သစ်ထူးလွင် သတင်းစုစည်းမှု (၂၀-၁၀)
သစ်ထူးလွင်
|
- ရခိုင်ပြည်နယ် မြေပုံမြို့  ဆန္ဒဖော်ထုတ်ပွဲ လူ (၃၀၀)ခန့် ပါဝင်
- ပုသိမ်ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြသူများ ဒဏ်ငွေချမှတ်ခံရ
- အောက်တိုဘာလ ၂ ၂ ရက်နေ့ ထုတ် The Voice Weekly Vol.8/No.42
- စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီး
ချုပ်အား ရာထူးမှပယ်ဖျက်ပေးရန် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွ င် ပြုမိန့် မရသေး - လမ်းဖျက်စီးမှာလား?လမ်း ပြင်မှာလား? မေးလို့မရပါ
- တောင်သာမြို့ နယ်တွင်းရှိ ရှေးဟောင်း ဘုရားကြီး ပျောက်ဆုံးမှု
- ကျောက်ဖြူ ၊ မင်းပြား ၊ ရမ်းဗြဲ နှင့် မြေပုံ မြို့ နယ်များမှ ဆန္ဒဖော်ထုတ်ပွဲများ
- ရသေ့တောင်တွင် လူသတ်မူ ဖြစ်ပွား
- KIO နှင့် ဆက်သွယ်မှုဖြင့် တနှစ်အတွင်း လူ ၃၀ ကျော် ထောင်ချခံနေရ
- စပါးပေါ်ချိန် ဈေးကျနေ၍ ခင်ဦးတောင်သူများ အခက်တွေ့
- ဒေါ်အောင်ဆန်းစုကြည် ၏ လုပ်ငန်းများအား ကန့် သတ်ရန် တိုင်း ၀န်ကြီးချုပ်၏ ညွန်ကြားချက်
- ရမည်းသင်းမြို့ နယ်တွင် မိုးကြိုးပစ်ခံရပြီး သေဆုံး
- လိင်လုပ်ငန်းမှာဥပဒေကင်းမဲ့လို့ HIV ပိုပြန့်
- ရခိုင်အရေး အစီရင်ခံစာ အချိန် မမီနိုင်
- ၂၅ ရာခိုင်နှုန်း သစ်လျှော့ထုတ်မယ့် အစီအစဉ် မလုပ်နိုင်သေး
- ဂျပန်ရှိ အမေရိကန်တပ်တွေ အပေါ် အမေရိကန်တပ်မှူး ညမထွက်ရ အမိန့်ထုတ်
- အမေရိကန် သံအမတ်ရဲ့ သတင်းစာရှင်းလင်းပွဲ
- ရုရှား နျူကလီးယား ဒုံးကျည် စမ်းသပ်
- Cobra Gold မှာ မြန်မာ လေ့လာခွင့်ရဖို့ US ထောက်ခံ
- ရည်းစားကို မတွေ့ရ၍ လူငါးဦးကို ဓါးဖြင့်ခုတ်
Posted: 20 Oct 2012 06:54 AM PDT
အောက်တိုဘာလ ၂၀ ရက်နေ့ ယနေ့  ရခိုင်ပြည်နယ် မြေပုံမြို့ မှာ ပြုလုပ်ခဲ့တဲ့ ဆန္ဒဖော်ထုတ်ပွဲမှာ လူ(၃၀၀၀) သုံးထောင်ခန့် ပါဝင် ဆန္ဒထုတ်ဖော်ခဲ့ တယ်လို့  မြို့ ခံတွေက ပြောပါတယ်။ ဆန္ဒဖော်ထုတ် သူတွေက အောက်ပါ အချက်တွေကို တောင်းဆို ခဲ့ပါတယ်။
၁။ တရားမ၀င် ဘင်္ဂလီများ (ဖယ်ရှားပေး) ၂။ ဘင်္ဂါလီများနဲ့ ယှဉ်တွဲနေထိုင်ရေး (အလိုမရှိ) ၃။ ရခိုင်သားအရေး (ဒို့အရေး) ၄။ ရခိုင်ပြည်အရေး (ဒို့အရေး) ၅။ အမျိုးဘာသာ စော်ကားသူ (ဒို့ရန်သူ) မြေပုံမြို့ နယ် ဆန္ဒဖော်ထုတ်ပွဲ မြင်ကွင်းများ ။ ဓါတ်ပုံ - Sumla CHann | ||||||||
Posted: 20 Oct 2012 06:39 AM PDT
