Saturday, October 6, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၆-၁၀)

သစ်ထူးလွင်



Posted: 06 Oct 2012 04:23 AM PDT
၆.၁၀.၂၀၁၂ နေ့မွန်းလွဲ၂ နာရီတွင် NNDP ဌာနချုပ်တွင် ပြုလုပ်သည့် သင်္ဃန်းကျွန်း မြို့နယ်အတွင်းရှိ အနှေးယဉ် လုပ်သားများ၏ ရင်ဖွင့်သံ အစီအစဉ်တွင် အနှေးယဉ်လုပ်သား ၂၀၀ခန့် နှင့် မီဒီယာ ၂၀ ခန့်တက်ရောက်ခဲ့ကြသည်။

လိုင်စင်မဲ့ အနှေးယာဉ်များအား မတရားတဲ့ နည်းနဲ့ဖမ်းဆီးတာကို ခံနေရကြောင်း ၊တခါအဖမ်းခံရလျှင်
တစ်သောင်းမှ နှစ်သောင်းအထိ ဒဏ်ငွေဆောင်ရကြောင်း၊၄င်းဒဏ်ငွေဆောင်ဖို့ အတွက် ၁၅ ကျပ်တိုးဖြင့်
ချေးငှားပြီး ပေးရကြောင်း တစ်လ နှစ်ကြာသွားရင် အတိုးနဲ့ အရင်းပါ လုံးထွေးကုန်ပြီး မိသားစု စားဝတ်နေရေး ကျမ်းမားရေး၊ပညာရေး ကိစ္စအဝဝများအတွက် အခက်အခဲတွေဖြစ်ပေါ်လာကြောင်း၊မိမိတို့သည် ဥပဒေဘောင်အတွင်း ဝမ်းရေးအတွက် သမာအာဇီဝကျကျ နေပူမိုးရွာမရှောင် ရှာဖွေထားတဲ့ ငွေကြေးတွေကို ဓါးမြ များသဖွယ် မတရားတဲ့နည်းနဲ့ မိုက်ကြေးခွဲနေကြောင်း၊မိမိတို့ထံမှ ရယူသွားသည့် ဒဏ်ကြေးများကိုလည်း နိုင်ငံတော်အတွက်သုံးစွဲ ပါလျှင် ခံနိုင်ပါသေးကြောင်း၊ယခုမှာ အနှေးယာဉ်စီးကမ်းထိန်းသိမ်းရေးအဖွဲ့မှ ကိုယ်ကျိုးအတွက် သုံးနေကြောင်း ဒီအတွက်ကြောင့် မီဒီယာများနှင့် ဘဘဦးသိန်းညွန့်မှ အနှေးယာဉ်လုပ်သားများအတွက် ကူညီဖြေရှင်းစေလိုကြောင်းပြောခဲ့ကြသည်။
  
လိုင်စင်မဲ့အနှေးယဉ်လုပ်သားများမှ တင်ပြချက်အသီးသီး အား မီဒီယာများတွင်ဖေါ်ပြပေးသွားမည်ဖြစ်ပြီး။

ဦးသိန်းညွန့် မှ ပြောကြားရာတွင် လိုင်စင်မထုတ်ပေးသေးသည့်အနှေးယဉ်များ အား ယာယီလိုင်စင်ထုတ်ပေးဖို့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အနှေးယာဉ်လုပ်သားများ၏ တင်ပြစာကို သမ္မတထံတင်ပေးမည်ဖြစ်ပြီးဆက်လက်ဖမ်းဆီး အရေးယူနေအုံးမည်ဆိုပါက မိမိကိုယ်တိုင် စီတန်းလှည့်လည်ခွင့် လိုင်စင်လျှောက်ထားပြီးအနှေးယာဉ်လုပ်သားများဘက်မှရပ်တည်ကာ ဦးဆောင် ဆန္ဒပြသွားမည်ဖြစ်ကြောင်း။
အနှေးယာဉ်လုပ်သားများအား ဂျပိုးသခိုး တွေလိုဆက်ဆံနေခြင်းနှင့် အနှေးယာဉ်လုပ်သားများမှ နေပူ
မရှောင်မိုးရွာမရှောင် ရှာဖွေထားသည့် ငွေကြေးကို ယုတ်မာသည့်နည်းလမ်းဖြင့် မတရားနည်းနဲ့ရယူစားသောက်ကြသည့် စည်ပင်ဝန်ထမ်းများအား ရန်သူမျိုး ၆ ပါးစာရင်းတွင်ထည့်သွင်းသွားမည်ဖြစ်ပြီး ကန့်ကွက်ရှုံ့ချကြောင်းပြောကြားခဲ့သည်။

ကိုသန်းထွန်း

ရင်ဖွင့်သံ အစီအစဉ် တက်ရောက်လာသည့် အနှေးယဉ် လုပ်သားများ




Posted: 06 Oct 2012 04:10 AM PDT
တောင်ကြီးမြို့  ရွှေတောင်ရပ်ကွက်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရပ်ကျေးရုံးခန်း ၌   ငြမ်းစင် ပြိုကျမှု့တွင် ထိခိုက်သေဆုံး သွားခဲ့ကြသော ကျန်ရစ်သူ မိသားစု ဝင်များ အတွက် အလျှူငွေပေးအပ်ပွဲကို ကျင်းပခဲ့ကြကြောင်း သတင်းရရှိပါသည်။

စုစုပေါင်း အလျှူငွေ ၁၁၁၁၀၀၀ ( ဆယ်တစ်သိန်း တစ်သောင်း တစ်ထောင်) ကိုလျှူဒါန်းခဲ့ကြပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် ၊ ၈၈ မျိုးဆက်သစ်ကျောင်းသား(ရှမ်းပြည်နယ်) ၊ မေတ္တာရှင် နာရေးကူညီမူ့အသင်း(တောင်ကြီး) ၊ ရွှေတောင်ရပ်ကွက် ရပ်မိရပ်ဖများမှ စုပေါင်း၍ အလျှူငွေပေးအပ် လျှူဒါန်းခဲ့ကြကြောင်း သိရသည်။

လောကမာန်အောင်ကျောင်းတိုက်  ဆရာတော် ဦးခေမာနန္ဒမှ အလျူငွေ ၅၀၀၀၀(ငါးသောင်း) ကျပ် နှင့် ဆန်အိတ် (၂) အိတ်တို့ကို အသီးသီးလျှူဒါန်းခဲ့ကြပါသည်။

