သစ်ထူးလွင် သတင်းစုစည်းမှု (၂၂-၁၀)
သစ်ထူးလွင်
|
- Favourite Journal ၏ မေးမြန်းချက်မှာ သမ္မတကြီး မျက်ရည်ကျ
- Myanmar Post ဂျာနယ်၏ မေးမြန်းချက် အပေါ် နိုင်ငံတော် သမ္မတ၏ ဖြေကြားချက်
- The Independence ဂျာနယ်၏ မေးမြန်းချက် အပေါ် နိုင်ငံတော် သမ္မတ၏ ရှင်းလင်းဖြေကြားချက်
- Messenger ဂျာနယ်၏ မေးမြန်းချက်အပေါ် နိုင်ငံတော်သမ္မတ၏ ရှင်းလင်းဖြေကြားချက်
- Sky Net မီဒီယာ၏ မေးမြန်းချက်အပေါ် နိုင်ငံတော်သမ္မတ၏ ရှင်းလင်းဖြေကြားချက်
- NHK သတင်းဌာန၏ မေးမြန်းချက်အပေါ် နိုင်ငံတော်သမ္မတ၏ ရှင်းလင်းဖြေကြားချက်
- ကျိုတိုသတင်းဌာန၏ မေးမြန်းချက်အပေါ် နိုင်ငံတော်သမ္မတ၏ ရှင်းလင်းပြောကြားချက်
- နိပွန်TV သတင်းဌာန၏ မေးမြန်းချက်အပေါ် နိုင်ငံတော်သမ္မတ၏ ရှင်းလင်းဖြေကြားချက်
- မင်းပြား ပဋိပက္ခ မြောက်ဦးသို့ ကူးစက်
- အလောင်းများကို ထုတ်ပေးရန် စစ်သားများက တောင်းနေကြောင်း သိရ
- မင်းပြားမြို့နယ် အောင်ဒိုင်းကျေးရွာ အိမ်ခြေ (၅၀၀) ခန့် နှင့် စမ်းဘလီကျေးရွာတွင် အိမ်ခြေ (၄၀၀) ခန့် မီးလောင်းကျွမ်း
- ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့
နှင့် ကေအိုင်အို လိုင်ဇာတွင် ဆွေးနွေး - အောက်တိုဘာလ ၁၅ ရက်နေ့ ထုတ် အလင်းတန်းဂျာနယ် အမှတ်စဉ် ၇၂၆
- အောက်တိုဘာလ ၂၂ ရက်နေ့ ထုတ် အလင်းတန်းဂျာနယ် အမှတ်စဉ် ၇၂၇
- မင်းပြားမြို့နယ်နဲ့ မြောက်ဦးမြို့နယ်ကို ပုဒ်မ ၁၄၄ ထုတ်ဖို့ ရှိ
- အလှပြုပြင်ရေး ဆိုင်အတွင်း ၀င်ရောက် ရှာဖွေခဲ့ရာမှ ကျည်ဆံတောင့်များ တွေ့ရှိ
- မြောက်ဦးမြို့နယ် ပရိန်ကျေးရွာတွင် ဘင်္ဂလီများမှ သေနပ်များဖြင့် ပစ်ခတ်မှုဖြင့် ရခိုင် ၄ ယောက်နှင့် စစ်တပ်မှ ၂ ယောက် ကျဆုံး
- ကလေးမြို့နယ်အတွင်း ခိုးဝင်ဘင်္ဂါလီများ အဆက်မပြတ် ၀င်ရောက် လာခြင်းကြောင့် ဒေသခံများ စိုးရိမ်
- မြန်မာ့ world trade စီမံကိန်း
- မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဆိုင်ရာ ဥပဒေသစ်
- အမတ်၏ ဇနီးနှင့် ဆက်သွယ်ရေး တပ်ဗိုလ်ကြီး ဇွဲထက်၏ ဇနီးတို့၏ ငွေကြေး လိမ်လှယ်မှုကြီး
- လစ်ဗျားဆန္ဒပြသူများက ပုဂ္ဂလိက ရုပ်မြင်သံကြားဌာနကို စီးနင်းတိုက်ခိုက်
- အောက်တိုဘာလ ၂၅ ရက်နေ့ ထုတ် အင်တာနက် ဂျာနယ် အတွဲ ၁၃၊ အမှတ် ၄၁
- ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း ဟိုတယ်၊ အဆောက်အဦးများ တိုးချဲ့လာမှုနှင့်စပ်လျဉ်း၍ ဆန္ဒဖော်ထုတ်
- မြောက်ဦးမြို့ နယ်မှာ ဘင်္ဂါလီများနှင့် ရခိုင်များ အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပွါးနေ
Posted: 22 Oct 2012 06:16 AM PDT
