Monday, October 22, 2012

စကြ၀တေးမင်းဆု


ဟိုရှေးရှေးတုန်းက နေ ပြည်တော်အာဏာစက် မရောက်နိုင်တဲ့ နေရာ မှာလူဆိုးသူခိုးတေလေဂျပိုးတွေ နေတဲ့ အလွန့် အလွန်ကို ကြီးမားတဲ့ နေရာတခုရှိသတဲ့။ အဲ့ဒီနေရာမှာဘုရင်မရှိတဲ့အခါကျတော့ ခုဏကောင်တွေ အားလုံးပေါင်းပြီး ဘုရင်တယောက်ကို ရွေးလိုက်ကြတော့တာပေါ့။ အဲ့ဒီလို နဲ့ အမိုက်ဆုံးနဲ့ ညဏ်ပညာမရှိဆုံး တကောင်က ဘုရင်ဖြစ်လာပါလေရော့လား. သူလည်းဘုရင်ဖြစ်ရော တတိုင်းပြည်လုံးမှာရှိတဲ့ ပစ္စည်းမှန်သမျှကို ငါးမူးနဲ့ပဲ ရောင်းခိုင်းတော့တယ်။ သုဟာသူ အပြင်မှာ ဘယ်လောက်ပဲ ဈေးများများ သုနိုင်ငံမှာတော့ ငါးမူးပဲ.တပွဲ ကို ၈၀၀ကျပ် လောက်ဈေးရှိတဲ့ ထမင်းကစားငါးမူး ပဲပေးရတယ်။

တနေ့ မှာတော့ ဒေသန္တရ ဗဟုသုတရှာဖို့ ထွက် လာတဲ့ တက္ကသီလက ဆရာနဲ့သုရဲ့ အထူးချွန်ဆုံးတပည့် လည်ရင်းပတ်ရင်းနဲ့  အဲ့ဒီနိုင်ငံရောက်လာကြတာပေါ့။
ဆရာ တော့အဲ့ဒီဒေသကို သိပ်သဘောမတွေ့ ဘူးပေါ့။ သုတပည့် ကတော့ မတရားသဘောကျတယ်. အရာအားလုံးငါးမူးကို နော်။သူ့မှာ ကပိုက်ဆံ ၈သိန်းတောင်ပါလာတာဆိုတော့ တသက်လုံး နေလို့ ရတယ် လို့ပြောလို့ ရတာပေါ့။ ပြန်မယ့် အချိန်လည်းရောက်ရော တပည့်ဖြစ်တဲ့သူ ကမပြန်ချင်တော့ဘူး။ဆရာကပြောတယ် "ဒီမှာ ငါ့တပည့် စဉ်းစားညဏ် မရှိတဲ့သူ အုပ်ချူပ်တဲ့တိုင်းပြည်မှာမနေ သင့်ဘူး"တို့ ဘာတို့ ပေါ့လေ။ တပည့် က တော့ "ကျနော် ကဒီနေရာမှာနေရင် တသက်လုံး ထိုင်စားနေလို့ ရတယ် ဆရာကြီးရေ ပညာသင်တာ ကအဲ့ သလို နေ ဖို့ ပဲလေ"တို့ ဘာတို့ ပြော ပြီးတော့ နေချင်ကြောင်းကို ထိုင်ပြောနေတော့ ဆရာ ဖြစ်သူ လက်လျှော့ ရတာပေါ့ ဆရာပြန်ခါနီး သုတပည့်ကို ဂါထာတပုဒ် သင်ပေးလိုက်တယ်တပည့်ကြီးရေ တကယ်လို့ ဆင်းရဲ ဒုက္ခတွေ့ နေ ရရင် ဒီဂါထာ ကို တခါရွက်လိုက် ဆရာရောက်လာမယ် လို့ ပြောပြီးတော့ ပြန်သွားပါလေရောတပည့် က လည်း ဟုတ်ကဲ့ခင်ဗျား လို့ ပြော ပြီး အဲ့ဒီ နိုင်ငံမှာ နေခဲ့တော့တာပေါ့ ပြီးတော့ ငါးမူးတန် အစားအစာတွေ စားရင်နဲ့ မတရား ကြီး ကို ၀လာတယ်.၀တာမှ တကယ် ကို အကြီးအကျယ် ၀လာတာ.

