Monday, October 22, 2012

23.10.2012 နေ့ဖတ်ရန်သတင်းများ


by Myanmar Journal on Monday, October 22, 2012 at 6:05pm ·


ဆိုမာလီ ပင်လယ်ဓါးပြမှု လျော့ပါး
အိန္ဒိယသမုဒ္ဒရာထဲမှာ ခုတ်မောင်းနေတဲ့ နိုင်ငံတကာသင်္ဘောတွေကို ဆိုမာလီပင်လယ်ဓါးပြတွေက ပစ်မှတ်ထား ပြန်ပေးဆွဲထားမှုတွေဟာ  ၂၀၀၉ ခုနှစ်က စတင်ပြီး ကျဆင်းသွားခဲ့ပေမယ့်၊ အာဖရိကတိုက် ဂီနီပင်လယ်ကွေ့ (Gulf of Guinea) မှာတော့ သင်္ဘောတွေကို ပြန်ပေးဆွဲမှုတွေကတော့ ပိုများလာတယ် လို့၊  မနေ့က တနင်္လာနေ့က လန်ဒန်အခြေစိုက် နိုင်ငံတကာရေကြောင်းသွားလာမှုဗျူရို (International Maritime Bureau) ကနေ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ဖေါ် ပြထားပါတယ်။

ဒီနှစ်မှာ ဇန်န၀ါရီလကနေ စက်တင်ဘာလထိ ကိုးလတာကာလအတွင်း ဆိုမာလီ ပင်လယ်ဓါးပြတွေရဲ့ နိုင်ငံတကာသင်္ဘောတွေကို စီးနင်း ပြန်ပေးဆွဲမှုပေါင်း (၇၀) ရှိခဲ့ပြီးတော့၊ မနှစ်က ၂၀၁၁ ခုနှစ်ရဲ့ ပထမ ကိုးလတာ ကာလအတွင်းမှာတော့ (၁၉၉)မှု ရှိခဲ့တယ်လို့၊ ဒီအစီရင်ခံစာက ဆိုပါတယ်။

ဒီနှစ် ဇူလိုင်လနဲ့ စက်တင်ဘာလအတွင်း ဆိုမာလီ ပင်လယ်ဓါးပြတွေရဲ့ နိုင်ငံတကာသင်္ဘောတွေ ကို ပြန်ပေးဆွဲမှု တစ်မှုသာရှိခဲ့ပြီးတော့၊ ၂၀၁၁ ခုနှစ် ဇူလိုင်လနဲ့ စက်တင်ဘာလအတွင်းမှာ (၃၆) မှုရှိခဲ့တယ်လို့ ဆိုပါတယ်။

အခုလို ဆိုမာလီပင်လယ်ဓါးပြတွေက နိုင်ငံတကာသင်္ဘောတွေကို ပစ်မှတ်ထား ပြန်ပေးဆွဲ ထားမှု တွေ လျော့ကျလာရတဲ့ အဓိက အကြောင်းရင်းဟာ၊ နိုင်ငံတကာရေတပ်တွေရဲ့ ကင်းလှည့် ကာကွယ်စောင့်ရှောက်နေမူကြောင့် ဖြစ်တယ်လို့၊ နိုင်ငံတကာရေကြောင်း သွားလာမှုဗျူရို IMB ရဲ့ ညွှန်ကြားရေးမှူး ပေါ့တယ်န်ဂယ်လ် မူကွန်ဒန် (Pottengal Mukundan)က ပြောကြားခဲ့ပါတယ်။

သမ္မတရဲ့ ရင်းနှီး မြှုပ်နှံမှု ဥပဒေ အကြံပြု ချက်တွေကို လွှတ်တော် လက်ခံနိုင်
နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဆိုင်ရာ ဥပဒေ အကြံပြု ချက် တွေကို လွှတ်တော်မှာ တင်ပြ
မြန်မာ နိုင်ငံရဲ့ နိုင်ငံခြား ရင်နှီး မြှုပ်နှံမှု ဆိုင်ရာ ဥပဒေကြမ်းကို အတည် မပြုခင် ပြန်လည် ပြင်ဆင်ဖို့ သမ္မတက မှတ်ချက် တွေနဲ့ လွှတ်တော်ဆီ ပေးပို့ ခဲ့ရာမှာ ဥပဒေကြမ်း ကော်မီတီက အများစု ကို သဘောတူ လက်ခံ သင့်ကြောင်း ပြည်ထောင်စု လွှတ်တော်မှာ တနင်္လာနေ့က တင်ပြခဲ့ ပါတယ်။
သမ္မတက မှတ်ချက်ပေး ထားတဲ့ အထဲမှာ ပြင်ဆင် သင့်တဲ့ အချက် ၁၁ ချက်နဲ့ ဥပဒေ ရေးထုံး အရ ပြင်သင့်တဲ့ အချက် ၅ ချက် ဆိုပြီး စုစုပေါင်း ၁၆ ချက် ပါဝင်ပါတယ်။
အဲဒီ ၁၁ ချက် ထဲက ၁၀ ချက်နဲ့ ဥပဒေ ရေးထုံး အရ ပြင်ပေးဖို့ ပြောထားတဲ့ ၅ချက် ထဲက လေးချက်ကို သဘော တူတယ်လို့ လွှတ်တော် ဥပဒေကြမ်း ကော်မီတီက ပြောပါတယ်။
အခု ပြင်ဆင်မယ့် အထဲမှာ အဓိက ကျတာက ဖက်စပ် လုပ်ငန်း တွေမှာ နိုင်ငံခြား သားက ၃၅ ရာခိုင်နှုန်း၊ မြန်မာက ၆၅ ရာခိုင်နှုန်း ပါရမယ် စတဲ့ သတ်မှတ်ချက် တွေကို ပယ်ဖျက်ပြီး အရင်း အနှီး ရာခိုင်နှုန်းကို ညှိနှိုင်း နိုင်တယ် ဆိုတဲ့ အချက်ဖြစ်ပါတယ်။
ကျန်တာတွေက ဥပဒေ စကားရပ် တွေနဲ့သာ အဓိက ဆိုင်ပါတယ်။
နိုင်ငံခြားက ရင်းနှီး မြှုပ်နှံလို သူတွေ အတွက် ဒီပြင်ဆင်ချက်ဟာ သတင်းကောင်း ဖြစ်နိုင်ပြီး သမ္မတ ဦးသိန်းစိန် ကလည်း ဒီဥပဒေကို မြန်မြန် အတည် ဖြစ်လာဖို့ မျှော်လင့်နေ တဲ့ပုံ ရှိပါတယ်။
ဒါပေမဲ့ ဆက်လက် ဆွေးနွေး ကြရဖို့ ရှိနေ တာမို့ မျှော်လင့် သလို မြန်ချင်မှတော့ မြန်ပါလိမ့်မယ်။
ကော့မှူး မြို့နယ် အန်အယ်လ်ဒီ အမတ်ဒေါ်အောင်ဆန်း စုကြည် ကတော့ သူတို့ အနေနဲ့ သဘော တူတာ ရှိသလို မတူတာလည်း ရှိတယ်လို့ ပြောပါတယ်။
ဘာကို သဘောတူတယ် မတူဘူး ဆိုတာနဲ့ ပတ်သက်လို့ တိတိ ကျကျတော့ ထုတ်ဖော် မပြော ခဲ့ပါဘူး။
သင်္ဃန်းကျွန်း ပြည်သူ့ လွှတ်တော် အမတ် ဦးသိန်းညွန့် ကတော့ နိုင်ငံခြားသားကို ဆွဲဆောင် နိုင်ဖို့ အတွက် နိုင်ငံသား တွေကို ဥပဒေက အလွန် အကျွံ အကာ အကွယ် ပေးမထား သင့်ဘူးလို့ ပြောပါတယ်။
ဥပဒေ ပြုသူတွေ အနေနဲ့ စီးပွားရေး ဖွံ့ဖြိုးမှု အတွက် အရေးပါ လှတဲ့ ဒီဥပဒေကို အမှား အယွင်း မရှိအောင် ကြိုးပမ်း နေတာ ဖြစ်ပေမဲ့ ပြင်ဆင်မှုတွေ များတဲ့ အတွက် အချိန် ကြန့်ကြာ ခဲ့ရ ပါတယ်။ ရင်းနှီး မြှုပ်နှံ လိုသူတွေ ကတော့ ဒီတကြိမ်မှာ ဥပဒေ အတည် ပြုနိုင်ဖို့ မျှော်လင့် နေကြ ပါတယ်။

