Thursday, April 30, 2015

ဝါးအစည်းပြေ၍မရပါ (၈)


Dr.steven က MPM မှာ theory x နှင့် y ကိုရှင်းပြပါတယ်။
လူ၏ culture အရ သက်တောင့်သက်သာရှိသောအလုပ်
ကိုလုပ်လိုတယ်။နေပူမိုးရွာထဲ အလုပ်ထက်စာရင်
ပန်ကာအောက်အအေးခန်းတွင် ပို၍အလုပ်လုပ်လိုတယ်။
ဝေးလန်နေရာထက် မြို့တော်များတွင် အလုပ်လုပ်ချင်ကြတယ်။
နေပူမိုးရွာမှာလုပ်ချင်အောင် ၊ အဝေးမှာအလုပ်လုပ်ချင်အောင်
မက်လုံး (incentive) ပေးရမယ်။


သို့သော်နေပူမိုးရွာမှာ၊ အဝေးမှာ၊ ခက်ခဲပင်ပန်းတာတွေကို
လူတွေကလုပြီး လုပ်ချင်နေရင် ၊leakage ရှိနေပြီဆိုတာ
နားလည်ရမယ်လို့ prof.dr.steven ကသင်နေခဲ့တာပါ။
စံနစ်မှားနေပြီလို့ ဆိုလိုတာပါ။

တချိန်တည်းမှာ ရုံးချုပ်ကတပည့်တစ်ယောက်ပြောတာကြား ယောင်မိပါတယ်။

 ဆောက်လုပ်ရေးမှာ ခပ်ညံ့ညံ့ဘဲကောင်းတယ်ဆရာ။ site ထဲမှာ တသက်လုံးနေရလို့။
တော်တယ်ဆိုပြီး ရုံးချုပ်ခေါ်တော်လို့ဆိုပြီး ဆက်ခိုင်း ကျွန်တော်နဲ့အတန်း
တူ site ထဲက သူငယ်ချင်းတွေနဲ့ ဘဝချင်းကွာသွားပြီဆရာ၊
ကျွန်တော်အတွက် ဘာမှပြဿနာမရှိပေမဲ့ မိသားစုအတွက် ဝမ်းနည်းရပါတယ်ဆရာ။
စံနစ်ကမှားနေလို့ ဤသို့ဖြစ်ရတာပါ။ အစိုးရဝန်ထမ်းအင်ဂျင်
နီယာတွေငွေကိုင်သုံးစွဲနေသမျှ ဤသို့ theory x နှင့်ကြုံ
တွေ့နေရအုံးမှာပါ။ ဆီအိုးထဲကနေ ဆီချင်ခွက်နဲ့ ချင်ကန်တော့ကနေ ပုလင်းထဲထဲ့ရောင်းတဲ့စံနစ် ကျင့်သုံးနေသမျတော့ ဘယ်သူလာရောင်းရောင်း လက်မှာဆီပေနေမှာပါ။
စက်ရုံကလာတဲ့ပုလင်းသွတ်ပြီး ဆီပုလင်းတွေဆိုင်ပေါ်တင်ရောင်းတဲ့စံနစ် ကျင့်သုံးမှ လက်မှာဆီမပေတော့မှာဖြစ်တယ်။ စံနစ်ကိုပြင်ရပါမယ်။
ကျွန်တော်တို့ရေးဆွဲထားတဲ့ united engineering
construction corporation (UECC) အမြန်ဆုံးပေါ်လာအောင်လုပ်ရပါမယ်။


ဌာနရဲ့စက်ယဉ်ယန္တရား ၄၀၀၀ ကျော် ရုံးတွေ၊ စတိုတွေ
အလုပ်ရုံတွေကို uecc ထဲ တန်ဘိုးလျော့နှုံးဖြင့်ထဲ့ပေး။
UECc ကိုလိုက်သွားမဲ့ ဝန်ထမ်းတွေကို shareတချို့ အကြွေးနဲ့ရောင်းပေး၊

 uecc က အများနည်းတူတင်ဒါပြိုင်၍ အလုပ်လုပ်၊ ဌာနတွေအားလုံးက regulatory
body အဖြစ်နဲ့ဘဲကျန်။
ဒါဆိုရင်စံနစ်မှန်သွားပါပြီ။ ပညာအရည်အချင်း သာရင်သာသလို အခွင့်အရေးရမှာပါ။
အခုလောလောဆယ်တော့ ဆိုရှယ်လစ်စံနစ်ကစခဲ့တဲ့
အစိုးရဝန်ထမ်း၊ အင်ဂျင်နီယာ၊ ကန်ထရိုက်တာစံနစ်ဘဲ လုပ်နေရပါသေးတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...