံနဲ့ ပေါင်းပြီးလုပ်တော့ စီမံကိန်းတစ်ခုလုပ်တော့မယ်ဆို ရင် EIA, SIA, HIA လုပ်ထား တာမျိုး ရှိသလား။

မျိုးဝင်းနိုင်- တစ်ခုအရင်မေးဦး မယ်။ ရန်ကုန်မှာရှိတဲ့ ဘယ်စက်ရုံက ဘယ်လိုမျိုးလုပ်ထားတာ ရှိသလဲ။

မေး- အရင်ကတော့ မရှိခဲ့ဘူး ပေါ့။ ဒါပေမယ့် လက်ရှိ အစိုးရ အပြောင်းအလဲမှာ လုပ်နေတဲ့ စီမံကိန်းတွေ အများစုမှာလုပ်လာ ကြပါတယ်။ ဒါကြောင့်လုပ်ထား တာရှိသလား။ မလုပ်ခဲ့ဘူးဆိုရင် လည်း နောက်လုပ်ဖို့များရှိမလား။

မျိုးဝင်းနိုင် - အဲဒီလိုမျိုး ဆန်း စစ်ချက်တွေ မလုပ်ခဲ့ဘူး။ လုပ်လာ ဖို့လည်း အစီအစဉ် မရှိဘူး။ဘာ ဖြစ်လို့လဲဆိုရင် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးအတွက် အရေး ထားပြီးတော့ စက်ရုံထဲက ထွက်လာ တဲ့ စွန့်ပစ်ရေပဲဖြစ်ဖြစ်၊ အမှုန်အမွှားတွေပဲဖြစ်ဖြစ် ဒီမှာရှိတဲ့ ဒေသခံတွေကို ထိရောက်မှု မရှိ အောင် စဉ်းစားပြီး တွက်ချက်ထားတဲ့ ဒီဇိုင်းမို့လို့ အဲဒီလိုလုပ်ဖို့ အစီအစဉ် မရှိဘူး။လူမှုရေး သက်ရောက်မှု ဆန်းစစ် ချက်လည်း လုပ်စရာမရှိဘူး။ ဒီစက်ရုံဆောက်လိုက်တဲ့အတွက် ဒီဒေသက လူတွေက ပိုပြီးတော့ အလုပ်အကိုင်တွေ ရလာစရာ အကြောင်းရှိတယ်။ ဈေးတစ်ခု ရှိတယ်။ စာသင်ကျောင်းရှိတယ်။အဲဒီတော့ ဒီကလေးတွေ စာသင် ကျောင်းက ရှစ်တန်းအောင်လာရင် အစိုးရ နည်းပညာအထက်တန်း ကျောင်းမှာတက်ပြီး အင်ဂျင်နီယာ အနေနဲ့ ဒီစက်ရုံမှာ တာဝန်ထမ်း ဆောင်လို့ရတယ်။ သူတို့ဘ၀ အတွက် ဒီလိုတိုးတက်အောင် လုပ်ပေးထားတော့ နောက်ထပ် ဘာဆန်းစစ်ချက်များ လုပ်စရာလို သေးလဲ။

by The Express Times



...

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...