အတုယူစရာမြန်မာ့ သူဌေးကြီး
25-12-2013
တချို့လည်း သိပြီးသားပါ၊ ဒါပေမယ့် မသိသေးတဲ့သူအတွက် ရည်ရွယ်ပါတယ်။ သဌေးကြီး ဦးနာအောက် အကြောင်းပါ။ သူက ဘာလို့ နာမည်ကြီးလဲဆိုရင် သူခေတ်က သူတစ်ဦးပဲ အင်္ဂလိပ်တွေနဲ့ စီးပွားရေး ပြိုင်လုပ်ရဲလို့ပါ။ ၁၈၃၂ မေလ ၁၇ ရက် ဘားအံ့မြို့နယ်၊ ခရဲရွာမှာ မွေးပါတယ်။
ငယ်စဉ်က ဆင်းရဲလို့ ကျွဲကျောင်းရပါတယ်။ အသက် ၃၅ နှစ် ရောက်တော့ ကတိုးကော့နပ်ရွာ က သစ်ကုန်သည် ဦးထော်မှာ ကူလီ ၀င်လုပ်ပါတယ်။ အလုပ်ကြိုးစာတော့ ကူလီခေါင်း ဖြစ်လာပါတယ်။ အဲ့လို အလုပ်ကြိုးစားရင်း ယိုးဒယား မှာ သစ်လုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်ရင်း သိန်း ၅၀ ကျော်လောက် ချမ်းသာလာပါတယ်။ ပိုက်ဆံရှိလာတော့ ဟေးလား၊၀ါးလား မလုပ်ပါဘူး။
ပရိယတ္တိသာသနာ ပြန့်ပွားရန် ကျောင်းတိုက်တွေ၊ စာသင်တိုက်တွေ လှူဒါန်း ပါတယ်။ ဦးနာအောက်က ကကိုးကော့နှပ်မှာ ချစ်တီး၊ဘာဘူ ကုလားတွေ နဲ့ ပြိုင်ပြီး ငွေးချေးလုပ်ငန်း၊ စပါး အရောင်းအ၀ယ် လုပ်ငန်းတွေ လုပ်ပါတယ်။ သူဆီချေးရင် အတိုးနည်းပြီး၊ စပါးဆို ဈေးကောင်းကောင်းပေးဝယ်ပါတယ်။ အဲတာကြောင့် တစ်ခါ စီးပွားပျက်သွားသေးပါတယ်။ ဒါပေမယ့် အလုပ်ပြန် ကြိုးစားတော့ ပြန်ချမ်းသာလာပါတယ်။
ဦးနာအောက် စီးပွားပျက်တာ အကြိမ်ပေါင်းမနည်းပါဘူး၊ သူက စီးပွားရေးကို စေတနာနဲ့ လုပ်လို့ပါ။ ဒါပေမယ့် နောက်ဆုံး ပြန်ချမ်းသာလာတာပါပဲ။
နောက် အမြတ်များလာတော့ မီးသင်္ဘောဝယ်ပြီး အင်္ဂလိပ် နဲ့ အပြိုင် ဈေးချပြီး ပြေးဆွဲပါတယ်။ နောက်ဆုံး အလကားပေးစီးသည့်တိုင်အောင် အပြိုင်ကြမ်းခဲ့ပါတယ်။ နောက်ဆုံး မီးသင်္ဘောလုပ်ငန်း ကို ရပ်လိုက်ရပါတယ်။ ဒါပေမယ့် သူရဲ့ ပြိုင်ရဲသည့် သတ္တိကိုတော့ အင်္ဂလိပ်တွေ လေးစားခဲ့ရပါတယ်။
သူရဲ့ အမည်ရင်းက ဦးအောက် ဖြစ်ပါတယ် အလုပ်သမားတွေက လေးစားတော့ အနိုင်အောက် ဟုခေါ်ရာမှ ဦးနာအောက်ဖြစ်သွားတာပါ။(အနိုင်က မွန်လို ဘကြီး လို့ခေါ်ပါတယ်) ဦးနာအောက် နာမည်ကြီးတော့ တချို့ အနောက်နိုင်ငံ သဌေး တွေသူ့ဆီ လာလေ့လာကြပါတယ်။
ဦးနာအောက်ကို မြင်တော့ အားလုံး အံ့သြသွားရပါတယ်။ ဦးနာအောက်က ရိုးရိုးတဲမှာ အလုပ်လုပ်နေလို့ပါ။ သူဌေးဆို အားလုံးက ဇိမ်နဲ့ နေတဲ့ထဲမှာ ဦးနာအောက် ကတော့ အလုပ်သမားတွေကြားမှာပဲ အလုပ်လုပ်နေပါတယ်။ ဦးနာအောက် ဟာ အသက် ၈၁ မှာ ကွယ်လွန်ခဲ့ပါတယ်။
Credit to သုတစွယ်စုံကျမ်း

0 comments:
Post a Comment