Thursday, October 18, 2012

အမေ့အိမ်ရဲ့ အခမဲ့ဆေးခန်း


by Myanmar Online News on Thursday, October 18, 2012 at 7:26am ·

Thursday, October 18, 2012

ကျောင်သားလူငယ်တွေနဲ့ ဆင်းရဲသားပြည်သူတွေအတွက် အမေ့အိမ်ပညာဒါနကျောင်းက  ရွှေပြည်သာမြို့နယ် (၇)ရပ်ကွက်မှာ အခမဲ့ဆေးခန်း ဖွင့်လိုက်ပါပြီ။ ကျောင်းသားတွေအတွက်  အပတ်စဉ် ကျန်းမာရေးစစ်ဆေးပေးပါတယ်။ ဆေးခန်းကို တပတ်ကို ၃ရက် - တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ နေ့များမှာ ဖွင့်ကြောင်း သိရပါတယ်။


ဒီဆေးခန်းကို တနင်္ဂနွေနေ့က စတင် ဖွင့်လှစ်ခဲ့တာပါ။

ဆေးခန်းမှာ အပ်စိုက်ကုသမှု ပါဝင်ပါတယ်။

အပ်စိုက်ကုသမှုခံနေကြတဲ့ အသက်ကြီးပိုင်း လူနာတွေကိုလည်း တွေ့ရပါတယ်။

အပ်စိုက်ကုသခြင်းဟာ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ နဗ့်၊ ဂလင်း၊ အင်ဇိုင်းတွေကို ပြန်လည်နိုးဆွပေးခြင်း၊ အာရုံကြောတွေ လှုပ်ရှားမှု ရှိလာဖို့ နိုးဆွပေးခြင်းသာ ဖြစ်ပြီး ဘေးဥပါဒ် မရှိကြောင်း အပ်စိုက်ပညာရှင် ဆရာဇေလတ်က ပြောပြပါတယ်။

အမေ့အိမ်ဆေးခန်းမှာ တာဝန်ယူကုသပေးမယ့် ဆရာဝန်တွေကတော့ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာမျိုးသန့်၊ အပ်စိုက်ပညာရှင် ဒေါက်တာနေ၀င်းနဲ့ ဆရာဇေလတ်တို့ ဖြစ်ပါတယ်။

ရွှေပြည်သာမြို့နယ်ဟာ သံလျင်ချောင်းနဲ့ နီးနေတာကြောင့် ငှက်ဖျားရောဂါ လူနာရှင်တွေ တွေ့ရှိရကြောင်း သိရပါတယ်။


irrawaddy

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...