![]() ဆန္ဒပြသမားများကို စည် ပင်သာယာဌာနက မူလက၀တ္ထ ရားနှောင့်ယှက်မှုနဲ့ တရားစွဲထား တာဖြစ်ပေမဲ့ တရားသူကြီးပုဒ်မ (၁၃၅)အရ အပြစ်ရှိတယ်ဆိုပြီး ဆုံးဖြတ်လိုက်သည်ဟု ပြစ်ဒဏ်ချ ခံရသူ ကိုချစ်အေးကပြောဆို သည်။ ““ကျွန်တော်တို့ကို ထောင် ပဲချမယ်လို့ ဆုံးဖြတ်ထားတာ၊ မနေ့က အမိန့်တွေအစုံဖတ်ပြပြီး နောက်ဆုံးပုဒ်မ (၁၅၃)နဲ့ ဒဏ်ငွေ တစ်ယောက် ၁ထောင်ဒဏ်ကြေး ရိုက်တယ်။ ဒဏ်မဆောင်နိုင်ရင် ၁လ ပုံစံနဲ့လုပ်လိုက်တယ်။ ကျွန် တော်တို့က မတရားအပြစ်ပေးခံ ရတာပဲ၊ ဥပဒေချိုးဖောက်ပြီး ကျွန်တော်တို့ကို မတရားလုပ် လိုက်တာ။ အဲဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့တိုင်ပင်ဆွေးနွေြး ပြစ်ဒဏ်ပေးခံရသူတွေက တော့ ကိုချစ်အေး၊ ကိုဇော်မိုး၊ ကို ၀င်းဇော်စတဲ့ ပုသိမ်မြို့ခံတွေနဲ့ လူ့ အခွင့်အရေးလှုပ်ရှားသူတွေပါဝင် ပြီးတရားရုံးမှာ ဒဏ်ငွေဆောင်ခဲ့ သည်ဟု သိရသည်။ အခုနှစ် ဆန်းပိုင်းဖေဖော်ဝါရီ ၂ ရက်နေ့ ပုသိမ်မြို့ မြို့နယ်စည်ပင်သာယာ ရေးရုံးရှေ့မှာ လူ ၁၆ ယောက် လောက်က ကိုန်ဈေးနှုန်းကျဆင်း ရေးအတွက် ပိုစတာတွေကိုင် ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြ ခြင်းဖြစ်သည်။ ဆန္ဒပြပွဲအပြီး တွင် ၎င်းတို့ကို ဖမ်းဆီးထိန်းသိမ်း စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ ပြီး စည်ပင်သာယာတရားစွဲဆို ထားခဲ့ရာက အခု (၈)လလောက် အကြာမှာ တရားရုံးက အပြီးသတ် အမိန့်ချမှတ်လိုက်ခြင်းဖြစ်ကြော ချစ်စမ်းမောင် - Hot News Weekly | ||||||||
Posted: 20 Oct 2012 06:03 AM PDT
| ||||||||
Posted: 20 Oct 2012 05:23 AM PDT
စစ်ကိုင်းတိုင်း-အောက်တိုဘာ၂၀
စစ်ကိုင်းတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးသာအေး အား လက်ရှိရာထူးမှ ပယ်ဖျက်ပေးရန်နှင့် ယခု ထီးချိုင့်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးအား နှုတ်ထွက်ပေးရန် အတွက် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ခွင့်ပြုချက်တောင်း ခံထားခြင်းကို ခွင့်ပြုမိန့် ပေးမထား သေးကြောင်း ကသာခရိုင် မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အောက်တိုဘာ ၂၂ရက်နေ့တွင် လူအင်အား ၁၀၀၀ ၀န်းကျင်ဖြင့် အထက်ပါ အကြောင်းအရာများ အတွက် စီတန်းလှည့်လည်ရန် ခွင့်ပြုမိန့်တင် ထားခြင်းဖြစ်ပြီး ဦးဆောင် ပြုလုပ်သူမှာ ဦးစိန်လှ ဖြစ်ကြောင်းသိရသည်။ “ပုံစံ(၈)ပါ စည်းကမ်းတွေနဲ့ မကိုက်ညီတာကြောင့် ခွင့်ပြုမိန့် ပေးမထားပါဘူး။ ပထမနှစ်ကြိမ် ပြတုန်းကလည်း အဲ့ဒီလိုပါပဲ။ ပထမတစ်ကြိမ် တင်တယ်မရဘူး၊ ဒုတိယတစ်ကြိမ် တင်တယ်မရဘူး။ နောက် သုံးကြိမ်မြောက်ကျ တော့ ရသွားတယ်။ အခုလည်း စာထပ်တင် မယ်ဆိုရင် ရနိုင်ပါတယ် “ဟု ကသာခရိုင် မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျ ရဲအရာရှိက တယ်လီဖုန်းဖြင့် မေးမြန်းခြင်းကို ပြန်လည် ဖြေကြားသည်။ စစ်ကိုင်း ထီးချိုင့်မြို့နယ်၊ မောင်းတော ကျေးရွာတွင် ဆန္ဒထုတ်ဖော်မှု ယခင်က နှစ်ကြိမ် ပြုလုပ်ခဲ့ပြီး ပထမအ ကြိမ်တွင် ဂရိတ်ဝေါလ် သကြားစက်ရုံ မရွှေ့ပြောင်းရေး