လက်ပံတောင်းတောင် တာဝန်ကျ ရဲ စစ်ဆေးခံရ
Yangon.chronicle ဝက်ဆိုက်နဲ့ DVB ရုပ်သံ က ထုတ်လွှင့် တဲ့ လက်ပံတောင်းတောင် လုံခြုံရေး တာဝန်ကျ ရဲဝန်ထမ်း နှစ်ယောက် နဲ့ မေးမြန်းခန်း ကြောင့် တာဝန်ကျ ရဲအုပ်နဲ့ ဒုတပ်ကြပ် နှစ်ယောက် လုံးကို ဖမ်းပြီး စစ်ဆေး နေတယ်လို့ သတင်း ထွက်နေပါတယ်။
အဆိုပါ ရဲဝန်ထမ်း နှစ်ယောက် ကို မေးမြန်း သတင်းယူတဲ့ သတင်းထောက် က မုံရွာ အမှတ် ၂ ရဲစခန်းမှာ ရဲ နှစ်ယောက် ဖမ်းထားတာ နဲ့ ပတ်သက်ပြီး ဒုတပ်ကြပ် ရဲ့ ဇနီးက တွေ့ခွင့် တောင်းပေမယ့် မရသေးတဲ့ အကြောင်း ဘီဘီစီ ကို ပြောပါတယ်။
အခုလို တာဝန်ကျ ရဲ ဝန်ထမ်းနှစ်ယောက် ကို ဖမ်းထားတာ ဟုတ်မှန် ပါသလား လို့ မုံရွာ အမှတ် ၂ ရဲစခန်း ကို ဘီဘီစီ က ဆက်သွယ်မေးမြန်းရာမှာ တာဝန်ကျ ရဲ အရာရှိ က ရဲစခန်းမှာ မရှိကြောင်း ပြောပါတယ်။ သူတို့ ကို ပြောင်းရွှေ့ ထား လိုက်ပြီ လို့လည်း ကြားရပါတယ်။
ရဲဝန်ထမ်း နှစ်ယောက် က သတင်းထောက်တွေ မေးတာကို ဖြေရာမှာလည်း မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက် က အငြိမ်းစား စစ်ဗိုလ်ကြီး တွေဟာ လက်ပံတောင်း လုံခြုံရေး ရဲတွေ အပေါ် မောက်မောက်မာမာ ဆက်ဆံကြောင်း၊ ရဲတွေ စိတ်ဓါတ် ကျနေတာ ကို သတင်းထောက် က တဆင့် တင်ပြလို့ အထက်အာဏာပိုင် တွေ တနည်းမဟုတ် တနည်းနဲ့ ဒုက္ခပေးမှာ စိုးတဲ့ အတွက် ရှောင်ပုန်းနေ ကြောင်း သတင်းထောက် က ဘီဘီစီ ကို ပြောပါတယ်။

စက်ဘီး ချန်ပီယံ ဆု ၇ ဆုလုံး အမ်းစထရောင်း ပယ်ခံရ
ကမ္ဘာ့ စက်ဘီစီး ပြိုင်ပွဲ ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့က အမေရိကန် စက်ဘီး သမား လန့်စ် အမ်းစထရောင်း Lance Armstrong ကို သူ အနိုင် ရခဲ့တဲ့ ချန်ပီယံ ဘွဲ့တွေ အားလုံးကို ရုပ်သိမ်းပြီး သူ့ကို ပြိုင်ပွဲ တွေကနေ ထာဝရ ပိတ်ပင် လိုက်ပြီလို့ ကြေညာ လိုက် ပါတယ်။
အမေရိကန် ပြည်ထောင်စုရဲ့ တားမြစ် ဆေးဝါး သုံးစွဲမှု စုံစမ်းရေး အေဂျင်စီရဲ့ တွေ့ရှိချက် တွေကို ကမ္ဘာ့ စက်ဘီး သမဂ္ဂက လက်ခံကြောင်း ပြောပါတယ်။
အဲဒီ အေဂျင်စီက မစ္စတာ အမ်းစထရောင်းဟာ အားကစား လောကမှာ ခေတ်အမီဆုံးသော ထိပ်တန်း ဆေးဝါး တွေကို သုံးစွဲ ခဲ့တယ်လို့ စွပ်စွဲတာ ဖြစ်ပါတယ်။
ဂျနီဗာမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သမဂ္ဂ အကြီးအကဲ ပက် မကွစ်တ် Pat McQuaid က စက်ဘီး ပြိုင်ပွဲမှာ မစ္စတာ အမ်းစထရောင်း အတွက် နေရာ မရှိတော့ဘူး၊ သူ့ကို မေ့ထားဖို့ပဲ ထိုက်တန်တယ်လို့ ပြောပါတယ်။
တားမြစ် ဆေးဝါး သုံးစွဲခြင်း မပြုပါဘူးလို့ ငြင်းဆိုနေ တုန်း ဖြစ်တဲ့ လန့်စ် အမ်းစထရောင်း ဟာ ၁၉၉၉ ခုနှစ် ကနေ ၂၀၀၅ ခုနှစ် အတွင်း ပြင်သစ် နိုင်ငံ ကို ဖြတ်ကျော် စက်ဘီးစီး ယှဉ်ပြိုင်ခဲ့တဲ့ Tour de France ပြိင်ပွဲမှာ အနိုင်ရခဲ့တဲ့ ချန်ပီယံဆိုတဲ့ ဆု ၇ ဆုလုံးကို ဆုံးရှုံး သွားမှာ ဖြစ်ပါတယ်။

