Tuesday, December 24, 2013

`` အဖြူရောင် ကွန်မန်ဒို´´

`` အဖြူရောင် ကွန်မန်ဒို´´

ကွန်မန်ဒိုတွေ အမျိုးမျိုးရှိကြတယ်..

သာမန်အားဖြင့် အစိမ်းရောင် ပျောက်ကြား......
ပင်လယ်ထဲမှာတော့ အပြာရောင် ပျောက်ကြား......
သဲကန္တာရမှာတော့ အ၀ါရောင် ပျောက်ကြား......
ရုရှား ရေခဲပြင်ထဲမှာတော့ အဖြူပေါ့...... ဒီလို အဖြူရောင် ကွန်မန်ဒိုတွေက ရုရှားမှာ ရှိတယ်ဗျ...

ကွန်မန်ဒိုတိုင်းက ဒါမျိုးလေးတွေနဲ့ သဘာဝကို အကာအကွယ်ယူထားကြတာလေ...
အနှစ်ချုပ် အဓိပ္ပါယ်ကတော့ အနိုင်ရဖို့ပေါ့...

စီနီယာတစ်ယောက်ကပြောတယ်....

`` မင်း မသိလို့ ဟေ့ကောင်.... ရုရှားမှာ ဘောရစ်ယဲ့လ်ဆင်က သူ့တပည့် ပူတင်ကို သူ လုပ်ချင်တာတွေ... မလုပ်နိုင်တာတွေကို အစီအစဉ်တကျ ရေးပေးခဲ့တာ..။

ပူတင်ကလည်း ထိထိရောက်ရောက်ကို အကောင်အထည်ဖော်တာကွ

ပူတင် စက်ဘီးစီးပြနေပြီ... ကရာတေး ကစားပြနေပြီဆိုရင် သေချာတယ်... တစ်နေရာမှာ လူမသိ သူမသိ  သူ.... ရက်စက်နေပြီ´´ တဲ့။

အင်း ဒီလို KGB ထွက် နိုင်ငံ့ခေါင်းဆောင်တစ်ယောက်မှာလည်း အခြေခံ အကြောင်းတရားတွေ တည်တံ့နေတာ အမေရိကန်ကတောင် လက်လျှော့ထားရတယ်.... အံ့သြပါရဲ့ဗျာ....... 

အဖြူရောင် ကွန်မန်ဒိုကြီး(ဗလာဒီမာ ပူတင် )ကိုလေ....

(ကွန်ဆူးမား)(၂၂-၁၂-၂၀၁၃)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...