အတွက် မောင်းကုန်းရွာ သစ်တောရုံးရှေ့မှ ဦးကြည်တိုက်တန်းအထိ ဒေသခံတောင်သူများ အလုပ်သမားများစုစုပေါင်း ၃၀၀ခန့် ဆန္ဒထုတ်ဖော်ခဲ့ပြီး ဒုတိ ယအကြိမ်အဖြစ် သြဂုတ်လ ၂၁ရက်နေ့တွင် နီကယ်စက်ရုံနှင့် ဂရိတ်ဝေါလ် သကြားစက်ရုံများ ပြောင်းရွှေ့ရေးအ တွက် လူ ၁၀၀ ခန့်က ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း သိရသည်။ ဖိုးလပြည် - Popular Myanmar News Journal | ||||||||
Posted: 20 Oct 2012 05:00 AM PDT
မြင်းခြံမြို့ လမ်းမတော် အမှတ် ၆ လမ်းဘေး ၀ဲယာကို မြေကော်စက်များနှင့်
ထိုးပြီး ထော်လာဂျီ များပေါ် မြေများ သယ်တင် သွားတဲ့ ဟာကို ပြည်သူများက စိတ်ဝင်တစားနဲ့ လမ်းပြင် မလို့လားလို့ တာဝန်နဲ့ ယူနီဖေါင်းဝတ် S.A.Eကိုမေးတော့ ပြင်မယ် မပြင်ဘူး မဖြေပါ။ မြို့မိမြို့ဖ တစ်ဦးက တိုင်းဒေသကြီး ၀န်ကြီးကို တိုင်ကြားလို့ လမ်းကဘေးထက် နိမ့်အောင် လုပ်နေတာလို့ ဖြေပါတယ်။ အမှတ် ၆ လမ်းမတော်နေ ပြည်သူတစ်ဦးက ပုံနဲ့တစ်ကွ ပြောပြလို့ သိရှိရပါတယ်။ မနေ့က(၁၉-၁၀-၂၀၂၁)က စတင်လုပ်ဆောင်နေတာပါ အခု ထိကော်လို့ သယ်လို့ မပြီးသေးပါဘူး။ ဆိုးဆိုးဝါးဝါးကို လမ်းပျက်အောင် ထိုးနေတာပါ။ အဲဒီလမ်းဟာ နှစ်ပေါင်း ၃၅နှစ်ကြာ မပြုပြင်သော လမ်းဖြစ်သည်ဟု လမ်းမတော် နေပြည်သူများ ကပြောကြားပါတယ်။ By Myanmar News Now | ||||||||
Posted: 20 Oct 2012 04:50 AM PDT
မန္တလေးတိုင်း ဒေသကြီး ၊ မြင်းခြံခရိုင်၊ တောင်သာမြို့ နယ်၊ ၀ဲလောင်တိုက်နယ်၊ ရှောက်ပင်ကျေးရွာ
အုပ်စု ရှောက်ပင်ကျေးရွာ ရှေးဟောင်း သမိုင်းဝင် ဘုရားဝင်း အတွင်းရှိ သိမ်ဘုရားကြီး လှိုဏ်အတွင်း ဘုရားတကာ (ဦးပတ်လည်+ဒေါ်ခရာ) တည်ထား ကိုးကွယ်ထားသော ရှေးဟောင်း ဆင်းတုတော် ကြေးဘုရားကြီး (ကြေးပိသာချိန် ၈၄.၅ ပိသာ) သည် ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁၇ ရက်နေ့ နံနက် ၁ နာရီ ၃၀ မိနစ်ခန့် တွင် ပျောက်ဆုံးသွား ပါသည်။ ---- အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||||||
Posted: 20 Oct 2012 04:33 AM PDT
======================= သမ္မတကြီး၏ နိုင်ငံသား ကိစ္စ မိန့်ကြားချက်ကို အပြည့်အ၀ ထောက်ခံပါသည်။ OIC နှင့် ပတ်သက်သော မည်သည့် အဖွဲ့ အစည်းကိုမှ အလိုမရှိ ဟူသော စာ တမ်းများကို ရေးထိုး ကိုင်ဆောင်ခဲ့ကြ ကြောင်းသိရှိ ရပါသည်။ မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်လှစ်မည် မဟုတ်ကြောင်း နိုင်ငံတော် သမ္မ္မတရုံး သတင်း ထုတ်ပြန်ချက်ကို အပြည့်အ၀ ထောက်ခံသည်၊ OIC နှင့်ပတ်သက် သော မည်သည့် အဖွဲ့အစည်းကိုမှ အလိုမရှိဟု ကျောက်ဖြူမြို့တွင် ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်။ ထိုပွဲကို အောက်တိုဘာ ၂၀- ရက် ယနေ့ မွန်းလွဲ တစ်နာရီက ကျောက်ဖြူမြို့ ဘုရားကြီး တောင်ကွင်းတွင် စတင်ပြုလုပ်ပြီး ဆန္ဒထုတ်ဖေါ်ရာ ရဟန်း သင်္ဃာတော် အပါး ၂၀၀ခန့်၊ ကျောက်ဖြူ မြို့ခံများနှင့် ကျောက်ဖြူခရိုင် တိုက်နယ် အသီးသီးမှ လူထုအင်အား ၁၀၀၀၀-ကျော် ပါဝင်ကြောင်း သိရသည်။ ဆန္ဒထုန်ဖေါ်ရာတွင် ကျောက်ဖြူလူငယ်များက ဦးဆောင်ပြီး လမ်းလျှောက် ဆန္ဒထုတ်ဖေါ်ရာ OIC အလိုမရှိထွက်သွား၊ OIC နှင့်ပတ်သက်သည့် မည်သည့်အဖွဲ့အစည်းကိုမှ အလိုမရှိဟု ကြွေးကြော်သံများဖြင့် သံပြိုင်ရွက်ဆိုကာ ဆန္ဒထုတ်ဖေါ်ပွဲကို မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် ကျော်ဖြူမြို့ နာရီစင်ကွင်းတွင်း ငြိမ်းချမ်းစွာဖြင့် လူစုခွဲခဲ့ကြောင်း သတင်းရရှိပါသည်။ ထိုသို့ ဆန္ဒဖော်ထုတ်မှုများယနေ့ ၂၀ ရက်နေ့တွင် မြို့နယ်လေးခုတွင် ကျင်း ပပြုလုပ်ခဲ့ကြောင်းလည်းသိရှိရပါ
---------------------- ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်တွင် လူထု ဆန္ဒထုတ်ဖော်ပွဲတရပ်ကို ၂၀.၁၀.၂၀၁၂ ရက် နံနက် ၉း၃၀ နာရီမှ ၁၀း၀၀ နာရီထိ မြို့နယ် ဓမ္မာရုံတွင် လူစုဝေးပြီး မြို့တပတ် ချီတက် ဆန္ဒဖော်ထုတ်ခဲ့ပါသည်။ ဆန္ဒဖော်ထုတ်ပွဲတွင် လူ ၃၀၀ ခန့်လောက် တက်ရောက်ခဲ့ပြီး သမ္မတကြီးရဲ့ ရခိုင်ပြည်အပေါ် ရပ်တည်ချက်သဘောထားကို ထောက်ခံခြင်း၊ OIC အလိုမရှိ၊ ရသေ့တောင်ညီလာခံကို ထောက်ခြင်း တို့ကို ကြွေးကြော်ပြီး မြို့နယ် ဓမ္မာရုံတွင် လူစုခွဲခဲ့ကြပါသည်။
------------------------------ ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် ဆန္ဒထုတ်ဖော်ပွဲကို ယနေ့ ၂၀.၁၀.၂၀၁၂ ရက် နံနက် ၇း၃၀ မှ ၉း၀၀ နာရီထိ ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် 1 ဘင်္ဂလီနှင့် ယှဉ်တွဲနေထိုင်ရေး (အလိုမရှိ) ၂ တရားမ၀င်ရောက်ရှိနေသော ဘင်္ဂလီများ ( ဖယ်ရှားပေး) ၃ ရခိုင်ပြည်အရေး (ဒို့အရေး) ၄ ရခိုင်သားအရေး (ဒို့အေ၇း) ၅ အမျိုးဘာသာ စော်ကားသူ (ဒို့ရန်သူ) တို့ကို ကြွေးကြော်ပြီး တောင်းဆိုခဲ့ကြပါသည်။ သတင်း - ဓါတ်ပုံ Rakhine Straight Views | ||||||||
Posted: 20 Oct 2012 04:35 AM PDT
ရခိုင် ပြည်နယ် ရသေ့တောင် မြို့နယ် ဈေးကုန်တန်း ကျေးရွာတွင် အောက်တို ဘာလ ၈ ရက်နေ့က လူသတ်မူ ဖြစ်ပွား ခဲ့သည်ဟု သတင်း ရရှိသည်။ အသတ် ခံရသူမှာ ဈေးကုန်းတန်း ကျေးရွာနေ
မောင်တင်ထွန်း (၄၁)နှစ် (ဖ) ဦးအောင်သာလှ၏ သားဖြစ်သည်။ ဖြစ်ပွားပုံနှင့် ပတ်သက်ပြီး မယူကမ်းတွင် တည်ရှိသော ဈေးကုန်တန်းကျေးရွာ သားတဦးက---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||||||
Posted: 20 Oct 2012 03:23 AM PDT
ကချင် လွတ်လပ်ရေး အဖွဲ့ KIO နှင့် အစိုးရ တပ်များ အကြား တိုက်ခိုက်မှုများ ပြန်လည် ဖြစ်ပွားလာခဲ့
