Friday, December 27, 2013

ဘ၀ အထွေထွေ မိုးလိုစွေ ( ၄ )


Photo: ဘ၀ အထွေထွေ မိုးလိုစွေ ( ၄ ) 


အပိုင်း သုံးကိုဖတ်ပြီးတော့ ဆြာမဇင် က ကော့မန့်ပေးတယ် ။
စွံချက် အံ့ပါ့တော်တဲ့ . . . ဟုတ်ပဗျာ ကျနော်ကလည်း ကိုယ်စွံ့
ကြောင်းကြွားသလို ဖြစ်နေပြီထင်ပ ။ သည်းခံပါ အရပ်ကတို့ရေ 
ကျနော်ပြောသလို အပျင်းပြေသဘော ၊ ဖဘ မိတ်ဆွေတွေကို
လည်း ဖတ်စေချင်တဲ့သဘော ၊ ကိုယ်ကြုံခဲ့သမျှလည်း မပျောက်
ပျက် မမေ့လျော့ခင် မှတ်တမ်းတိုလေးသဘောပါ ဗျာ ။ပြီးတော့
စာဆိုတာ မရေးတာကြာရင် စာအ သွားသဗျ ၊ မရေးတတ်တော့
ဘူး ။ ဒါကြောင့် လက်လေးလည်း သွေးတဲ့သဘောပါဗျာ ။

အဲ့ . . .စကားစကို ပြန်ဆက်ရရင် အဲ့ဒီ ဦးကြီးနဲ့က ဆက်ဆံရေး
တော်တော်အဆင်ပြေနေသဗျာ ။ ပြေတာက အပြေလွန်လာတော့
ဦးကြီးက လေပစ်လာတယ်ခင်ဗျ ။ သူ့မှာ သားသမီးနှစ်ယောက်ရှိ
တာ သားကြီးက မြို့မှာ ကျုရှင်ဆရာကြီးလုပ်နေသတဲ့ ၊ သမီးငယ်
ကတော့ ရှစ်တန်းလောက်နဲ့ ကျောင်းထွက်ထားတယ်လို့ပြောတယ်။

အခု သူ့မှာ ယာ ဧကလည်း ရာချီရှိတယ်ပေါ့နော် ။ အဲ့ဒီယာတွေကို
သူတစ်ယောက်ထည်း သူရင်းဌားတွေ ဦးစီးလုပ်နေရတာ ပင်ပန်းလွန်း
တယ်ပေါ့ ။ ယုံကြည်ရမဲ့ လူ ၊ အားကိုးအားထားလုပ်ရမဲ့ လူတစ်ယောက်
လောက် လိုချင်သတဲ့ ။ အဲ့လူကလည်း အတွေးအခေါ်အမျှော်အမြင်နဲ့
ပြည့်စုံတဲ့ ပညာတတ်လည်း ဖြစ်ရလိမ့်မတဲ့ ။

ကျနော်က အဲ့ကတည်းက ရိပ်မိပြီး မျက်ခုံးလှုပ်နေပီ ။ ငါမဟုတ်ကဟုတ်က
ဖတ်ခဲ့ဖူးသမျှ တွေ လေကြီးထားတော့ ဒီဦးကြီးက ငါ့ကို အထင်စွတ်ကြီး
နေပီ ထင်တယ် ။ လစ်မှ လစ်မှ ဆိုပြီး ။ သိပ်မကြာပါဘူးခင်ဗျာ ။ ကျနော်
ထင်တာလည်း မလွဲပါခင်ဗျ ။ အရင်က ကျနော် သူတို့အိမ်ရေသွားချိုးရင်
သူ့သမီး ပိန်တာရိုးလေးက သူ့ဟာသူ နေတာဗျ ။ စကားတောင် ဟက်
ဟက်ပက်ပက် မပြောဖူးဘူး ။ နောက်တော့ ကျနော်လာရင် ဦးကြီးက သူ့
သမီးကိုေ ခၚျပီ ။ သမီးရေ ၊ ဒီမှာ နင့်အကိုလာတယ်ဟေ့ ၊ ရေနွေးအိုးလေး
ယူခဲ့ပါဦး ၊ စာကလေးကြော်လုပ်ဦးဟေ့ ၊ အဲ့လို အဲ့လို ခဏခဏ ကျနော်တို့ ၀ိုင်းကိုခေါ်တော့တာပဲ ။ ကျနော် ဖတ်ဖူးမှတ်ဖူးတာတွေ ခပ်
တည်တည်နဲ့ရွီးနေပြီဆိုရင်လည်း . . . သမီးရေ နင့်အကိုပြောတာတွေ
လာနားထောင်စမ်းဟေ့ ၊ ဗဟုသုတရအောင် ။ အဲ့လိုအဲ့လို ။

