Wednesday, December 25, 2013

ဆက်စပ်သတင်းများ နှင့်တာဝန်ရှိသူများ၏ ဖြေကြားမှုများ ၊ အစီအစဉ်များ

Sa Maung's photo.
အင်ဒိုများမှ အသက်ကို ခြိမ်းခြောက်ခြင်း ခံနေရသော Sabah Miri ရောက် မြန်မာ အလုပ်သမား ၉၇ ဦး နှင့် မလေးရှား ၂၅.၁၂.၂၀၁၃

စတင်ခြင်း
******
မလေးရှားနိုင်ငံ အရှေ့ခြမ်း ဆာဗ ၊ ဆရာဝပ် (Sabah , Sarawak) ဒေသ ၊ ဘရူးနိုင်ငံ နှင့် အရှေ့မလေးရှား ဆက်သွယ်နေသော အာဆီယံတံတား ဘေး မီရီ မြို့အစွန်ရှိ သင်္ဘောကျင်းတွင် သွားရောက် လုပ်ကိုင်နေသော မြန်မာ အလုပ်သမား စုစုပေါင်း ၉၇ ဦး သည် ယနေ့ အင်ဒိုနီးရှားမှ အလုပ်သမားရာပေါင်းများစွာ၏ အသက် အန္တရယ် ခြိမ်းခြောက်မှုကို ခံနေရပြီး လက်ရှိ နေရာတစ်ခုတွင် စုပေါင်း ခိုအောင်းကာ အပြင်သို့မထွက်ရဲပဲ ပုန်းအောင်းနေထိုင်လျှက် ရှိကြသည် ။

ဖြစ်ပွားပုံမှာ အဆိုပါ မြန်မာအလုပ်သမားများထဲမှ အလုပ်သမား ၂ ဦးသည် စားသောက်ရန် အစားသောက်ကုန်တစ်ချို့ထွက်ဝယ်သောအ ချိန်တွင် အင်ဒိုနီးရှား နိုင်ငံသား အလုပ်သမား ၂ ဦး ၏ ရန်စ ပြောဆိုမှုကိုခံရကာ အခြေအတင်စကားများကြပြီး တစ်ဘက်စီ ထိုးကြိတ်ကြရာမှ ပြဿနာစတင်ခဲ့သည် ။

ထို့နောက် ပြဿနာ မပြီးနိုင်သော အင်ဒိုများမှ ရာပေါင်းများစွာသော အလုပ်သမားများကို ခေါ်လာကာ မြန်မာ အလုပ်သမား ၉၇ ဦး၏ အသက်ကို ရန်ရှခဲ့ကြသည် ။ မြန်မာအလုပ်သမားများ မှ နီးစပ်ရာ တော ၊ ပုန်းအောင်းနိုင်သော နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး ၊ ထိုအင်ဒိုများသည် မြန်မာများနေထိုင်သော နေရာရှိ ပစ္စည်းများ အားလုံး ရိုက်ဖျက် ကာ မီးရို့ခဲ့ကြသည် ။

ထိုထွက်ပြေးတိမ်းရှောင်နေသော အလုပ်သများများ အားလုံး စုစည်းကာ အလုပ်လုပ်ကိုင်ရာ နေရာအနီးရှိ ဂိုဒေါင်တစ်ခုတွင် စုစည်းနေထိုင်နိုင်ခဲ့ကြသည် ။ ထိခိုက် ၊ဒဏ်ရာ မရှိ ၊ အသက်ဆုံးခြင်းမရှိပါ ။

ထို့နောက် အဆိုပါ အလုပ်သမားများထဲမှာ မောင်xxxxx နှင့် သူငယ်ချင်းဖြစ်သူ ၂ ဦးတို့သည် သင်္ဘောကျင်းတာဝန်ခံ Mr Lim အား ပြောပြကာ အန္တရယ်စိုးရိမ်ရသည့်အတွက် မြန်မာနိုင်ငံသို့ ပြန်ရန် ပြောဆိုသောအခါတွင် ထို မြန်မာ ၂ ဦးအား လုံခြုံရေး ဝန်ထမ်း များဖြင့် ဂိတ် စောင့် လုံခြုံရေး ရုံး ဖြစ်သော ကွန်တိန်နာဖြင့်ပြုလုပ်ထားသည့် နေရာသို့ခေါ်ဆောင်သွားကာ ရိုက်နှက် ပြီးပြန်လွတ်ခဲ့ကြောင်း သိရသည် ။ ဆက်လက်ဦးဆောင် မည့်သူ ရှိမလာအောင် လုပ်ဖြစ်ကြောင်း အဆိုပါအလုပ်သမား များမှ ဖြေကြားခဲ့သည် ။

