Friday, October 19, 2012

'အစိုးရ' နှင့် 'နိုင်ငံတော်'


'အစိုးရ' နှင့် 'နိုင်ငံတော်' သည်သဘောသဘာဝအားဖြင့် 
အလွန်တရာ ကွာခြားလှပါသည်။ အစိုးရဆိုသည်မှာ
နိုင်ငံတော်ကြောင့်ဖြစ်လာရပြီး နိုင်ငံတော်သည်အစိုးရ
အတွက် ဖြစ်တည်နေရခြင်း မဟုတ်ပါ။ အစိုးရသည်သာ
နိုင်ငံတော်ကိုအလုပ်အကြွေးပြုရန် ဖွဲ့ စည်းပေါ်ပေါက် 
လာရခြင်းဖြစ်သည်၊(ဤသို့ အစိုးရကြောင့် နိုင်ငံတော်
ဖြစ်နေရတဲ့ သဏ္ဍန်ဟုတ်ယောင်မူ အဓမ္မစံနစ်ဆိုးများ
ကြောင့်မြန်မာပြည်ရေတိမ်နစ်ရတော့မည့် အခြေကို
ဆိုက်ခဲ့ရ ခြင်းဖြစ်ပါသည်)။

နိုင်ငံတော် (Nation-State) ဆိုသည်မှာ Sovereignty 
ခေါ်အချုပ်အခြာအာဏာပိုင်ပြီးDemarcationနယ်နိမိတ်
သတ်မှတ်ထားတဲ့ ဧရိယာ အကျယ်အ၀န်းထဲမှာ နေထိုင်
ကြသူတွေအားလုံးက တရားစီရင်ရေးအာဏာ၊ ဥပဒေ
ပြုအာဏာ နဲ့ အုပ်ချုပ်မူအာဏာ သုံးရပ်ကိုပိုင်ဆိုင်တဲ့ 
အ၀န်းအ၀ိုင်း ကိုခေါ်ဆိုခြင်းဖြစ်သည်။ 'နိုင်ငံတော်' 
၏အမည်အတွင်း၌ ပြည်သူ၊ တိုင်းပြည်နယ်နိမိတ်၊ 
ယဉ်ကျေးမူ သယံဇာတ အစိုးရ နှင့်ကာကွယ်ရေး တို့ 
အတွက်စစ်တပ် စသည် တို့ အားလုံးပါဝင်တဲ့နှစ်ကာလ
ကြာမြင့်စွာရှိနေခဲ့တဲ့ ခိုင်ခန့် သောယန္တယားဖြစ်တယ်
လို့ ဖွင့်ဆိုပါတယ်။

မည်သည့်အစိုးရတက်တက်တိုင်းပြည်မပျက်သ၍
နိုင်ငံတော်သည် ပကတိအတိုင်းတည်ရှိနေမည်သာ
ဖြစ်သည်။ ထို့ အတွက် နိုင်ငံတော်ကမည်သည့်အမိန့် 
အာဏာကိုမျှပြည်သူကိုချမှတ်ခိုင်းစေလိမ့်မည်မဟုတ်ပဲ
နိုင်ငံတော်ကသာ ယင်း၏ တည်တံ့ခိုင်မြဲရေးအတွက် 
အစိုရတွေကို မွေးဖွားစေခြင်းဖြစ်ပေသည်။ ယနေ့ နိုင်ငံ
တကာရဲ့ဥပဒေအရ တိုင်းပြည်တခုရဲ့ အစိုးရပြောင်းလဲမူ
ဟာ သည်တိုင်းပြည်ရဲ့ အချုပ်အချာအာဏာပိုင်ဆိုင်မူ 
တနည်းအားဖြင့်မူလ'နိုင်ငံတော်'တည်ရှိမူကိုပြောင်းလဲ
မူမရှိ လို့ ဖွင့်ဆိုထားပါတယ်။

