Friday, December 27, 2013

သေနတ်သမားလက်ချက် မြန်မာဆိုင်ဝန်ထမ်းနှင့် အခြားတစ်ဦးသေဆုံး



ဆန်ဖရန်စစ္စကိုမြို့ လက်ဝတ်ရတနာဆိုင် တစ်ခုတွင် အလုပ်လုပ်နေသော မြန်မာအမျိုးသမီးနှင့် အခြား ဆိုင်အမှုထမ်း တစ်ဦးတို့ ရက်စက်ကြမ်းကြုတ်စွာ အသတ်ခံရပြီး ဆိုင်ပိုင်ရှင် ပြင်းထန်စွာ ဒဏ်ရာရှိခဲ့သော တိုက်ခိုက်သတ်ဖြတ်မှု တစ်ခု ဇူလိုင် ၁၂ ရက်၊ သောကြာနေ့က ဖြစ်ပွားခဲ့သည်။ 

ဈေးတောင်ပိုင်း လက်ဝတ်ရတနာဆိုင်များ တည်ရှိရာအရပ်မှ Victoga ရတနာဆိုင်ကို အရောင်းအဝယ်ကိစ္စ အငြင်းပွားပြီး အသက် ၂၃ နှစ်ရှိ ဘယ်ရီ ဝှိုက်ဆိုသူက  သေနတ်၊ ဓားတို့ဖြင့် တိုက်ခိုက်မှုကြောင့် မြန်မာအမျိုးသမီး မခင်မင်း (၃၅ နှစ်) နှင့် လီနာ လင်းမ် (၅၁ နှစ်) တို့ သေဆုံးခဲ့ပြီး အသက် ၅၀ ရှိ ဆိုင်ရှင် ဗစ် ဟုန်မှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။
မြန်မာအမျိုးသမီး မခင်မင်းနှင့် အခြား ဆိုင်အမှုထမ်းတစ်ဦး ၂၀၁၃ ဇူလိုင် ၁၂ ရက်က သေနတ်သမားလက်ချက်ဖြင့် သေဆုံးခဲ့ရသော ဆန်ဖရန်စစ္စကို ရတနာဆိုင်မြင်ကွင်းနှင့် အတွင်းပုံသေးမှာ သေနတ်သမား ဘယ်ရီဝှိုက် ဖြစ်သည်။ဒေါ်လာ ၃၀၀ ကြောင့် အငြင်းဖြစ်ပွား
အဆိုပါရတနာဆိုင်မှ ယခင် ရက်သတ္တပတ်အတော်ကြာက ၎င်းဝယ်ယူသွားခဲ့သော အမျိုးအမည် မဖော်ပြသည့် လက်ဝတ်လက်စားသည် ကြော်ငြာထားသည့်အတိုင်း အရည်မပြည့်ပဲ ဈေးများသည်ဟု ဆိုကာ ဘယ်ရီ ဝှိုက်က ငွေပြန်အမ်းရန် လာရောက် တောင်းဆိုရာမှ ပြဿနာ စတင်ခဲ့ခြင်း ဖြစ်သည်။
ဒေါ်လာ ၃၀၀ ဖိုး မပြည့်သော ပစ္စည်းတန်ဖိုးကို ပြန်ပေးရန် ၎င်းက တောင်းဆိုသော်လည်း ဆိုင်ရှင် ဗစ် ဟုန်က ငြင်းဆန်ခဲ့သည်။ ထို့နောက် ဘယ်ရီ ဝှိုက်သည် ၎င်း၏ ကား ပါကင်မီတာအတွက် အကြွေစေ့ အချို့ တောင်းရာ ဆိုင်ရှင်က ထုတ်ပေးလိုက်၍ ၎င်းက ကားဆီသို့ ပြန်သွားခဲ့ကြောင်း ဆိုင်ရှိ လုံခြုံရေးကင်မရာအရ သိရသည်။
၎င်းသည် ၅ လုံပြုးသေနတ်၊ မောင်းချဓားတို့ ယူဆောင်ကာ ဆိုင်သို့ ပြန်လာခဲ့သည်။ ဆိုင်ထဲတွင် အခြားဈေးဝယ်သူများ ရှင်းသည်အထိ မိနစ် ၂၀ ခန့် ကုလားထိုင်တွင် ထိုင်စောင့်နေပြီးနောက် ဘယ်ရီ ဝှိုက်က ကောင်တာသို့ သွားကာ ဆိုင်ရှင်ကို သေနတ်နှင့် ၃ ချက်၊ ဆိုင်အမှုထမ်း လီနာ လင်းမ်ကို ၁ ချက် ပစ်ခတ်ခဲ့၏။ သေနတ်ထိမှန်သွားသော ဆိုင်ရှင်နှင့် လီနာတို့သည် ဆိုင်နောက်ခန်းသို့ ထွက်ပြေးခဲ့ကြသည်။