လက်ဘနွန် ဗုံးခွဲမှု စစ်ဆေးရေး ကန်ပါလို
လက်ဘနွန်မှာ ကားဗုံးကြောင့် ပြည်တွင်း ထောက်လှမ်းရေး အရာရှိချုပ် သေဆုံး ရမှု ကို စစ်ဆေး ဖော်ထုတ် ဖို့ လက်ဘနွန် အစိုးရကို ကူညီမှာ ဖြစ်ကြောင်း အမေရိကန် အစိုးရက ပြောကြား လိုက်ပါတယ်။
လက်ဘနွန် ဝန်ကြီးချုပ် နာဂျစ် မီကာတီကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က တယ်လီဖုန်း ဆက်ပြီး ဗိုလ်ချုပ်ကြီး အယ်လ် ဟတ်ဆန် ကို သတ်ဖြတ်မှုကို ရှုတ်ချ ကြောင်း ပြောဆို ခဲ့ပါတယ်။
မစ္စစ် ကလင်တန်ဟာ ဆီးရီးယား သမ္မတ ဘရှား အာဆတ် ကို ပြင်းပြင်း ထန်ထန် ဝေဖန် နေသူ ဖြစ်ပါတယ်။
ဘေရွတ် မြို့လယ်မှာ ဗိုလ်ချုပ်ကြီး ဝစ်ဆမ် အဲလ် ဟတ်ဆန်ရဲ့ အသုဘ ကို ပို့ဖို့ ရောက်လာကြသူတွေက ဒေါသ တကြီးနဲ့ မြို့လယ်က အစိုးရ ဌာနချုပ် ကို ချီတက် ဆန္ဒပြဖို့ ကြိုးစားခဲ့ကြ ပေမယ့် လက်ဘနွန် အတိုက်အခံ ခေါင်းဆောင် ဆတ် အဲလ် ဟာရီရီက အခြေအနေ တည်ငြိမ်အောင် ဖြန်ဖြေ ပေးခဲ့ ပါတယ်။
ဒီဗုံးခွဲမှု နောက်ကွယ်မှာ ဆီးရီးယား ပါဝင်တယ် လို့ စွပ်စွဲနေကြတဲ့ လက်ဘနွန် အတိုက်အခံ တွေက အစိုးရ အနေနဲ့ ဗိုလ်ချုပ်ကြီး ဟတ်ဆန်ကို အကာ အကွယ် မပေးနိုင်ခဲ့ဘူး ဆိုပြီး ဝန်ကြီချုပ် နာဂျစ် မီကာတီကို အပြင်းအထန် ဝေဖန် နေကြ ပါတယ်။

ဘိုရှီလိုင်ကို ပါလီမန်ကမထုတ်ဖို့ တောင်းဆို
တရုတ် ပါလီမန် ကနေပါ ထုတ်ပစ် လိုက်မယ် ဆိုရင်တော့ မစ္စတာ ဘိုရှီလိုင်ဟာ အကာ အကွယ်မဲ့သွားမယ်
တရုတ် ကွန်မြူနစ်ပါတီ ထိပ်တန်း အရာရှိ ဟောင်းတွေနဲ့ ပညာရှင် စုစုပေါင်း ၃၀၀ ကျော် ဟာ နာမည်ပျက် ရှိနေတဲ့ နိုင်ငံရေးသမား ဘိုရှီလိုင်ကို ပါလီမန် ကနေ မထုတ်ပစ်ဖို့ အိတ်ဖွင့်ပေးစာ တစောင် ရေးသားပြီး တရုတ်ပါလီမန်ကို တောင်းဆို လိုက်ပါတယ်။
ဘိုရှီလိုင်ကို ပါလီမန်ကနေ ထုတ်ပစ်မယ်ဆိုရင် ဒါဟာ နိုင်ငံရေး အရ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာ ဖြစ်ပြီး၊ ဥပဒေကြောင်း အရလည်း မေးခွန်းထုတ်စရာ ဖြစ်တယ်လို့ အဲဒီစာထဲမှာ ဖေါ်ပြထားပါတယ်။တရုတ်နိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အကြီးမားဆုံး နိုင်ငံရေး အရှုပ်တော်ပုံရဲ့ အဓိက ဇာတ်ဆောင်ဟာ မစ္စတာဘို ဖြစ်နေပြီး၊ သူ့ကို အာဏာ အလွဲသုံးစား လုပ်မှု အပါအဝင် အဂတိ လိုက်စားမှု တွေနဲ့ ကွန်မြူနစ် ပါတီ ကနေ ပြီးခဲ့တဲ့လက ထုတ်ပယ် လိုက်တာ ဖြစ်ပါတယ်။
အခုတခါ သူ့ကို တရုတ် ပါလီမန် ကပါ ထုတ်ပစ် လိုက်မယ် ဆိုရင်တော့ မစ္စတာ ဘိုရှီလိုင်ဟာ တရားစွဲ မခံအောင် အကာအကွယ် ရှိနေရာ ကနေ အခုတော့ အကာ အကွယ် မဲ့သွား တော့မှာ ဖြစ်ပါတယ်။
မစ္စတာ ဘိုဟာ ပြီးခဲ့တဲ့ နှစ်က ဗြိတိသျှ စီးပွားရေး သမား တဦး အသတ်ခံ ခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရာဇဝတ်မှု ဆိုင်ရာ စုံစမ်း စစ်ဆေးမှုတွေနဲ့ ရင်ဆိုင် နေရတာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း သူ့ဇနီးဖြစ်သူ ဂူကိုင်လိုင်နဲ့ တခြား ရဲ အရာရှိ တဦးကို အဲဒီအမှု ကိစ္စနဲ့ ပတ်သက်ပြီး ပြစ်ဒဏ်ချမှတ်ခဲ့ ပြီးလည်း ဖြစ်ပါတယ်။
အခုလို အရှုပ်အရှင်းတွေ မဖြစ်ခင် အချိန် အထိတော့ ဘိုရှီလိုင်ဟာ ထိပ်တန်း ပါတီ ခေါင်းဆောင် နေရာ တခု အတွက် အဓိက လျာထား ခံရသူ ဖြစ်ပါတယ်။