အဲ့လိုတင် ဘယ်ကမလဲ ခင်ဗျာ ။ ငါ့တူရယ် ၊ ဦးကြီးအသက်လည်းကြီး
လာပြီ ၊ ဒီသမီးလေးတစ်ယောက်ကို ဘယ်သူ့လက်ကို အပ်ရမလဲ မသိ
ဘူး ၊ တသက်လုံး ယုံယုံကြည်ကြည် စိတ်ချလက်ချ အပ်နှံရမဲ့လူလည်း
ရှားလိုက်တာ . . . ဘာညာပေါ့ ။ တခါတလေတော့ ဒါဆိုလည်း လင်
ပေးစားလိုက်ဗျာ ဆိုပြီး ဘုတောချင်သား ။ မျှားဦးက ကိုယ့်ဘက်လှည့်
လာမှာစိုးလို့ ပါတောပိတ်နေရတယ် ။

ကျနော်လည်း တဖြည်းဖြည်းနဲ့ ရေသွားချိုးရမှာတောင်ကြောက်နေပီ ။
ပိန်တာရိုးလေးကလည်း သူ့အဖေဘာတွေသင်ပေးထားလဲမသိဘူး ၊
ကျနော်လာပြီဆိုရင် သနပ်ခါးအဖွေးသားနဲ့ အမယ် တခါတခါ ကြာ
တောင် ပစ်ချင်ချင် ။ ဦးကြီးကလည်း ငါ့တူကြီး ဒီရွာမှာပဲ တသက်လုံး
နေတော့ကွာ . . . မင်း ကျောင်းပြီးအောင် ဦးကြီးဆက်ထားပေးမယ် ။
မင်းကို ဦးကြီးမွေးစားမယ် ဘာညာဖြစ်လာပြီ ။ 

ဒီလိုနဲ့ ကျောင်းလည်း ပိတ်တော့ ၊ ကျနော်တို့လည်း ရန်ကုန်ပြန်ရတော့
မယ့်အချိန်မှာ နောက်ကျနော်ကျောင်းပြီးမှပြန်လာပါ့မယ် ဦးကြီးရာ ဘာညာ
နဲ့ချော့ခဲ့ရတယ် ။ မချော့လို့လည်းမရဘူးလေ ၊ ရွာမှာက ရေတွင်းနှစ်
တွင်း သုံးတွင်းပဲရှိတာ ၊အ နီးဆုံးရေတွင်းက သူ့ရေတွင်းကိုး ။ ခိခိ ။

တကယ် ၀မ်းနည်းဖို့ကောင်းတဲ့ အချိန်က ပြန်ရတဲ့အချိန်ဗျ ။ ကျနော်တို့
မနက်ဖြန် ပြန်ရတော့မယ်ဆို ဒီနေ့ညနေလောက်ကတည်းက ရွာကလက်
ဆောင်တွေ ကျနော်တည်းတဲ့အိမ်မှာလျှံထွက်နေပြီ ။ ဆီပုလင်း ၊ မန်ကျည်း
သီးမှည့် ၊ ပဲ ၊ စာကလေးခွေ . . . က အစ ရွာလက်ဆောင်ဆိုတာ သယ်
လို့မနိုင်လောက်အောင်များတယ် ။ ကျနော်တို့ ရန်ကုန်ကို ဒီပစ္စည်းတပုံ
တခေါင်းကြီး ဘယ်လိုသယ်ရမတုန်း ။ နောက်ဆုံးတော့ ဟိုပစ္စည်းနည်းနည်း ဒီပစ္စည်းနည်းနည်း ပဲ ယူခဲ့ရတယ် ။ 

နောက်နေ့မနက်ငါးနာရီလောက်ကတည်း ရွာက စထွက်ရတယ် ။ အကျီ
အ၀တ်အစားအိတ်တွေ ၊လက်ဆောင်ထုပ်တွေနဲ့ဆိုတော့ ကျနော့်တပည့် တွေ က လိုက်ပို့ကြတယ် ။ နေမျိုးတပည့်တွေကတော့
သူတို့ဆရာ ကြိမ်စင်္ကြာကို စိတ်နာလို့လားမသိဘူး တစ်ယောက်မှ ပေါ်
လာ ။ 

ကားလမ်းမကြီးပေါ်ရောက်လို့ ကားလာတဲ့အခါ ကျနော်တို့ကားပေါ်တက်
ကြတော့ ကျနော့်တပည့် ခုနှစ်ယောက်ရှစ်ယောက်လောက်  ကားလမ်း
မဘေးမှာ ဖင်ဘူးတောင်း လေးတွေ ထောင်လို့ ထိုင်ကတော့ ကြတာ
ကျနော် လည်း မျက်ရည်ဝဲပြီး ငိုချင်လာတယ် ။ ငါ့တပည့်များ သွားလေရာ

