သစ်ထူးလွင် သတင်းစုစည်းမှု (၂၄-၁၀)
သစ်ထူးလွင်
|
- အစိုးရ ဆွေးနွေးပွဲ ပြန်စဖို့ KIO သဘောတူ
- မြောက်ဦးမြို့ဆူပူအကြမ်းဖက် မီးရှို့တိုက်ခိုက်မှု ဆက်လက် ဖြစ်ပွားလျှက်ရှိ
- ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို တရားခံပြေး အဖြစ် ဖမ်းဝရမ်းထုတ်
- ကေအိုင်အေက ကျောင်းသားများ အပါအဝင် ဒေသခံ ၂၂ ဦးကို ဖမ်းဆီး
- ယခုနောက်ဆုံး မငြိမ်မသက်မှုများ ဖြစ်ပွားလျက်ရှိသော ရခိုင်ပြည်နယ်၊ မင်းပြား၊ ကျောက်ဖြူနှင့် မြောက်ဦးမြို့များ လုံခြုံရေးအဆင့် မြှင့်
- ရန်ကုန်မြို့တွင် စက်မှုဇုန် မြေကွက်များ၏ ၈၀ ရာခိုင်နှုန်းခန့်မှာ မြေဈေး ကစားသူများ၏ လက်တွင်းကျရောက်နေ
- နိုင်ငံတော်လုံခြုံရေးကို ထိပါးနှောင့်ယှက်ခြင်းမှ ကာကွယ်သည့် ဥပဒေကို ပယ်ဖျက်ရန် ဆွေးနွေး
- ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သက်သေ လိုက်ပေးလိုသည့် အမှုမှ ပါတီဝင်(၁၁)ဦးအား ဇမ္ဗူသီရိ တရားရုံးမှ ပြစ်ဒဏ်ချမှတ်
- ကျောက်ဖြူမှ မွတ်ဆလင်များ စက်လှေ အစီး ၄၀ ကျော်ဖြင့် ပင်လယ်ပြင်ကို ဖြတ်ပြီး ထွက်ပြေး
- မပြေလည်သေးသော ရခိုင်အရေး ဒေါ်အောင်ဆန်းစုကြည် စိုးရိမ်
- ဘင်္ဂါလီကျေးရွာများနှင့်ပတ်သက်၍ အမျိုးသားလွှတ်တော်တွင် မေးမြန်း
- မြေပုံရဲ့ နောက်ဆုံး အခြေအနေ
- ရခိုင် ကျောင်းသား သမဂ္ဂ စစ်တွေတွင် ဆန္ဒဖေါ်ထုတ်
- မြောက်ဦးမြို့ အဓိကရုဏ်း အတွင်း စစ်တွေ သို့ ဆေး ကုသရန် ရောက်ရှိ နေသူများ စာရင်း
- ကျောက်ဖြူမြို့ ရခိုင်ပိုက်ဆိပ်ရပ်ကွက် မီးလောင်မှုနှင့် သေဆုံး ဒဏ်ရာရသူများစရင်း
- ရောင်းစားခံရတဲ့ အသက် ၁၂ နှစ် ကလေးမ တာချီလိတ် ၉ ထပ်ဟော်တယ်၌သေဆုံး
- အောက်တိုဘာလ (၂၃) ရက်နေ့ ထုတ် The Hot News Weekly အတွဲ၊ ၃ ၊ အမှတ်၊ ၁၁၃
- ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ဥပဒေပါ သမ္မတအရည်အချင်း
- အစိုးရဌာနများအတွင်းက မိုးကျရွှေကိုယ်များ
- ကျောက်ဖြူမြို့ မှာ အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပေါ်နေ
- ရခိုင်ပြည်နယ်အတွင်း ဆူပူအကြမ်းဖက်မှုကြောင့် အိမ်ခြေ ၁၀၃၉ မီးလောင် ဆုံးရှုံးခဲ့
- အလုပ်သမားတွေ ဆန္ဒပြမှု ဆက်ဖြစ်နေ
- ဆီးရီးယားစစ် အစ်ပွဲတော်မှာ အပစ်ရပ်ဖွယ်မရှိ
- Kurt Campbell မြန်မာ့အရေး ဂျပန်မှာဆွေးနွေးမည်
- သမ္မတဖြစ်ခွင့်နဲ့ ပတ်သက်တဲ့ ဒေါ်စုရဲ့ အမြင်
Posted: 24 Oct 2012 07:33 AM PDT
KIO ကချင် လွတ်လပ်ရေး အဖွဲ့နဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ကြား ဆက်လက် တွေ့ဆုံ ဆွေးနွေး နိုင်ဖို့ ကြားဝင် ပေးနေတဲ့ Peace Talk Creation အဖွဲ့ KIA ဌာနချုပ် လိုင်ဇာကို တနင်္လာနေ့က သွားခဲ့ပါတယ်။