မီဒီယာကို သမ္မတ နားလည်တာ စတီဗင် ဆက်ကာ ကြိုဆို
သမ္မတ ဦးသိန်းစိန်က သတင်း မီဒီယာတွေ အပေါ် နားလည်မှု ရှိလာတာကို ဝမ်းမြောက် မိကြောင်း ဘီဘီစီ Hard Talk အစီအစဉ် တင်ဆက်သူ သတင်းထောက် စတီဗင် ဆက်ကာ က ပြောပါတယ်။
အမေရိကန် ပြည်ထောင်စု ခရီးစဉ် အတွင်း သမ္မတကို ကိုယ်တိုင် မေးမြန်း ခဲ့တဲ့ စတီဗင် ဆက်ကာက သူနဲ့ မေးမြန်းခန်း နဲ့ ပတ်သက်ပြီး အပြု သဘော တုံ့ပြန်ချက်တွေ အများကြီး ရခဲ့တယ်လို့ ပြောပါတယ်။
မြန်မာ သမ္မတက Hard Talk အစီအစဉ်နဲ့ မေးမြန်းခန်း လုပ်ပြီးတဲ့နောက် ဘယ်သတင်း မီဒီယာကိုမှ မကြောက် တော့ဘူးလို့ ပြောတာဟာလည်း မြန်မာ့ ဒီမိုကရေစီ အပြောင်း အလဲမှာ တွေ့လာရတဲ့ အပြောင်း အလဲ တစ်ခုလို့ သူမြင်ကြောင်း စတီဗင် ဆက်ကာက ပြောပါတယ်။
Hard Talk အစီအစဉ်မှာ စတီဗင် ဆက်ကာရဲ့ မေးခွန်း တွေက ခက်ခဲပြီး သူ့ အနေနဲ့ ခက်ခက် ခဲခဲ ဖြေလိုက်ရတယ်လို့ သမ္မတက ပြောပေမဲ့ ကိုယ်တိုင် မေးခဲ့သူ မစ္စတာ ဆက်ကာ ကတော့ သူ့ အနေနဲ့ မြန်မာ ပြည်သူတွေ သိချင်မယ့် သိသင့် သိထိုက်တဲ့ မေးခွန်းတွေကိုသာ မေးခဲ့တာ ဖြစ်ပြီး သမ္မတကိုမှ ပိုခက်တဲ့ မေးခွန်းတွေ ရွေးပြီး မမေးခဲ့ပါဘူးလို့ ပြောပါတယ်။
သမ္မတ ဦးသိန်းစိန်က တနင်္ဂနွေနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းထောက် တွေနဲ့ သတင်းစာ ရှင်းလင်းပွဲမှာ Hard Talk ဆိုတာ သိခဲ့ရင် သူ ငြင်းကောင်း ငြင်းခဲ့မှာလို့ ပြောခဲ့ ပါတယ်။
စတီဗင် ဆက်ကာ ကလည်း သမ္မတ ဘေးက အကြံပေးသူ တွေက တချို့ မေးခွန်း တွေကို မကြိုက်ရင် သမ္မတကို မဖြေခိုင်းဘူး လို့ ပြောတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဘီဘီစီ အနေနဲ့ ဒီလို မလုပ်နိုင်ကြောင်းနဲ့ မေးသင့် မေးထိုက်တာ တွေကို မေးမယ်၊ သမ္မတ ဘက်ကလည်း ဖြေနိုင်တာကို ဖြေချင်သလို ဖြေပါလို့ ပြောခဲ့ပြီးမှ မေးမြန်း ခဲ့တာ ဖြစ်ပြီး သမ္မတကလည်း သူ့ မေးခွန်းတိုင်းကို ဖြေခဲ့ တယ်လို့ စတီဗင် ဆက်ကာက ပြောပါတယ်။
သမ္မတက ဟာသဉာဏ် ရှိတာကို စတီဗင် ဆက်ကာက သတိပြုမိပါတယ်။
စစ်အစိုးရ ခေါင်းဆောင် တစ်ယောက်က ဘီဘီစီရဲ့ Hard Talk လို အစီအစဉ်မှာ အမေးခံမယ် ဆိုတာ တချို့က လုံးဝ မျှော်လင့် မထားကြဘူးလို့ သူက ဆိုပါတယ်။
အခုလို Hard Talk မှာ သမ္မတ ဦးသိန်းစိန် ပါဝင် ခဲ့တာဟာ နိုင်ငံ အတွက်လည်း ကောင်းသလို သူ့ အတွက်လည်း ကောင်းတယ်၊ ကမ္ဘာက ကြားချင်နေသူတွေ အတွက်လည်း ကောင်းတယ်လို့ပြောဆိုပြီး ဒီအစီအစဉ်မှာ မေးမြန်းခွင့် ရတဲ့ သူ့ အနေနဲ့လည်း ဝမ်းသာ မိတယ်လို့ စတီဗင် ဆက်ကာ က ပြောပါတယ်။

မင်းပြားနဲ့ မြောက်ဦးမြို့နယ်တွေမှာ ရွာမီးရှို့မှုဖြစ်ပွား
ရခိုင်ပြည်နယ်၊ မင်းပြားနဲ့ မြောက်ဦး မြို့နယ်တွေက မွတ်ဆလင် ကျေးရွာအချို့မှာ မနေ့ညကစပြီး ဒီကနေ့ ညနေပိုင်းအထိ မီးလောင်မှုတွေ ဖြစ်ခဲ့ပါတယ်။
အနည်းဆုံး ကျေးရွာ ၅ ခုမှာမီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ မင်းပြားမြို့နယ်၊ ပိုက်သည် ကျေးရွာမှာတော့ မနေ့ညက အိမ်ခြေ ၁၉ လုံးမီးလောင်သွားတယ်လို့ ရွာသားတစ်ဦးက ပြောပါတယ်။
မနက်ပိုင်းမှာတော့ သရက်အုပ်ရွာ မီးရှို့ခံရပါတယ်။ နေ့လယ်ပိုင်းမှာ မြောက်ဦးမြို့နယ်၊ ပုရိန်ရွာ မွတ်ဆလင်ရွာမီးရှို့ခံရလို့ ရွာသားတွေ တောတောင်ထဲကို ပုန်းအောင်နေရတယ်လို့ ရွာသူတစ်ဦးက ဘီဘီစီကို ပြောပြပါတယ်။
ဒါ့အပြင် မွန်းလွဲပိုင်းမှာတော့ မင်းပြားမြို့နယ်၊ အောင်ဒိုင်ကျေးရွာ မီးရှို့ခံရတဲ့သတင်းတွေရရှိပါတယ်။ ရခိုင်ပြည်နယ်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဦးလှသိန်းကတော့ ပိုက်သည်ရပ်မှာ မွတ်ဆလင် အချင်းချင်း စကားများရာက စတယ်လို့ဆိုပါတယ်။ အဲဒီရန်ဖြစ်တာကို ပတ်ဝန်းကျင် ကကြည့်နေတဲ့ ဦးစံသိန်းဆိုသူ လေးဂွနဲ့အပစ်ခံရာကနေ အော်ဟစ်အကူအညီတောင်းလို့ လူစုလူဝေး ဖြစ်လာပြီး ဓါတ်ဆီနဲ့မီးရှို့တာ ဖြစ်တယ်၊ မသင်္ကာသူ ရခိုင်လူမျိုးနှစ်ဦးကို ရဲကအလိုရှိနေတယ်လို့ ဘီဘီစီကို ပြောပါတယ်။
အဲဒီကတဆင့် သရက်အုပ်ကျေးရွာ ပန်းမြောက် ကျေးရွာတွေမှာမီးရှို့မှု ဖြစ်ပွားပါတယ်။ ဒီသတင်းကြောင့် မင်းပြားနဲ့ မြောက်ဦးနယ်စပ် ပရိန်ကုန်းရွာမှာလည်း တဖက်နဲ့တဖက် မီးရှို့တိုက်ခိုက်ကြပါတယ်။ အဲဒီရွာမှာ ရခိုင်တယောက် မွတ်ဆလင် အမျိုးသမီး၂ယောက် သေဆုံးတယ်လို့ ဦးလှသိန်းက ဘီဘီစီကိုပြောပါတယ်။ ရခိုင်ပြည်နယ် အစိုးရထံရောက်လာတဲ့ သတင်းတွေအရ စုစုပေါင်း အိမ်ခြေ ၃၀၀ကျော် မီးလောင်တယ်လို့ဆိုပါတယ်။
အခုအခါ အိမ်ခြေအများအပြားမီးလောင်ခံရတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အခြေအနေရှုပ်ထွေးနေလို့ ဘယ်လောက် မီးလောင် ပျက်စီးတယ်ဆိုတာ အတိအကျ မပြောနိုင်ပါဘူး။
အရင်ကမင်းပြားနဲ့ မြောက်ဦးတို့မှာ ပုဒ်မ ၁၄၄ မထုတ်ထားပေမယ့် အခု မီးရှို့တိုက်ခိုက်မှုတွေကြောင့် ပုဒ်မ ၁၄၄ ထုတ်မယ်လို့သိရပါတယ်။
ဒါ့အပြင် လုံခြုံရေးတပ်ဖွဲ့ချတာ ဝန်ကြီးတွေကိုယ်တိုင်ကွင်းဆင်းကြီးကြပ်တာတွေ ဆောင်ရွက်နေတယ်လို့ ရခိုင်ပြည်နယ် အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဦးလှသိန်းက ဘီဘီစီကို ပြောသွားပါတယ်။