သည့် တနှစ်ကျော် ကာလအတွင်း မတရား အသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် ကချင် ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းမှ ဒေသခံ ပြည်သူများ ဖမ်းဆီးခံရသူ အနည်းဆုံး ၃၂ ဦးခန့် ထောင်ဒဏ် ချမှတ်ခံရပြီး ဖြစ်ကြောင်း ရှေ့နေ ဦးဂျီမာခါးက ပြောသည်။ ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||||||
Posted: 20 Oct 2012 02:52 AM PDT
စပါးပေါ်ချိန်၌ စပါးဈေး မကောင်း သောကြောင့် စပါးစိုက် တောင်သူများ စပါးဈေးနှင့် စိုက်ပျိုး စရိတ် မမျှဖြစ်နေ သဖြင့် တောင်သူများ အခက်တွေ့ နေကြာင်း ရွှေဘိုခရိုင် ခင်ဦးမြို့နယ် အတွင်း ကျေးရွာများရှိ ဒေသခံ တောင်သူ အချို့ထံက သိရသည်။ “လွန်ခဲ့တဲ့ နှစ်လ လောက်က စပါးဈေး(၆သိန်း)ကျော် ရှိတယ်။ အခု ဈေးကျသွားတာ(၅သိန်း)ကျော်ပဲ ရှိတော့ တယ်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||||||
Posted: 19 Oct 2012 10:43 PM PDT
အကြောင်းအရာ ။ ။ တိုင်းဒေသကြီး ၀န်ကြီးချုပ်၏ အစည်းအဝေး ညွန်ကြားချက်အား တင်ပြခြင်း
ရည်ညွှန်းချက် ။ ။ ၁၉-၁၀-၂၀၁၂ ရက်နေ့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ရုံးတွင် ကျင်းပ ပြုလုပ်သော အစည်းအဝေး ညွန်ကြားချက်။ အထက်ပါ အကြောင်းအရာ ပါတီကိစ္စနှင့် ပတ်သတ်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ပါတီ ဥက္ကဌ ၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည် သည် ကော့မှူးမြို့ နယ် အခြေခံ ပညာ ဦးစီးဌာနမှ ဆရာ ၊ ဆရာမများအား ခေါ်ယူတွေ့ ဆုံခြင်း ၊ စာသင်ချိန်အတွင်း ကျောင်းဝန်း အတွင်းသို့ ဝင်ရောက် ကြည့်ရှု စစ်ဆေးများ ဆောင်ရွက်ခဲ့ပါသည်။ ၄င်းဖြစ်စဉ် အပေါ် တိုင်း ဒေသကြီး ၀န်ကြီးချုပ်မှ "အထက် ဌာန၏ ခွင့်ပြုချက် မရဘဲ ဌာနဆိုင်ရာများသို့ လာရောက် ကြည့်ရှု စစ်ဆေးခြင်းအား ခွင့်မပြုရန် ၊ လိမ္မာ ပါးနပ်စွာ ပြောကြားရန်" ညွန်ကြားခဲ့ ပါကြောင်း သိသာနိုင်ပါရန်နှင့် လိုအပ်သလို ညွန်ကြားနိုင်ပါရန် အစီရင်ခံ တင်ပြအပ် ပါသည်။ By Myanmar News Now
| ||||||||
Posted: 19 Oct 2012 09:29 PM PDT
၁၉/၁၀/၁၂ နေ့ မှာ ရမည်းသင်းမြို့ နယ် ကင်းရွာကျေးရွာနေ မအေးဝင်း အသက်(၃၅) နှစ် နှင့် သူငယ်ချင်း သုံးယောက် ရွှေတော သပြေပင်သဲချောင်း တွင် အင်ဝိုင်းလှဲ့  ရွှေကျင်နေချိန် မိုးကြိုးပစ်ခံ ခဲ့ရကြောင်း Myanmar News Now မှ သတင်း ရရှိပါတယ်။ မျက်မြင်တွေ့ ရှိသူများ ပြောပြချက်အရ လျှပ်စီးသုံးခါ လက်တယ် နောက်ဆုံး တခါမှာ ထိသွားတယ်။ ကျန်နှစ်ယောက်ကတော့ အသက်မသေပေမယ့် တယောက်ကတော့ မိုးကြိုးပစ်ခံရပြီး ၃ နာရီလောက် အကြာမှာ သွေးအမ်ပြီး သေဆုံးသွားတယ်လို့  သိရပါတယ်။ သေဆုံးသူရဲ့ ခေါင်းဆံပင်လည်း မီးလောင်ကျွမ်းခဲ့ပါတယ်။ By Myanmar News Now | ||||||||
Posted: 19 Oct 2012 09:14 PM PDT
ကုလသမဂ္ဂ က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ အရှေ့အာရှ နဲ့ ပစိဖိတ် ဒေသ အတွင်း၊ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတိုင်းမှာ လိင်လုပ်ငန်းမှာ တရားဝင် ခွင့်ပြုမထားဘဲ ရာဇဝတ်မှု အဖြစ် သတ်မှတ် နိုင်နင်း ကြတဲ့ အတွက် HIV ခုခံ စွမ်းအား ကျဆင်းတဲ့ ရောဂါ ပိုမိုကျယ်ပြန့် လာတယ် လို့ ဖေါ်ပြထားပါတယ်။ ဒီအစီရင်ခံစာ အပေါ် မူတည်ပြီး မြန်မာနိုင်ငံတွင်း က လိင်လုပ်သား အမျိုးသမီးလေး တယောက် ကလည်း---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||||||
Posted: 19 Oct 2012 09:06 PM PDT
ပြီးခဲ့တဲ့ ဇွန်လက ရခိုင်ပြည်နယ် မှာ ဖြစ်ခဲ့တဲ့ ပဋိ ပက္ခတွေနဲ့ ပတ်သက်ပြီး လာမယ့်လမှာ တင်သွင်း ရမယ့် အစီရင်ခံစာကို အချိန်မီ ပြီးအောင် လုပ်နိုင်မှာ မဟုတ်ဘူးလို့ ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင် က ပြောပါတယ်။ အလွှာ ပေါင်းစုံက လူတွေ ပါဝင်တဲ့ စုံစမ်းရေး ကော်မရှင်ရဲ့ တွေ့ရှိချက် တွေကို လာမယ့်လ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ သမ္မတဆီ တင်သွင်းဖို့ ဖြစ်ပေမဲ့ စုံစမ်း စစ်ဆေးတဲ့ နေရာမှာ အခက်အခဲတွေ ရှိနေ တယ်လို့ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||||||
Posted: 19 Oct 2012 08:52 PM PDT
မြန်မာနိုင်ငံက သစ်ထုတ်လုပ်မှုကို ၁၉၉၃ ခုနှစ် မတ်လ ၃၁ ရက် နောက်ပိုင်းကနေ နှစ်စဉ် ၂၅ ရာခိုင်နှုန်း လျှော့ချ ထုတ်လုပ်မယ် ဒါ့အပြင် ၁၉၉ရ ခုနှစ်မှာ သစ်လုံးလိုက် မထုတ်တော့ဘူး ဆိုတဲ့ Master Plan သစ်တောဝန်ကြီး ဌာနမှာ ရှိခဲ့ပေမယ့် လက်တွေ့မှာ မလုပ်နိုင်ဘူးလို့ သစ်လုပ်ငန်းရှင် တစ်ယောက်က ပြောပါတယ်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||||||
Posted: 19 Oct 2012 08:44 PM PDT
ဂျပန်နိုင်ငံ အိုကီနာဝါမြို့က အမျိုးသမီး တဦးကို အမေရိကန် ရေတပ် တပ်သား တွေကနေ အဓမ္မ ပြုကျင့်ခဲ့တယ် ဆိုတဲ့ စွတ်စွဲချက် ထွက်ပေါ် လာပြီး တဲ့နောက် ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ အမေရိကန် စစ်မှုထမ်းတွေ အားလုံး ညမထွက်ရ ဆိုတဲ့ အမိန့်ကို ဂျပန်နိုင်ငံမှာရှိတဲ့ အမေရိကန် တပ်ဖွဲ့များရဲ့ အကြီးအကဲက အမိန့်ထုတ် ပြန်လိုက်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||||||
Posted: 19 Oct 2012 08:38 PM PDT