တရက်မှာအဲ့ ဒီနိုင်ငံမှာ သူခိုးတယောက် သေဆုံးသွားတယ်ဘာ လို့ လည်း ဆို တော့အမတ်ချူပ်ကြီးရဲ့ နေ အိမ်ကို အုတ်တံတိုင်း အပြင်ဘက်ကနေ ပြီးတော့ မြောင်းဖောက်ပြီး ၀င်တာအုတ်တံတိုင်း ပြို ကျလို့ ခေါင်းပြားပြီး သေသွားတယ်။သူခိုးမိန်းမက မကျေနပ်ဘူး ဘုရင် ကြီးကို သွားတိုင်တယ်

"အိုဘယ့် ရေရှင် မြေရှင် ခြံစည်းရိုးပိုင်ရှင် ဘ၀ရှင် အမိုက်တကာထိပ်ခေါင် ကိုယ်တော်မြတ်ကြီးဘုရားအကျွန် မျိုး ချစ်လင် မတော်မတရားသေဆုံးခြင်းကို ကို တရားမျှတမှု ရှိစေတော်မူပါ သခိုးများမယားကျွေးရန် စီးပွားရှာ ခြင်းသာဖြစ် ပေသည်.မရှိသောကြောင့် ခိုး မိခြင်းကို အ ပြစ် ဟု မဆို သင့်ပါအရှင်မင်းကြီးဘုရား" ဆိုပြီး လျှောက်ထားတယ်

ဘုရင် ကလည်း တရားမျှတမှုဆိုတာကြီးကို မြတ်နိုးတတ်သလို လို ဖြစ် လာတယ်။အဲ့ဒါနဲ့  အမတ်ချူပ် ကြီးကို သေဒဏ် ပေးလိုက်တယ် သေဒဏ်ဆိုတာက ကြိုးပေးသတ်စေ ပေါ့

အမတ်ချုပ်ကြီးကအယူခံဝင်တယ် "အရှင်မင်းကြီး ထိုအခြင်းအရာမှာ ပန်းရံဆရာနှင့်သာ သက်ဆိုင်ပါသည်"

ဒါနဲ့ ပန်းရံဆရာ ကြိုးပေးခံလိုက်ရရောပန်းရံ ကလည်းလျှောက်ပြန်တယ် "မှန်လှပါဘုရား အကျွန်နှင့် လားလားမျှသက်ဆိုက်ခြင်းမရှိပါ ဘိလပ်မြေရောစပ်သူ အလုပ်သမား အသုံးမကျမှုကြောင့် ဖြစ်ပါသည်"

ဘိလပ်မြေရောစပ်သူ ထိုအလုပ်သမားအားယခုချက်ချင်းပင် သေဒဏ်ပေး၍ တရားမျှတမှုကို တည်ဆောက်အံ့ မောင်အလုပ်သမားကလည်းလျှောက်တင်ပြန်တယ် ဘ၀ရှင်မင်းတရားကြီးခင်ဗျား "ရေထမ်းသမား ရေပို ဖြည့်ထားသောကြောင့်ဖြစ်ပါသည်"

ရေထမ်းသမားအားသေဒဏ် သူလည်းမခေပါဘူး လျှောက်လိုက်တာကတော့ "အရှင်မင်းကြီး အကျွန်ရေဖြည့်ခြင်းမှာပုံမှန်သာဖြစ်ပါသည် အိုးကြီးနေပါသောကြောင့် ရေပို ထည့်မိခြင်းဖြစ်ပါသည်"

အိုးထိန်းသည်အားသေဒဏ်ပေးစေ သူကထပ်လျှောက်တင်ပြန်တယ် "အကျွန်လက်က ပုံမှန်လက်ပါခင်ညား ပုံမှန်အတိုင်းဆိုရင် ရေအိုးကြီးစရာ အကြောင်းမရှိပါဘူး ဒါပေမယ့် အဲ့ဒီနေ့ က အိုးလုပ်နေတုန်း အင်မတန်တောင့်ဖြောင့်တဲ့ အမျိုးသမီးအကျွန်ရှေ့က ခဏခဏ ဖြတ်သွားဖြတ် လာလုပ်ပါတယ် ထိုအမျိုးသမီးအား ငေးကြည့်မိသောကြောင့် အိုးကြီးရခြင်းဖြစ်ပါသည်"

လာထားဖြတ်လျှောက်သော ထိုအမျိုးသမီးအား သေဒဏ်အမျိုးသမီးက ထပ်လျှောက် ပြန်တယ် "မှန်လှပါ ကရုဏာ ကြီးမားလွန်းပြီးအစွန်းရောက်မိုက်ခြင်းတရားဖြင့် နိုင်ငံတော်ကို သာယာဝပြောလှစေသူ ဘ၀ရှင်မင်းတရားကြီးရှင်အကျွန်မျိုးမ ဖြတ်လျှောက်ခြင်းမှာ ဒိုဘီအား အ၀တ်အပ်ထား၍ လျှော်ပြီးမပြီး သွားရောင်စစ်စေး ခြင်းသာ ဖြစ်ပါ သည် မပြီးသောကြောင့် အကြိမ်ကြိမ် သွားမေးရခြင်း ဖြစ်ပါ သည်"