ဆူပူမှုအဆုံးသတ်ရေး လက်ဘနွမ်စစ်တပ် ပြတ်သားစွာ ဆောင်ရွက်
ဆီးရီးယားနိုင်ငံက ပဋိပက္ခနဲ့ဆက်စပ်ပြီးဖြစ်လာတဲ့ မတည်မငြိမ်မှုတွေကို ထိထိရောက်ရောက် နှိမ်နင်းသွားမယ်လို့ လက်ဘနွန် စစ်တပ်က ပြောလိုက်ပါတယ်။ လက်ဘနွန်နိုင်ငံရဲ့ လုံခြုံရေးဆိုင်ရာ ထိပ်တန်းတာဝန်ရှိသူတဦး လုပ်ကြံခံရပြီးတဲ့နောက် ဘေရွတ် မြို့တောင်ပိုင်းမှာ တနင်္လာနေ့ကဖြစ်ခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုတွေအတွင်း လူ ခြောက်ယောက် ဒဏ်ရာရခဲ့ပါတယ်။
မြို့တော်က Kaskas အရပ်မှာ အခြေအနေကို တည်ငြိမ်အောင်ထိန်းဖို့ ကြိုးစားတဲ့အနေနဲ့ ဆွန်နီနဲ့ ရှီးယား ရပ်ကွက်တွေကြားမှာ စစ်သားတွေနဲ့ တင့်ကားတွေကို တနင်္လာနေ့က ချထားခဲ့ပါတယ်။ ထရီပိုလီမြို့တော် မြောက်ဘက်မှာ သီးခြားဖြစ်ခဲ့တဲ့ တိုက်ခိုက်မှု တခုအတွင်းမှာတော့ လူတယောက်ထက်မနည်း သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ရုန်းရင်းဆန်ခတ်တွေဖြစ်ခဲ့ပြီးတဲ့နောက် နိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ နောက်ထပ် အဓိကရုဏ်းတွေဖြစ်အောင် မီးထိုးသလို မျိုး မဖြစ်မိစေဖို့ လူထုကြားမှာပြောဆိုတာတွေကို သတိထားကြဖို့ စစ်ဘက်က တိုက်တွန်းခဲ့ပါတယ်။

ဒေသတွင်းမှာ ပြဿနာအတွက် အဖြေရှာတဲ့နေရာတခုအဖြစ် လက်ဘနွန်နိုင်ငံကို နောက်ထပ်တကြိမ် အသွင်ပြောင်းပစ်မယ့် အရေး တားဆီးကာကွယ်ဖို့ အထူးသဖြင့် ဘာသာရေးဆိုင်ရာ တင်းမာမှုတွေ တိုးဖြစ်နေတဲ့ဒေသတွေမှာ စစ်ဘက်က ထိထိရောက်ရောက် ကိုင်တွယ် လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

22-10-2012 အချိန်ပိုင်းအလိုက် မြောက်ဦးမြို့နယ် ဖြစ်စဉ်များ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬Rakhine Straight Views22-10-2012 : 10:45 AM

***မောင်တောမြို့အခြေအနေ**မောင်တောမြို့ခံသား Facebook သုံးစွဲသူ Kohtoohtoo Nyuntlwin ၏ စာမျက်နှာတွင် ယခုချက်ချင်းဆိုသလိုပင် မောင်တောမြို့အတွင်း ကုလားများအသွားအလာနည်းပါးသွားကြောင်းရေးသားထားသည်။

မြောက်ဦးမြို့နယ် ပရိန်ရခိုင်ရွာအား ဘင်္ဂလီများက လာရောက်မီးရှို့နေသည်ဟု RSV သတင်းထောက်မှ သတင်းပေးပို့သည်။ အခြေအနေအပြည့်အစုံကို မကြာခင်ဆက်လက်ဖော်ပြပေးသွားမည်ပါသည်။

၁၁း၃၀ အချိန်

မြောက်ဦးမြို့နယ် ပရိန်ဘက်တွင် ပြဿနာရှုပ်ထွေးနေသေးကြောင်းနှင့် ထိခိုက် ဒဏ်ရာရသူများလည်း ရှိနေကြောင်း သိရသည်။မီးလောင်မှု၊ တုတ်၊ဓါးချင်း တိုက်ခိုက်မှုများလည်းရှိခဲ့ကြောင်းနှင့် လုံခြုံရေးမှ တင်းကြပ်စွာ ကြားဝင်ဖြေရှင်းပေးနေရကြောင်းနှင့် နှစ်ဘက်ခိုက်တိုက်မှု ကို ရပ်တန့်အောင် ဆောင်ရွက်ပေးနေရကြောင်းလည်းသိရသည်။ပန်းမြောင်းကျေးရွာအနီး သရက်အုပ် ဘင်္ဂလီကျေးရွာတွင် အိမ်ခြေ ၂၀၀ ခန့် (တစ်ရွာလုံး)မီးလောင်သွားပြီဖြစ်ကြောင်း ထိုရွာမှ ဘင်္ဂလီများသည် မြောက်ဦး မြို့နယ် ပရိန်ကျေးရွာ (ချောင်းတစ်ဘက်ကမ်း)သို့ ထွက်သွားကြ ပြီး ယင်းတွင် ပရိန်ရခိုင်ကျေးရွာအား မီးရှို့ရန် ကြိုးစားလျက်ရှိကြောင်းသိရှိ ရပါသည်။ သတင်းအပြည့်အစုံကို မသိရသေးပါ။သရက်အုပ်တွင် ဘင်္ဂလီများကိုယ့်အိမ်ကို မီးရှို့လိုက်ရာမှ ရွာလုံးကျွတ်သို့ ကူးစက်သွားရခြင်းဖြစ်ကြောင်းသိရသည်။မီးသတ်ကားသွားလို့မရသည့်နေရာဖြစ်နေခြင်းကြောင့် ပိုဆိုးသွားရခြင်းဖြစ်ပါ သည်။

၁၁း၄၅ အချိန်ပရိန် ဘင်္ဂလီရွာတွင် အိမ်ခြေ ၄၈၀ ခန့်ရှိကြောင်းနှင့် ထက်ဝက်ကျော်မီး လောင်သွားပြီဖြစ်ကြောင်းသိရသည်။ရခိုင် ၂ ဦး ဒဏ်ရာရရှိကြောင်းနှင့် ဘင်္ဂလီများက မည်မျှ ဒဏ်ရာရသည်ကို မသိရှိရသေးပါ။နှစ်ဘက်လုံးတွင် ဒဏ်ရာရရှိနေကြောင်းနှင့် ၀င်ရောက်သတင်းယူ၇န်ခက် ခဲ့နေကြောင်းလည်းသိရသည်။

၁၂း၀၀ အချိန်သတင်း--------------------ရခိုင်သား ၂ ဦးကျဆုံးခဲ့ပြီး ဘင်္ဂလီများဘက်မှလည်း ကျဆုံးမှုများရှိကြောင်း သိရသည်။ အခြေအနေကို ထိန်းရန်ကြိုးစာလျက်ရှိကြောင်းနှင့် မီးမှာဆက် လက်လောင်နေဆဲဖြစ်ကြောင်း လည်းသိရသည်။ပရိန်ရွာတွင် အိမ်ခြေ ၃၀ ခန့်သာမီးလောင်နေခြင်းဖြစ်ပြီးဆက်လက် လောင် နေဆဲဖြစ်ကြောင်း ၄၈၀ အနက် ထက်ဝက်ခန့်လောင်ခြင်း မဟုတ်ကြောင်း နှင့် အိမ်ခြေအရေအတွက် သတင်းများအား အတည်ပြုရန် ခက်ခဲနေသေး ကြောင်း လည်း သိရှိရပါသည်။