အပိုင်း သုံးကိုဖတ်ပြီးတော့ ဆြာမဇင် က ကော့မန့်ပေးတယ် ။
စွံချက် အံ့ပါ့တော်တဲ့ . . . ဟုတ်ပဗျာ ကျနော်ကလည်း ကိုယ်စွံ့
ကြောင်းကြွားသလို ဖြစ်နေပြီထင်ပ ။ သည်းခံပါ အရပ်ကတို့ရေ
ကျနော်ပြောသလို အပျင်းပြေသဘော ၊ ဖဘ မိတ်ဆွေတွေကို
လည်း ဖတ်စေချင်တဲ့သဘော ၊ ကိုယ်ကြုံခဲ့သမျှလည်း မပျောက်
ပျက် မမေ့လျော့ခင် မှတ်တမ်းတိုလေးသဘောပါ ဗျာ ။

ပြီးတော့
စာဆိုတာ မရေးတာကြာရင် စာအ သွားသဗျ ၊ မရေးတတ်တော့
ဘူး ။ ဒါကြောင့် လက်လေးလည်း သွေးတဲ့သဘောပါဗျာ ။

အဲ့ . . .စကားစကို ပြန်ဆက်ရရင် အဲ့ဒီ ဦးကြီးနဲ့က ဆက်ဆံရေး
တော်တော်အဆင်ပြေနေသဗျာ ။ ပြေတာက အပြေလွန်လာတော့
ဦးကြီးက လေပစ်လာတယ်ခင်ဗျ ။ သူ့မှာ သားသမီးနှစ်ယောက်ရှိ
တာ သားကြီးက မြို့မှာ ကျုရှင်ဆရာကြီးလုပ်နေသတဲ့ ၊ သမီးငယ်
ကတော့ ရှစ်တန်းလောက်နဲ့ ကျောင်းထွက်ထားတယ်လို့ပြောတယ်။

အခု သူ့မှာ ယာ ဧကလည်း ရာချီရှိတယ်ပေါ့နော် ။ အဲ့ဒီယာတွေကို
သူတစ်ယောက်ထည်း သူရင်းဌားတွေ ဦးစီးလုပ်နေရတာ ပင်ပန်းလွန်း
တယ်ပေါ့ ။ ယုံကြည်ရမဲ့ လူ ၊ အားကိုးအားထားလုပ်ရမဲ့ လူတစ်ယောက်
လောက် လိုချင်သတဲ့ ။ အဲ့လူကလည်း အတွေးအခေါ်အမျှော်အမြင်နဲ့
ပြည့်စုံတဲ့ ပညာတတ်လည်း ဖြစ်ရလိမ့်မတဲ့ ။

ကျနော်က အဲ့ကတည်းက ရိပ်မိပြီး မျက်ခုံးလှုပ်နေပီ ။ ငါမဟုတ်ကဟုတ်က
ဖတ်ခဲ့ဖူးသမျှ တွေ လေကြီးထားတော့ ဒီဦးကြီးက ငါ့ကို အထင်စွတ်ကြီး
နေပီ ထင်တယ် ။ လစ်မှ လစ်မှ ဆိုပြီး ။ သိပ်မကြာပါဘူးခင်ဗျာ ။ ကျနော်
ထင်တာလည်း မလွဲပါခင်ဗျ ။ အရင်က ကျနော် သူတို့အိမ်ရေသွားချိုးရင်
သူ့သမီး ပိန်တာရိုးလေးက သူ့ဟာသူ နေတာဗျ ။ စကားတောင် ဟက်
ဟက်ပက်ပက် မပြောဖူးဘူး ။ နောက်တော့ ကျနော်လာရင် ဦးကြီးက သူ့
သမီးကိုေ ခၚျပီ ။ သမီးရေ ၊ ဒီမှာ နင့်အကိုလာတယ်ဟေ့ ၊ ရေနွေးအိုးလေး
ယူခဲ့ပါဦး ၊ စာကလေးကြော်လုပ်ဦးဟေ့ ၊ အဲ့လို အဲ့လို ခဏခဏ ကျနော်တို့ ၀ိုင်းကိုခေါ်တော့တာပဲ ။ ကျနော် ဖတ်ဖူးမှတ်ဖူးတာတွေ ခပ်
တည်တည်နဲ့ရွီးနေပြီဆိုရင်လည်း . . . သမီးရေ နင့်အကိုပြောတာတွေ
လာနားထောင်စမ်းဟေ့ ၊ ဗဟုသုတရအောင် ။ အဲ့လိုအဲ့လို ။