မကြာခင်က မြန်မာ အစိုးရ ကမ်းလှမ်းခဲ့တဲ့ ဆက်လက် ဆွေးနွေးဖို့ စာပေါ် မူတည်ပြီး သွားရောက် ဆွေးနွေး ခဲ့တာ ဖြစ်ပါတယ်။ဒီကမ်းလှမ်းချက်ကို KIO ဗဟို က လက်ခံ ခဲ့ပြီး အစိုးရ ကမ်းလှမ်းတဲ့ မူဆယ်နဲ့ ရွှေလီ ၂ နေရာ အနက် ရွှေလီမှာ တွေ့ဖို့ သဘောတူခဲ့ပါတယ်။ တွေ့မယ့် အချိန် ကိုတော့ ရှေ့တန်း စစ်ရေး အခြေအနေပေါ် မူတည်ပြီး ပြန်ကြားမယ်လို့ KIO က အကြောင်းပြန်ကြောင်း Peace Talk အဖွဲ့က ဦးလမိုင် ဂွမ်ဂျာက ဆိုပါတယ်။အစိုးရ ထိုးစစ်တွေ လျှော့ပေါ့ ရပ်တန့်ပေးမယ် ဆိုရင် တွေ့ဆုံ ဆွေးနွေးရေး တွေ အဆင်ပြေ လာနိုင်တယ်လို့လဲ သူက ဆိုပါတယ်။ ဘီဘီစီ (မြန်မာပိုင်း)
| ||
Posted: 24 Oct 2012 07:21 AM PDT
မြောက်ဦးမြို့နယ်တွင် လွန်ခဲ့သည့် တနင်္ဂနွေနေ့မှစ၍ ဖြစ်ပွားနေသော အကြမ်းဖက် မီးရှို့ တိုက်ခိုက်မှုများ ယနေ့ အချိန်ထိ ဆက်လက် ဖြစ်ပွား နေကြောင်း သတင်းရရှိသည်။ ယနေ့ တိုက်ခိုက်မှုမှာ နေ့လည် (၁)နာရီခန့်၌ မြောက်ဦးမြို့ အနီးတွင် ရှိသော ရခိုင်ရွာ တစ်ရွာသို့ ဘင်္ဂလီများ၏ အကြမ်းဖက် မီးရှို့ရန် ဝိုင်းထားခြင်းကို ရခိုင်များက ဝင်ရောက် တားဆီးရာမှ စတင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
အဆိုပါ တိုက်ခိုက်မှုတွင် ရခိုင်(၃)ဦး ထပ်မံ ကျဆုံး သွားကြောင်း --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 24 Oct 2012 07:04 AM PDT
ရန်ကုန်၊ အောက်တိုဘာ ၂၄
ကမ္ဘာ့ ငြိမ်းချမ်းရေး နေ့ အထိမ်းအမှတ် အဖြစ် စက်တင်ဘာ၂၁ ရက် နေ့က ဆန္ဒပြသူ များနှင့် အတူ လှည့်လည် သီချင်းဆိုမှု အတွက် ဗိုလ်ကြီး ဟောင်း နေမျိုးဇင် ကို မင်္ဂလာတောင်ညွှန့် တရားရုံး က ဆင့်ခေါ် ရာ မလာရောက် သဖြင့် အောက်တိုဘာ ၂၄ ရက်နေ့ တွင် တရားခံပြေး အဖြစ် ကြေညာ ပြီး ဖမ်းဝရမ်း ထုတ်ပြန် ခဲ့ကြောင်း ကိုနေမျိုးဇင် က The Voice Weekly သို့ ပြောကြား သည်။ ငြိမ်းချမ်းရေး နေ့ စီတန်း လှည့်လည်ရာ တလျှောက် ကားဖြင့် လှည့်လည် သီချင်းဆို ခဲ့သည့် ကို နေမျိုးဇင် အပါအဝင် ကိုးဦး ကို မင်္ဂလာတောင်ညွန့် ရဲစခန်း အပါဝင် ရဲစခန်း (၁ဝ) ခုက တရား စွဲဆို ခဲ့ခြင်း ဖြစ်ပြီး ယနေ့ တွင် မင်္ဂလာတောင်ညွှန့် ရဲစခန်း က တရား ရင်ဆိုင်ရန် ဆင့်ခေါ် ခဲ့ခြင်း ဖြစ်သည်။ ကျန် ကိုးဦး မှာ မင်္ဂလာတောင်ညွန့် တရားရုံး တွင် တရား ရင် ဆိုင် နေပြီ ဖြစ်ကြောင်း မင်္ဂလာတောင်ညွန့် ရဲစခန်း မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ ၄င်းက ကျန်းမာရေး အခြေနေ အရ မသွားနိုင် သဖြင့် ၄င်း အိမ်တွင် နားနေခဲ့ပြီး စခန်းမှူး က အကြောင်းကြား ရာတွင် ခါးနာ ရောဂါ ပြန်ဖြစ် နေသောကြောင့် မလာ နိုင် ဘဲ ယခု ကဲ့သို့ တစ်နေ့ ကို ရဲစခန်း တစ်ခု ဆင့် ခေါ် နေသော တရားစွဲမှု ကို လက်မခံ ကြောင်း တရားရုံး ဆယ်ခု စလုံး အတွက် ဒီပုဒ်မ တစ်ခု ကို တချိန်ထဲမှာ စွဲဆိုမည် ဆိုလျှင် မိမိ လာမည် ဟု ပြန်ဖြေ ခဲ့ကြောင်း ကိုနေမျိုးဇင် က The Voice Weekly သို့ ပြောကြားသည်။ ဗိုလ်ကြီး ဟောင်းနေမျိုးဇင် သည် တပ်မတော် တွင် ဆယ်နှစ် ကျော် တာဝန် ထမ်းဆောင် ခဲ့ကာ တပ် မှ နုတ်ထွက်ပြီး နောက် အီလက်ထရေနစ် ဥပဒေ ဖြင့် ထောင်ဒဏ် (၁ဝ) နှစ် ချမှတ် ခံခဲ့ရပြီး ၂ဝ၁၂ ခုနှစ် ဇန်နဝါရီ (၁၃) ရက် နေ့တွင် လွတ်ငြိမ်း ချမ်းသာ ခွင့်ဖြင့် ပြန်လည် လွတ်မြောက် လာသူ ဖြစ်သည်။ The Voice Weekly