 အခမ်းအနားတွင် ရေစက်ချ အမျှဝေ ခြင်း ၊မေတ္တာပို့ တရားနားခြင်း နှင့် အလျှူငွေ ပေးအပ်ပွဲကို ကျင်းပခဲ့ကြကြောင်းသိရသည်။
“  သူတို့ဘက်မှ အဆင်ပြေအောင် ဆောင်ရွက်နေပါတယ်။ နောက်ပိုင်းကိစ္စကတော့ ကြည့် စီစဉ်ရမှာပေါ့ ” ပာု သေဆုံးသူ၏ ဇနီး မလှိုင်ဌေး မှ ပြောပြပါသည်။

သေဆုံးသူများသည် ၂.၁၀.၂၀၁၂ ရက်နေ့ ညနေ ၂း၃၀ မိနစ်အချိန်တွင် ငြမ်းစင် ပြိုကျမှုတွင် ထိခိုက်သေဆုံးခဲ့ကြခြင်း ဖြစ်ပြီး သေဆုံးသူ ၇ ဦး နှင့် ထိခိုက်ဒဏ်ရာရသူ ၃ ဦး တို့ရှိခဲ့တာလည်း ဖြစ်သည်။

သေဆုံးသူများကို ၄.၁၀.၂၀၁၂ တွင် တိုင်းရင်းပေါင်းစုံ သုသာန် သို့ နေ့လည် ၁၂ နာရီ တွင် အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ နှင့်  မြို့နေ ပြည်သူလူထု အများစုမှ စုပေါင်း၍ လိုက်လံ ပို့အားဆောင်ပေးခဲ့ ကြသည်ပာု သိရသည်။

၎င်း အမှု နှင့် ပက်သက်၍ တာဝန်ရှိသူ ၃ ဦး  ကိုသန့်ဇင်အင်ဂျင်နီယာ (ထွန်းသီရိ ဆောက်လုပ်ရေး ကုမဏီ)၊ ခင်မောင်အေး (လက်ထောက်) ၊ ကျော်စိုး( လက်သမားခေါင်းဆောင်) တို့အား ဒေသဆိုင်ရာ အာဏာပိုင်များမှ ဖမ်းဆီးအရေးယူထားပြီး ဖြစ်သည် သိရသည်။

နေလင်းသိုက်







Posted: 06 Oct 2012 03:53 AM PDT

ရှမ်းပြည်နယ်မြောက်ပိုင်း၊  မူဆယ်မြို့၊ ကောင်းနောင်ရပ်ကွက် တွင်နေထိုင်သူ ဒေါ်နန်းစောရင် ၏ နေအိမ် သို့ သေနတ် အတုဖြင့် စစ်တပ်မှအရာရှိ ဟန်ဆောင်ကာ ကားနှင့်ငွေ လိမ်လည် တောင်းသူအား ဖမ်းမိခဲ့ကြောင်း သိရပါတယ်။ ဒေါ်နန်းစောရင်သည် ခင်ပွန်းသည်သေဆုံးပြီး အမှုရင်ဆိုင်နေရတဲ့ တရားလိုတစ်ဦးဖြစ်ပါတယ်။

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


တရားခံ(၃)ဦးနှင့် သေနတ်အတု၊ အရာရှိကဒ်အတုများပုံ

ရန်နောင်စိုး အသုံးပြုခဲ့သော သေနတ်အတုပုံ

တရားခံ(၃)ဦးစီးလာသည့် နံ့သာရောင် (ပရာဒို)ကားပုံ




Posted: 06 Oct 2012 03:55 AM PDT
မကွေး၊ အောက်တိုဘာ ၆  `ကမ္ဘောဇ`ဘဏ်မှ ငွေထုတ်ပြီး ပြန်လာသူ မိန်းကလေးထံမှ ငွေထုပ်အား ဆိုင်ကယ် စီးယောကျားတစ်ဦးမှ အောက်တိုဘာ ၄ ရက် နေ့လည် ၁၁ နာရီကျော်ခန့်က လိုက်လံလု ယူ ထွက်ပြေး ခဲ့ကြောင်းသိရသည်။ မကွေးမြို့ ဆုံရပ်(၁၃) လမ်းနေ အဘဦးဖိုးတာ၏သမီး မထက်ထက်ခိုင်(၂၅)နှစ်နှင့် ----

သတင်းအပြည့်အစုံ  ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 06 Oct 2012 03:57 AM PDT
ပုဂ္ဂလိကဘဏ်များနှင့် ပတ်သက်သော အခြေအနေ အရပ်ရပ် ကိစ္စများ အားလုံးကို ဗဟိုဘဏ်နှင့် ဘဏ္ဍာ ခွန်ဝန်ကြီးဌာနက လုံးဝတာဝန် ယူကြောင်း ဗဟိုဘဏ် ဒုတိယညွှန်ကြား
ရေးမှူးချုပ် ရန်ကုန်ဘဏ်ခွဲမှ ဦးဝင်းသော်ကပြောကြားသည်။ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဦးဝင်းသော် ရှင်းလင်းပြောကြားနေစဉ်



Posted: 05 Oct 2012 11:46 PM PDT
ကျွန်တော် ဦးသောင်းညွန့် ၁၄/ဖပန(နိုင်)061988 သည် သတင်းထောက် အလုပ်ဖြင့် အသက် မွေးဝမ်းကျောင်း ပြုသူ တစ်ဦးဖြစ်ပြီး၊ ချမ်းသာ ကြွယ်ဝသူ တစ်ဦး မဟုတ်ပါ သဖြင့် (မိသားစု စားဝတ် နေရေးမှာ လုံလောက်ရုံမျှသာ) ယနေ့ထက်တိုင် တယ်လီဖုန်း ၀ယ်သုံးနိုင်သော လူတန်းစားထဲတွင် ပါဝင် နိုင်ခြင်းမရှိသေးသူ တစ်ဦးဖြစ်ပါသည်။

          သို့ပါသော်လည်း (၂၄.၅.၂၀၁၂) ရက်နေ့တွင် ကျွန်တော့်ထံသို့ ဖျာပုံမြို့၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းရုံးမှ ပူးတွဲပါ ပုံအတိုင်း တယ်လီဖုန်း အခွန်ငွေပေးသွင်းရန် တောင်းခံလွှာ ရောက်ရှိလာခဲ့ပါသည်။ ငွေတောင်းခံလွှာတွင် ပါဝင်သော တယ်လီဖုန်းနံပါတ်မှာ လွန်ခဲ့သော နှစ်အတန်ကြာကပင် ကျွန်တော်တို့မြို့တွင် တပ်ဆင်ချထားပေးခဲ့သော တယ်လီဖုန်းနံပါတ် အစဉ်များထဲက တစ်ခုအပါအ၀င်ဖြစ်နေ သည်ကိုလည်း စုံစမ်း သိရှိရပါသည်။