ယမန်နေ့ နေ့လည်က နေပြည်တော်ရှိ သမ္မတအိမ်တော်၌ ကျင်းပပြုလုပ်သော မီဒီယာတွေ့ဆုံပွဲတွင် သတင်းထောက်များ၏ မေးခွန်းများကို ပြန်လည်ဖြေကြားနေစဉ် ပွဲစပြီး မကြာမှီ မေးခွန်း ၃ခုခန့် ဖြေဆိုပြီးချိန်မှစ၍ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ဇောချွေးများ ပြန်လာကာ၊ မြေသိမ်း ယာသိမ်းကိစ္စမေးခွန်းများ၊ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ၎င်း၏ တစ်ဦးတည်းကိုယ်ပိုင်အမြင်အပေါ် မေးခွန်းများ အစရှိသည်တို့ကို ရှောင်လွှဲဖြေဆိုသွားပြီး အလွန်စိတ်အ
နှောင့်အယှက် ဖြစ်လျက်ရှိပုံ ပေါ်ခဲ့သည်။ ထို့နောက်မကြာမှီ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အာ အထက်ပါအဖြစ်အပျက်နှင့်ပက်သက်၍ မီဒီယာများအနေနှင့် နားလည်မှရှိစွာ ရေးသားဖော်ထုတ်ခြင်း မပြုလုပ်ကြရန်၊ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးကျော်ဆန်း၏ အဖြစ်အပျက်ကဲ့သို့ လူထုအကြား ပြန့်နှံ့ရောက်ရှိမသွားစေရန်အတွ အတွင်းသတင်း (Facebook) | ||
Posted: 22 Oct 2012 06:11 AM PDT
နိုင်ငံတော်သမ္မတ၏ လစာနှင့် ပတ်သက်ပြီး Myanmar Post Journal မှ မေးမြန်းချက်။ သမ္မတလစာဘယ်လောက်ရလဲ မေးရရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သိန်းငါးဆယ် ရပါတယ်။ ကျွန်တော်သာ သိန်းငါးဆယ်ယူလိုက်ရင်တော့ ဒီနေ့ယူ မနက်ဖြန် ပြုတ်မယ် နဲ့တူတယ် ကြည့်ရတာ။ တိုင်းပြည်က ဒီလောက် စီးပွားရေးက ဖွံ့ဖြိုးတိုးတက်မှု မရှိသေးတဲ့ အခါမှ ကျွန်တော်ဘယ်လိုလုပ် ယူရက်မလဲ။ အရင် နယက အစိုးရလက်ထက် ပေးနေတဲ့ လစာတွေ ရှိပါတယ်။ နိုင်ငံအကြီးအကဲက ကျွန်တော်ထင်တယ် ဆယ့်ငါးသိန်း ထင်တယ်။ ဆယ့်ငါးသိန်းပါပဲ။ ဆယ့်ငါးသိန်းနဲ့ သိန်းငါးဆယ်ဆိုရင် အင်မတန်မှ ကွာပါတယ်။ အဲဒီတော့ ဒါဆိုရင်ရပါပြီ ဟုတ်လား။ ကျွန်တော်ထင်ပါတယ် ကျွန်တော်ရတဲ့ ဆယ့်ငါးသိန်းက ကုမ္ပဏီတွေမှာ လုပ်နေတဲ့ လူလောက်တောင် မများဘူးမဟုတ်လား။ ဟုတ်တယ်မလား။ by Hmuu Zaw (Facebook) | ||
Posted: 22 Oct 2012 06:18 AM PDT
တရုတ်နိုင်ငံနှင့် မဟာဗျူဟာ ဆက်ဆံရေး မည်သို့ ရှိပါသလဲဟု The Independence ဂျာနယ်မှ မေးမြန်းချက် ကောင်းပါပြီ။ အဲတော့ တရုတ်နိုင်ငံ ကျွန်တော်တို့ နိုင်ငံတကာလို နယ်နိမိတ်ချင်း ထိပြီးသား ကီလိုမီတာ နှစ်ထောင်လောက် ဒါ ကျွန်တော်တို့ ဆက်စပ်နေပြီး ဖြစ်ပါတယ်။ အဲတော့ ဒီအစိုးရချင်းတင် မကပါဘူး လူလူချင်းလဲ နိစ္စဓူဝ ကျွန်တော်တို့သွားလာ ဆက်ဆံမှုတွေ ကျွန်တော်တို့ ရှိနေပါတယ်။ အဲတော့ ပြောကြမယ်ဆိုလို့ရှိရင်တော့ ဒါ အိမ်နီးနားချင်း နိုင်ငံ တစ်နိုင်ငံထဲမှာ ရင်းနှီးတဲ့ ကျွန်တော်တို့ အိမ်နီးနားနှစ်နိုင်ငံလို့ ပြောရမှာ ဖြစ်ပါတယ်။ ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောရမယ် ဆိုလို့ရှိရင် ဒီကျွန်တော်တို့ရဲ့ တိုင်းပြည်ကို ခုနကလို စီးပွားရေးတွေ ကျွန်တော်တို့ ပိတ်ဆို့ ထားတဲ့အချိန် ဘယ်နိုင်ငံမှ ကျွန်တော်တို့ကို လှည့်ပြီးတော့ မကြည့်တဲ့အချိန် ဘယ်နိုင်ငံမှ ကျွန်တော်တို့ကို အကူအညီ မပေးတဲ့အချိန်မှာ ကျွန်တော်တို့ကို စာနာပြီးတော့ ခုနကလို ကျွန်တော်တို့ နိုင်ငံမှာ ချေးငွေတွေ ကျွန်တော်တို့ ပေးတာတွေ Grant တွေ ကျွန်တော်တို့ ထုတ်ပေးတာတွေ Loan တွေ ဒါဟာ ကျွန်တော်တို့ တရုတ်နိုင်ငံကပဲ ကျွန်တော်တို့ ဆောင်ရွက်ပေးနေတယ်ဆိုတာ အားလုံးကျွန်တော်တို့ သိပါတယ်။ နော် ဒါအားလုံး ကျွန်တော်တို့ သိရှိပြီးဖြစ်ပါတယ်။ နောက်တစ်ခုကလည်း ခုနကလို ကျွန်တော်တို့ ဒေသတွင်း ဒေသတွင်းမှာတော့ ထားလိုက်တော့ပေါ့နော် ဒေသတွင်းမှာတော့ ကျွန်တော်တို့ အာဆီယံ + ၃ အနေနဲ့ပဲ သူကပါတယ်။ နိုင်ငံတကာ နယ်ပယ်မှာ တရုတ်နိုင်ငံက မြန်မာနိုင်ငံ ဘက်ကနေ အများကြီးရပ်တည်ပြီးတော့ ထောက်ခံ ပေးတဲ့ နိုင်ငံဖြစ်ပါတယ်။ အမြဲတမ်း ထောက်ခံပေးနေတယ်။ သူ့ကြည့်တော့ ခုနကလို အခက်အခဲ အကြပ်အတည်း ကြုံတွေ့ လာတဲ့အခါမှာ သူရဲ့ ဗီရို အာဏာကိုပါ သုံးပြီးတော့မှ မြန်မာနိုင်ငံဘက်ကနေ ထောက်ခံပေးတာ အဲတော့ ကျွန်တော်တို့ မြန်မာလူမျိုးဆိုတာ ဒါ ကျေးဇူးတရား ကျွန်တော်တို့ သိတတ်တဲ့ လူမျိုးကျွန်တော်တို့ ဖြစ်ပါတယ်။ အဲတော့ ကျွန်တော်တို့ ကျေးဇူးတရား သိတတ်တယ်ဆိုရင်တော့ ဒါတွေဟာ ကျွန်တော်တို့ ကျေးဇူးတင်ရမယ့် ထုံးတမ်းတွေ ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံကို ဘယ်သူမှ ဆေးဘို့ကြောဘို့ မလုပ်တဲ့အချိန် ဘယ်နိုင်ငံမှ အကူအညီမပေးတဲ့အချိန် ဘယ်နိုင်ငံမှ လှည့်မကြည့်တဲ့အချိန် ဘာဖြစ်ဖြစ် ကိုယ့်ကို ကူညီစောင့်ရှောက်ထားတာ တရုတ်မှတင် မဟုတ်ပါဘူး။ လူတိုင်း ဒီကျေးဇူးတရား တွေကို ကျွန်တော်တို့ ဒါ မမေ့ကောင်းပါဘူး။ နောက်တစ်ခုကတော့ ခုနကလို ရင်းနှီးမြှုပ်နှံမှုဆိုတာ ကိုယ်ရင်းနှီးမြှုပ်နှံချင်သလို လာပြီးတော့ ရင်းနှီးမြှုပ်နှံချင်လို့ မရပါဘူး။ ဥပဒေတွေ ရှိပါတယ်။ စည်းမျဉ်းစည်းကမ်းတွေ ရှိပါတယ်။ ဒီမှာ ခုနကလို မူဝါဒအနေနဲ့ ချမှတ်ထားတာပါ။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လာမယ်ဆို တစ်အချက်က ကိုယ့် တိုင်းရင်းသားတွေ အကျိုးစီးပွားကို ကျွန်တော်တို့ ဒါ မထိခိုက်စေရပါဘူး။ ကိုယ့် တိုင်းရင်းသားတွေ အကျိုးစီးပွား၊ နောက်တစ်ခါ ကိုယ့်နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ကျွန်တော်တို့ ဒါမထိခိုက်စေရပါဘူး။ အဲတော့ ကျွန်တော်တို့နိုင်ငံက စောစောကပြောသလို တရုတ်ချည်းပဲ ခုနကလို လွှမ်းမိုးသွားတာ။ အမေရိကန် ချည်းပဲ လာပြီးတော့ လွှမ်းမိုးသွားတာ ခုနကလို ဒီကျန်တဲ့ နိုင်ငံတွေပဲ လာပြီးတော့ လွှမ်းမိုးသွားတယ်ဆိုတာဟာ နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ ကိစ္စပါ။ ဒါမျိုးကျွန်တော်တို့ အဖြစ်မခံပါဘူး။ မူဝါဒကလဲ ဒီအတိုင်း ကျွန်တော်တို့ ချမှတ်ပါတယ်။ နောက်တစ်ချက်ကတော့ ခုနကလို အချုပ်အခြာ အာဏာ ၊ အချုပ်အခြာအာဏာကို ကျွန်တော်တို့ ဒါအထိပါး မခံပါဘူး။ အချုပ်အခြာအာဏာနဲ့ ဘာဆိုင်သလဲ ရင်းနှီးမြှုပ်နှံမှုနဲ့ဆိုရင် ဆိုင်ပါတယ်။အဲတော့ ဒီပါတီစုံ ဒီမိုကရေစီ စနစ်မှာ နိုင်ငံရေးသမားဟာ ခုနကလို စီးပွားရေးသမားနဲ့ သူက ပေါင်းထားရပါတယ်။ ဘာကြောင့်လဲဆိုရင် သူမဲဆွယ်တဲ့အခါမှာ သူငွေလိုမယ်။ ငွေလိုတဲ့အခါမှာ ခုနလို စီးပွားရေးသမားဆီကနေပြီးတော့ ခုနကလို အကူအညီတွေ ရမယ်။ လှူငွေတွေရမယ်။ စသည်အားဖြင့် ဒါတွေကို ရယူရပါမယ်။ ကျွန်တော်တို့ နိုင်ငံတင် မဟုတ်ပါဘူး။ အမေရိကန်လဲ ဒီအတိုင်းပါပဲ။ ကျန်တဲ့နိုင်ငံတွေလဲ ဒီအတိုင်းပါပဲ။ အဲတော့ ဒီလိုရယူပြီးတော့ ခုနလို မဲဆွယ်မယ်။ မဲဆွယ်တဲ့အခါ ရွေးကောက်ပွဲဝင်မယ်။ ဝင်တဲ့အခါမှာ ခုနကလို ဒီပါတီ အနိုင်ရတယ်။ ဒီပါတီအနိုင်ရတဲ့အတွက်ကြောင့် ခုနကလို အစိုးရဖွဲ့တယ်။ အစိုးရဖွဲ့တဲ့အခါမှာ ပြန်ပြီးတော့ ခုနကလို စောစောက ရယူထားတဲ့ စီးပွားရေးသမားကို သူက အခွင့်အလမ်းတွေ ပေးရပါမယ်။ အဲတော့ ဒီလို အခွင့်အလမ်းတွေ ပေးရင်းပေးရင်းနဲ့ စီးပွားရေးသမားက နိုင်ငံရေးသမားရဲ့ အပေါ်မှာ လွှမ်းမိုးပြီးတော့မှ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ လာပြီးတော့ ခုနကလို ထိပါးနိုင်တာမျိုးတွေ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ခုနကလို ကျွန်တော်တို့ နိုင်ငံမှာ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျွန်တော်တို့ ခုနကလို လာရောက်ပြီးတော့ ထိပါး နိုင်တာမျိုး ဒါတွေ ကျွန်တော်တို့ မဖြစ်စေရပါဘူး။ နောက်တစ်ခု ကတော့ ကျွန်တော်တို့ သဘာဝအရင်းအမြစ်တွေ နဲ့ သဘာဝ သယံဇာတတွေ သဘာဝ ပတ်ဝန်းကျင်တွေ အဲတော့ ဒါတွေက သားစဉ်မြေးဆက်ပါ ထုတ်ယူသုံးစွဲဘို့ အတွက် ကျွန်တော်တို့စဉ်စားပြီးတော့ ကျွန်တော်တို့ လုပ်သွားရမဲ့ဟာတွေ ဖြစ်ပါတယ်။ ရတိုင်း ခုနကလို အကုန်ထုတ်ပြီးတော့ သုံးလို့ ကျွန်တော်တို့ မဖြစ်ပါဘူး။ သားစဉ်မြေးဆက် အတွက်ပါ ကျွန်တော်တို့ စဉ်းစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် လာရောက်ပြီး ရင်းနှီးမြှုပ်နှံမယ်ဆိုလို့ရှိ ဒါတာ့ ရင်းနှီးမြှုပ်နှံလို့ ကောင်း၏ မကောင်း၏ ဒါကတော့ ကျွန်တော်တို့သူ့ဘက် ကိုယ်ဘက် နစ်နာဆုံးရှုံးမှုတွေ မပါလားပါလား ဒါတွေ ကျွန်တော်တို့ကြည့်ပါတယ်။ ဥပဒေ ရှုဒေါင့်ကနေ ကြည့်ရပါတယ်။ ဥပဒေ အကြံပေးတွေနဲ့ကြည့်ရပါတယ်။ ပြီးတော့မှသာ နှစ်ဦးနှစ်ဖက် အကျိုးရှိမည့် ဆိုတဲ့ ဒီကိစ္စမျိုးကျွန်တော်တို့ လုပ်တာ ဖြစ်ပါတယ်။ ဒီလောက်ပဲ ကျွန်တော် ဖြေချင်ပါတယ်။ by Hmuu Zaw (Facebook) | ||
Posted: 22 Oct 2012 06:06 AM PDT
တန်ဖိုးနည်းဖုန်းများ ဘယ်လောက်တန်ဖိုးနည်းနည်း ချထားပေးမည်လဲဟု Messenger Journal မှ မေးမြန်းချက် အဲတော့ တန်ဖိုးနည်း ဖုန်းတွေ ကျွန်တော်ရဲ့ဆန္ဒ ပြောရမယ်ဆိုရင်တော့ တန်ဖိုးနည်းတင် မဟုတ်ဘူး အလကားတောင် ကျွန်တော်တို့က ပေးချင်တယ်။ အလကားကို သုံးစေချင်ပါတယ်။ သို့သော်လည်း ဒီ အလကားပေးနိုင်တဲ့ အဆင့်က ကျွန်တော်တို့က မရောက်သေးဘူး ပေါ့နော်။ တဖြည်းဖြည်းတော့ ခုနကလို သက်သာတဲ့နှုန်းထားတွေ ဖြစ်လာမှာပါ။ ကျွန်တော်ပထမ ပြောတဲ့အထဲမှာ ပါပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာတောင် လယ်သမား တစ်ယောက်က ခါးမှာဖုန်းချိတ်ပြီးတော့ သူက ပြောနေတာမျိုး အဆင့်မျိုး ရောက်နေပါပြီ။ ကျွန်တော်တို့ရဲ့ တယ်လီဖုန်း Density က ကျွန်တော် ထင်တယ် 7 % လောက်ပဲ ရှိမယ်ထင်တယ်။ တော်တော်လေးကို နည်းပါတယ်။ ဒီအတွက်လည်း ကျွန်တော် တို့ ဒါဂုဏ်သိက္ခာကို ထိခိုက်တဲ့ အတွက်ကြောင့် ဒါလည်း ကြိုးစားပြီးတော့ မြှင့်တင်နေ ပါတယ်။ အဲတော့ ခုနကလို ကျွန်တော်တို့ တယ်လီဖုန်းအိမ်တစ်လုံးကို ဆိုင်ကနေ သွားဝယ်ရင် ကဒ်ကို ဝယ်ထည့်ပြီးတော့ ဒီတိုင်းပြောလို့မရပါဘူး။ Station တွေ Gateway တွေ ကျွန်တော်တို့ဆောက်ရပါမယ်။ဒါတွေ by Hmuu Zaw (Facebook) | ||
Posted: 22 Oct 2012 06:04 AM PDT
အဂတိလိုက်စားမှု ပပျောက်ရေးနှင့်စပ်လျဉ်း၍ Sky Net ၏မေးမြန်းချက် အဲတော့ ပထမက အဂတိလိုက်စားမှု စောစောကလည်း ဒီမေးခွန်း ကျွန်တော် တို့ မေးပါတယ်။ အဲတော့ အဂတိ လိုက်စားမှုက ချက်ချင်း ခုနကလို ပပျောက်အောင် လုပ်ဖို့ကတော့ မလွယ်တဲ့ ကိစ္စဖြစ်ပါတယ်။ အဲတော့ ကျွန်တော်တို့ အပိုင်းမှာ ခုနကလို ဒီအမှု အကြီးအသေးပေါ်မှာ မူတည်ပြီး အရေးယူတာတွေ ဒါတွေက ကျွန်တော်တို့ ခုနကလို ဆောင်ရွက်နေတာတွေ ရှိပါတယ်။ အဲတော့ စောစောကပြောသလို အရေးယူတာ တစ်ခုတည်းနဲ့ အဂတိလိုက်စားမှုဟာ မပျောက်နိုင်ဘူး။ သူရဲ့ ခုနကလို စားဝတ်နေရေးတွေ အဆင်ပြေအောင် လုပ်ပေးဘို့ ဒါလည်း ကျွန်တော်တို့ အင်မတန်မှ အရေးကြီးပါတယ်။ အဲတော့ စားဝတ်နေရေးတွေ အဆင်ပြေအောင် လုပ်ပေးဘို့ အတွက်ကျတော့ နိုင်ငံရဲ့ စီးပွားရေးပေါ့ အဲတော့ နိုင်ငံရဲ့ စီးပွားရေး ကျွန်တော်တို့ဖွံ့ဖြိုးတိုးတက်ေ နောက်တစ်ခုကတော့ ခုနကလိုသန့်ရှင်းတဲ့ အစိုးရဖြစ်လာဖို့၊ ခုနကလို အဂတိအမှုကိစ္စတွေကို။ အဲတော့ဒီအပိုင်းကပြည်သူလူထုရဲ့၊ ကျွန်တော်တို့ အားပေးကူညီမှု ကလဲလိုပါတယ်။ ပြည်သူလူထုရဲ့အကူအညီလဲ အများကြီးလိုပါတယ်၊ ဟာ ၊ ဒီလို၊ ခုနကလို၊ ဒီရဲကြီးကလာဘ်စားနေတာပဲဆိုပြီးေ by Hmuu Zaw (Facebook) | ||
Posted: 22 Oct 2012 06:02 AM PDT
ဒေါ်အောင်ဆန်းစုကြည်နှင့် ထပ်မံ တွေ့ဆုံဆွေးနွေးပြီးလက်တွဲလုပ်ေ ခုနကလို ထပ်ပြီးတော့ တွေ့ဆုံမယ့် အစီအစဉ်ကတော့ လောလောဆယ်တော့ မရှိသေးပါဘူး။ သို့သော် အကြောင်းရှိရင် အကြောင်းရှိလို့ တောင်းဆိုလာတဲ့အခါမှာတော့ တွေ့ဆုံလို့ရပါတယ်။ တာဝန်ပေးတာကျတော့ရော။ တာဝန်ပေးတာကျတော့ ခုနကလိုဘယ်လိုလူက တာဝန် ပေးမယ် ဘယ်လိုတာဝန်ပေးမလဲဆိုတာ သူ့ အပေါ်မှာလဲ အများကြီးမူတည်ပါတယ်။ သို့သော် ပြောမယ်ဆိုရင်တော့ ခုနကလို အစိုးရ၀န်ကြီးအသစ်နေရာမှာ အလုပ်လုပ်မယ် ဆိုလို့ရှိရင် လွှတ်တော်ကနေထွက်ရမယ်လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတယ်။ အဲဒီတော့ လွှတ်တော်က နေထွက်မှရမယ် ခုနကလိုနော်။ ဒါတွေက အများကြီးပဲရှိပါတယ်။ ဘာလို့ဆိုတော့ သူတို့ကခေါင်းဆောင်နေရတဲ့ ဒီပါတီကို ခုနကလို ၊ သူ့အပေါ်မှာပဲ မူတည်နေတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ အန်ကယ်တို့ကတော့ ခုနကလို ပေးချင်တာတွေ မပေးချင်တာတွေ ချစ်တာတွေ မုန်းတီးတာတွေ ဒါတွေစိတ်ထဲမရှိပါဘူးနော်။ by Hmuu Zaw (Facebook) | ||