၁၂း၄၅ အချိန်--------------မြောက်ဦးမြို့နယ် ၊ပရိန်ဘင်္ဂလီရွာနှင့် ပရိန်ကုန်းရခိုင်ရွာတို့ တစ်ဘက်နှင့်တစ်ဘက် အပြန် အလှန် တုတ်၊ ဓါး၊ လေးကွ၊ စရှိသော ရရာလက်နက်များကိုင်ဆောင်ကာတိုက်ခိုက်နေကြဆဲဖြစ်ကြောင်းနှင့် ရခိုင်ဘက်မှ ၃ ဦးသေဆုံးနေပြီဖြစ် ကြောာင်းလည်းသိရသည်။ ဘင်္ဂလီဘက်မှ ကျဆုံးမှုကို အတည်မပြုနိုင်သေးပါ။မီးမှာလည်းဆက်တိုက်လောင်နေကြောင်းသိရသည်။

၁း၀၅ အချိန်-----------ပရိန်ဘင်္ဂလီရွာမီးလောင်မှုမှာဆက်တိုက်လောင်ကျွမ်းနေဆဲဖြစ်ကြောင်းနှင့် မင်းပြားမှ စစ်သားအမြောက်အများ မြောက်ဦး ပရိန်သို့ ဆင်းလာနေပြီ ဖြစ်ကြောင်းနှင့် အဓိကရုန်းကို ထိန်းသိမ်းရန် ကြိုးစားနေကြောင်းလည်းသိရ သည်။သတင်းအတိကျ ရယူနိုင်ခြင်းမရှိသေးသဖြင့် အသေးစိတ်ကို ဖော်ပြရန် လောလောဆယ် မဖြစ်နိုင်သေးပါ။သတင်းများကိုရနိုင်သလောက်စုစည်းတင်ပြခြင်းသာ ဖြစ်ပြီး ဆက်လက်တင်ပြ သွားပါမည်။မီးကိုလည်း ငြိမ်းသတ်ဖို့ ကြိုးစားနေကြကြောင်းနှင့် တိုက်ခိုက်မှုများကိုလည်း ရပ်တန့်၇န် ဆောင်ရွက်နေကြပြီဖြစ်ကြောင်းသိရသည်။လက်ရှိအချိန်တွင် တစ်ဖက်နှင့်တစ်ဖက် တုတ်ဓါးများဖြင့် ရင်ဆိုင် တိုက်နေဆဲဖြစ်ကြောင်းနှင့် စစ်တပ်မှ ထိမ်းသိမ်းနိုင်ခြင်း မရှိသေးကြောင်း နှင့် အိမ်ခြေ ၁၀၀ခန့်မီးလောင်ကျွမ်းခဲ့ကြောင်းသိရသည်။ရခိုင် သုံးဦး သေဆုံးခဲ့ရာတွင် အလောင်းတစ်လောင်းအား စစ်တပ်မှရှာဖွယ်ရရှိထားပြီးဖြစ်ကာ သေဆုံးသူအမည်ကို မသိရှိရ သေးကြောင်း ၊ ဆက်လက်စုံစမ်းဆဲဖြစ်ကြောင်းသိရသည်။အခြေအနေမှာ ပြန်လည်တင်းမာလာနိုင်ခြေရှိကြောင်းနှင့် ပရိန်ကုန်းရခိုင် ရွာကို အင်အား လေးငါးထောင်ခန့်ဖြင့် ကာကွယ်ထားရကြောင်းလည်းသိရ သည်။အလားတူတပ်ရင်း၅၄၀မှတာဝန်ယူထိန်းသိမ်းရန်ကြိုးပန်းလျက်ရှိကြောင်း နှင့်မကြာခင် ငြိမ်းချမ်းအောင် ဆောင်ရွက်နိုင်ခြေရှိကြောင်းလည်းသိရသည်။

ရခိုင်ပြည် စစ်တွေမြို့တွင် စုံစမ်းစစ်ဆေးရေးအဖွဲ့ရောက်ရှိ---------------၁၉.၁၀.၂၀၁၂ ရက်နေ့မှ ဦးအောင်နိုင်ဦးဦးအောင်နိုင်ဦး၊ ဦးအောင်ထွန်း၊ ဦးစည်သူ၊ ဦးသီဟအောင်ဦးအောင်ကိုကို ၊ ဒေါ်မိုးမိုး ၊ဒေါ်ဟယ်လင် အပါအ၀င် စုံစမ်းစစ်ဆေးရေးအဖွဲ့ (၉)ဦးသည် စစ်တွေမြို့တွင် ဇွန်လအရေးအခင်းအတွက် လာရောက်စုံစမ်းစစ်ဆေးလျှက်ရှိပါသည်။ သမ္မတမှ ဖွဲ့စည်းပေးခဲ့သော စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ယခုအခါ စစ်တွေမြို့နယ် အနီပတ်ဝန်းကျင်ရှိ ဒါးပိုင်ဘင်္ဂလီဒုက္ခသည်စခန်း၊သဲချောင်းရခိုင်ရွာ၊ မင်းဂံဒုက္ခစခန်း၊ အောင်မင်္ဂလာ(အင်ပါလာ)ရပ်ကွက် ၊ အင်ပါရီအပိုင် ဥယဉ်သာရွာများသို့ သွားရောက်စုံစမ်းစစ်ဆေးခဲ့ပါသည်။ ယခု လက်ရှိ မင်းပြားမြို့နယ်နှင့် မြောက်ဦးမြို့တယ်တို့တွင် အခင်းဖြစ်ပွါးမှုများသည် ဘင်္ဂလီကုလားများ ချိန်ကိုက်ထားသကဲ့သို့ စုံစမ်းစစ်ဆေးရေးအဖွဲ့များ ရောက်တိုင်း ဖြစ်လေ့ရှိပါသည်ဟု စစ်တွေမြို့ ဒေသခံများကြားပြောကြားလျှက်ရှိပါသည်။ပထမအကြိမ် စုံစမ်းစစ်ဆေးရေးအဖွဲ့လာရောက်တုန်းက စစ်တွေမြို့ သဲချောင်းကျေးရွာတွင် ဘင်္ဂလီကုလားများမှ လုံခြုံရေး ရဲများမှ လက်နက်လူမှု၊ လုံခြုံရေး ကားများ၊ ဆိုင်ကယ်များကို တားဆီပြီး ၀ိုင်းရိုက်မှုများဖြစ်ပွါးခဲ့ပါသည်။ဒုတိယတကြိမ် စုံစမ်းစစ်ဆေးရေးအဖွဲ့ရောက်လာတုန်းက စစ်တွေမြို့ရှိ အင်ပါလာ(အောင်မင်္ဂလာ)ရပ်ကွက်အတွင်း ရခိုင်ကလေး ၊ ရေခဲချောင်းရောင်းသော ကလေးငယ်ကို ဘင်္ဂလီကုလားများ ၀ိုက်ရိုက်သဖြင့် အခင်းဖြစ်ပွါးရာ ညနေပိုင်းတွင် မျက်ရည်ယိုဗုံးများ၊ သေနပ်များ ပစ်ဖောက်ပြီး လူစုခွဲခဲ့ရပါသည်။ယခုတကြိမ်သည် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ သုံးကြိမ်းမြောက် ခရီးဖြစ်ပြီး မင်းပြားမြို့၊ မြောက်ဦးမြို့တို့တွင် အခင်းဖြစ်ပွါးလျှက်ရှိပါသည်။