          ငွေတောင်းခံလွှာတွင် ပါဝင်သော နာမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာတို့မှာ ကျွန်တော်၏ နာမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ အမှန်အတိုင်းပင် ဖြစ်နေသည်ကို တွေ့ရှိရပါသည်။ ကျွန်တော်အနေဖြင့် တယ်လီဖုန်း တပ်ဆင်နိုင်သည့် ငွေကြေးပမာဏမျိုး ရှိသူမဟုတ်သဖြင့် ကိုယ်တိုင်ကိုယ်ကျသော်လည်းကောင်း တစ်ဆင့်ခံဖြင့် သော်လည်းကောင်း တစ်ကြိမ်တစ်ခါမျှ တယ်လီဖုန်း တပ်ဆင်ခွင့်ရရန် လျှောက်ထားဖူးခြင်းမရှိပါ။

          ငွေတောင်းခံလွှာပါ တယ်လီဖုန်းနံပါတ်မှာ တစ်ချိန်က တယ်လီဖုန်းတစ်လုံးရရန် ငွေရှိရုံနှင့်မပြီး ဌာနဆိုင်ရာအသိုင်းအ၀န်းနှင့် အဆင်ပြေသူများသာ (အကပ်ကောင်းသူများသာ) ရနိုင်သော ခေတ်အခါက နံပါတ်ဖြစ်နေသည်ကိုလည်း စုံစမ်းတွေ့ရှိရပါသည်။ သို့ဖြစ်ပါသောကြောင့် ထိုတယ်လီဖုန်းမှာ (ဌာနဆိုင်ရာအသိုင်းအ၀န်းမှ) တစ်စုံတစ်ဦးက ကျွန်တော့်၏ နာမည်ကို အလွဲသုံးစားလုပ်ကာ ကိုယ်ကျိုးအတွက် အသုံးချထားခြင်းဖြစ်ကြောင်း ပေါ်လွင် ထင်ရှားနေပါသည်။

          ကျွန်တော့်အတွက် မိမိတွင် အမှန်တကယ်မရှိသော တယ်လီဖုန်းအတွက် အခွန်ငွေပေးဆောင် ရမည်ဆိုသော ကိစ္စမှာ အင်မတန်စိတ်အနှောက်အယှက်ဖြစ်ရရုံသာမက လူအများကြားတွင်လည်း အလွန်ပင်ရယ်စရာကောင်းသော ကိစ္စတစ်ခုဖြစ်နေပါသည်။ ယနေ့အချိန်အခါသည် နိုင်ငံတော်သမ္မတကြီးမှ ဦးဆောင်၍ Clean Government, Good Governance အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နေသော အချိန်ကာလဖြစ်ပါသဖြင့် သမ္မတကြီးနှင့်တစ်ကွ အစိုးရတစ်ရပ်လုံးအား ဂုဏ်သိက္ခာကျဆင်းစေနိုင်သည့် ထိုသို့သော ကိစ္စရပ်များအား တာဝန်ရှိသူများမှ လိုအပ်သလို အရေးယူဆောင်ရွက်ပေးနိုင်ပါရန် ဤနေရာမှတစ်ဆင့် တင်ပြတိုင်ကြားအပ်ပါသည်။

ဦးသောင်းညွန့် (သတင်းထောက်)
အမှတ် (၁၀၈)၊ (၁၁) လမ်း၊ (၁၀) ရပ်ကွက်
ဖျာပုံမြို့





Posted: 05 Oct 2012 11:14 PM PDT
မြန်မာနိုင်ငံ အပေါ် အမေရိကန်က ဘဏ္ဍာရေး ပိတ်ဆို့ အရေးယူ ထားတာတွေကို ဖယ်ရှားပေးနိုင်မယ့် ဥပဒေကြမ်းကို ပြီးခဲ့တဲ့ လတုန်းက ကွန်ဂရက် လွှတ်တော်မှာ အတည်ပြုမှု ရခဲ့ပြီးတဲ့နောက် ဒီဥပဒေကြမ်းကို သမ္မတ အိုဘားမားက မနေ့က သောကြာနေ့တုန်းက လက်မှတ်ထိုး ပေးလိုက်ပါပြီ။----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


လက်မှတ် ထိုးပေးလိုက်တဲ့ အမေရိကန် သမ္မတ အိုဘားမား



Posted: 05 Oct 2012 09:33 PM PDT
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှု တွေဖြစ်အပြီး၊ ၄လကြာမှာ  နိုင်ငံထဲမှာ နေရာ ရွှေ့ပြောင်း
နေထိုင် ဒုက္ခရောက်နေသူ အရေအတွက် ဟာ တိုးပွားလာ နေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်
ဆိုင်ရာရုံး UNHCR က စိုးရိမ်တကြီး ထုတ်ပြော လိုက်ပါတယ်။ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 05 Oct 2012 09:17 PM PDT
အကြမ်းဖက် သမား အဖြစ် စွပ်စွဲခံထားရတဲ့ Abu Hamza အပေါ် စွဲဆိုထားတဲ့ စွဲချက်တွေ အတွက် အမှုရင်ဆိုင်ဖို့ သူ့ကို ဗြိတိန်နိုင်ငံ ကနေ အမေရိကန်ကို လွှဲပြောင်း ပေးတော့မှာ ဖြစ်ပါတယ်၊ Abu Hamza ရဲ့ နောက်ဆုံး အယူခံကို ဗြိတိန် ဗဟိုတရားရုံးက သောကြာနေ့မှာ ပယ်ချလိုက်ပြီး Abu Hamza နဲ့အတူ နောက်ထပ် အကြမ်းဖက်သမား အဖြစ် သံသယရှိသူ ၄ ယောက်ဟာ ----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မွတ်ဆလင် အစွန်းရောက် တရားဟော ဆရာ Abu Hamza al-Masri