| ||
Posted: 24 Oct 2012 06:59 AM PDT
ရန်ကုန်၊ အောက်တိုဘာ ၂၄
မြန်မာနိုင်ငံ မြောက်ဖျားပိုင်း ပူတာအိုမြို့နယ် လုံရှာရန် ကျေးရွာတွင် ကျောင်းသားများ အပါအဝင် ဒေသခံ ၂၂ ဦးကို ကချင် လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) တပ်ရင်း ၇ မှ ဖမ်းဆီး သွားကြောင်း ဒေသခံများက The Voice Weekly သို့ ဆက်သွယ် ပြောကြား သည်။ ကေအိုင်အေမှ ဗိုလ်ကြီး လခန် နှင့် ဗိုလ်ကြီး ဇော်လှိုင်တို့ ဦးစီးသော တပ်အင်အား ၃၀ ခန့်သည် အောက်တိုဘာ ၂၃ ရက်နေ့ ည ၁၁ နာရီ အချိန်ခန့်တွင် လာရောက် ဖမ်းဆီးခြင်း ဖြစ်ပြီး ဖမ်းဆီး သွားသည့် ဒေသခံ ၂၂ ဦးတွင် ဒသမတန်း ကျောင်းသား ၂ ဦး ၊ နဝမတန်း ကျောင်းသား ၃ ဦးနှင့် အဌမတန်း ကျောင်းသား ၁ ဦး ပါဝင်နေကြောင်း ၄င်းတို့က ရှင်းပြသည်။ The Voice Weekly | ||
Posted: 24 Oct 2012 07:29 AM PDT
၁။ ကျောက်ဖြူမြို့ ဖြစ်စဉ်မှာ ယနေ့ နံနက်ပိုင်းတွင် ဘင်္ဂလီ အမျိုးသမီးများက ရခိုင် တိုင်းရင်းသား နေအိမ်များသို့ မီးကွင်းများဖြင့် ပစ်ခတ်ရာမှ ပဋိပက္ခ စတင် ဖြစ်ပွားခဲ့ပြီး တစ်ဘက်နှင့် တစ်ဘက် အပြန်အလှန် မီးရှို့မှုများ ဖြစ်ပွားခဲ့ ကြောင်း၊ ညနေပိုင်းတွင် ပဋိပက္ခ ဆက်လက် ဖြစ်ပွားခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များက ဝင်ရောက် ထိန်းသိမ်း ဆောင်ရွက် ခဲ့ကြောင်း၊ ဘင်္ဂလီ အချို့သည် လှေများဖြင့် ထွက်ပြေး သွားခဲ့ကြောင်း၊ လက်ရှိ အချိန်အထိ သေဆုံးသူများ မရှိ၊ ဒဏ်ရာ ရရှိသူ(၁၀)ဦးခန့် ရှိကြောင်း---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
ရန်ကုန်မြို့တွင် စက်မှုဇုန် မြေကွက်များ၏ ၈၀ ရာခိုင်နှုန်းခန့်မှာ မြေဈေး ကစားသူများ၏ လက်တွင်းကျရောက်နေ
Posted: 24 Oct 2012 04:20 AM PDT
ရန်ကုန်မြို့တွင် လက်ရှိ လည်ပတ်နေသည့် စက်မှုဇုန်၂၄ဇုန် အထိ ရှိနေပြီး စက်မှုဇုန်များ၏ ခန့်မှန်း မြေဧကမှာ ၂၀၀၀၀ ၀န်းကျင် ရှိနေသော်လည်း လက်ရှိ လုပ်ငန်း လည်ပတ် နေသည့် စက်ရုံမှာ ၃၅၆၂ ရုံ သာရှိနေကာ ယင်းမြေကွက် များ၏ ၈၀ ရာခိုင်နှုန်းခန့်မှာ မြေဈေး ကစားသူများ၏ လက်တွင်း ကျရောက် နေကြောင်း ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 24 Oct 2012 04:33 AM PDT
၂၀၁၂ခုနှစ် အောက်တိုဘာ၂၃ရက်နေ့ ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး (၄)ရက်မြောက်နေ့၌ ၁၉၇၅ခုနှစ် က ပြည်သူ့လွှတ်တော် ဥပဒေ အမှတ်(၃)အဖြစ် ပြဌာန်းခဲ့သည့် နိုင်ငံတော် လုံခြုံရေးကို ထိပါးနှောင့်ယှက်ခြင်းမှ ကာကွယ်သည့် ဥပဒေကို ပယ်ဖျက်ရန်ဆွေးနွေးခဲ့ ကြသည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်များထံက သိရှိရ သည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 24 Oct 2012 04:39 AM PDT
