Tuesday, December 24, 2013

ဘ၀ အထွေထွေ မိုးလို စွေ . . . ( ၁ )


တော်တော်ပျော်ခဲ့ရတဲ့ ဘ၀ တစ်ခုရှိတယ် ။ အဲ့သာ က ကျောင်းဆရာဘ၀ ။ ကျောင်း
ဆရာဆိုလို့ စွတ်အထင်မကြီးလိုက်နဲ့ဦး ။ ယင်းမာပင်လို့ခေါ်တဲ့ အညာဘက်က မြို့
လေး အပိုင် က ရွာလေးတစ်ရွာမှာ ကျောင်းဆရာမရှိလို့ ၊ စေတနာ့ဝန်ထမ်းဆွဲခန့်
ဆရာလုပ်လာခဲ့တာ ။



လူက ဒုတိယနှစ်ကျ စီးပွားရေးတက္ကသိုလ်ကျောင်းသား ။ ဆံပင် ကနီကြောင်ကြောင်
အမောက်ထောင်ထောင်နဲ့ ။ နသယ်စတွေကို ဂျယ်နဲ့ဖြောင့်ပြီးအောက်ကိုဆွဲချထား
တာ မေးဖျားကိုကျော်အောင်ရှည်တယ် ။ ကိုယ့်ကို ကိုယ်တော့ ဂေါ်ပေါ့ ။

ဒါနဲ့ စာမေးပွဲကျတော့ အမေနဲ့ ရန်ဖြစ်ကြရော ။ လူက စိတ်ပေါက်ပေါက် နဲ့ အိမ်က
ထွက်လာ ။ သူငယ်ချင်းက သူ့မွေးရပ်မြေ အညာဘက်ကို သွားမယ်ဆိုတာနဲ့ ငါလည်း
စိတ်ညစ်နေတာ လိုက်မယ်ကွာဆိုပြီး ။ နားမှာ ပန်ထားတဲ့ နားကပ်ကို သူငယ်ချင်း
အမေကို ရောင်းပြီး လိုက်ချသွားတာ ။

ရန်ကုန်ကနေ မန်းလေးကို ရထားနဲ့သွားတယ် ။ မန်းလေးကနေ မုံရွာကိုလည်း ရထား
နဲ့ပဲ သွားတယ် ။ မုံရွာကနေ ဟိုဘက်ကမ်း ညောင်ပင်ကွင်းဆိုလား ညောင်ပင်ဆိပ်ဆို
လားကို စက်လှေနဲ့ကူုးရတယ် ။ အဲ့ ညောင်ပင်ကွင်းကမှတဆင့် ကားစီးပြီး ဖိုးဝင်း
တောင်တို့ ၊ အလောင်းတော်ကသပ လမ်းခွဲတို့ ၊ မိုင်း တို့ ၊ အခု ပြသနာဖြစ်နေ
တဲ့ လက်ပတန်းတောင် ၊ေ ကြးစင်တောင် ဘက်တွေပေါ့ ။

ရွာရောက်တော့ သူငယ်ချင်းရဲ့အဖိုးအိမ်မှာနေရတယ် ။ေ ရာက်ခါစကတော့ ဟိုယောင်ယောင် ဒီယောင်ယောင်ပဲ ။ ဟိုအိမ်တက် ရေနွေးသောက်လိုက် ၊ ဒီအိမ်
တက်ရေနွေးသောက်လိုက် ၊ ညနေဖက်ဆို ထန်းတော နဲ့ထရေဆိုင်ကို လစ်ပြီ ။

ရန်ကုန်သား နှစ်ကောင် သောင်းကျန်းလို့ကောင်းနေတုန်း ။ ရွာဦးကျောင်းဆရာ
တော်ကြီးက ဆရာတွေမရှိတဲ့အတွက် ရွာက ကျောင်းလေးမှာ ဆရာများအဖြစ်
ဝင်လုပ်စေ တချက်လွတ်ခန့်အပ်စာနဲ့အတူ နေ့ချင်း ညချင်း ကျောင်းဆရာများ
ဖြစ်ကြလေသတည်း ။