Posted: 05 Oct 2012 04:12 PM PDT
ယနေ့ (အောက်တိုဘာ ၅ရက်) ယှဉ်ပြိုင် ကစားသွားခဲ့သည့် ပွဲစဉ်တွင် မြန်မာအသင်းက ပိုကံကောင်း ခဲ့သည်ဟု ဘရူနိုင်း အသင်းနည်းပြ ခွန်အိုစွန်က ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား သွားခဲ့သည်။ ၂၀၁၂ အာဆီယံ ဆူဇူကီးဖလား ခြေစစ်ပွဲစဉ်တွင် ဘရူနိုင်း အသင်းသည် အိမ်ရှင်မြန်မာ အသင်းအား ----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 05 Oct 2012 03:26 PM PDT
Media Activist ကို နိုင်ငံရေး အပြောင်းအလဲ ဖြစ်စေဖို့ မီဒီယာနည်းနဲ့ ကြိုးစားသူလို့ အကြမ်းဖျင်း ဘာ သာပြန်နိုင်မယ် ထင်ပါတယ်။ အခုနောက်ပိုင်း မီဒိယာ အသုံးအနှုံးနဲ့ အင်တာနက် အသုံးနှုံးတွေကို မြန် မာပြန်ရတဲ့ ကိစ္စဟာ သိပ်မလွယ်လှ။ မြန်မာမပြန်ဘဲ မူရင်း အင်္ဂလိပ်စကား အတိုင်းသုံးတာကမှ ပိုပြီး အလုပ်ဖြစ်မလားလို့ တောင်စဉ်းစားနေမိပါတယ်။ ထားပါတော့ ကျနော်ပြောချင်တဲ့ကိစ္စက ဘာသာပြန် တဲ့ အကြောင်းမဟုတ်ပါဘူး။ ဒီနေ့မြန်မာနိုင်ငံမှာ တဟုန်ထိုး ထွန်းကားလာနေတဲ့ Social Media (လူမှု ကွန်ယက် မီဒီယာလို့ တချို့ သတင်းဌာနတွေက ဘာသာပြန်ပါတယ်) အကြောင်းဖြစ်ပါတယ်။


(ဓာတ်ပုံ- Facebook ရဲ့ Facebook မှ) 
တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ Media Activists တွေသိပ်များလာနေတယ်ပေါ့။ ဒါက ကျနော်နဲ့ မိတ်ဆွေဖွဲ့ထားတဲ့ Facebook ပေါ်က ထောင်ဂဏန်းလောက်ရှိတဲ့ လူတချို့ရဲ့ Timeline ကို ကြည့်ပြီး ပြောတဲ့ ရေဘူယျအမြင်ပါ။ ဆိုရှယ်မီဒီယာပေါ်တက်ပြီး အရည်မရအဖတ်မရ ပြောနေတဲ့လူတွေလဲ အများကြီးပါ။ ဒါကလဲ အရှိတရားတခုကို တင်ပြခြင်းသာဖြစ်ပါတယ်။ ကျနော်ဆွေးနွေးမဲ့အကြောင်းရာနဲ့ တိုက်ရိုက်မဆိုင်ပါဘူး။

တကယ်က ခေါင်းစဉ်တပ်ထားတဲ့ Media Activist ဆိုတဲ့စကားလုံးကိုယ်တိုင်က သူများဆီကနေ ကျ နော်ငှားယူထားတာပါ။ ဒီစကားလုံးကိုကြားဖူးသလိုလို ရှိနေတာကြာပြီဖြစ်ပေမဲ့ ပြီးခဲ့တဲ့လအတွင်းက တော့ ဆီးရီးယားစစ်ပွဲကို ဗွီဒီယို-မှတ်တန်းတင်ပြီး YouTube ပေါ်တင်နေတဲ့ လူငယ်တဦးအကြောင်း CNN မှာကြည့်လိုက်ရပါတယ်။ ခေါင်းစဉ်က Media Activist တဲ့။


Strict Media မှ Social Media သို့

CNN မှာပြသွားတဲ့ အဲဒီ ဗွီဒီယို-သတင်းကိုကြည့်ရင်း ငါတို့ကိုယ်တိုင်လဲ Media Activist ဖြစ်ခဲ့ပါလား။ ဖြစ်နေဆဲပါလားလို့စဉ်းစားမိပါတယ်။ လွန်ခဲ့တဲ့နှစ် ၂၀-ကာလလုံးလုံး မြန်မာနိုင်ငံမှာဖြစ်ပွါးခဲ့တဲ့ (အခု ထိလဲ တချီု့နေရာတွေမှာဖြစ်ပွါးနေဆဲပါ) လူ့အခွင့်ရေးချိုးဖေါက်မှုမျိုးစုံကို ရတဲ့နည်းလမ်းပေါင်းစုံနဲ့ စုံ စမ်းရယူပြီး ကမ္ဘာကသိအောင် ကျနော်တို့ဖေါ်ထုတ်ခဲ့ကြပေါ့။

(ဓာတ်ပုံ- DVB ရဲ့ Facebook မှ)

၈၈-အလွန်နဲ့ ၂၀၀၇-မတိုင်မှီကာလတွေကြားမှာတော့ Social Media ကလဲမပေါ်သေး။ အင်တာနက် ဆိုင်တွေ။ လက်ကိုင်တယ်လီဖုန်းတွေကလဲ မတွင်ကျယ်သေး။ ယုတ်စွအဆုံး လိုင်းဖုန်းတောင် သိပ်မရှိ သေးတဲ့အတွက် ရန်ကုန်နဲ့ခပ်လှမ်းလှမ်းက နေရာတခုမှာဖြစ်ပွါးခဲ့တဲ့ လူ့အခွင့်ရေးချိးဖေါက်မှုသတင်း တ ခု ပြည်ပရောက်ဖို့ (ပြည်ကနေ လှိုင်းတိုရေဒီယိုနဲ့ပြန်လွှင့်မှ ပြည်တွင်းကလူတွေက ပြန်သိရ) အရေး က သိပ်မလွယ်လှ။

၂၀၀၇-ရွေဝါရောင်တော်လှန်ရေးကာလမှာတော့ မီဒီယာ အခင်းအကျင်းက နဲနဲပြောင်းစပြုလာပါပြီ။ ၁၉၈၈ တုန်းကလိုမျိုး တိုင်းပြည်ကိုခြံစည်းရုံးခတ်ထားလိုက်ယုံနဲ့ လူရော-သတင်းပါ ထွက်လို့ ၀င်လို့ မရ တော့တဲ့အခြေနေမျိုးမဟုတ်တော့။ လူတွေကိုသေနတ်နဲ့တေ့ပြီး အမိန့်ပေးခြိမ်းခြောက်လို့ရနေသေးပေ မဲ့ နည်းပညာကတော့ သေနတ်ကိုကြောက်ရကောင်းမှန်းမသိ။ တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ ၂၁-ရာစုမှာ အရှိန်အဟုန်ပြင်းပြင်းနဲ့ ထိုးထွက်လာတဲ့ နည်းပညာကို စစ်အာဏာရှင်တွေ သေနတ်နဲ့ တေ့ ခြိမ်းခြောက်နေယုံနဲ့ အလုပ်မဖြစ်တော့ပါ။