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင် ကိုညီညီ အပါအ၀င် ပါတီဝင် (၁၁)ဦးအား ဇမ္ဗူသီရိမြို့နယ် တရားရုံးမှ အောက်တိုဘာ (၂၃)ရက်နေ့၌ ထောင် ဒဏ်(၇)ရက် (သို့မဟုတ်) ငွေဒဏ်(၅)ထောင် ကျခံစေရန် သတ်မှတ်ခဲ့ ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ဝင် များထံက သိရှိရသည်။
ဇမ္ဗူသီရိမြို့နယ်၊ တဲကြီးကုန်း ကျေးရွာတွင် ၂၀၁၂ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲအတွက် NLDပါတီဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် မဲဆွယ် စည်းရုံးရေး ဟောပြောပွဲ အတွက်--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 24 Oct 2012 03:38 AM PDT
ကျောက်ဖြူမြို့တွင် ယမန်နေ့က တိုက်ခိုက်မူများ ဖြစ်ပွားပြီးနောက် မွတ်ဆလင် မိသားစု အများအပြားသည် စက်လှေ အစီး ၄၀ ကျော်ဖြင့် ပင်လယ်ပြင်ကို ဖြတ်ကာ ထွက်ပြေးသွားကြသည်ဟု ထွက်ပြေးသည်ကို ကိုယ်တိုင်သွားကြည့်ခဲ့သူ မျက်မြင် တစ်ဦးက ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 24 Oct 2012 04:25 AM PDT
ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်၍ စိုးရိမ်စိတ်များ ရှိနေပြီး မြန်မြန် ဆန်ဆန် ပပျောက်ရန် လိုလားကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။ ''ရခိုင်ပြည်နယ် အရေး အတွက် စိုးရိမ်မှုတော့ ရှိတာပေါ့။ ဒီလိုဖြစ်နေ မယ် ဆိုတာက ခန့်မှန်းလို့လည်း ရတယ်လေ။ ဒါကြောင့် အန်တီ အမြဲ ပြောတယ်။ ရခိုင်ပြည်နယ်မှာ အဓိက တော့ ပြဿနာတွေ ဖြစ်လို့ရှိရင် ဒီ ပြဿနာတွေ မြန်မြန်ဆန်ဆန် ပပျောက်သွားအောင်လို့---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 24 Oct 2012 03:24 AM PDT
ယနေ့ကျင်းပသည့် အမျိုးသား လွှတ်တော်တွင် ရခိုင်ပြည်နယ်၊ကျောက်တော် မြိုနယ်၊ နာဂရကျေးရွာ အုပ်စုတွင်းသို့ ကျူးကျော် ၀င်ရောက် နေထိုင်သည့် ဘင်္ဂါလီကျေးရွာအား ဖယ်ရှားပေးရန်နှင့် ပတ်သက်၍ ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၃) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်(ခ) ဦးအောင်ကျော်ဦး အောက်တိုဘာလ ၂၄ ရက်နေ့ တွင်မေးမြန်းခဲ့သည်။
အဆိုပါ မေးခွန်းကိုပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှုးချုပ် ကျော်ဇံမြင့် က “ရခိုင်ပြည်နယ်ကျောက်တော်မြို့ ၁၉၉၆ခုနှစ်မှာ အမှတ်(၉)စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်က တပ်ပိုင်မြေအဖြစ် လိုအပ်၍ စကားတောင်ကျေးရွာမှ ပြောင်းရွှေ့နေထိုင်တဲ့ ဘင်္ဂါလီလူမျိုးများ နေထိုင်ရာ ဘိုထောင်ချောင်းနဲ့ ဘီလူးကွေ့တောင် မြေနေရာကို တပ်ပိုင်မြေ အဖြစ် ရယူဆောင်ရွက်ခဲ့ပြီး အဲ့ဒီင်္ဘင်္ဂါလီလူမျိုးများကို လောင်ပန်ကျကျေးရွာ ကွင်းအမှတ် ၇၃၅အေ မြေလွှတ်သုံးဧကမှာ နေရာချထားပေးခဲ့ပါတယ်။ လောင်ပန်းကျေးရွာမှာ ပြောင်ေ၇ွှ့နေထိုင်ကြတဲ့ ဘင်္ဂါလီလူမျိုးများဟာ သူတို့နေရာမှာ လုပ်ကိုင်စားသောက်ဖို့ အဆင်မပြေလို့ နာဂရာကျေးရွာ အုပ်စုကွင် အမှတ်(၇၅၂)အေမှာရှိတဲ့ မြေလွှတ်မြေရိုင်းမှာ ကျေးရွာနေ ကြံစိုက်ပျိုးနေတဲ့ ဦးထွန်မြသာပါ ၆ဦးကနေပြီးတော့ ကြံစိုက်ပျိုးခဲ့တဲ့ မြေ၉ဧကကိုသဘောတူ ၀ယ်ယူရောင်းချခဲ့ခြင်း ဖြစ်ကြောင်းနှင့် ယခုလက်ရှိ နေထိုင်သော နာဂရာကျေး ရွာနဲ့ လုပ်သားကျေးရွာ အကြားမှိုင်းချောင်းဝမှာ ပြောင်းရွေ့ရောက်ရှိနေထိုင် ခဲ့ခြင်းသာဖြစ်ပြီးတော့ တရားဝင် နေရာချထား ပေးခြင်းမရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ ရပ်ကွက်ကျေးရွာ အုပ်စုနဲ့ ကျေးရွာစာရင်းများမှလည်း ပါရှိခြင်းမရှိကြောင်း စီစစ်တွေ့ရှိရပါတယ်။ အထက်မှာတင်ပြခဲ့တဲ့ စကားတောင်ကျေးရွာနှင့် ဘင်္ဂလီလူမျိုးများပြောင်ရွှေ့ နေထိုင်မှုအခြေအနေကလက်ရှိမှာအိမ် သကြားစက်မှာရှိတဲ့ ဘင်္ဂါလီဝန်ထမ်းနေအိမ် ၁၅လုံးမှာမှီခိုနေထိုင်ကြောင်း သိရှိရပါတယ်။စကားတော်ကျေးရွာမှ ရွှေ့ပြောင်ဘင်္ဂါလီလူမျိုးများကို သီးခြား နေရာချထားပေးဖို့လိုအပ်ပါက ယခင်နေရချထားပေးခဲ့သောကျေးရွာမှ မြေလွှတ်သုံးဧကရှိနေပေမယ့်လည်း ပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာနိုင် တိမ်းစောင်းမသွားရေး၊ ကမ္ဘာ့နိုင်ငံများရဲ့မျက်မှောက် တည်ငြိမ်ဖွံဖြိုးမှုကာလဆိုပြီး ဒါ့အပြင်ဒေသတည်ငြိမ်အေးချမ်းေ ညှိနှိုင်းပေါင်းစပ်ပြီးဖြေရှ တိုကို တင်ပြဆွေးနွေးလျက်၇ှိပါတယ်။ရခို ယနေ့ နေ့လည် ၁၁း၃၀နာရီတွင် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌနှင့် ကိုယ်စားလှယ် ၁၉၉ဦးရှေ့မှောက်တွင် ပြန်လည်ဖြေကြားသွားခဲ့သည်။ Popular Myanmar News Journal | ||
Posted: 24 Oct 2012 02:15 AM PDT
ယနေ့ နံနက် ၁၁ နာရီ အထိ ဖြစ်ပေါ်နေသော မြေပုံ အခြေ အနေနှင့် ပတ်သက်ပြီး မြေပုံမြို့ NLD အဖွဲ့ ၀င် ဒေါ်မပုချေအား နိရဉ္စရာက ဆက်သွယ် မေးမြန်းရာသူမက ယခုလို ပြောကြားသည်။ (အခြေအနေ အရမ်းဆိုး နေပါတယ်။ အခု မွတ်ဆလင်တွေက တောင်ပေါ်ကို တက်ပြေးတယ်။ ရခိုင်တွေက တောင်အောက် ၀ိုင်းထားပါတယ်။) ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 24 Oct 2012 02:30 AM PDT
စစ်တွေမြို့တွင် ရခိုင်ပြည် ကျောင်းသား သမဂ္ဂမှ ယနေ့ ဆန္ဒ ဖေါ်ထုတ်ပွဲ တစ်ရပ် ပြုလုပ်ရာ
ကျောင်းသား ကျောင်းသူ ထောင်ချီ၍ ပူးပေါင်း ပါဝင်ခဲ့သည်ဟု သိရသည်။ “ ဒီနေ့ ကျွန်တော်တို့ မနက် ၉နာရီက လောက နန္ဒာကွင်းမှာ လူစုပါတယ်။ အဲဒီက တဆင့် မိမိတို့ ကျောင်းသားတွေ လိုအပ်ချက် စာတမ်းရေးထားတဲ့ ဆိုင်းဘုတ်တွေကို ကိုယ်စီ ကိုင်ပြီးတော့ ပြည်တော်သာ ကနေ လမ်းမကြီးဘက် ထွက်တယ်။---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 24 Oct 2012 02:41 AM PDT
၁) ဦးအောင်ရွေမြ ၊ (ဘ) ဦးရွေထွန်းအောင်၊ အသက် (၄၈)နှစ်၊ ထိပ်ဝပြင်ကျေးရွာ ဒါဏ်ရာ၊ ဝမ်းဗိုက်လှံ(၂)ချက်၊ ဆီးအိမ် ဂျင်ဂလိမျှားစူးဝင်၊ နောက်ကျောဓါးဒါဏ်ရာ၊ ဦးခေါင်းနောက်စေ့ ဓါးဒါဏ်ရာ၊ နှာရိုးကျိုး၊ ယာဖက်အံလွဲ၊ ခြေပြတ်လက်ပြတ်၊ ခြေထောက်ကျိုး၊ အရေးပေါ်ခွဲစိတ် ကုသခံယူနေရ၊---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 24 Oct 2012 02:52 AM PDT
