"မခေါ်ဘဲ၊ မမျှော်ဘဲ ရောက်လာသော ဧည့်သည်ကြီး ဦးနေဝင်း"


ည ၈ နာရီခွဲ လောက်မှာပွဲစလို့ ပွဲဦးထွက် ELF အဖွဲ့က ကျနော်နဲ့ Tetkatho အေးမောင် သီဆိုပြီးကြပြီ ၁၁ နာ ရီလောက်မှာ ပထမပိုင်းကျနော်တို့နားချိန်မှာ E. Machine ဖျော်ဖြေ ပါတယ်။ သိတ်မကြာပါ...ဘော်ဒါကြီး စိုင်းထီဆိုင်ရဲ့ Killing me softly အင်္ဂလိပ်လိုဆိုနေချိန် drum အသံပါမလာတော့လို့ ကြည့်လိုက်တော့ Drummer ကိုကျော်ဆွေဟန်ကို လူတယောက်ကဆင်းခိုင်းပြီး သူကတက်ထိုင်လိုက်တာကို အမှောင်ထဲ မှာတွေ့ရပါတယ်၊ အမူးသမားထင်တာပေါ့... ဒါပေမဲ့ မီးထိုးသမား ကိုကျော်ဟိန်း (ရုပ်ရှင်မင်းသားမဟုတ်) က ဦးနေဝင်း နဲ့တူတယ်ဆိုပြီး မီးများအားလုံးဖွင့်ချလိုက်တော့ တကယ့် ဦးနေဝင်းပါဘဲ....Drumstick ကိုကိုင်ထားပြီး၊ ပြောလိုက်တာကတော့"ငါတို့က တိုင်းပြည်အတွက် အလုပ်လုပ်နေတာကို မင်းတို့က ဒီမှာစောက်ကမြင်းကျောထနေကြတယ်" ဆိုပြီး Drum Tom Tom ကို ထိုးဖောက်ဖျက်စီးပြစ်လိုက်တယ်။ Sound Engineer ကိုအောင်ဇော်လူ က အသံတွေကို ပိတ်ဖို့စင်ပေါ် တက်လာတာကို "မင်းကလူမိုက်လား" ဆိုပြီး ဆံပင်ကိုဆွဲပြီး ရင်ဘတ်ကိုထိုးပါတယ် ၊နောက်တယောက်နိုင်ငံခြားသားတယောက် (UN ရုံးမှ လို့ပြောပါတယ်) က စင်ပေါ်တက်လာပြီ၊ Christmas မှာ ဒီလိုမလုပ်ဖို့တားတာကို ဦိးနေဝင်းက ဒီလူရဲ့အောက်ပိုင်းကို ကန်လိုက်လို့ ဆေးရုံတင်လိုက်ရပါတယ်။ ဦးနေဝင်းရောက်ပြီးမှ ဦးစန်းယု၊ ဦးတင်ဦးနဲ့တခြားကောင်စီဝင် များရောက်လာတာတွေ့ရပါတယ်။ ဒိအပြင် စင်နောက်မှာရှိနေတဲ့ ပွဲ တာဝန်ခံ ဇနီးမောင်နှံကိုလည်း ဒီနေရာမှာ ရှိရမလားဆိုပြီး ပါးရိုက်ခဲ့တယ်။ ကိုအောင်ဇော်လူကိုတော့ MI တင်ဦး က လမ်းသရဲလားလို့မေးပြီး လက်ထိပ်ခပ်တော့ ၊ သူက လမ်းသရဲမဟုတ်ကြောင်း၊ သူ့အဖေ နာမည်ပြောတော့မှ ဦနေဝင်းကချက်ချင်းပြန်လွှတ်ပေးခဲ့တယ်။ ကျနော်တို့လည်း ထွက် အပြေးဟော်တယ် ထဲမှာ တခါ ၁၀ပေ အကွာလောက် ဦနေဝင်းနဲ့က "Get out, get out" ဆိုပြီးအော်ငေါက်နေတယ်။ ဝတ်ထားတာကလည်း စစ်အင်္ကျီဆွယ်တာအဟောင်း၊ စစ် ဘောင်းဘီ အဟောင်း၊ ခြေညှပ်ဖိနပ်နဲ့ပါ။ သူ့ရဲ့Bodyguard များကတော့ စင်ပေါ်တက်ပြီး စက်များကို ကန်ချခဲ့ကြတယ်။ ပွဲလာတဲ့လူတွေနဲ့ကျနော်တို့ကတော့ ကမ္ဘာကြီးပျက်သလား အောက်မေ့ရတယ်၊ ဘာမှမကြောက်ပါဘူး ကျည်ဆံတွေအနောက်ကလိုက်လာမှာဘဲကြောက်တာပါ။ ဘယ်ရမလဲ အသကုန် သွန်ခဲ့ရတဲ့ Christmas အကြိုညပေါ့... ။ ဦးနေဝင်းဘာကြောင့် အဲဒီလောက်စိတ်ဆိုးသွားလည်းဆိုတော့....(အတွင်းလူတယောက်ရဲ့ပြောပြချက်အရ) ကျနော်တို့ဒီဘက်မှာ တီးနေတဲ့အချိန်မှာသူနဲ့ကောင်စီဝင်တို့ သူ့အိမ်မှာစုစားသောက်ရင်းနဲ့တပ်မတော်ရှေ့တန်းတိုက်ပွဲက အကျအဆုံးများနေတာတွေ ကိုကြည့်ပြီး ဒေါသထွက်ထွက်ရတာက တကြောင်း၊ သတင်းရုပ်ရှင်ခဏနားတဲ့အချိန် မှာ အင်းယားကန်တဖက်က ကျနော်တို့ ဆိုတီးသံတွေကြားတော့မှ သူ့သားသမီးကို သတိရတယ် ၊မေးကြည့်တော့ အိမ်မှာမရှိကြဘူး၊ အရက်ကလည်းသောက်ထားတယ်၊ အဲဒီမှာရှိမယ်ထင်ကိုယ်တိုင် Mazda Jeep မောင်းပြီး တယောက်ထဲထွက်လာတယ်။ ကောင်စီလူကြီးများကတားတယ်မရ... Motor vehicle ပုလိပ်တယောက်က ဟော်တယ်အဝင် ကားမောင်းမြန်လို့ (ဦးနေဝင်းမှန်းမသိ) တားတယ်၊ အထိုးခံလိုက်ရတယ် (သံခမောက်ကို လမ်းမမှာတွေ့ခဲ့ရတယ်) လက်မှတ်စောင့် ဦနေဝင်းမှန်းမသိ၊ လက်မှတ်သွားတောင်းလို့ ဦနေဝင်းလက်သီးစာ မိသွားတယ်လေ .... ဒါပါဘဲလေ... အားလုံးအတွက်သိထားရအောင်၊ ခရစ်စမတ်လက်ဆောင်လေးပါ.... အားလုံးကိုချစ်ခင်လေးစားပါတယ်။
ဖေါ်ပြပါပုံလေးကတော့ အဲဒီညကဖျော်ဖြေခဲ့တဲ့ "ELF"ဖြစ်ပါတယ်။
left to right- Gordon (Drums),Zeyar Chan Htoon (rhythm),Fred Chan Htoon (Bass), Reggie Ba Oo ( Tetkatho Aye Maung)(lead), Peter Paw( Keyboard ). ကျန်တဲ့ပုံကတော့ မခေါ်ဘဲ မမျှော်ဘဲ ရောက်လာတဲ့ ဧည့်သည်ကြီးရဲ့ပုံလေ.... Merry Christmas and a bright happy new year!!!!!
0 comments:
Post a Comment