Posted: 22 Oct 2012 05:59 AM PDT
နိုင်ငံတကာက ချေးငွေပေးသည့် ကိစ္စနှင့်ပတ်သက်ပြီး Kyoto News မှ မေးမြန်းချက်။ ကျွန်တော်တို့ စောစောကပြောသလို ကျွန်တော်တို့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ by Hmuu Zaw (Facebook) | ||
Posted: 22 Oct 2012 05:59 AM PDT
နိပွန်TV သတင်းဌာန၏ မေးမြန်းချက်အပေါ် နိုင်ငံတော်သမ္မတ၏ ရှင်းလင်းဖြေကြားချက်
by Hmuu Zaw on Monday, October 22, 2012 at 8:42am ·
၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့် နောက်ပိုင်း တရားမဝင် ခိုးဝင်လာသူများနှင့် ပတ်သက်ပြီး Nippon Television သတင်းထောက်တစ်ဦးမှ မေးမြန်းချက်။ ၁၉၈၂ ခုနှစ် ဥပဒေက အရင်တုန်းက ဖြစ်ပျက်ခဲ့တဲ့ အခြေအနေပေါ် မူတည်ပြီးတော့ ဒီသင်ခန်းစာတွေ ရယူပြီးတော့မှ အကောင်းဆုံးရေးဆွဲထားတဲ့ ဥပဒေတစ်ခုလို့ ဒီကနေ့ တော့ ဒီလိုပဲ သတ်မှတ်ထားတယ် အဲ့တော့ ဟိုတုန်းက ၄၈ခုနှစ်မတိုင်ခင် ၀င်လာတဲ့သူတွေ ဒါကတော့ အကြောင်းကြောင်းတွေ သူကရှိပါတယ်၊ အဲ့တုန်းက ခုနကလို အင်္ဂလိပ်တွေ ခေါ်လာတာလည်းရှိတယ်၊ဒီမှာလာပြီး လက်ရှိအတိုင်း ကတော့ ဒီဥပဒေအတိုင်းပဲ သွားနေတာပဲ။ အကယ်၍ ပြင်မယ်၊ ပြုမယ်ဆိုရင်တော့ ဒါဘာနဲ့ ဆိုင်မလဲဆိုတော့ သူကလွှတ်တော်နဲ့ သွားဆိုင်တယ်။ လွှတ်တော်ကသူက ပြင်ဖို့လိုအပ် တယ်ဆိုရင် လွှတ်တော်ကဆုံးဖြတ်ပြီး သူကပြင်ပေးသွားမှာ ဖြစ်ပါတယ်၊ နောက်တစ်ခုက ဒီမှာလည်း ခုနကလို ပြည်ပကခိုးဝင်လာတဲ့သူတွေ ဒီအပိုင်းကတော့ ကျွန်တော်တို့ စိစိစစ်စစ်နဲ့ လုပ်ရမှာဖြစ်ပါတယ်။ဒါနဲ့ ပတ်သတ်ပြီးတော့လည်း လ.၀.က ကလည်း အောက်ခြေကနေပြီးတော့ စာရင်းတွေကောက်တာ ပြုတာတွေရှိပါတယ်။ နောက်တစ်ခုက လည်း ခုနကလို သန်းခေါင်စာရင်းတွေက အန်ကယ်တို့ ကောက်ဖို့၊ ပြုဖို့ကို အစပျိုးပြီး လုပ်နေပါတယ်။ ဘယ်သူတွေက ခုနကလို နောက်ပိုင်းမှာ ခိုးဝင်လာနေသလဲ၊ဘယ် လောက်ရှိသလဲ၊ အဲ့တော့ ဒါတွေကို အပြည်ပြည်ဆိုင်ရာကနေ လက်ခံလာအောင် ဘယ်လို လုပ်မလဲ၊ ဒါတွေကတော့ ရှေ့ဆက်ပြီးတော့ စဉ်းစားပြီးတော့ လုပ်သွားရမယ့် ကိစ္စတွေ ဖြစ်ပါတယ်။ ဒီဟာတွေက တိတိကျကျတော့ မဟုတ်ပါဘူး။ ဘာမှခုနကလို လ.၀.က ကလည်း ကောက်ပြုပြီးတော့မှ တိတိကျကျ သူကပြောတာ၊ ပြုတာမရှိသေးပါဘူး။ သန်းခေါင်စာရင်းကောက်လိုက်၊ ပြုလိုက်ရင်တော့ ဒါတွေက ခုနကလို တိတိကျကျနဲ့ ပေါ်လာမှာဖြစ်ပါတယ်၊ အန်ကယ်တို့နိုင်ငံတင် မဟုတ်ပါဘူး၊ တခြားနိုင်ငံတွေလည်း ရှိပါတယ်၊ ရှိတော့ အပြည်ပြည်ဆိုင်ရာရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ လိုက်လျောညီထွေ ဖြစ်အောင် အန်ကယ်တို့က ခုနကလို လေးစားလိုက်နာရမှာ ဖြစ်ပါတယ်။ ဒါတွေကတော့ ရှေ့ဆက်ပြီး တော့ ဘယ်လိုလုပ်မယ်ဆိုတာတော့ အန်ကယ်တို့မှာ အဆုံးအဖြတ် ဘာညာ လောလောဆယ် တော့ ပေးလို့ မရသေးပါဘူး။ by Hmuu Zaw (Facebook) | ||