အမေရိကန်ပြည် ထောင်စုအနေနဲ့ ရခိုင်ပြည်နယ်တွင်းက ဒုက္ခသည်တွေ ကူညီရေးအတွက် အမေရိကန် ဒေါ်လာ ၂သန်းနဲ့ ၇သိန်း တိုးပြီးတော့ ကူညီသွားမယ်လို့ ဒီနေ့ နေ့ခင်းပိုင်း အမေရိကန်သံရုံးမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။ အပြည့်အစုံကို သတင်းစာ ရှင်းလင်းပွဲ တက်ရောက်ခဲ့တဲ့ ကိုအောင်ရဲမောင်မောင်က သတင်းပေးပို့ထားပါတယ်။ နေပြည်တော်မှာ ဒီတပတ်တွင်း ကျင်းပခဲ့တဲ့ အမေရိကန်အရာရှိတွေ နဲ့ မြန်မာအစိုးရ အဖွဲ့ခေါင်းဆောင်တွေကြား လူ့အခွင့်အရေးဆွေးနွေးပွဲတွေအြေ ဆွေးနွေးပွဲမှာ အမေရိကန်သမ္မတအိမ်ဖြူတော်၊ အမျိုးသားလုံခြုံရေးဌာန၊ ဒုသမ္မတရုံး အမိမြေလုံခြုံရေး၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေး အထောက်အကူပေးမှု ဆိုင်ရာအဖွဲ့ဝင်တွေ စစ်ဘက်ဆိုင်ရာအရာရှိတွေ မြန်မာအစိုးရဝန်ကြီးတွေ အရာရှိတွေ တက်ရောက်ခဲ့ပါတယ်။ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေထဲမှာ အလုပ်သမားအခွင့်အရေးကိစ္စ၊ ဘာသာရေးလွတ်လပ်ခွင့်၊ ဥပဒေစိုးမိုးရေး၊ တရားရေးစနစ်နဲ့ အတည်ပြုပြီး ပြဌာန်းတဲ့ ဥပဒေတွေကို လေးစားလိုက်နာ အကောင်အထည်ဖော်ရေး ကိစ္စတွေကို ဆွေးနွေးကြပါတယ်။ လုံခြုံရေးနဲ့ လူ့အခွင့်အရေးအကြား ချိန်ခွင်လျှာ ထိန်းသိမ်းရေးကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့တယ်လို့လည်း သံအမတ်ကြီး Derek Mitchellက ပြောဆိုသွားခဲ့တာပါ။ အမေရိကန်စစ်ဘက်ဆိုင်ရာအရာရှိတွေ ဒီကိစ္စတွေနဲ့ပတ်သတ်လို့ သံအမတ်ကြီး Derek Mitchellက အတည်ပြုဖို့ ငြင်းဆိုခဲ့သလို အသေးစိတ်ဖြေကြားဖို့ကိုလည်း ငြင်းဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံကို ရောက်လာတဲ့ အမေရိကန် ဒု နိုင်ငံခြားရေးဝန်ကြီး William Burns ရဲ့ ခရီးစဉ် အဓိက ရည်ရွယ်ချက်ဟာ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေရဲ့ အရှိန်အဟုန်ကို ဆက်ပြီး ထိန်းသိမ်းနိုင်ဖို့ ဖြစ်တယ်လို့လည်း သံအမတ်ကြီး Derek Mitchellကပြောပါတယ်။ ဒုနိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာအစိုးရခေါင်းဆောင်တွေအကြာ မြန်မာနိုင်ငံမှာ အတည်ပြုမယ့် နိုင်ငံခြားရင်းနှီးမြုတ်နှံမှု ဥပဒေကို အနီးကပ်စောင့်ကြည့်လေ့လာနေသလို ရင်းနှီးမြုတ်နှံမယ့် အထူးသဖြင့် မြန်မာနိုင်ငံတွင်းက သယံဇာတတွေကို တူးဖော်ထုတ်လုပ်မယ့် ရင်းနှီးမြုတ်နှံရေးလုပ်ငန်းတွေ လုပ်ကိုင်မယ့် အမေရိကန်ကုမ္မဏီတွေအနေနဲ့ ထင်သာမြင်သာရှိဖို့ ၊ မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားကို အဓိက ထားဖို့နဲ့ တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြုတ်နှံမှုတွေ ဖြစ်စေရေး စတဲ့ အမေရိကန်အစိုးရရဲ့ မူဝါဒတွေကိုလည်း သံအမတ်ကြီး Derek Mitchellက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုရှင်းလင်းသွားခဲ့ပါတယ်။ ရခိုင်ပြည်နယ်အတွင်းက