Saturday, December 28, 2013

အကယ်ဒမီဆုပေးသင့်သော ဇာတ်ကားခုနစ်ကား

၂၀၁၂ ခုနှစ် အတွက် ဆန်ခါတင် အကယ်ဒမီ ဇာတ်ကားများတွင် ကယန်းအလှ ဇာတ်ကား ပါဝင်သလို အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆုမှာလည်း ရှားရှားပါးပါး ကယန်းတိုင်းရင်းသူ သရုပ်ဆောင်  မူနှင်းမိုင်နှင့်  မူမေရီ ပါဝင်
_______________________________________________

၂၀၁၂ ခုနှစ်တွင် ရုပ်ရှင်ဇာတ်ကားကြီး (၁၇)ကား ရုံတင်ပြသခဲ့ပါသည်။ ရုပ်ရှင်အကယ်ဒမီရွေးချယ်ရေးအဖွဲ့မှ အကယ်ဒမီဆုပေးသင့်သော ဇာတ်ကားခုနစ်ကားကို ဆန်ခါတင်ရွေးချယ်ခဲ့သည်။

ယင်းခုနစ်ကားမှာ လက်ပံ၊မော်ကင်းဥဒါန်း၊ ဥ၊ ကယန်းအလှ၊တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ၊ အမုန်းမီးတောက်၊ အမွေခံထိုက်သူဖြစ်ပါစေ တို့ဖြစ်သည်။
အမွေခံထိုက်သူဖြစ်ပါစေဇာတ်ကားမှာ ရန်ကုန်၌ ရုံမတင်ရသေးဘဲ ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင် ရုံတင်မည် ဖြစ်သည်။

၂၀၁၂ ခုနှစ်တွင် အကယ်ဒမီ ၁၂ ခုပေးမည်ဟု မီဒီယာများက ခန့်မှန်း ပြောဆိုနေကြသည်ကို ယနေ့အဖြေလက်တွေ့ ကြားသိ ရမည်ဖြစ်သည်။

၁။ အကောင်းဆုံးဒါရိုက်တာဆုတွင် ဝိုင်း(လက်ပံ)၊ ရွှေပြည်ကတုံး (အမွေခံ ထိုက်သ်သူjlဖြစ်ပ်ပါစေ)၊ အောင်က်ကိုလိုလတ် (ကယန်းအလှ)S)၊ နေပိုငိုင် (တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ)၊ ဝေမှိုင်းညို(မော်ကင်းဥဒါန်း)

၂။ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုတွင် ပြေတီဦး(လက်ပံ)၊ လူမင်း (မော်ကင်းဥဒါန်း)

၃။ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုတွင် န၀ရတ် (တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ)၊ န၀ရတ် (အမွေခံ ထိုက်သူဖြစ်ပါစေ)၊ ဖွေးဖွေး(လက်ပံ)၊
စိုးမြတ်သူဇာ (အမုန်းမီးတောက်)

၎။ အကောင်းဆုံး ဇာတ်ပို့ဆုတွင် ကျော်ဟိန်း(မော်ကင်းဥဒါန်း)

၅။ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုတွင် ချောရတနာ(ဥ)၊ စိုးမြတ်သူဇာ (လက်ပံ)၊ မူနှင်းမိုင်၊ မူမေရီ(ကယန်းအလှ)

၆။ အကောင်းဆုံး ဓာတ်ပုံ ဆံဆုတွင် အောင်က်ကိုလတ်(ကယန်းအလှ)

၇။ အကောင်းဆုံးအသံဆုတွင် လင်းကိုဦး(ကယန်းအလှ)

၈။ အကောင်းဆုံးဖလင်တည်းဖြတ်ဆုတွင် ဝေယံလင်း(လက်ပံ)၊ တာတီး(မော်ကင်းဥဒါန်း)

၉။ အကောင်း ဆုံး နောက်ခံတေးဂီတဆုတွင် ဦးဝင်းကို (အမွေခံထိုက်သူ ဖြစ်ပါစေ)

၁၀။ အကောင်းဆုံး ဇတ်ညွှန်းဆုတွင် သီဟစိုး(လက်ပံ) ၊ ရွှေပြည်ကတုံး (အမွေခံထိုက်သူဖြစ်ပါစေ)၊ Hector Caross (ကယန်းအလှ)

၁၁။ အကောင်းဆုံး ဇတ်လမ်းဆုတွင် လက်ပံ၊ အမွေခံ ထိုက်သူဖြစ် ပါစေ၊ မော်ကင်းဥဒါန်း၊

၁၂။ အကောင်းဆုံး ကလေးသရုပ်ဆောင်(အထူးဆု)တွင် ယွန်းယွန်း တွင် ယွန်းယွန်း (လက်ပံနှင့်တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ) ၊ အားသစ် (အမွေခံ ထိုက်သူဖြစ်ပါစေ)။

စိုးမြတ်သူဇာ ရှစ်ကားပါဝင်ပြီး အများဆုံးဖြစ်သည်။ အမုန်းမီးတောက်မှာ (အမျိုးသမီးဇာတ်ဆောင်ဆု)၊ လက်ပံမှာ (အမျိုးသမီးဇာတ်ပို့ဆု) တစ်ခုတော့ရနိုင်ပါသည်။

ဒါရိုက်တာ ဝိုင်းရိုက်တဲ့ လက်ပံဇာတ်ကား အကယ်ဒမီဆုအများဆုံး ရရှိနိုင်ကြောင်း ခန့်မှန်းလိုက်ပါတယ်။---MOI
 
0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...