ကျောက်ဖြူမြို့၊ ရခိုင်ပိုက်ဆိပ် ရပ်ကွက်တွင် ယမန်နေ့က ဘင်္ဂလီ ကုလားများ ရပ်ကွက်နှင့် ထိပ်စပ် လျှက်ရှိသည့် ရခိုင် ပိုက်ဆိပ် အစပ်ရှိ ရခိုင် တိုင်းရင်းသားများ နေအိမ်ကို ကုလားများမှ မီးရှို့ခဲ့သဖြင့် မီးလောင်ကျွမ်းမှုများ စတင်ဖြစ်ပွားခဲ့သည်။ မီးလောင် လောင်ချင်း မီးသတ် တပ်ဖွဲ့များမှ မီးငြိမ်း သတ်ရန် လာသော်လည်း ကုလားများမှ ချွန်ထက်သည့် စူးများ(ဂျင်ကလိများ)ဖြင့် အဆက်မပြတ် ပစ်ခတ်နေသည့် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 24 Oct 2012 02:59 AM PDT
ထိုင်း မြန်မာ နယ်စပ် တာချီလိတ် - မယ်ဆိုင်သို့ ရောင်းစား ခံရသည့် ကျိုင်းတုံ မြို့နယ်မှ အသက် မပြည့် သေးသည့် ၁၂ နှစ်အရွယ် ကလေး တယောက် တာချီလိတ် မယ်ခေါင်မြစ်ဟိုတယ် (၉ ထပ် ဟိုတယ်) ၌ ည သန်းခေါင်ခန့်က သေဆုံး သွားကြောင်း နီးစပ်သည့် အသိုင်းအဝိုင်းက ပြောပါသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 24 Oct 2012 01:11 AM PDT
အောက်တိုဘာလ (၂၃) ရက်နေ့ ထုတ် The Hot News Weekly အတွဲ၊ ၃ ၊ အမှတ်၊ ၁၁၃
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 24 Oct 2012 03:08 AM PDT
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ အမေရိကန် ခရီးစဉ် အတွင်း ဒေါ်အောင်ဆန်း စုကြည် သမ္မတ ဖြစ်နိုင်ခြေနှင့် ပတ်သက်၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အခြေပြု ပြောကြားမှုများ ရှိခဲ့သည်။
ဒေါ်အောင်ဆန်း စုကြည် သမ္မတဖြစ်ရေး ကိစ္စမှာ နိုင်ငံရေး အသိုင်းအ၀ိုင်းက ပုဂ္ဂိုလ်အချို့နှင့် မီဒီယာများတွင် ပြောဆိုမှု များကြောင့် အများပြည်သူ အာရုံ စိုက်မိလာသည့် အကြောင်းရပ် တစ်ခုဖြစ်လာသည်။ “ဒေါ်အောင်ဆန်းစုကြည် နိုင်ငံ့ခေါင်းဆောင်တစ်ယောက်ြ ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ခရီးစဉ်များပြီးဆုံး၍ မြန် မာနိုင်ငံသို့ ပြန်လည်ရောက်ရှိချိန် တွင် ပြုလုပ်သော သတင်းစာရှင်း လင်းပွဲ၌ “ကျွန်မက နိုင်ငံရေးပါ တီတစ်ခုရဲ့ ခေါင်းဆောင်ပဲ။ နိုင်ငံရေးပါတီတစ်ခုရဲ့ ခေါင်းဆောင်ဆိုမှတော့ သမ္မတလည်း လုပ်ရဲတဲ့ သတ္တိရှိရမယ်။ ပြည်သူလူထုက လို လားရင်လုပ်မှာပဲ”ဟု ပြောကြားသည်။ ထိုသို့ ခေါင်းဆောင်နှစ်ဦးက ပြောကြားခဲ့သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် အချို့သည် ဒေါ်အောင်ဆန်းစု ကြည် သမ္မတဖြစ်ရေးအတွက် အတားအဆီး သဖွယ်ဖြစ်နေသည်။ သူမအား နိုင်ငံတော်သမ္မတအဖြစ် တင်မြှောက်လိုပါလျှင် အဆိုပါ အ ချက်အချို့အား ယခုလွှတ်တော် သက်တမ်းအတွင်း ပြင်ဆင်နိုင်ရန် လိုအပ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပ ဒေ အခန်း(၃)ရှိ ပုဒ်မ-၅၉ နိုင်ငံ တော်သမ္မတနှင့် ဒုတိယသမ္မတများ၏ အရည်အချင်းများဆိုင်ရာ ပြဋ္ဌာန်းချက် အပိုဒ်ခွဲ(စ)တွင် မိမိ ကိုယ်တိုင်သော်လည်းကောင်း၊ မိ မိ၏ မိဘတစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ဇနီး (သို့မဟုတ်) ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး (သို့မဟုတ်) ခင်ပွန်းသော် လည်းကောင်း၊ နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ (သို့မဟုတ်) တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူ များ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံဖြစ်သူ သော်လည်းကောင်း၊ တိုင်း တစ်ပါး၏ နိုင်ငံသား သော်လည်း ကောင်း၊ ခံစားရသော အခွင့်အ ရေးများနှင့် ကျေးဇူးခံစားခွင့်များ ကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရဟု ဖော်ပြထားသည်။ အဆိုပါအပိုဒ်သည် လွှတ်တော်အမတ်ဦးရေ ၇၅ ရာခိုင်နှုန်းက ထောက်ခံရမည့်အပြင် ပြည် လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပကာ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများ၏ ၅၀ ရာခိုင်နှုန်းက ထောက်ခံဆနမဲပေး မှသာ ပြင်ဆင်နိုင်ခွင့်ရှိမည့် အ ချက်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးသည် ပြည်သူများ ၏ သဘောထားပေါ် မူတည်သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ေ သူမအား သမ္မတဖြစ်ရန် ပြောဆိုနေကြသော်လည်း အခြေ ခံဥပဒေပါ ကန့်သတ် ချက်များ အား ပြင်ဆင်ရန်မှာမူ ၃ နှစ်ကျန် ရှိသေးသည့် လွှတ်တော်သက် တမ်း အတွင်း ဖြစ်နိုင်ခြေ နည်းပါး ကြောင်း နိုင်ငံရေးအသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များက သုံးသပ်ပြောဆိုသည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီအနေဖြင့် လွှတ်တော်တွင်းရောက်ရှိပါက အခြေခံဥပဒေပြင်ဆင်ရေး၊ တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများကို ဆောင်ရွက်မည်ဟု ကြေညာခဲ့သည်။ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက “NLD က ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ချင်တယ်ဆိုရင်တော မထင်ပါဘူး”ဟုပြောသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် နာယကအဖွဲ့ဝင် ဦးဝင်းတင်က ပြောဆိုရာတွင် အခြေခံ ဥပဒေပြင်ဆင်ရေး ကိစ္စအား ၂၀၁၅ ခုနှစ်မတိုင်မီ ပြင်ဆင်နိုင် လိမ့်မည်ဟု မထင်ကြောင်း၊ ဒီမိုကရေစီ ပြောင်းလဲရေးတွင် အဓိကအဟန့် အတားမှာ စစ်တပ်ဖြစ်နေကြောင်း ဆိုသည်။ လူတစ်ဦး တစ်ယောက် အတွက် အခြေခံ ဥပဒေပြင်ဆင်ရသည်မှာ မသင့်လျော်သော်လည်း ပြင်ဆင်ပေး ရမည့်သူသည် နိုင်ငံအား ထူးထူးခြားခြား ပြောင်းလဲ သွားနိုင်အောင် စွမ်းဆောင်ရည် ရှိသူဖြစ်ပါက ပြင်ဆင်ရန် စဉ်းစားသင့်ကြောင်း၊ လူတစ်ဦး တစ်ယောက်နှင့် ပုဂ္ဂိုလ်စွဲ ကိုးကွယ်မှု များရှိခဲ့လျှင် ဒီမိုကရေစီမဟုတ်သေးကြောင်း အမျိုးသားဒီမိုက ရေစီအင်အားစုပါတီ ဥက္ကဋ္ဌ ဦး ခင်မောင်ဆွေက ထောက်ပြပြော ကြားသည်။ အခြေခံဥပဒေ ပြင်ဆင်ရာ တွင် လွှတ်တော်တွင်း ထောက်ခံဆန္ဒမဲများ ရရှိရန် လိုအပ်သဖြင့် အနိုင်ရပါတီသည် အရေးပါသော အခြေအနေတွင် ရှိသည်။ ယခု လွှတ်တော် သက်တမ်းအတွင်း အနိုင်ရပါတီဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် အခြေခံဥပဒေကို ပြင်ဆင်ရန် အခြေအနေနည်းပါးနေသည်။ အခြေခံဥပဒေပြင်ဆင်ရေး ကို မိမိ၏ သဘောဆနဖြင့် ပြုလုပ်၍မရဘဲ လွှတ်တော်ကိုယ်စား လှယ်များ၏ သဘောဆန္ဒဖြင့်သာ သွားရမည်ဖြစ်ကြောင်း ယခုလ ၂၁ ရက်က နိုင်ငံတော်သမ္မတ အိမ်တော်၌ ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် ပြည်ခိုင်ဖြိုးပါ တီဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ် တင်မြှောက်ခံထားရသူ သမ္မတ ဦးသိန်းစိန်က ထပ်မံပြောကြားသည်။ “ဖွဲ့စည်းပုံအခြေခံဥပဒေဆို တာ ပြင်လို့ရတယ်။ အများသဘောတူတယ်ဆိုရင် လုပ်လို့ရပါတယ်။ အများသဘောအတိုင်းသွားမှာပဲ။ လက်ရှိမှာတော့ ပါတီ အနေနဲ့ ဖွဲ့စည်းပုံအခြေခံပြင်ဖို့ အဆိုတင်သွင်းဖို့ မရှိသေးပါဘူး”ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွ ၂၀၁၅ ခုနှစ်အထိ သက် တမ်းရှိနေသည့် ယခုလွှတ်တော် သက်တမ်းအတွင်း အခြေခံ ဥပဒေ ပြင်ဆင်ရေးသည် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်များ၏ သဘော သက်ရောက်မှု အပေါ် မူတည် နေကြောင်း ဦးခင်မောင်ဆွေက သုံးသပ်သည်။ “သမ္မတနဲ့ ပတ်သက်တဲ့အ ချက်တွေကို ပြည်ခိုင်ဖြိုးဘက်က ပြင်ဖို့ ခက်လိမ့်မယ်ဗျ။ ဒီ၂၀၀၈ ဖွဲ့စည်းပုံကို ပုဂ္ဂိုလ်အချို့ကကာဖို့ ကြိုးစားတာဖြစ်ချင်ဖြစ် မယ်။ ဒါပေမဲ့ အဲဒီကာတဲ့ပုဂ္ဂိုလ်တွေကို လူထုကလက်ခံမှကိုး။ နိုင် ငံတော်သမ္မတအရည်အချင်းမှာ ကန့် သတ်မှုတွေ များနေရင်အများလက်ခံနိုင်တဲ့ ဝေါဟာရကိုပြင်ဖို့ တော်တော်ခက်ပါလိမ့်မယ်”ဟု အမျိုးသားလွှတ်တော်ကိုယ်စား လှယ်ဒေါက်တာအေးမောင်က ပြောသည်။ ဦးရဲထွန်းက သူ၏အမြင်ကို ပြောဆိုရာတွင် “ပြည်ခိုင်ဖြိုးပါတီ က ပြင်ဖို့လုံးဝမရှိဘူး။ NLD ကအာရုံရှိလို့ ပြင်ဖို့ကြိုးစားရင်တောင် သိပ်ပြီးအရာရောက်မှာ မဟုတ်ဘူး” ဟု ဆိုသည်။ အခြေခံဥပဒေပြင်ဆင်ရေး တွင် သမ္မတနှင့်ပတ်သက်သည့် အရည်အချင်းများ ပြုပြင်ရန်သာမက အခြားသော တိုင်းရင်းသား ရေးရာနှင့် သက်ဆိုင်သည့်ကိစ္စရပ် များ၊ တပ်မတော်၏ ပါဝင်မှုအခန်းကဏ္ဍကို လျှော့ချရေးကိစ္စရပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအား ယခုထက်ပိုမို၍ အခွင့်အလမ်းများပေးအပ်ရန် ကိစ္စများအစရှိသည့် အချက်အလက်များ ကို အာရုံစိုက်သင့်ကြောင်း မြန်မာ့ နိုင်ငံရေး အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ် များ၏ ထင်မြင်ယူဆမှုများ ရှိနေသည်။ တပ်မတော်နှင့် ပတ်သက်သော အချက်အလက်များကို ပြင်ဆင်ရန်သာမက နိုင်ငံတော်တွင် လတ်တလော အရေးတကြီးလို အပ်နေသည့် ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး |
[Message clipped] View entire message
0 comments:
Post a Comment