နေရပ်စွန့်ခွာထွက်ပြေးသူတွေအတွ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ အခြေအနေတွေ အပေါ် စောင့်ကြည့်လေ့လာချက်တွေ အရ နောက်ထပ် အကူအညီတွေ ကို ပေးအပ်လိုက်တာဖြစ်ပြီး ပေးအပ်လိုက်တဲ့ အကူအညီတွေကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ကတဆင့် ဒေါ်လာ ၂သန်းနဲ့ ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့ UNICEF ကတဆင့် ဒေါ်လာ ၇သိန်း ၃သောင်း ပေးအပ်လိုက်တဲ့အကြောင်း သံအမတ်ကြီး Derek Mitchellက ပြောဆိုသွားပါတယ်။ ဒီအကူအညီတွေကို ရခိုင်ပြည်နယ်အတွင်းမှာ ရှိတဲ့ ရခိုင်နဲ့ ရိုဟင်ဂျာ လူ့အသိုင်းအဝိုင်းနှစ်ခု စလုံးအတွက် ထောက်ပံ့ပေးမှာဖြစ်ပြီး ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေး ဗွီအိုအေ (မြန်မာပိုင်း) | ||||||||
Posted: 19 Oct 2012 08:34 PM PDT
ရုရှားနိုင်ငံ မှာတော့ နျုကလီယား ထိပ်ဖူးတပ် Missile ဒုံးကျည် ၂ခုကို စမ်းသပ် လွှတ်တင် လိုက်ပါတယ်။ ရုရှားနဲ့ အမေရိကန် နိုင်ငံတွေအကြား NATO စစ်မဟာမိတ် အဖွဲ့ရဲ့ နျုကလီယား လက်နက် ဒဏ်ကာကွယ်ရေး ကွန်ယက် တည်ဆောက်ဖို့ အစီအစဉ်နဲ့ ပတ်သက်ပြီး တင်းမာမှုတွေ ဖြစ်နေချိန်မှာ သောကြာနေ့မှာပဲ ရုရှားက ခုလိုစမ်းသပ်မှုလုပ်ခဲ့တာပါ။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||||||
Posted: 19 Oct 2012 08:26 PM PDT
ရှေ့နှစ် အစောပိုင်းမှာ အာရှဒေသ တွင်းမှာ ပြုလုပ်မယ့် ကမ္ဘာ့အကြီးဆုံး စစ်ရေး လေ့ကျင့်မှုတခု ကို လေ့လာသူ အနေနဲ့ မြန်မာနိုင်ငံကို တက်ရောက် ခွင့်ပေးဖို့ ထောက်ခံတယ်လို့ အမေရိကန် ပြည်ထောင်စုက ပြောလိုက်ပါတယ်။ ဒါဟာ မြန်မာ အစိုးရရဲ့ ပြုပြင် ပြောင်းလဲရေးတွေ ကို အသိအမှတ် ပြုတဲ့အနေနဲ့ ပထမဆုံးအကြိမ်----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||||||
Posted: 19 Oct 2012 08:32 AM PDT
မကွေးတိုင်း ဒေသကြီး အောင်လံမြို့နယ် စစ်အောင် ကျေးရွာ ၌ အောက်တိုဘာ လ ၁၂ရက် နေ့ နေ့လည် ၂နာရီ တွင် ယင်း ကျေးရွာ၌ နေထိုင်သူ နေဝင်းထွန်း သည် ၄င်း ရည်းစားဖြစ်သူ ကို မတွေ့ရ၍ လူငါးဦးကို ဓါးဖြင့် ခုတ်ခဲ့ရာ နှစ်ဦး သေဆုံး ခဲ့ကြောင်း အဆိုပါ မြို့နယ် ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။
အဆိုပါ ပြစ်မှု ကျူးလွန်သူ သည် ၄င်းနှင့် ချစ်ကြိုက် ခဲ့ဖူးသူ မိန်းကလေးနှင့် မိသားစုရှိရာ ယာခင်းဘက် သို့ ငှက်ကြီးတောင် ဓါးကိုင်ကာ အဆိုပါ မိန်းကလေး နှင့် တွေ့ဆုံရန် ကြိုးစားစဉ် တွေ့ခွင့် မပေး သည့် ၄င်း၏ ရည်းစားနှင့် မိသားစုဝင် နှစ်ဦးကို ဓါးဖြင့် ခုတ်ပြီး ပြန်လာစဉ် လွန်ခဲ့သော သုံးနှစ်ခန့် က အမှု ရင်ဆိုင်ခဲ့သူ အမျိုးသမီး နှစ်ဦးကို လမ |
[Message clipped] View entire message
0 comments:
Post a Comment