တယ်လီဖုန်းလိုင်းတွေကိုဖြတ်။ အင်တာနက်လိုင်းတွေ နှေးသထက် နှေးအောင်။ ဒါမှမဟုတ်လုံးဝ ဖြတ် ထားတဲ့ကြားကတောင် သံဃာင်္တော်တွေရဲ့ လှုပ်ရှားမှုဓာတ်ပုံတွေ။ ဗွီဒီယို- footage တွေက ပြင်ပ ကမ္ဘာဆီ မီနစ်ပိုင်း။ နာရီပိုင်းအတွင်း အရောက်ပို့နိုင်ခဲ့ကြပါတယ်။ အဲဒီအချိန်ထိ ဒီနေ့ခေတ်စားနေတဲ့ Facebook မပေါ်သေးတာကြောင့် Blog တွေကိုဘဲ့ အဓိကသုံးခဲ့ကြတယ်လို့ဆိုပါတယ်။ ဒါဟာ နည်း ပညာတိုးတက်မှုကြောင့် Media Activists တွေက အသားစီးရသွားတဲ့ သာဓက တခုပါဘဲ့။ တနည်း အားဖြင့်ပြောမယ်ဆိုရင်တော့ Strict Media ကို ကိုင်ပြီး အစိုးရပိုင်မီဒီယာတွေကနေ ''ငါတို့ရေးတာကို ဖတ်။ ငါတို့ပြောတာကို နားထောင်။ ငါတို့ပြတာကို ကြည့်'' ဆိုပြီး အမိန့်ဆက်ပေးလို့မရတော့။ ပြည် သူတွေမှာ ရွေးချယ်စရာ လမ်းစတွေ ရှိလာနေပါပြီ။


Social Media နဲ့ ဒီနေ့ မြန်မာ့သတင်းလောက

ဒီနေ့မြန်မာနိုင်ငံလူဦးရေ သန်း ၆၀-၀န်းကျင်မှာ အင်တာနက်သုံးစွဲသူဦးရေ ဘယ်လောက်ရှိမှန်း အတိ အကျ စာရင်းကောက်ထားတာမျိုးမတွေ့ရသေးပေမဲ့ အကြမ်းအားဖြင့်ကတော့ ၂-သန်းကျော် ၃-သန်း လောက် ရှိမယ်လို့ခန့်မှန်းရပါတယ်။ လူဦးရေရဲ့ ၂-ရာခိုင်နှုံးလောက်သာရှိသေးတဲ့အတွက် တခြားနိုင်ငံ တွေနဲ့စာရင် အတော်နဲတယ်လို့ပြောနိုင်ပါတယ်။ ဒါပေမဲ့ ဒီနေ့ (သမ္မတဦးသိန်းစိန်အစိုးရ) အစိုးရခေတ် နဲ့ အယင်အစိုးရ (မဆလ-န၀တ-ခေတ်) ခေတ်ကို နှိုင်းယှဉ်မယ်ဆိုရင် ဒါဟာ ၂-ဆနီးပါးတိုးတက်လာ တဲ့အခြေနေပါ။ အခု ဒိဆောင်းပါးကိုဖတ်နေတဲ့ ခင်ဗျားကိုယ်တိုင်တောင် လွန်ခဲ့တဲ့အစိုးရခေတ်က အင် တာနက် ဆိုင်ကိုမရောက်ဖူးသေး။ email အကောင့်။ Facebook အကောင့်။ Twitter အကောင့်တွေ ဘယ်လိုဖွင့်ရမှန်း မသိသေးဘူးမို့လား။



နောက် န၀တ ခေတ် ပြန်ကြားဝန်ကြီးတဦးကဆိုရင် ''မီဒီယာကို မီဒီယာနဲ့တိုက်မယ်'' လို့တောင် ကြွေးကြော်လိုက်သေးတယ်လေ။ ပြီးတော့ ပြည်ပ မီဒိယာတွေဟာ ပြည်တွင်းရေးကိုဝင်စွက်နေတယ် ။ မမှန်သတင်းတွေလွင့်နေတယ်။ မျိုးချစ်စိတ်မရှိတဲ့ ဒေါ်လာစားတွေဖြစ်တယ်ပြောပြီးတော့ "VOA, BBC ရန်တိုက်ပေးနေသည်။ RFA, DVB သွေးထိုးနေသည်။ ခလောက်ဆန်။ အကောက်ကြံ။ လေလှိုင်း သံ လူသတ်သမား။ နားမယောင်လေနဲ့ သတိထား''... ဆိုတဲ့ ကြွေးကြော်သံတွေကို အစိုးရပိုင် သတင်း စာ နောက်ကျောဖုံးတွေမှာ စာလုံးမဲကြီးတွေနဲ့ဖေါ်ပြ ခြိမ်းခြောက်ခဲ့ပေါ့။

အခုတော့ မယုံနိုင်လောက်အောင်ပါဘဲ့။ အဲဒီလိုခြိမ်းခြောက်ခံခဲ့ရတဲ့ ပြည်ပမီဒီယာတွေနဲ့ ခြိမ်းခြောက်ခဲ့ တဲ့ အစိုးရပြန်ကြားရေးဝန်ကြီးဌာနတို့ပူးပေါင်းပြိး ရန်ကုန်မှာ ပူးတွဲ-မီဒီယာ စီမီနာတွေ လုပ်တဲ့ခေတ်ကို တောင် ရောက်နေပါရော့လား။ ဒီလိုခေတ်ကောင်းပီဆိုတော့လဲ မီဒီယာပေါ်တက်လာလိုက်ကြတဲ့ လူ တွေ (တချိန်က စိုးရိမ်ပြီး ဘာမှမပြောရဲ မဆိုရဲခဲ့တဲ့လူတွေ) ရပ်ကွက်ထဲမှာ အများကြီးပါဘဲ့လား။ Media Activists တွေ မနဲမနော ပါဘဲ့လား။

အဲဒီထဲမှာ အစိုးရသစ် ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီးတောင်ပါတယ်ဆိုရင် စာဖတ်ပရိတ်သတ်ယုံပါ့ မလားပါဘဲ့။ မယုံမရှိပါနဲ့။ မြန်မာ့မီဒီယာလောက တကယ့်ကိုပြောင်းလဲစပြုနေပါပြီ။ ပြန်ကြားရေး ဒု ၀န်ကြီးကိုယ်တိုင် Social Media တခုဖြစ်တဲ့ Facebook မှာ အကောင့်ဖွင့်ပြီး Online Community နဲ့ တိုက်ရိုက် ဆက်သွယ်မှု လုပ်နေပါပြီ။ ခင်ဗျားမှာ Facebook အကောင့်ရှိတယ်ဆိုရင် ဒုဝန်ကြီးကို သူ ငယ်ချင်းအဖြစ် add လုပ်လို့ ရပါတယ်။ ပြီးရင် သူ့ဆီကို တိုက်ရိုက် Message ပို့လို့ရပါတယ်။ Like လုပ်လို့ရပါတယ်။ Share လို့ရပါတယ်။ ဒါတွေဟာ လွန်ခဲ့တဲ့ ၆-လလောက်အထိ မဖြစ်နိုင်ဘူးလို့ထင် ထားခဲ့တဲ့ အရာတွေပေါ့။


