Friday, December 20, 2013

ဆောင်းရာသီမှာ နှုတ်ခမ်းခြောက်သွေ့ပြီးကွဲတတ်လို့.

Golden Triangle's photo.


  • နှုတ်ခမ်းကို လျှာနဲ့လျက်တာ မလုပ်ပါနဲ့။
    နှုတ်ခမ်းကို လျှာနဲ့လျက်တာ သက်သာသလို ဖြစ်ပေမယ့်
    နှုတ်ခမ်းကွဲတာကို ပိုပြီး ဆိုးရွား လာစေပါတယ်။


    ဆောင်းရာသီမှာ ခြောက်သွေ့မှုကင်းပြီး ဆွဲဆောင်မှုရှိတဲ့ နှုတ်ခမ်းတစ်စုံကို ပိုင်ဆိုင်စေဖို့

    နှုတ်ခမ်းက ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေထက် အစိုဓာတ်ကို ထိန်းသိမ်းမှုအားနည်းတာကြောင့် ခြောက်သွေ့လွယ်ပါတယ်။ ဆောင်းရာသီမှာတော့ နှုတ်ခမ်းကွဲတာ ခြောက်သွေ့ပြီး နှုတ်ခမ်းဖတ်တွေ လန်တာတွေပိုဖြစ်တတ်ပါတယ်။နှုတ်ခမ်းနဲ့ပတ်သက်ပြီး ရှောင်ကြည်ရမဲ့ အချက်လေးတွေနဲ့ သဘာဝကုထုံးလေးတွေကို ဖော်ပြပေးလိုက် ပါတယ်နော်။

    ရှောင်ကြဉ်ရမည့် အပြုအမူများ
    ==================
    - နှုတ်ခမ်းကို လျှာနဲ့လျက်တာ မလုပ်ပါနဲ့။ နှုတ်ခမ်းကို
    လျှာနဲ့လျက်တာ သက်သာသလို ဖြစ်ပေမယ့် နှုတ်ခမ်းကွဲတာကို
    ပိုပြီး ဆိုးရွား လာစေပါတယ်။
    - နှုတ်ခမ်းကို သွားတိုက်တံနဲ့ မပွတ်ပါနဲ့။
    ပိုပြီး ဆိုးရွား လာတတ်ပါတယ်။
    - နေရောင်နဲ့ တိုက်ရိုက် ထိတွေ့မှု မရှိအောင်နေပါ။
    - နေပူ သိပ်မခံပါနဲ့။
    - နှုတ်ခမ်းနီကို အလွန်အမင်း သုံးစွဲခြင်းဟာလည်း
    နှုတ်ခမ်းကို ခြောက်သွေ့ပြီး မည်းစေပါတယ်။
    - နှုတ်ခမ်းကွဲတဲ့အခါ အရေပြား ကွာနေတာကို မနေတတ်လို့ဆိုပြီး
    ခွာတာတွေ မလုပ်ပါနဲ့။
    - နှုတ်ခမ်းကို လျှာနဲ့လျက်တာ အပြင်နှုတ်ခမ်းကိုလည်း မကိုက်ပါနဲ့။ တံတွေးကနေ ခြောက်သွေ့မှု ဖြစ်လွယ်လို့ပါ။

    သဘာဝနည်းများဖြင့် ကုသခြင်း
    =================
    - သခွားသီးစိတ်နဲ့ နှုတ်ခမ်းကို ပွတ်ပေးပါ။
    - နှင်းဆီနီပွင့်ချပ် အနည်းငယ်ကို နို့အစိမ်းထဲ
    နာရီအနည်းငယ် ကြာအောင် စိမ်ပြီး အရည်ပျစ်ပျစ်
    ဖြစ်လာအောင် မွှေပါ။ ပြီးမှ နှုတ်ခမ်းကို လိမ်းပေးပါ။
    - သံလွင်ဆီ အနည်းငယ်ကို လက်မှာ ဆွတ်ပြီး နှုတ်ခမ်းကို ပွတ်သပ်ပေးပါ။
    - ပျားရည်နဲ့ နှုတ်ခမ်းကို ပွတ်လိမ်းပေးပါ။
    - အုန်းဆီနဲ့လည်း လိမ်းပြီး ကုသနိုင်ပါတယ်။
    - ရေဓာတ်ခြောက်ခမ်းမှု မဖြစ်ရလေအောင် ရေလုံလောက်အောင်
    သောက်သုံးပေးပါ။ တစ်နေ့ကို ခြောက်ခွက်ကနေ ၁၀ ခွက်အတွင်း သောက်သုံး ပေးသင့်ပါတယ်။

    ရှောင်ကြဉ်ရမည့် အစားအသောက်များ
    =====================
    အစပ်၊ အပူတွေကို ရှောင်ပါ။
    ကော်ဖီသောက်တာ လျှော့ပေးပါ။
    ကော်ဖီဟာ ရေဓာတ် ခြောက်ခမ်းစေပါတယ်။
    အအေးနဲ့ အချိုရည် တွေကိုလည်း တတ်နိုင်သမျှ လျှော့သောက်ပေးပါ။

    (ဆောင်းရာသီမှာနှုတ်ခမ်းခြောက်သွေ့ပြီးကွဲတတ်လို့..ဆောင်ရန်ရှောင်ရန်လေးတွေ..
    သူငယ်ချင်းတို့ကိုသိစေချင်လို့ဗဟုသုတရစေဖို့ရည်ရွယ်ပြီး..
    ကူးယူဖေါ်ပြပေးလိုက်ပါတယ်နော်..)

    ကြယ် စင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...