ယခု ညအထိ အဆိုပါ မြန်မာ နိုင်ငံသားမျာသည် ထိုဂိုဒေါင်တစ်လုံးတည်းတွင်နေထိုင်လျှက်ရှိကာ အလုပ်မလုပ်ရပဲ အင်ဒိုများ၏ ရန်မှ ရှောင်တိမ်းနေကြရသည်။ စိတ်ဓာတ်ကျလျှက်ရှိကြသည် ။

ဆက်စပ်မှုများ
*********

ထိုအလုပ်သမား ၉၇ ဦးတွင် အများစု့မှာ မြန်မာနိုင်ငံ Arbour Field - Oversea Manpower ကုမဏီမှ ဖြစ်ပြီး ကျန်သူများ မှာ အခြားသောကုမ္မဏီမှ ပို့ဆောင်ထားသူများဖြစ်ကြောင်းသိရသည် ။ ထို ၉၇ ဦးထဲမှ အယောက် ၃၀ ခန့်သည် လွန်ခဲ့သော တစ်လခန့်ကမှ ရောက်ရှိလာခြင်းဖြစ်ပြီး အစောဆုံးရောက် ရှိသူများမှာ ၂ နှစ်ခန့်ရှိကြောင်း ။ ယနေ့အချိန်အထိ လစာအနည်းငယ်သာ ရရှိပြီး ဆက်လက်လုပ်ကိုင်နေရကြောင်းသိရသည် ။

၉၇ ဦးလုံးတွင် စားသောက်စရာ စုဆောင်းထားနိုင်ခြင်းမရှိပဲ ကင်တင်းမှ ကြွေးမွေးသော စားသောက်စရာ အချို့ဖြင့် နေထိုင်လျှက်ရှိသည် ။

ထိုကိစ္စ နှင့်ပတ်သက်ပြီး အဆိုပါ ၉၇ ဦးလုံး မလေးရှားနိုင်ငံရှိ လူမှုအဖွဲ့အစည်းအားလုံး အား ဆက်သွယ်အကူအညီတောင်းခံထားသော်လည်း ကွာလာလမ်ပူမြို့ နှင့် ပင်လယ်ခြားဒေသဖြစ်သော ကြောင့် တစ်ကြောင်း လွယ်လွယ်သွား၍ မရနိုင်သည့် နေရာဖြစ်သောကြောင့် လည်းကောင်း ထိထိရောက်ရောက် ကူညီရန် အလွန်လက်လှမ်းဝေးလျှက်ရှိနေသည် ။

မြန်မာနိုင်ငံမှ တာဝန်ရှိသူများ၏ ဆောင်ရွက်မှု
*******************************
ယခု ကိစ္စ အတွက် မလေးရှား နိုင်ငံ ကွာလာလမ်ပူရှိ မြန်မာအလုပ်သမား ရေးရာ တာဝန်ခံ ဦးစိုးဝင်း အား ကျွန်တော်တို့ မေးမြန်းထားရှိမှုမှာ အောက်ပါအတိုင်းဖြစ်သည် ။

ဦးစိုးဝင်းမှ လက်ရှိ ပြဿနာအတွက် တာဝန်ရှိသူများသို့ဆက်လက်သတင်းပို့ထားပြီး ရှေ့ဆက်ဆောင်ရွက်နိုင်ရန် စီစဉ်နေကြောင်း ၊ ထိုသူများအား ပို့ဆောင်ထားသော ကုမ္မဏီများ ကိုဆက်သွယ်ကာ မြန်မာနိုင်ငံသား ၉၇ ဦး အား ကူညီနိုင်မည့် အစီအစဉ်များကို တိုင်ပင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ ထို့သာမက ။

ဦးစိုးဝင်း သည် ယနေ့အချိန်ထိ ထို Sabah , Sarawak ဒေသသို့ အလုပ်သမားခေါ်ရန် လာရောက် တင်ထားသော Demand အားလုံးကို လုံးဝခွင့်မပြုခဲ့ကြောင်း ၊ထိုသို့တားမြစ် ပိတ်ပင်ထားသည့်ကြားမှ မြန်မာနိုင်ငံမှ ဆက်လက်ပို့ဆောင်နေခြင်းဖြစ်ကြောင်း ။်

ထိုဒေသသို့သွားရောက်ရန် ခွင့်ပြုချက်ရသည်နှင့် သွားရောက် ကာ အလုပ်သမား ၊ အလုပ်ရှင် ၊ အေးဂျင်းတို့ စုပေါင်းဖြေရှင်းရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည် ။