အစဉ်အလာရှိတဲ့ မီးတိုက်မှုလို့ ရခိုင်ပြည်အစိုးရအဖွဲ့မှ သတင်းထုတ်ပြန်--------------------------------------Ref: EMG''အခုလောလောဆယ် တပ်အင်အား သုံးပြီးတော့ ထိန်းထားပါတယ်။ ဆက်လက်ကူးစက်မှု မဖြစ်အောင် တပ်မတော်အကူအညီကို ရယူသွားမှာ ဖြစ်ပါတယ်။ ယင်းအင်အားနဲ့ ထိန်းလို့ မရရင် သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးက မြို့ပြအုပ်ချုပ်ရေးရဲ့ အကူအညီတောင်းခံခြင်းဆိုတဲ့ အစီအစဉ်အရ တောင်းခံပြီး ထိန်းသိမ်းသွားဖို့ အစီအစဉ်ရှိပါတယ်။ အခြေအနေအရ မင်းပြားမြို့နယ်နဲ့ မြောက်ဦးမြို့နယ်ကို ပုဒ်မ ၁၄၄ ထုတ်ဖို့ အလားအလာ ရှိပါတယ်။ ဒြီ့ဖစ်စဉ်မျိုးက အရင်ကလည်း ရှိခဲ့တယ်။ ၁၉၇၈ နဂါးမင်းစစ်ဆင်ရေးတုန်းကလည်း သူတို့ဟာ ကိုယ့်ရွာကို ကိုယ် မီးရှို့မှုတွေ လုပ်ခဲ့ဖူးတယ်။ ပြီးတော့ ၁၉၉၂ ခုနှစ်တုန်းကလည်း ဒီလိုမျိုး တစ်ခါ လုပ်ခဲ့ဖူးတယ်။ သူတို့မှာ ဒီလိုလုပ်တဲ့ အလေ့အကျင့်ဟာ သူတို့မှာ ရှိပြီးသားဖြစ်တယ်။ အမှန်တကယ် စဉ်းစားမယ်ဆိုရင် ဖြစ်နိုင်ခြေမရှိဘူးလို့ ယူဆရပေမယ့် အမှန်တကယ် ဖြစ်ခဲ့တယ်။ စစ်ဆင်ရေးတစ်ရပ်အနေနဲ့ ခိုးဝင်တဲ့သူတွေကို စာရင်းကောက်တဲ့အခါ သူတို့က တရားမ၀င် ၀င်လာတဲ့သူတွေဆိုတော့ စစ်ဆေးမခံဘဲနဲ့ ထွက်ပြေးတဲ့အခါမှာ ကိုယ့်အိမ်ကို ကိုယ် မီးရှို့ခဲ့ကြတယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို ထားခဲ့ရမှာဆိုတော့ မြေလှန်စနစ်နဲ့ နောက်လာတဲ့သူတွေကို ဘာမှ မရနိုင်အောင် လုပ်ထားခဲ့တာ ဖြစ်တယ်။ လောလောဆယ်မှာတော့ ဒီပြသနာရဲ့ သတင်းအပြည့်အစုံကို မရရှိသေးပါဘူး။''ဟု ရခိုင်ပြည်နယ် ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်းက ယနေ့ အောက်တိုဘာလ ၂၂ ရက် မွန်းလွဲ ၂ နာရီခန့်တွင် သတင်းထောက်များနှင့် တွေ့ဆုံပြောကြားခဲ့ပါသည်။မြောက်ဦး ၃၇၇ စစ်တပ်ကို ကုလားတွေ ဝိုင်းထားလိုက်ပြီလို့ သိရပါတယ်။ ဒါကြောင့် မြောက်ဦးသားတွေ ကူဖို့ လိုက်သွားကြပါတယ်။နောက်ထပ် ပန်းမြောင်း မီးလောင်ပြီး ပြီးချင်း မြောက်ဦး ကျောက်တွင်းကုန်းရွာကို ကုလားတွေ ဝင်ရောက် တိုက်ခိုက်တာ အရမ်း ပြင်းထန်တယ်လို့ သိရတဲ့အတွက် မြောက်ဦးသားတွေ အများအပြား လိုက်သွားကြကြောင်း သိရှိရပါတယ်။နေရာက သုံးနေရာတောင်ပါ။ ပရိန်ရွာအခြေနေကလဲ ရခိုင်ဘယ်လောက် ကုလားဘယ်လောက် သေဆုံး၊ ဒဏ်ရာရသလဲ ဆိုတာ အတိကျ မသိရသေးပါဘူး။ဒီတိုင်းဆိုရင် ကုလားမီးက ပေါ့သေးသေး မဟုတ်တော့တာ သေချာသွားပါပြီ။ အစိုးရဖက်က ပျော့တိပျော့ဖတ် လုပ်နေလို့ အခုလို ရောင့်တက်လာတာ ဖြစ်ပါတယ်။ ခုဆို ကုလားက စစ်တပ်ကိုတောင် စိတ်ခေါ်တိုက်ခိုက် လိုက်ပါပြီ။(Lun Tayza)

၎း၁၉ နာရီ သတင်း-------------------မြောက်ဦးမြို့နယ် ပရိန်ကျေးရွာတွင် ဘင်္ဂလီများမှ သေနပ်များဖြင့် ပစ်ခတ်မှုဖြင့် ရခိုင် ၄ ယောက်နှင့် စစ်တပ်မှ ၂ ယောက် ကျဆုံးဟု ဖုန်းသတင်းအရ သိရှိရပါသည်။ စစ်တပ်မှ ဗိုလ်အဆင့်ရှိ တယောက်ပါဝင်ဟုလည်း သိရပါသည်။ ယခုသတင်းကို အတည်ပြုနိုင်ရန်အတွက် အသေအပျောက် လူစာရင်းနှင့် နာမည်အတိအကျကို RSV မှ ဆက်လက်စုံစမ်းနေပါသည်။

၅း၀၀ နာရီ သတင်း---------------စစ်တပ်မှ အသေအပျောက်စာရင်မှာ မဟုတ်မှန်ကြောင်းကို ဒေသခံတို့မှ အသေအချာ ပြန်ပြောပြပါသည်။ ပစ်ခတ်မှုလည်း မရှိကြောင်း အခိုင်အမာ ပြောကြားခဲ့ပါသည်။ အခု ဖြစ်ပေါ်နေသော သတင်းများမှာ အလွန်မြန်ဆန်သဖြင့် တချို့ သတင်းများသည် အတည်ပြုချက်များ ရယူနိုင်ဖို့အတွက် ကြိုးစားနေပါသည်။ အခင်းမှာ ယခုအခါ တရွာမှ အခြားတရွာသို့ ဆက်လက် ကူးစက်လျှက်ရှိပါသည်။ လုံခြုံရေးအားနည်းသော ဒေသသို့ ချက်ချင်း ကူးစက်လျှက်ရှိပါသည်။