အဲ့လိုတင် ဘယ်ကမလဲ ခင်ဗျာ ။ ငါ့တူရယ် ၊ ဦးကြီးအသက်လည်းကြီး
လာပြီ ၊ ဒီသမီးလေးတစ်ယောက်ကို ဘယ်သူ့လက်ကို အပ်ရမလဲ မသိ
ဘူး ၊ တသက်လုံး ယုံယုံကြည်ကြည် စိတ်ချလက်ချ အပ်နှံရမဲ့လူလည်း
ရှားလိုက်တာ . . . ဘာညာပေါ့ ။ တခါတလေတော့ ဒါဆိုလည်း လင်
ပေးစားလိုက်ဗျာ ဆိုပြီး ဘုတောချင်သား ။ မျှားဦးက ကိုယ့်ဘက်လှည့်
လာမှာစိုးလို့ ပါတောပိတ်နေရတယ် ။

ကျနော်လည်း တဖြည်းဖြည်းနဲ့ ရေသွားချိုးရမှာတောင်ကြောက်နေပီ ။
ပိန်တာရိုးလေးကလည်း သူ့အဖေဘာတွေသင်ပေးထားလဲမသိဘူး ၊
ကျနော်လာပြီဆိုရင် သနပ်ခါးအဖွေးသားနဲ့ အမယ် တခါတခါ ကြာ
တောင် ပစ်ချင်ချင် ။ ဦးကြီးကလည်း ငါ့တူကြီး ဒီရွာမှာပဲ တသက်လုံး
နေတော့ကွာ . . . မင်း ကျောင်းပြီးအောင် ဦးကြီးဆက်ထားပေးမယ် ။
မင်းကို ဦးကြီးမွေးစားမယ် ဘာညာဖြစ်လာပြီ ။

ဒီလိုနဲ့ ကျောင်းလည်း ပိတ်တော့ ၊ ကျနော်တို့လည်း ရန်ကုန်ပြန်ရတော့
မယ့်အချိန်မှာ နောက်ကျနော်ကျောင်းပြီးမှပြန်လာပါ့မယ် ဦးကြီးရာ ဘာညာ
နဲ့ချော့ခဲ့ရတယ် ။ မချော့လို့လည်းမရဘူးလေ ၊ ရွာမှာက ရေတွင်းနှစ်
တွင်း သုံးတွင်းပဲရှိတာ ၊အ နီးဆုံးရေတွင်းက သူ့ရေတွင်းကိုး ။ ခိခိ ။

တကယ် ၀မ်းနည်းဖို့ကောင်းတဲ့ အချိန်က ပြန်ရတဲ့အချိန်ဗျ ။ ကျနော်တို့
မနက်ဖြန် ပြန်ရတော့မယ်ဆို ဒီနေ့ညနေလောက်ကတည်းက ရွာကလက်
ဆောင်တွေ ကျနော်တည်းတဲ့အိမ်မှာလျှံထွက်နေပြီ ။ ဆီပုလင်း ၊ မန်ကျည်း
သီးမှည့် ၊ ပဲ ၊ စာကလေးခွေ . . . က အစ ရွာလက်ဆောင်ဆိုတာ သယ်
လို့မနိုင်လောက်အောင်များတယ် ။ ကျနော်တို့ ရန်ကုန်ကို ဒီပစ္စည်းတပုံ
တခေါင်းကြီး ဘယ်လိုသယ်ရမတုန်း ။ နောက်ဆုံးတော့ ဟိုပစ္စည်းနည်းနည်း ဒီပစ္စည်းနည်းနည်း ပဲ ယူခဲ့ရတယ် ။

နောက်နေ့မနက်ငါးနာရီလောက်ကတည်း ရွာက စထွက်ရတယ် ။ အကျီ
အ၀တ်အစားအိတ်တွေ ၊လက်ဆောင်ထုပ်တွေနဲ့ဆိုတော့ ကျနော့်တပည့် တွေ က လိုက်ပို့ကြတယ် ။ နေမျိုးတပည့်တွေကတော့
သူတို့ဆရာ ကြိမ်စင်္ကြာကို စိတ်နာလို့လားမသိဘူး တစ်ယောက်မှ ပေါ်
လာ ။

ကားလမ်းမကြီးပေါ်ရောက်လို့ ကားလာတဲ့အခါ ကျနော်တို့ကားပေါ်တက်
ကြတော့ ကျနော့်တပည့် ခုနှစ်ယောက်ရှစ်ယောက်လောက် ကားလမ်း
မဘေးမှာ ဖင်ဘူးတောင်း လေးတွေ ထောင်လို့ ထိုင်ကတော့ ကြတာ
ကျနော် လည်း မျက်ရည်ဝဲပြီး ငိုချင်လာတယ် ။ ငါ့တပည့်များ သွားလေရာ
— with Soe Naing and 12 others.

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...