Posted: 22 Oct 2012 05:43 AM PDT
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပိုက်သည် ကျေးရွာ တွင် အောက်တိုဘာ၂၁ ရက်နေ့ ည ၁၁ နာရီက စတင်ဖြစ်ပွားသော ရခိုင် လူမျိုးနှင့် ဘင်္ဂလီ လူမျိုးတို့ ပဋိပက္ခ ဖြစ်ပွားမှုများမှာ အောက်တိုဘာ ၂၂ ရက်နေ့တွင် မြောက်ဦးမြို့နယ် ပရိန် ကျေးရွာသို့ ကူးစက်သွားပြီဖြစ်ကြောင်း ဒေသခံများ၏ ပြောကြား ချက် အရ သိရှိရသည်။----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 22 Oct 2012 04:47 AM PDT
မြောက်ဦးတွင် အကြမ်းဖက်မှု ရခိုင် ၅ဦးသေဆုံး မြောက်ဦးမြို့နယ်တွင် ဖြစ်ပွါးနေသော ဆူပူအကြမ်းဖက်မှုတွင် ဘင်္ဂါလီလူမျိုးများ သတ်ဖြတ်မှုကြောင့် ရခိုင်တိုင်း ရင်းသား ၅ ဦး သေဆုံးခဲ့ပြီး အလောင်း သုံးလောင်းမှာ မြောက်ဦးမြို့ ပြည်သူ့ဆေးရုံကြီးကို ရောက် ရှိနေပြီဖြစ်ကြောင်း မြောက်ဦး မြို့ နယ်ဒေသခံ အမျိုးသားတစ်ဦးက ပြောကြားသည်။
ဆေးရုံတွင် ရောက်ရှိနေသော အလောင်းသုံးလောင်းမှ ဘီဘူးပြန်ကျေးရွာအုပ်စုမှ ဖြစ်ပြီး ကျန်နှစ်ဦး အလောင်းကို ထုတ် ပေးရန် စစ်သားများက တောင်းနေကြောင်း၊ ဆေးရုံသို့ ရောက်ရှိနေသော အလောင်းသုံးလောင်းတွင် ညီပု ဆိုသော ရခိုင် တိုင်းရင်းသား တစ်ဦးပါဝင်ကြောင်း ၄င်းကဆိုသည်။ Rakhine Citizen Journalists | ||
Posted: 22 Oct 2012 04:48 AM PDT
မင်းပြားမြို့နယ် အောင်ဒိုင်းကျေးရွာ အိမ်ခြေ (၅၀၀) ခန့် မီးလောင်းကျွမ်းသွားပြီး စမ်းဘလီကျေးရွာတွင် အိမ်ခြေ (၄၀၀) ခန့်လောက် မီးလောင်းကျွမ်းနေဆဲ ရှိပါသည်ဟု ခိုင်လုံသော သတင်းထောက်မှ ပေးပို့ပါသည်။
အခြေအနေမှာ တခြား ရွာများသို့ ဆက်လက် ကူးစက်သွားနိုင်ပါသည်။ လုံခြုံရေးမှ အခြေအနကို အမြန်ဆုံး ထိန်းသိမ်းရန်လိုအပ်လျှက်ရှိသည် Rakhine Straight Views | ||
Posted: 22 Oct 2012 04:23 AM PDT
အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဖြစ်မြောက်ဖို့ ကြားဝင် ဆောင်ရွက်ပေးနေတဲ့ အကျိုးတော်ဆောင် အဖွဲ့ဝင် ၂ ဦးဟာ အစိုးရနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) တို့ ထပ်မံဆွေးနွေးဖို့ ရက် သတ်မှတ်ရေး အတွက် ကေအိုင်အို ဌာနချုပ်ရှိရာ လိုင်ဇာမှာ ဒီနေ့ ဆွေးနွေးနေပါတယ်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 22 Oct 2012 04:05 AM PDT
| ||
Posted: 22 Oct 2012 04:04 AM PDT
| ||
Posted: 22 Oct 2012 03:29 AM PDT