Social Media ဆိုတာ ဘာတွေလဲ

အွန်လိုင်းမီဒီယာအကြောင်းလေ့လာသူတွေ။ Social Media အကြောင်း သုတေသနလုပ်သူတွေရဲ့ အ ပြောတိုင်းဆိုရင် Mainstream (ပင်မရေစီးကြောင်း) မီဒီယာတွေဖြစ်တဲ့ TV, Radio, Newspaper တွေ မဟုတ်တဲ့ တဦးချင်းလွတ်လပ်စွာရေးနိုင်။ ပြောနိုင်တဲ့နေရာတွေကို Social Media လို့ခေါ်ပါတယ်။ ဆို လိုတာကတော့ အစိုးရ။ အဖွဲ့စည်း။ လူပုဂိုလ် တခုခု။ တဦးဦးကနေ တာဝန်ခံထုတ်လုပ်တာမျိုးမဟုတ် တဲ့။ တဦးချင်း တာဝန်ခံမှုနဲ့ (ဘယ်သူမှတာဝန်မခံတာလဲဖြစ်နိုင်ပါတယ်) လုပ်တဲ့ မီဒီယာလို့ပြောနိုင် မယ်ထင်ပါတယ်။


အဲဒီထဲမှာဘာတွေပါသလဲဆိုတော့ အခုမြန်မာနိုင်ငံမှာ အထွန်းကားဆုံးဖြစ်နေတဲ့ Facebook ပါ ပါ တယ်။ ပြီးရင် LinkedIn, Twitter, Google+ စသဖြင့်။ နောက်တခါ blogs, YouTube, wikis စသည် စသည် အများကြီးပါဘဲ့။ စာရိုက်တာ။ ဓာတ်ပုံပို့တာ။ ဗွီဒီယို ပို့တာ။ ရှယ်တာ စသဖြင့် ခင်ဗျားလုပ်ချင်တဲ့ အကြောင်းရာပေါ်လိုက်ပြီး နောက်ထပ် အလကားဝန်ဆောင်မှုပေးတဲ့ အွန်လိုင်း ဆိုရှယ် မီဒီယာ ကရိယာတွေ အများကြီး ရှိပါသေးတယ်။ ဒါက လောလောဆယ်ရှိသမျှကိုပြောနေခြင်းပါ။ နည်းပညာက နေ့စဉ်နဲ့ အ မျှတိုးတက်နေတာဆိုတော့ မနက်ဖြန် သဖက်ခါမှာ Facebook, Twitter, Google+ ထက်ပိုပြီး ခေတ်မှီ လူကြိုက်များတဲ့ Social Media တွေလဲ ပေါ်လာနိုင်ပါသေးတယ်။

Social Media တွေဘယ်လောက်အထိသြဇာကောင်းလာသလဲဆိုရင် ကမ္ဘာကြီးရဲ့တနေရာရာမှာ အ ရေးကြီးသတင်းတခုခု စဖြစ်ပြီဆိုရင် AP, AFP, Reuter အပါဝင် Mainstream သတင်းဌာနတွေထက် Facebook, Twitter အပါဝင် Social Media တွေမှာ (သတင်းဌာနကြီးတွေလို အတည်ပြုချက်ယူဖို့ စောင့်နေစရာမလိုတာကြောင့်) ပိုဦးပြီးမြင်ရလေ့ရှိတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ ဒါကြောင့် Twitter ကို Social Media Wire သတင်းဌာနအဖြစ် သတင်းထောက်အတော် များများက ပုံမှန်ဝင်ကြည့်နေကြပြီလို့သိရပါတယ်။ အလားတူဘဲ့ ထူးခြား ဗွီဒီယို-တွေရနိုင်ဖို့အတွက်ဆို ရင် YouTube ကို ရုပ်-သံ သတင်းထောက်တွေက ပုံမှန်ဝင်ကြည့်နေကြပြီလို့လဲဆိုပါတယ်။

မြန်မာသတင်းသမားတချို့။ Media Activist တချို့တွေလဲ ဒီလိုဘဲ့ဝင်ကြည့်နေကြမယ်လို့ထင်ပါတယ်။ ဒါပေမဲ့
အရေးကြီးဆုံးတချက်ကတော့ Social Media ဆိုတာဟာ ရှေ့မှာ နိဒါန်းခံခဲ့တဲ့အတိုင်း ဘယ်သူမှ တာဝန်ခံ မှုအတိအကျမရှိတဲ့အတွက်။ ဒါမှမဟုတ် တယောက်ယောက် လက်ဆော့ပြီး။ နောက်ပြောင်ပြီးဖြစ်စေ။ တမင် ရည်ရွယ်ချက်နဲ့ဖြစ်စေ မမှန်သတင်း။ ချဲ့ကားသတင်း စသဖြင့် တင်မထားဘူးလို့ မဆိုနိုင်ပါဘူး။

ဒါကြောင့် Social Media ကို သတင်းအစအန ရနိုင်တဲ့ Initial Sources တခုအနေနဲ့ဘဲ့သဘောထားပြီး အဲဒီက ရသမျှအချက်လက်တိုင်းကို အတည်ပြုချက်ရအောင်လုပ်ဖို့။ အင်တာဗျုးတွေရအောင်လုပ်ဖို့ လိုတယ်လို့ မီဒီယာကြွမ်းကျင်သူတွေကပြောပါတယ်။

Twitter ဟာ Social Media ရဲ့ သတင်းဌာလို့တောင် တင်စားခေါ်နေကြပေမဲ့ မြန်မာအွန်လိုင်း ကွန်မြူနတီမှာတော့ အခုချိန်ထိ  Facebook တခုကိုဘဲ့ ကြယ်ကြယ်ပြန့်ပြန့်သုံးနေတာတွေ့ရပြီး တခြားမီဒီယာတွေကိုသုံးတာ သိပ်မတွေ့ရသေးပါဘူး။ တာဝန်ခံမှု။ တာဝန်ယူမှုအရဆိုရင် Twitter ဟာ အကောင်းဆုံးဖြစ်တယ်လို့လေ့လာသူတွေကပြောနေပေမဲ့ မြန်မာ တွေအကြား Twitter သုံးတာ သိပ်မတွေ့ရသေးပါဘူး။
(ဒီနေ့ဝင်လာတဲ့သတင်းတွေအရ Facebook အသုံးပြုသူဦးရေ သန်း တထောင်။ ၁-ဘီလီယံ-အထိရှိသွားပြီလို့သိရပါတယ်)