လုပ်ဆောင်ရန်များ
*************
ဆက်လက်ပြီး အဆိုပါ ၉၇ ဦးအတွက် လုံခြုရေး အခြေအနေ ၊ နေထိုင်မှု့ ၊ စားသောက်မှု များ အခက်အခဲများရှိလာပါက ချက်ချင်း ကူညီနိုင်ရန် ကျွန်တော်တို့ မလေးရှားရောက်မြန်မာများ စာမျက်နှာမှ တတ်နိုင်သရွေ့ ဆောင်ရွက်နေပြီ ဖြစ်သည် ။

မြန်မာအလုပ်သမား ၉၇ ဦး ၏ အခက်အခဲ များအတွက် ကျွန်တော်တို့ အားလုံးစုပေါင်းဖြေရှင်းရန်ဆက်လက် စီစဉ်မည်ဖြစ်သည် ။ ထိုသူများ အားငယ်စိတ်ဓာတ်မကျနေစေရန် ကျွန်တော်တို့ တာဝန်ရှိသည် ။ ထိုသူများအား လုံးဝ ပစ်မထားကြောင်း ကျွန်တော်တို့ ဆောင်ရွက်ရမည် ။

မလေးရှားရောက် မြန်မာများ အားလုံး ယခု ကိစ္စအတွက် တတ်နိုင်သော ဘက်မှ ကူညီကြရန် ကျွန်တော်တို့ မလေးရှားရောက် မြန်မာများ စာမျက်နှာမှ အထူးမေတ္တာရပ်ခံသည် ။

တတ်နိုင်သော အကူအညီ
*****************

ကျွန်တော်တို့မလေးရှားရောက် မြန်မာများ စာမျက်နှာမှ တာဝန်ရှိသူများ သွားရောက် သော အချိန်တွင် လိုက်ပါ မည်ဖြစ်ပြီး လက်ရှိကူညီနိုင်သော အကူအညီအနေဖြင့် ထိုသူများအတွက် ဖုန်းဆက်သွယ်မှု့ ကြိုတင်ငွေဖြည့် ခြင်း ၊ လိုအပ်သော ငွေ ၊ အရေးပေါ်ဆက်သွယ်ရန် သူများ ၊ ကျန်းမာရေး အခြေအနေ ၊ အစားအသောက် အရေးပေါ် အခြေအနေများကို ကျွန်တော်တို့မလေးရှားရောက်မြန်မာများ စာမျက်နှာမှ အပြည့်အဝ တာဝန်ယူ ကူညီမည်ဖြစ်သည် ။

မလေးရှားရောက် မြန်မာများ အားလုံးကိုလည်း ကျွန်တော်တို့ မြန်မာနိုင်ငံသား ၉၇ ဦး၏ အရေးအား ကိုယ်စွမ်းညဏ်စွမ်းရှိသရွေ့ ကူညီပါရန် လေးစားစွာ မေတ္တာရပ်ခံသည် ။

လက်ရှိ ငွေကြေး အကူညီအနေဖြင့် မလိုအပ်သေးသောကြောင့် ကျွန်တော်တို့ မတောင်းခံပါ ။ ကျွန်တော်တို့ မနိုင်နင်းပါက ၊ လိုအပ်သော အကူအညီများ ရှိလာပါက ရေးသားပြီး အကူညီတောင်းခံမည် ။

ထိုသူများ အတွက် တာဝန်ရှိသူများ ဖြေရှင်းပြီး ချိန်အထိ လိုအပ်သော အကူအညီ များကို ကျွန်တော်တို့ စုပေါင်း ကူညီမည် ။

မြန်မာနိုင်ငံသား များအားလုံး အဆိုပါ ဒုက္ခရောက် ၊ စိတ်အားငယ် စိုးရိမ်နေသော Sabah ၊ Miri ဒေသရှိ မြန်မာ ၉၇ ဦးအတွက် မိမိတို့ အားပေးနိုင်သမျှ အားပေး ကြရန် တိုက်တွန်းသည် ။

ဤစာမျက်နှာတွင် အားပေးစကား ပြောကြားပါက ထိုအလုပ်သမား ၉၇ ဦးလုံးသိရှိမည်ဖြစ်သည် ။

မလေးရှားရောက် မြန်မာများ Facebookpage
— with April Maung Maung and 19 others.

  1 comment:

  1. အစ်ကိုတို့အားလုံးဘေးကင်းပြီးအမိမြေပြန်နိုင်ပါစေဒါမှမဟုတ်ဘေးရန်ကင်သောအလုပ်တနေရာကိုပြောင်းရွှေ့နုင်ကြပါစေလို့ဆုတောင်းပေးနေပါတယ်။။

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...