Tuesday, December 24, 2013

“ကိုယ်တိုင်အမှား ကင်းပြီလား”

“ကိုယ်တိုင်အမှား ကင်းပြီလား”

24-12-2013

- လောကမှာ ပြုပြင်လို့ ရတဲ့အမှားရှိသလို ပြုပြင်ပြောင်းလဲလို့
မရနိုင်တဲ့ အမှားလည်း ရှိ ပါတယ်။ လူတိုင်း အမှား ကင်းတယ်
ဆိုတာ မရှိသလောက်နည်းပါတယ်။ ရှားတယ်ပေါ့။ ကြီးလေး
တဲ့ အမှားနဲ့ သေးငယ်တဲ့ အမှားပဲ ကွာသွားတယ်။

- တစ်ခါ မှားခဲ့ ဘူးတဲ့ အမှားကြီးကို ထပ်ခါထပ်ခါ ထောက်ပြ
အပြစ်တွေပြောနေတော့ကော သူ့အပြစ်ကြီးက ပျောက်သွား
ရိုးလား။ မပျောက် နိုင်ပါဘူး။ အနာဟောင်း ကို တုတ်နဲ့ သွား
သွားစွသလို ပိုနာကျင်လာတယ်။ ခံစားလာရတာပဲ ရှိပါတယ်။

- တစ်ခါတစ်လေတော့ စေတနာနဲ့ ပြောတာပါလို့ ပြောပြောပြီး
သူတစ်ပါးရဲ့ အမှားကို ပြစ်ပြစ် နစ်နစ်ဝေဖန် ပုတ်ခတ်လေ့ရှိ
ကြတယ်။ ဒါဟာ ကိုယ့်စိတ်ထားမမှန်တာကို ဖော်ပြတာပါပဲ။

- အပြောခံရတဲ့ သူအနေနဲ့လည်း ပတ် ၀န်းကျင်ရဲ့ ဝေဖန်ပုတ်
ခတ်မှု၊ နားလည် မပေးနိုင်မှုကြောင့် ခံစားရတာတွေ များလာ
တော့ လူတွေအပေါ် အကောင်းမြင်ပေးနိုင်တဲ့ စိတ်၊ နားလည်
ပေးနိုင်တဲ့ စိတ်၊ ပြုပြင်ချင်တဲ့ စိတ်နည်း သွားတယ်။ စိတ်ကုန်
သွားတယ်ပေါ့။

- အမှား မကင်းနိုင်တဲ့ လောကကြီးမှာ ကိုယ်ချင်းစာ နားလည်
ပြီး စစ်မှန်တဲ့စေတနာမေတ္တာနဲ့ ထောက်ပြဝေဖန်အကြုံပြုခြင်း၊
ပေါင်းသင်း ဆက်ဆံခြင်းကသာ ကိုယ်တိုင်ကော၊ ကိုယ်နဲ့ပတ်
သက်တဲ့ ပတ်ဝန်းကျင်အသိုင်း အ၀ိုင်းအတွက်ပါ စိတ်ချမ်းသာ
စေပါတယ်။

- “ဌေး”သာမဏေကျော်ဆရာတော်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...