Media Activists တွေ အွန်လိုင်းပေါ် ဘာတွေတင်နေသလဲ

ပြန်ကြားရေးဌာန ဒု ၀န်ကြီးကိုယ်တိုင် Social Media ကိုသုံးနေပြီဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ Social Media လှိုင်းဟာ တခြားနိုင်ငံတွေထက် သုံးစွဲသူဦးရေနဲနေသေးရင်တောင် အရေးပါအရာရောက်မှုက တော့ မလျော့နိုင်ဘူးလို့ထင်ပါတယ်။ မြန်မာနိုင်ငံအတွင်း သတင်းတခုဖြစ်ပြီဆိုတာနဲ့ BBC, VOA, RFA, DVB ရေဒီယိုတွေမှာ သတင်းမလာခင်။ ဧရာဝတီ။ မဇျိမ။ စသဖြင့် အင်တာနက်တွေမှာ သတင်းမလာ ခင်။ ယုတ်စွအဆုံး ပြည်တွင်း ဂျာနယ်တွေရဲ့ အင်တာနက်စာမျက်နှာမှာတောင် သတင်းမတက်ခင်မှာ Facebook မှာ အယင်မြင်နေရတာကို ကျနော်သတိပြုမိပါတယ်။



ဒါပေမဲ့ အရေးကြီးတာကတော့ ဘယ်လိုသတင်းတွေတင်နေတာလဲ ဆိုတာကိုတော့ အွန်လိုင်းကွန်မြူန တီကပုဂိုလ်တွေ အသေချာလေ့လာဖို့လိုမယ်ထင်ပါတယ်။ ၀န်ကြီးက သူဌာနကောင်းကြောင်းတွေချည်း တင်နေသလား။ နိုင်ငံရေးပါတီတွေက သူတို့ပါတီ ၀ါဒဖြန့်ချီရေးတွေချည်းတင်နေတာလား။ ပရိတ်သတ် အများစုက အဲဒီလို အထင်ကရ နည်မည်ကြီးသူတွေ တင်တာနောက်ကိုဘဲ့လိုက်ပြီး Like လုပ်လိုက်။ Share လုပ်လိုက်။ Comment ရေးလိုက်လုပ်နေကြတာလား။ တကယ့် အဖိနှိပ်ခံပြည်သူတွေရဲ့ဘ၀ နစ်နာမှုအကြောင်း တင်ပြတဲ့သတင်းတွေ။ လူအများစုနဲ့ဆိုင်တဲ့သတင်းတွေကို Like, Share, Comment လုပ်နေကြာတာလား။

အမှန်တိုင်းဝန်ခံရရင် သတင်းဖြစ်တဲ့အရပ်နဲ့အဝေးကြီးမှာရောက်နေတဲ့ ကျနော့်လိုပုဂိုလ်မျိုးတွေက တော့ ဘာပုံမှ ကိုယ်ပိုင်တင်ဖို့သိပ်မလွယ်လှပါဘူး။ ဒီတော့ သူများတင်ထားတဲ့ ပုံတွေကိုဘဲ့ အများပြည် သူသိသင့်တယ်ထင်ရင် ထပ် Share ပေါ့။ Comment ရေးပေါ့။ Like လုပ်ပေါ့။ ဒါဟာ ဒီနေ့ အဝေး ရောက် အွန်လိုင်းကွန်မြူနတီက ပုဂိုလ်တွေရဲ့ နေ့စဉ်လုပ်ငန်းတွေထဲက တခုဘဲ့မို့လား။

ကချင်ပြည်နယ်မှာ စစ်ပွဲတွေဆက်ဖြစ်နေဆဲပါ။ ဒီအကြောင်း သတင်း။ ဓာတ်ပုံ။ ဗွီဒီယို ပုံ ဘယ်လောက် များများ Facebook မှာတက်နေသလဲ။ ဆီးရီးယားက Media Activist လို စစ်ပွဲထဲအထိဝင်ပြီး ဗွီဒီယိုရိုက် YouTube ပေါ်တင်သူ။ Facebook ပေါ်တင်သူ ဘယ်နှစ်ဦးရှိသလဲ။ ရသမျှ တင်ထားတဲ့ ထဲက သတင်းတွေ။ ပုံတွေကို လူဘယ်လောက်များများက Like, Share, Comment လုပ်ကြသလဲ။ 


မုံရွာ ကြေးနီတောင်ဖက်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာပြသာနာတွေ။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြသာနာတွေ။ လယ်မြေအသိမ်းခံရမှုပြသာနာတွေ ရှိနေဆဲဖြစ်ပါတယ်။ ဆီးရီးယားက Media Activist လို အခင်းဖြစ်တဲ့နေရာအထိဝင်ပြီး ဗွီဒီယိုရိုက် YouTube ပေါ်တင်သူ။ Facebook ပေါ်တင်သူ ဘယ် နှစ်ဦးရှိသလဲ။ ရသမျှ တင်ထားတဲ့ထဲက သတင်းတွေ။ ပုံတွေကို လူဘယ်လောက်များများက Like, Share, Comment လုပ်ကြသလဲ။

မန္တလေးတိုင်း။ ဧရာဝတီတိုင်းနဲ့ နေရာတချို့မှာ ရေးကြီးရေလျှံဖြစ်နေပါတယ်။ တချိန်းမှာဘဲ့ စစ်တပ်နဲ့ စစ်တပ်နောက်ခံပေးထားတဲ့ စီးပွါးရေးသမားတွေက လယ်သမားပိုင် လယ်တွေကို အတင်းအဓ္ဒမသိမ်း ထားတာအများကြီးရှိနေဆဲဖြစ်ပါတယ်။ ဆီးရီးယားက Media Activist လို အခင်းဖြစ်တဲ့ နေရာအထိ ၀င်ပြီး ဗွီဒီယိုရိုက် YouTube ပေါ်တင်သူ။ Facebook ပေါ်တင်သူ ဘယ်နှစ်ဦးရှိသလဲ။ ရသမျှ တင် ထားတဲ့ထဲက သတင်းတွေ။ ပုံတွေကို လူဘယ်လောက်များများက Like, Share, Comment လုပ်ကြ သလဲ။

