Myanmar Youth Media Club 22 Dec 2013
MYMC - MYMHOT |
Posted: 22 Dec 2013 05:37 PM PST
Lego နဲ့ တည်ဆောက်ထားတဲ့ မြန်နှုန်း တစ်နာရီ ၂၀ ကီလိုမီတာ (တစ်နာရီ ၁၂ မိုင်) ကို လေနဲ့ မောင်းနှင်လို့ ရတဲ့ကား Melbourne မြို့လမ်းမတွေပေါ် ထွက်ရှိလာပါပြီ။
ဒီကားကို
ဩစတြေးလျ နိုင်ငံသား စွန့်ဦး တည်ထွင်သူ တစ်ယောက်နဲ့ ရိုမေးနီးယား
နိုင်ငံသား နည်းပညာရှင် တစ်ယောက်တို့က Lego တုံး ပေါင်း ငါးသိန်း ကျော်ကို
အသုံးပြုပြီး ကားကို ပြီးစီးအောင် တည်ဆောက် ခဲ့ကြတာ ဖြစ်ပါတယ်။
"အံ့ဩ လောက်တဲ့" အလုပ်တစ်ခု စတင်လုပ် နိုင်ဖို့ ရင်းနှီး မြှုပ်နှံ ထည့်ဝင်ဖို့ Twitter ကနေ တဆင့် လူတွေကို ဆော်ဩပြီး ရရှိလာတဲ့ လူစုလူဝေး ရံပုံငွေကို အသုံးပြု ထားတာ ဖြစ်ပါ တယ်။ တစ်ခုလုံးကို Lego တုံးလေး တွေနဲ့ တည်ဆောက်ထားတဲ့ လေအားသုံး အင်ဂျင် လေးလုံး၊ piston ပေါင်း ၂၅၆ ခုတို့နဲ့ ကားကို ရွေ့ရှား စေမှာ ဖြစ်ပါတယ်။ ဘီးက လွဲလို့ ကျန်တာ တွေကို Lego တုံးလေး တွေနဲ့ လုပ်ထားတာပါ။ ဒီလုပ်ငန်းကို တွဲဖက် တည်ထောင်သူ Steve Sam martino က BBC ကို ပြောသွား ရာမှာ သူက ကားတွေ ဘက်ကို အားသန်သူ မဟုတ်သလို Lego ကိုလည်း ရူးသွပ် လှတာ မဟုတ် ပါဘူးတဲ့။ "ကျွန်တော်က နည်းပညာ ပိုင်းကို အားသန်သူပါ။ လူစု လူဝေးက ရံပုံငွေကို စုစည်း၊ စိတ်ကူးတွေ ထုတ်ပြီး ပါရမီ ရှိတဲ့ လူငယ် တွေကို အသုံးပြု လိုက်ရင် ရလာ နိုင်တဲ့ ရလဒ်ကို ပြချင်ခဲ့ တာပါ။" လို့ ဆိုပါတယ်။ "ကျွန်တော် web ပေါ်မှာ Romania က ဆယ်ကျော်သက် တစ်ယောက်နဲ့ တွေ့ပြီး ဒီစိတ်ကူးကို ရခဲ့တာပါ။ ဒါပေမယ့် ဒါလုပ်ဖို့တော့ ငွေအားက မတတ်နိုင် ခဲ့ပါဘူး။ ဒါကြောင့် ကမ္ဘာ့မှာ ပထမဆုံး ဖြစ်ပြီး အံ့ဩစရာ ကောင်းလောက်အောင် ပြောင်မြောက်တဲ့ project တစ်ခုမှာ ဒေါ်လာ ၅၀၀ ကနေ ၁၀၀၀ ကြား ထည့်ဝင် မယ့်လူ ၂၀ ခန့်လိုအပ် ပါတယ်လို့ ည တစ်ည ညဥ့်နက် သန်းခေါင်ချိန်မှာ tweet တစ်ကြောင်း ရိုက်လိုက် ပါတယ်။ "ဩစတြေးလျ နိုင်ငံသား အယောက် ၄၀ ကငွေပေးခဲ့လို့ Super Awesome Micro project လို့နာမည် ပေးထားတဲ့ project မွေးဖွား လာခဲ့ တာပါ။
