Wednesday, October 24, 2012

ခုတော့ .....



ဂျွန်၊ ဂျော့ နှင့် မိုက် ဆိုတဲ့ နာမည်ကြီးခွဲစိတ်ဆရာဝန် သုံးဦးစကားလက်ဆုံကျနေသည်။
ဂျွန် - ဒီနိုင်ငံမှာ ငါကအတော်ဆုံးဆရာဝန်လို့ ပြောရမယ်ကွ ။
ဂျော့ နဲ့ မိုက် - မင်းက ဘာတွေစွမ်းဆောင်ခဲ့လို့လဲ .. လင်းစမ်းပါဦး ။ဂျွန် - လက်ချောင်း ခုနစ်ချောင်းပြတ်သွားတဲ့ လူတစ်ယောက်ရဲ့လက်ချောင်းတွေကို ငါပြန်ဆက်ပေးခဲ့ဖူးတယ်။ ငါဆက်ပေးလိုက်တာ ကောင်း မကောင်းတော့ မသိဘူး ၊ ခု သူက ကမ္ဘာကျော်စန္ဒယားပညာရှင်ကြီး တစ်ယောက် ဖြစ်နေပြ
ီလေ ..

ဂျော့ - မင်းဟာက ဘာဟုတ်သေးလို့လည်း .. ငါ ခြေနှစ်ဖက်လုံး ပြတ်သွားတဲ့လူတစ်ယောက်ကို ခြေထောက်တွေပြန်ဆက်ပေးခဲ့ဖူးတယ် ။ ၂ နှစ်လောက်ကြာရော .. အဲဒီလူ ဧ၀ရတ်တောင်ထိပေါ်တက်နိုင်ခဲ့တယ်လေ ..

မိုက် - (အားငယ်စိတ်ပျက်သည့် လေသံဖြင့်) အင်း .. မင်းတို့တွေ တော်ကြပါတယ်ကွာ ။ လွန်ခဲ့တဲ့ နှစ်တော်တော်ကြာတုန်းက လူငယ်တစ်ယောက် နွားကျောင်းလာရင်း ဟိုင်းဝေးလမ်းပေါ်ဖြတ်ကူးတုန်း အရှိန်ပြင်းပြင်းမောင်းလာတဲ့ ကားကြီးတစ်စီးနဲ့တိုက်မိတာ လူရော နွားပါ ခေါင်းတွေပွင့်ကုန်တယ်.. ဦးနှောက်တွေဆို ဖွေးလို့ ။ အဲဒီလူရဲ့ခေါင်းကို ငါပြန်ဆက်ပေးနိုင်ခဲ့တယ် ။ ဒါပေမဲ့ …

ဂျွန် နဲ့ ဂျော့ - ဟာ .. တော်လှချည်လား ။ ဒါပေမဲ့ ဘာဖြစ်လဲ ??

မိုက် - အရေးတကြီး ကုရတာဆိုတော့ နွားဦးနှောက်နဲ့ ဒီလူ့ဦးနှောက် မှားပြီးထည့်ပေးလိုက်မိတယ်ကွာ ..

ဂျွန် နဲ့ ဂျော့ - OMG ဒုက္ခပါပဲကွာ .. ဒီလူ အခြေအနေကော ကောင်းရဲ့လား ။ ခုဘယ်မှာလဲ ။

မိုက် - ကောင်း မကောင်းတော့ မသိဘူးကွာ ။ ခုတော့ သမ္မတဖြစ်နေလေရဲ့ ။

(ဂျော့ ဒဗလျူဘွရှ်ကို သရော်သော ဟာသကို အနည်းငယ်
ပြုပြင်ပြီး ရေးသားပါသည်။)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...