'အစိုးရ' ဆိုတာ စုစည်းထားတဲ့ အစုအဖွဲ့ တခုမျှသာ
ဖြစ်ပြီး သည်အဖွဲ့  အစည်းဟာနိုင်ငံရေးအာဏာ တရား
စီရင်ရေးအာဏာနဲ့  ဥပဒေပြုမူအာဏာတွေကိုအချိန်
ကန့် သတ်ချက်အရ စည်းမျဉ်း စည်းကမ်းနဲ့ အညီ 
အကန့် အသတ်နဲ့ လုပ်ပိုင်ခွင့်ပေးထားခြင်းခဲ့ရတဲ့ 
အစုအဖွဲ့ သာလျှင်ဖြစ်ပါတယ်။ ပညာရှင်တွေရဲ့
ဖွင့်ဆိုချက်အရ'အစိုးရ' ဆိုတာ 'နိုင်ငံရေးဆိုင်ရာ'
(Political) လို့ သတ်မှတ်ပြီးအတက်အကျအနိမ့်အမြင့်
ရှိတယ်လို့ ဖွင့်ဆိုပါတယ်။

သည်တော့ 'ပြည်ထောင်စုမြန်မာနိုင်ငံတော်' ဆိုတာ 
တိကျတဲ့အချုပ် အချာအာဏာနဲ့ ခိုင်မာတဲ့ နယ်နိမိတ်
သတ်မှတ်ချက်ရှိတဲ့ ယန္တရား ဖြစ်ပြီး 'ပြည်ထောင်စု
မြန်မာနိုင်ငံတော်အစိုးရ' ဆိုတာမြန်မာနိုင်ငံတော်နဲ့ 
လက်ရှိ ပစ္စုပ္ပန်မှာတင် သက်ဆိုင်နေတဲ့နိုင်င်ငံတော်ကို 
အလုပ်အကြွေးပြုနေတဲ့အစုအဖွဲ့ ကိုဆိုလိုပါတယ်။
သည်အစုအဖွဲ့ ဟာဘယ်လိုအစုအဖွဲ့ ပဲဖြစ်ဖြစ် နိုင်ငံ
တော်ကို အပိုင်စားရထားခြင်းမဟုတ်ပါ။ နိုင်ငံတော်၏
အရေးသည် 'အမျိုးသားရေး' ဟူသော လေးနက်မူ
အသွင်ကိုအပြည့်အ၀ဆောင်ယူသည်။ အခါများစွာတွင်
အမျိုးသားရေးသည်အစိုးရဟူသောအစုအဖွဲ့ ၏ လုပ်ပိုင်
ခွင့် ဆုံးဖြတ်ပိုင်ခွင့်ထက်ကျော်လွန်သွားသော'နိုင်ငံတော်
၏အရေး' ဖြစ်သည်။ ဤသို့ သောအမျိုးသားရေး ကိစ္စ
များဖြစ်ပေါ်လာချိန်တွင် ပြည်သူတရပ်လုံးသည် 
'နိုင်ငံတော်အဓွန့် ရှည်တည်တန့် ရေးအတွက်' မလွှဲ
မရှောင်သာ ပါဝင်လာရပေတော့သည်။ ( ဥပမာအားဖြင့်
နိုင်ငံခြားရန်ကို ခုခံကာကွယ်မူ၊ နိုင်ငံနှင့်အ၀ှမ်း သဘာဝ
ဘေးဒုက္ခကပ်ဆိုးကြီးများကျရောက်မူ၊ တိုင်းပြည်တွင်
အငတ်ဘေးရင်ဆိုင်ရမူ၊ ဧရာဝတီမြစ်ဆုံဆည်ကဲ့သို့ 
သော နိုင်ငံတော် ပျက်စီးမည့်အရေးကိစ္စကြီးများ၊ 
ဘင်္ဂလီမွတ်ဆလင်ကုလားကျူးကျော်မူ စသည်ဖြင့်)။
ထိုအခါ နိုင်ငံတော်အတွင်းရှိ နိုင်ငံသားအားလုံးသည် 
မူလ'အထွဋ်အထိပ်' ဖြစ်သော 'နိုင်ငံတော်' ကိုစောင့်
လျှောက်ကာကွယ်ရန်အတွက်ပါဝင်လာကြရပေတော့
သည်။