ကြာချိန် ၁၈ လရှိခဲ့ပြီး ငွေဒီထက် ပိုများများ လိုအပ်ခဲ့ ပါတယ်လို့ Mr Sammartino က ပြောသွား ပါသေးတယ်။ ဒီကားကို ရိုမေးနီးယား နိုင် ငံမှာ သူနဲ့ သူ့စီးပွားဖက် Raul Oaida တို့က တည်ဆောက် ခဲ့ပြီး ဩစတြေးလျ နိုင်ငံကို သင်္ဘောနဲ့ တင်ပို့ ခဲ့ပါတယ်။ အဲဒီမှာပဲ အစိတ်အပိုင်း အ ကြီးတွေ ပြန်လည် တည်ဆောက် ခဲ့ရတာပါ။ "Melbourne မြို့ရဲ့ ဆင်ခြေဖုံးမှာ မောင်းကြည့် ခဲ့ပါတယ်။ အင်ဂျင်က ပြုတ်လွယ်ပြီး လမ်း သွား လမ်းလာတွေကို လန့်ဖြန့် သွားစေ နိုင်တဲ့ giant Lego explosion ပေါက်ကွဲမှုကြီး ဖြစ်မှာကို အစိုးရိမ် ရဆုံး ဖြစ်ပါတယ်။" လို့သူက BBC ကို ပြောခဲ့တာပါ။ ခုလက်ရှိတော့ ဒီကား တွေကို ထပ်ပြီးထုတ်ဖို့ အစီအစဉ်တော့ မရှိသေးပါဘူး။ "Lego တုံးတွေ လည်ပင်း မြုပ်လောက်တဲ့ အထိ ကြားမှာ လေးပတ်လောက် နေခဲ့ရပြီး လက်ချောင်း တွေလည်း နာနေလို့ နောက်တစ်စီး တည်ဆောက်ဖို့ အခုတော့ သိပ်ကြီး အားမသန် သေး ဘူး။" လို့ BBC ကို ပြောသွားပါတယ်။ "ရွေ့လျား နိုင်အောင် လုပ်ဖို့ မဆိုထားနဲ့ ဒါကြီးကို လုပ်ရ တာတောင် လွယ်လွယ်လေး ဘယ်ဟုတ်ပါ့မ လဲ။ အထူးသဖြင့် အင်ဂျင်က တည်ထွင် နိုင်စွမ်းရှိတဲ့ စိတ်ကူး စိတ်သန်းတွေ အများကြီး လိုအပ်ပါတယ်။" လို့ Autocar မဂ္ဂဇင်းရဲ့ deputy road test editor, Matt Saunders က ဆိုပါတယ်။ "ကြည့်ရတာ သက်တောင့် သက်သာ ရှိလိမ့်မယ် လို့တော့ မထင်ပါဘူး။ ပြီးတော့ ကျွန် တော် သာဆို သိပ်ဝေးဝေးကြီး မောင်းဖြစ်မှာ မဟုတ်ပါဘူး။ မတော်တဆလည်း အဖြစ်ခံမှာ မဟုတ်ပါဘူး။ ကားတိုက် မိရင် တွန့်ကြေ သွားနိုင် တဲ့ နေရာတွေမှာ Stickle Brick တွေကို သုံးမယ်ဆို တိုက်တဲ့အခါ ပိုခံနိုင် ရည်ရှိမှာပါ။" လို့ထပ်လောင်း ပြောသွား ပါသေးတယ်။

Images from extremetech, aolcdn, caranddriver. Source: bbc.co.uk

0 comments:
Post a Comment