နောက်ဆုံးကျည်ဆံ လွဲပြန်သော်လည်း
ဆိုင်တံခါးဝအနီးတွင် ရပ်နေသော ဆိုင်အမှုထမ်း မြန်မာအမျိုးသမီး မခင်မင်းက အပြင်သို့ ထွက်မပြေးပဲ သေနတ်သမားထံသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားရာ သူ့ကို နောက်ဆုံး ကျည်ဆံတစ်တောင့်ဖြင့် ဘယ်ရီ ဝှိုက်က ပစ်ခတ်သော်လည်း လွဲချော်သွားသည်။
ဘယ်ရီ ဝှိုက်က ဓားကိုထုတ်ပြီး မခင်မင်း၏ လည်ပင်းကို ပြတ်လုနီးပါး လှီးဖြတ်သဖြင့် မခင်မင်း သေဆုံးခဲ့ရသည်။
လူသတ်သမားသည် ဓားကိုင်ဆောင်၍ ဆိုင်နောက်ခန်းသို့ သွားကာ ထပ်မံတိုက်ခိုက်ပြန်သဖြင့် လီနာ လင်းမ်လည်း ခေါင်းပြတ်လုမတတ် ဒဏ်ရာဖြင့် သေဆုံးခဲ့သည်။
ထိုအချိန်တွင် ရဲများ ရောက်လာပြီး ဆိုင်ပြင်သို့ ထွက်လာသော ဘယ်ရီ ဝှိုက်ကို တွေ့သော်လည်း သွေးများ ရွှဲစိုနေသဖြင့် သေနတ်သမားလား၊ ရန်ပြုခံရသူလား မခွဲခြားနိုင်ပဲ ဖြစ်နေခဲ့၏။ ၎င်းသည် အနီးရှိ မက္ကဆီကို စားသောက်ဆိုင်ထဲသို့ ပြေးဝင်ကာ ကျည်ပြန်ဖြည့်ထားသော သေနတ်ဖြင့် ရဲများကို ပစ်မှ ၎င်းကို သေနတ်သမားမှန်း သိပါသည်။ အနီးတွင် အခြား လမ်းသွားလမ်းလာ ဈေးဝယ်သူများဖြင့် ပစ်ကွင်း မရှင်းသောကြောင့် ရဲများက တစ်ချက်မှ ပြန်မပစ်ခဲ့ကြပေ။
ဘယ်ရီ ဝှိုက်သည် ကျည်ဆံကုန်သွားသောအခါ သေနတ်ကို မြေပေါ်သို့ ပစ်ချပြီး အဖမ်းခံခဲ့ပါသည်။
၎င်း၏ကားထဲတွင် ကျည်အပြည့်ထည့်ထားသော အေကေ ၄၇ မောင်းပြန်သေနတ် တစ်လက်နှင့် ကျည်ကပ်အပိုများကို ရဲက တွေ့ရှိခဲ့ပါသည်။ သေနတ်သမားသာ ၎င်း၏ ကားဆီသို့ ထိုသေနတ်ကို ပြန်ယူနိုင်မည်ဆိုလျှင် သေဆုံးဒဏ်ရာရသူ ယခုထက် များပြားနိုင်ကြောင်း ရဲက ပြောကြားပါသည်။
သေဆုံးသူ မခင်မင်းသည် မြန်မာနိုင်ငံမှ အမေရိကန် ပြည်ထောင်စုသို့ ၂၀၀၀ ခုနှစ်တွင် ပြောင်းရွှေ့လာသူ ဖြစ်သည်။ ရောက်ပြီး မကြာမီမှာပင် ၎င်းရတနာဆိုင်တွင် အလုပ်ရရှိကာ အလုပ်လုပ်နေသည်မှာ ၁၃ နှစ်ရှိပြီဖြစ်ကြောင်း အစ်ကို ဖြစ်သူ ဦးထွန်းဦးက သတင်းဌာနများသို့ ပြောကြားသည်။
မခင်မင်းသည် မိဘများကို လုပ်ကျွေးပြုစုနေသူဖြစ်ကာ သနားကြင်နာတတ်သူဖြစ်သဖြင့် မိသားစု၊ သူငယ်ချင်းများက သူ့ကို ချစ်ခင်ကြောင်း ဦးထွန်းဦးက ပြောပါသည်။ ရတနာဆိုင်ရှင်ကလည်း မခင်မင်းကို ညီမလေးအရင်းလို သဘောထားသောကြောင့် သူသည် အလုပ်တွင် စွဲမြဲစွာ ကြိုးစား လုပ်ကိုင်နေသူ ဖြစ်ကြောင်း သိရပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...