"နိုင်ငံတော်အစိုးရ" ဆိုတာ နားလှည့်ပါးရိုက်သုံးထား
သောဝါဟာရတခုသာဖြစ်သည်။ State Government
(တိုင်းပြည်အစိုးရ) ဟုသုံးနိုင်သော်လည်း 
Nation-state Government (နိုင်ငံတော်အစိုးရ) ဟူ၍
မရှိ - သုံးမရပါ။ "ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ" 
ဟုသာ"ပြည်ထောင်စုမြန်မာနိုင်ငံတော်" ဟူသော
ဝေါဟာရနောက်တွင် "အစိုးရ" ဟူသော ဝေါဟာရလိုက်
ပါ အသုံးပြုနိုင်သည်။ TV ထဲ သတင်းစာထဲ ရေဒီယိုထဲ
တွင် တချိန်လုံးသုံးနေသော"နိုင်ငံတော်အစိုးရ"ဟူသော
ဝေါဟာရသည် နိုင်ငံတော်ဟူသောပြည်သူပိုင်ဝေါဟာရ
ကို ခတ်အဆက်ဆက်တွင် ပြည်သူမပိုင်ခဲ့သောအစိုးရနှင့်
ရောသမမွှေပြီး အဖြစ်မရှိခဲ့သည့်အစိုးရအဆက်ဆက်ကို 
သိက္ခာတက်စေရန်၊ အာဏာပိုမိုပြင်းထန်စေရန်လုံးတုပ်
ထားခဲ့သည့် (ဟုတ်ယောင်မူ) ဝေါဟာရတခုသာဖြစ်ပါ
ကြောင်း။

လှိုင်ဘွား/၈၈ (ကာလ်တန်တက္ကသိုလ်)

Source: 
-------------------------------------------------------------
ဖြစ်ရပ်မှန်တခု ....

သူတို့ နိုင်ငံမှာ .. "နိုင်ငံတော်" ဆိုတာကြီး မရှိတော့
နိုင်ငံရဲ့ စတ္ထုမြောက်သြဇာအကြီးဆုံး လူ (ဘုရင်မကြီး၊ 
ပ/ဒု ဝန်ကြီးချုပ် ၂ ယောက်ပြီးရင်သြဇာ အရှိဆုံးလူ) 
လည်း တွဲမှားစီးလို့ လက်မှတ်စစ်က ဒဏ်ရိုက်တာ 
ခံရတာပဲ။
Tin Maung Oo

ယူကေ နိုင်ငံမှာ ဝန်ကြီးချုပ်တွေပြီးရင် သြဇာအကြီးဆုံး
ဖြစ်တဲ့ ချန်ဆယ်လာ ရာထူးယူထားတဲ့ ဂျော့အောက်စ
ဘွန်းက .. ရထားစီးတာ ရိုးရိုးတန်း လက်မှတ်နဲ့ 
ပထမတန်းတွဲမှာ ဝင်စီးတော့ ... ရထားလက်မှတ်စစ်က
.. ရိုးရိုးတန်း လက်မှတ်ကနေ..ပထမတန်းလက်မှတ်
ပြောင်းခ တောင်းတာကို .. မပေးဘူးလို့ ပထမပိုင်းမှာ
ငြင်းတယ်ဆိုတဲ့ သတင်းက .. ချက်ခြင်းကို ထွက်လာ
တယ်။ ရထားလက်မှတ်စစ်သမားကလည်း 
ချန်ဆယ်လာ မိုလို့ ဆိုပြီး အလျော့မပေးဘူး။ လက်မှတ်
ဖို့ ပေးရမယ့်ငွေ ပေါင် ၁၆၀ အပါအဝင် ဒဏ်ငွေနဲ့
စုစုပေါင်း ပေါင် ၁၈၉.၅၀ ကိုနောက်ဆုံးမှာချန်ဆယ်လာ
ကြီးကပေးဆောင်ပြီး ရထားစီးခဲ့ရတယ်တဲ့။ 

သူတို့ နိုင်ငံမှာ .. "နိုင်ငံတော်" ဆိုတာကြီး မရှိတော့
နိုင်ငံရဲ့ စတ္ထုမြောက် သြဇာအကြီးဆုံးလူ (ဘုရင်မကြီး၊ 
ပ/ဒု ၀န်ကြီးချုပ် ၂ ယောက်ပြီးရင်သြဇာ အရှိဆုံးလူ) 
လည်း တွဲမှားစီးလို့ လက်မှတ်စစ်က ဒဏ်ရိုက်တာခံ
ရတာပဲ။ . .. ကွာပါ့ ကွာ။

Credit: Ko Htike ၏ status

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...