ကျနော်က ၇တန်းအတန်းပိုင် ၊ အင်္ဂလိပ်စာ ပြရတယ် ၊ ဂါလီဗာတို့ ၊ ဘုရင်ကြီးနဲ့
ဌက်ကလေးတို့ ၊ဘာတို့ပေါ့ဗျာ ။ ( ဦးညဏ်ဝင်း အထူးထုတ် စာအုပ်ကြီး နဲ့
ကစ်ပလိုက်တာ ၊ တကယ့်ဆရာမတွေတောင် တော်လိုက်တာဆိုပြီး ချီးကျုးယူ
ရတယ် ငိငိ ) ။

ကျနော့်သူငယ်ချင်း နေမျိုး ( အခု ဒုရဲအုပ်နေမျိုးသူရ ၊ ရဲတပ်ရင်း ( ) စစ်တွေ ) က
ရှစ်တန်းအတန်းပိုင် ဖြစ်တယ် ။ ဒီကောင်က လူပုစိတ်တို ၊ သောက်ရင်ရစ် ၊မူးရင်ခွေ
ကောင်စားမျိုး ။ ရှစ်တန်းဆိုပေမယ့် တောကကလေးတွေဆိုတော့ အကောင်ကြီး
တွေက ထွားတယ် ။ လူကြီးပေါက်စလေးတွေလိုပဲ ။ ဒီကောင် အတန်းကိုင်ပြီး တပါတ်
လောက်ကြာတော့ လက်သံပြောင်ပြောင်နဲ့တွယ်တာ ၊ နောက်တော့ ကလေးတွေ
တစ်ယောက်မှ ကျောင်းမလာကြတော့ဘူး ။

ဒီတော့ ကျနော် က ကလေးတွေကို ချော့မော့လိုက်ခေါ်ရတယ် ။ ကလေးတွေက
ကျောင်းကို မတက်ရဲကြတော့ဘူး ။ စာမရတိုင်း ကြိမ်နဲ့တွယ်လွန်းလို့တဲ့လေ
တော်တော် ချော့မော့ ခေါ်မှ ပြန်လာကြတယ် ။ ဒီကောင်လည်း မရိုက်ရဲတော့ဘူး ။
ကျနော်ကတော့ ကျနော့်အတန်းမှာ ကလေးတွေနဲ့ လုံးလားထွေးလားပဲ ။

ကျနော်ကတပည့်ရင်းတွေ ကတော့ သုံးလေးယောက်လောက်ရှိတယ် ။ ကြောင်ကုတ်
တစ်ကောင်ပဲ မှတ်မိတော့တယ် ။ သူ့ကို မှတ်မိရတာ ရာဇ၀င်ရှိတယ် ။ သူ့အဖေက
ထန်းတောပိုင်ရှင် ကိုး ။ ညနေလေးနာရီထိုးရင် ကျနော် ကြောင်ကုတ်ကို ကျောင်းကလွတ် လိုက်ပြီ ။ သွားသွား ငါ့တပည့် မင်းအဖေ
က ဒီအချိန် ထန်းတောမှာအလုပ်များတယ် ။ ကူလုပ်ချေဦး ဘာညာဆိုပြီး ပြန်လွတ်
တာ ။ ကျောင်းလည်း ဆင်းရော တပည့်ကျော် ကြောင်ကုတ်က သူ့ဆရာကြီးအတွက်
ထန်ရည်ကောင်းကောင်းတစ်အိုး ၊ လယ်ကြွက်တွေ ဘာတွေနဲ့ ၀ိုင်းပြင်ပြီး စောင့်နေ
တော့တာ ။ ဒီတော့ သူ့တစ်ယောက်ထဲကို ကွက်ပြီး မှတ်မိတာ ကျနော့် လွန်မယ်
မထင်ဖူး ။

ဆက်ရန်

မာဃ
၂၂ . ၁၂ . ၂၀၁၃

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...