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် နိုင်ငံခြားရင်းနှီးမှုဆိုင်ရာပြသာနာတွေ။ သဘာဝပတ်ဝန်း ကျင်ဆိုင်ရာပြသာနာတွေ။ မြေယာသိမ်းမှုတွေ။ လက်နက်ကိုင် အခွန်ကောက်မှုတွေ အများကြီး ဖြစ် နေပါတယ်။ ဆီးရီးယားက Media Activist လို အခင်းဖြစ်တဲ့နေရာအထိဝင်ပြီး ဗွီဒီယိုရိုက် YouTube ပေါ်တင်သူ။ Facebook ပေါ်တင်သူ ဘယ်နှစ်ဦးရှိသလဲ။ ရသမျှ တင်ထားတဲ့ထဲက သတင်းတွေ။ ပုံ တွေကို လူဘယ်လောက်များများက Like, Share, Comment လုပ်ကြသလဲ။


(ဓာတ်ပုံ- Dawei Watch မှ)  
ဒီဥပမာတွေဟာ အဖိနှိပ်ခံလူထု။ အများပြည်သူတွေရဲ့ဘ၀နဲ့ဆက်စပ်နေတဲ့အတွက် အရေးကြီးတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ စစ်မြေပြင်။ ကျေးလက်ဒေသ။ တောကြိုတောင်ကြား။ လှေတတန်။ ကားတတန် နဲ့ သွားရမဲ့နေရာတွေဆိုတော့  သတင်းယူဖို့ ခက်တာပေါ့။ နေပြည်တော်ပါလီမန်။ ရန်ကုန်က စီမီနာ။ ပါတီဌာနချုပ်က သတင်းစာရှင်းပွဲတွေလောက် ဘယ်လွယ်ပါ့မလဲ။

ကဲ...ခင်ဗျား ဘယ်နေရာတွေကိုသွားပြီး ဘာပုံတွေတင်မလဲ။ နေပြည်တော်ကိုလား-လွိုင်ဇာကိုလား။ ရန်ကုန်ကိုလား- ကြေးနီးတောင်ကိုလား။ ပါတီဌာနချုပ်ကိုလား- ကျေးလက်ကပါတီဝင်တွေဆီကိုလား။

Media Activist တွေ ပိုမိုထွန်းကားလာဖို့ မျော်လင့်ရင်း...။

ထက်အောင်ကျော်။
e-mail: kokokyaw22@gmail.comwinhtein201@gmail.com
twitter: @hak201
http://facebook.com/htetaungkyaw201
blog: http://www.htetaungkyaw201.blogspot.com
http://www.youtube.com/user/kokokyaw201?feature=results_mai

Posted: 05 Oct 2012 03:34 PM PDT
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် ဝါးတစ်ရာ စက်မှုဇုန်မှာရှိတဲ့ တော်ဝင်မိသားစု ကုမ္ပဏီပိုင် သစ်အချောထည် စက်ရုံက အလုပ်သမား ၂ ရာလောက်ဟာ သတ်မှတ်ထားတဲ့ ရက်အတွင်း စာချုပ် ချုပ်ဆိုပေးဖို့ သဘောတူထားတာကို အလုပ်ရှင်ဘက်က အကောင်အထည် မဖော်ပေးတဲ့အတွက် စက်ရုံဝင်းအတွင်းမှာ ဒီကနေ့မနက်ပိုင်းက ဆန္ဒပြခဲ့ပါတယ်။

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


RFA
၂ဝ၁၂ အောက်တိုဘာလ ၅ ရက်နေ့က ရွှေပြည်သာမြို့နယ် ဝါးတစ်ရာ စက်မှုဇုန်ရှိ တော်ဝင်မိသားစု ကုမ္ပဏီပိုင် သစ်အချောထည် စက်ရုံ အလုပ်သမားများ စက်ရုံဝင်းအတွင်း ဆန္ဒပြနေစဉ်။



Posted: 05 Oct 2012 03:39 PM PDT
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန့်ကျင်တဲ့အနေနဲ့ အခေါင်းပုံစံလုပ်ပြီး မီးရှို့ ဆန္ဒပြခဲ့တဲ့ ကိစ္စအပေါ် ဒေသခံတွေနဲ့ ဒေသခံတွေကို ကူညီသူတွေ၊ ကျောင်းသားခေါင်းဆောင်တွေ စုစုပေါင်း ၁၆ ယောက်ကို တရားစွဲဖို့ စီမံကိန်း တာဝန်ရှိသူတွေက ဆားလင်းကြီးမြို့နယ် ရဲစခန်းမှာ မနေ့က အမှုဖွင့်လိုက်တယ်လို့ သတင်းရရှိပါတယ်။

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Photo courtesy of Aung Nay Myo Facebook
၂၀၁၂ ခုနှစ် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်က လယ်ယာမြေအသိမ်းခံ ဒေသခံလူထုက အခေါင်းတု (၃) ခုကို မီးရှို့ပြီး ဆန္ဒပြနေကြစဉ်။


Posted: 05 Oct 2012 03:43 PM PDT
သမ္မတ ဦးသိန်းစိန်က လာမယ့် အောက်တိုဘာလ ၈ ရက်နေ့မှာ တောင်ကိုရီးယား နိုင်ငံကို ချစ်ကြည်ရေး ခရီး သွားရောက်ဖို့ ရှိပါတယ်။ တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ်ရဲ့ ဖိတ်ကြားချက် အရ သွားရောက်မယ့် အဲဒီ ခရီးစဉ် အတွင်း နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ ရင်းနှီး မြှုပ်နှံမှု၊ အခြေခံ အဆောက်အဦ တည်ဆောက်ရေး ကိစ္စရပ် တွေကို ဆွေးနွေး ကြမှာ ဖြစ်ပါတယ်။


သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


တောင်ကိုရီးယား သမ္မတရဲ့ ဖိတ်ကြားချက်အရ သမ္မတ ဦးသိန်းစိန် သွားရောက်မှာဖြစ်



Posted: 05 Oct 2012 03:50 PM PDT
ကရင် အမျိုးသား အစည်းအရုံး KNU ရဲ့ လက်နက်ကိုင် တပ်ဖြစ်တဲ့ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLAရဲ့ စစ်ဦးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးနဲ့ KNU ထိပ်ပိုင်း ခေါင်းဆောင်၂ဦးကို ရာထူးက ဖယ်ရှားလိုက် ကြောင်း ဒီရက်ပိုင်း အတွင်း သတင်းတွေ ထွက်ပေါ်နေပေမဲ့ တရားဝင်စာ သို့မဟုတ် ကြေးနန်း မရရှိသေးကြောင်း ဖားအံခရိုင် ဥကဌ ပဒိုစောအောင်မော်အေးက ပြောပါတယ်။ ဒီလို ထုတ်ပယ်တာ မှန်ကန်တယ် ဆိုရင်တော့ အဖွဲ့တွင်း အကွဲအပြဲ မဖြစ်စေဖို့ ပြန်လည် ညှိနှိုင်းဖို့ လိုအပ်မယ်လို့ ဆိုပါတယ်။----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...