''အခု လောလောဆယ် တပ်အင်အား သုံးပြီးတော့ ထိန်းထားပါတယ်။ ဆက်လက် ကူးစက်မှု မဖြစ်အောင် တပ်မတော် အကူအညီကို ရယူသွားမှာ ဖြစ်ပါတယ်။ ယင်းအင်အားနဲ့ ထိန်းလို့ မရရင် သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးက မြို့ပြအုပ်ချုပ်ရေးရဲ့ အကူအညီ တောင်းခံခြင်းဆိုတဲ့ အစီအစဉ်အရ တောင်းခံပြီး ထိန်းသိမ်းသွားဖို့ အစီအစဉ် ရှိပါတယ်။ အခြေအနေအရ မင်းပြားမြို့နယ်နဲ့ မြောက်ဦးမြို့နယ်ကို ပုဒ်မ ၁၄၄ ထုတ်ဖို့ အလားအလာ ရှိပါတယ်။----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 22 Oct 2012 03:21 AM PDT
ခိုးမှု ကျူးလွန်သည်ဟု ယူဆရသူ လုပ်ကိုင်နေသော အလှပြုပြင်ရေး ဆိုင်သို့ ၀င်ရောက် ရှာဖွေခဲ့ရာ ကျည်ဆံတောင့်များ တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။ ရန်ကုန်မြို့ ကြည်ြ့မင်တိုင် မြို့နယ် အုန်းပင်လမ်း၊ ဈေးကြီး အနောက် ရပ်ကွက်တွင် နေထိုင်သည့် မိသားစု တစ်စုသည် အောက်တိုဘာလ ၂၀ ရက်နေ့တွင် နေအိမ်အား သော့ပိတ်ပြီး ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 22 Oct 2012 03:15 AM PDT
၎း၁၉ နာရီ သတင်း
------------------- မြောက်ဦးမြို့နယ် ပရိန်ကျေးရွာတွင် ဘင်္ဂလီများမှ သေနပ်များဖြင့် ပစ်ခတ်မှုဖြင့် ရခိုင် ၄ ယောက်နှင့် စစ်တပ်မှ ၂ ယောက် ကျဆုံးဟု ဖုန်းသတင်းအရ သိရှိရပါသည်။ စစ်တပ်မှ ဗိုလ်အဆင့်ရှိ တယောက်ပါဝင်ဟုလည်း သိရပါသည်။ ယခုသတင်းကို အတည်ပြုနိုင်ရန်အတွက် အသေအပျောက် လူစာရင်းနှင့် နာမည်အတိအကျကို RSV မှ ဆက်လက်စုံစမ်းနေပါသည်။ Rakhine Straight Views ------------------------------ မြောက်ဦး ၃၇၇ စစ်တပ်ကို ဘင်္ဂလီတွေ ဝိုင်းထားလိုက်ပြီလို့ သိရပါတယ်။ ဒါကြောင့် မြောက်ဦးသားတွေ ကူဖို့ လိုက်သွားကြပါတယ်။ နောက်ထပ် ပန်းမြောင်း မီးလောင်ပြီး ပြီးချင်း မြောက်ဦး ကျောက်တွင်းကုန်းရွာကို ဘင်္ဂလီတွေ ဝင်ရောက် တိုက်ခိုက်တာ အရမ်း ပြင်းထန်တယ်လို့ သိရတဲ့အတွက် မြောက်ဦးသားတွေ အများအပြား လိုက်သွားကြကြောင်း သိရှိရပါတယ်။ နေရာက သုံးနေရာတောင်ပါ။ ပရိန်ရွာအခြေနေကလဲ ရခိုင်ဘယ်လောက် ဘင်္ဂါလီ ဘယ်လောက် သေဆုံး၊ ဒဏ်ရာရသလဲ ဆိုတာ အတိကျ မသိရသေးပါဘူး။ ဒီတိုင်းဆိုရင် ဘင်္ဂါလီ မီးက ပေါ့သေးသေး မဟုတ်တော့တာ သေချာသွားပါပြီ။ အစိုးရဖက်က ပျော့တိပျော့ဖတ် လုပ်နေလို့ အခုလို ရောင့်တက်လာတာ ဖြစ်ပါတယ်။ ခုဆို ကုလားက စစ်တပ်ကိုတောင် စိတ်ခေါ်တိုက်ခိုက် လိုက်ပါပြီ။ (Lun Tayza) | ||
Posted: 22 Oct 2012 02:55 AM PDT
ကလေးမြို့နယ်အတွင်း ခိုးဝင်ဘင်္ဂါလီများ အဆက်မပြတ် ၀င်ရောက် လာခြင်းကြောင့် ဒေသခံများ စိုးရိမ်မှုများ ဖြစ်ပေါ်လျက် ရှိသည်ဟု သိရှိရပါသည်။ ''ကလေးမြို့နယ် အတွင်းကို စက်တင်ဘာလ ကနေစပြီး အခုအချိန် အထိ ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေ မိတာ လေးကြိမ် ရှိပါပြီ ။ အောက်တိုဘာလ ၂၀ ရက်နေ့ ညကပဲ ခိုးဝင်ဘင်္ဂါလီ အမျိုးသမီး တစ်ဦး မိတယ်။----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
0 comments:
Post a Comment