ဒီလို နဲ့ ပဲ ဒိုဘီကို လှမ်းခေါ်လိုက်တယ် ဘုရင်ကြီး မိန့်တော်မုပုံ က "မောင်မင်းအသင်အ၀တ်အစား ကို အချိန်မှီ မလျှော်ဖွပ်နိုင်သောကြောင့် ထိုမိန်းမအကြိမ်ကြိမ်ဖြတ်ရလေသည် ငေးမိသော အိုးထိန်းသည် ကြောင့် ထိုအိုးသည် နဂိုအရွယ်အစားထက် ကြီးမားလာတော့သည် ရေ ဖြည့်သောလုလင်က ရေ ပို ဖြည့်မိလေရာ ဘိလပ်မြေရောစပ်သောသူ က ရေများများ လောင်း၍ အင်္ဂ့တေ ပျော့သွားသည်ထို့ ကြောင့် ပင် ပန်းရံဆရာ တည်ဆောင်သော အမတ်ချူပ်ကြီးနေအိမ် အုတ်တံတိုင်း ပြို ကျ၍ သူခိုးသေဆုံးရလေသည်"

"ငါကိုယ်တော်မြတ်၏ သေချာတိကျသော ဆက်ဆပ်တွေးခေါ်မှုကြောင့် အသင်တရားခံပြေးမလွှတ်တော့ချေ အသင်၏ထင်ရှား ကြီးမားလွန်းလှသော ပြစ်ချက်အတွက် သေဒဏ်"

ကံဆိုးချင်တော့ ကြိုးကွင်းက အသေကြီး အလျှော့အတင်းလုပ်လို့ မရ ဘူးဒိုဘီက အရမ်းပိန်လွန်းတဲ့အခါ ကြတော့ ဘယ်လို မှ စွပ်လို့ မရဘူး

ဘုရင်ကြီးက အသိညဏ် ကြီးမားစွာနဲ့ မိန့် တော်မူတယ် "ဒီကောင့်ခေါင်းက မတော်ဘူးတော်တဲ့ ကောင်ကို ရအောင်ရှာ ပြီး ကြိုးပေးလိုက်ပေါ့"

ဒီလို နဲ့ မင်းချင်းတို့ ရှာလိုက်ကြတော့ ခုဏက တပည့်ကလေး ကို သွားတွေ့ တယ်သူက အရမ်းဝနေတော့ ကြိုးကွင်းနဲ့ ကွက်တိဖြစ်နေ တာကိုးသူ့ကို သေဒဏ် ချလိုက်ရော။

တပည့်က ဆရာပေးတဲ့ ဂါထာကို မန်းမုတ်လိုက်တယ်ဆိုရင်ပဲ ဆရာ ချက်ချင်းရောက်လာတယ် ဆရာ တပည့် နှယောက်က တယောက် ကို တယောက် အချက် ပြပြီးကြိုးကွင်းထဲ သူဝင်မယ် ငါဝင်မယ် လို့  လုနေလိုက်ကြတာမှ မသတ်ရုံ တမယ် ပဲ လို့ ကို ထင် ရတယ်

ဘုရင်ကြီးအံ့သြော်တာပေါ့ ဘယ့်နှယ် "သူများတွေ က သေဖို့ ကြောက်နေတဲ့ အ ချိန်မှာ ဒီနှကောင်ကြိုးကွင်းကို ပြိုင်လုနေရတာတုန်း" လို့ဘုရင်ကြီးက မေးလိုက်တာပေါ့ ဘာ လို့ လည်းပေါ့နော်

ဆရာက ဖြေတယ် "မှန်လှပါ တရားသဖြင့်လောကပါလနတ်မင်းအားအစဉ် ပြုံးရွှင်စေတော်မူသော် အို ဘယ့်သမားသမတ်အရှင်မင်းကြီးခင်ဗျား အကျွန်ကတက္ကသီလ မှ ဆရာတည်းဗေဒင်သုံးပုံ ကို အရည်ကြို သောက်ခဲ့သူ လည်း ဖြစ် ချေတော့သည်တမုံယနေ့ နက္ခတ် ၊ဂြိုလ် ၊ ပက်ကျိ နှင့် ခွေးချီးတို ၏ တည်နေရာအားသေချာတိုင်းတာ၍ စစ်ဆေးကြည့်ရာ ယနေ့ သေသောသူ သည် သည် မလွှဲဧက မုချအမှန် စကြ၀တေးမင်း ဖြစ်လတ္တံ" သို့ဖြစ်ပါ၍ ကြိုးကွင်းလုနေခြင်း ဖြစ်ပါသည်။

ဘုရင်က အံကြိတ်ပြီး ရှေ့တိုးလာတယ် "သယ်............ငါ ကိုယ်တော်မြတ်ရှိရက်နဲ့ သည်ငမိုက်သားတွေ စကြ၀တေးမင်း ဆုကို ယူစရာအကြောင်းမရှိ နင်တို့ ဖယ်ကြကွယ်" လို့ မိန့်တော်မူလိုက်ပါတော့တယ်။
.
--
Wish you get successful life ..

Thura Aye

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...