၅း၄၅ နာရီ သတင်း-----------------မင်းပြားမြို့နယ် အောင်ဒိုင်းကျေးရွာ အိမ်ခြေ (၅၀၀) ခန့် မီးလောင်းကျွမ်းသွားပြီး စမ်းဘလီကျေးရွာတွင် အိမ်ခြေ (၄၀၀) ခန့်လောက် မီးလောင်းကျွမ်းနေဆဲ ရှိပါသည်ဟု ခိုင်လုံသော သတင်းထောက်မှ ပေးပို့ပါသည်။ အခြေအနေမှာ တခြား ရွာများသို့ ဆက်လက် ကူးစက်သွားနိုင်ပါသည်။ လုံခြုံရေးမှ အခြေအနကို အမြန်ဆုံး ထိန်းသိမ်းရန်လိုအပ်လျှက်ရှိသည်ဟု သိရှိရပါသည်။

ရှင်းလင်းချက် (၆း၀၀)နာရီ--------------ယခုဖြစ်နေသော အရေးအခင်းတွင် RSV သတင်းများကို တင်ပေးရာတွင် ဒေသခံများဆီမှ ဖုန်းဆက်ပြီး မေးမြန်ခဲ့သော သတင်းများသာဖြစ်ပါသည်။ RSV သည် မိမိအကျိုးတခုမှ မပါဘဲ သတင်းဖြစ်ပေါ်မှုများအား အချိန်နှင့် တပြေးညီတင်ပြပေးနေခြင်းသာဖြစ်ပါသည်။ ဒေသခံများကို မေးမြန်ရာတွင် လည်း ရခိုင်များ၏ ဖုန်းနံပါတ်များနှင့် ဌာနဆိုင်ရာ ဖုန်းနံပါတ်များကိုသာ အဓိကထား မေးမြန်ခဲ့ရသဖြင့် လွဲချော်မှုများရှိကောင်းရှိနိုင်ပါသည်။သို့သော်လည်း အချိန်ကုန် ၊ ငွေကုန်ခံပြီး ကြိုးစားကာ စေတနာဖြင့် တင်ပေးခဲ့ခြင်းဖြစ်ပါသည်။ ယခု လက်ရှိ ဖြစ်ပွါးနေသော အခြေအနေကို RSV မှ ပြင်းထန်းစွာ ကန့်ကွက် ရှုတ်ချပါကြောင်း အသိပေးအပ်ပါသည်။ ယခု အရေးအခင်းသည်လည်း အမြန်ဆုံး ငြိမ်းချမ်းပါစေဟု RSV မိသားစုမှ ဆန္ဒပြုပါသည်။

သတင်းဖတ်ဖိတ်ဆွေများအားလုံးကို ကျေးဇူးတင်လျှက်RSV မိသားစု

ည ၇း၀၀ နာရီသတင်းယနေ့ မင်းပြား၊ မြောက်ဦးနယ်တစ်ဝိုက်တွင်ဖြစ်ပွားခဲ့သော ပြဿနာများတွင် ရခိုင်(၈)ဦးထိဒါဏ်ရာရှိခဲ့ကြောင်း မြောက်ဦးဆေးရုံမှ RSV သို့ အတည်ပြုပြောကြားခဲ့ပါသည်။ အဆိုပါ (၈)ဦးအနက် (၃)ဦးမှာ ဒါဏ်ရာပြင်းထန်လွန်းသဖြင့် ယခုချက်ချင်း စစ်တွေဆေးရုံသို့ပို့ဆောင်ရန်စီစဉ်နေပြီဖြစ်ကြောင်းသိရသည်။ သေဆုံးသူဦးရေမှာ (၄)ဦးဟုကြားသိရသော်လည်း အတိအကျကိုမူအတိအကျအတည်မပြုနိုင်သော်လည်း ယခုလက်ရှိ မြောက်ဦးဆေးရုံတွင် လူသေအလောင်း(၁)လောင်းရောက်ရှိနေပြီဖြစ်ကြောင်းသိရသည်။ယခုလက်ရှိ မြောက်ဦးဆေးရုံသို့ ရောက်ရှိနေသော လူသေအလောင်း(၁)လောင်းမှာ မောင်အောင်မိုးဖြစ်ကြောင်းလည်း သိရှိရပါသည်။မြောက်ဦးမြို့နှင့် မင်းပြားမြို့တို့တွင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ညမထွက်ရအမိန့်အား ညနေ ၇ နာရီမှ နံနက် ၅ နာရီအတွင်းသတ်မှတ် လိုက်ပြီဖြစ်ကြောင်းသိရှိရပါသည်။ယနေ့ည ၁၀ နာရီထုတ်ပြန်ချက်ဖြစ်ပါသည်။

ည ၁၁း၀၀ နာရီအချိန်သတင်း-------------------------------စစ်တွေဆေးရုံသို့ စက်လှေဖြင့် ခေါ်ဆောင်လာသော ဒဏ်ရာရသူများမှာ

(၁) မြင့်ခိုင်အောင် ၊ ၄၀ နှစ်၊ ပန်းမြောင်း၊ ညာခြေထောက်၊ လှံဒဏ်ရာ၊ ပန်းမြောင်းကျေးရွာ(၂) မောင်ထွီးစိန်၊ ၂၅ နှစ်၊ ၀ဲဘက်ဗိုက်မှ ကျောသို့ ပေါက်ထွက်သည့် လှံ ဒဏ်ရာ၊ ကျောင်းတောင်ရွာ၊(၃) မောင်မောင်ခိုင်၊ ၃၀ နှစ်၊ဓါးဒဏ်ရာ၊ မောင်သာကုန်းရွာ၊ တို့ဖြစ် ကြောင်း သိရှိရပါသည်။မြောက်ဦးဆေးရုံသို့ရောက်နေသောသေဆုံးသွားသူမှာ ဘလူးကန်ရွာမှ အောင်မိုးဖြစ်ကြောင်းနှင့် တစ်ကိုယ်လုံး ဓါး ဒဏ်ရာဖြင့် သေဆုံးနေခဲ့ခြင်းကိုတွေ့ရှိခဲ့ရကြောင်းလည်းသိရသည်။

ပြည်ပရင်းနှီးမြှုပ်နှံမှု နှင့် လယ်မြေသိမ်းယူမှုဆက်စပ်
မြန်မာ့စီးပွားရေးမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ဖွင့်ပေးတာကြောင့် အစိုးရနဲ့ ဆက်နွှယ်နေတဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေက ဖွံ့ဖြိုးရေး စီမံကိန်းတွေ ဖော်ထုတ်ဖို့ စိုက်ပျိုးမြေတွေကို အဓမ္မ သိမ်းယူမှုတွေ ရှိလာတာနဲ့ အမျှ မြေယာတွေကို နိုင်ငံဘဏ္ဍာ သိမ်းဆည်းမှုတွေ ဖြစ်ပေါ်လာစေ ပါတယ်။ ဒီပြသနာတွေ ဖြစ်ပေါ်လာတာ နဲ့ အမျှ အစိုးရက မြေယာ ပဋိပက္ခ ဖြေရှင်းရေး ကော်မတီ တရပ်ကို ဖွဲ့စည်းပြီး မြေယာ အငြင်းပွားမှု တိုင်တန်းချက်တွေကို ညှိနှိုင်းဖို့ လုပ်ဆောင် လာရပါတယ်။ နိုင်ငံရဲ့ အရှေ့တောင်ဘက်ပိုင်းမှာ တည်ဆောက်နေတဲ့ အမေရိကန် ဒေါ်လာ ဘီလီယံ ၅၀ ကုန်ကျမယ့် အထူးစီးပွားရေးဇုန်ကတော့ အခု နောက်ဆုံး ထွက်ပေါ်လာတဲ့ မြေယာ အငြင်းပွားမှုတွေ ဖြစ်ပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...