ဖတ်ဆဲ
မောင် Soe Min Thu တစ်ယောက် သူကြိုက်နေတဲ့ ကောင်မလေးကို ရည်းစားစာ လိုက်ပေးလေသည်။
တစ်ရက်လည်း မယူ.. နှစ်ရက်လည်းမယူ..
နောက်.. တစ်ပတ်လောက် ဆက်တိုက် လိုက်ပေးနေတော့.. ကောင်မလေးက သနားသွားပုံ ပေါက်သည်။ စာကို လက်ခံလိုက်သည်...။
၃ ရက်လောက်ကြာတော့ မောင်စိုးမင်းသူ က အဖြေလိုက်တောင်းတာပေါ့...
ကောင်မလေးက ပြောတယ်...
" အကိုရယ်.. ဖတ်ဆဲပါပဲ.." တဲ့..
ဒီလောက်နဲ့ ကျေနပ်ပြီး.. မောင်စိုးမင်းသူ ပြန်လာခဲ့တယ်။
နောက် ၃ ရက်ကြာပြန်တော့.. အဖြေပြန်လိုက် တောင်းပြန်ရော..
ကောင်မလေးက ထပ်ပြောတယ်..
" ဖတ်ဆဲပါပဲ.." တဲ့...
သုံးခါမြောက် သွားတောင်းတော့လည်း.. ထိုနည်းလည်းကောင်း ပြောပြန်တယ်...
မောင်စိုးမင်းသူ က စိတ်မရှည်တော့ပဲ.. ကောင်မလေးကို မေးတယ်..
" မင်းဟာက ဒီတစ်သက် ဖတ်လို့ ပြီးအုံးမှာလား..." ဆိုတော့...
ကောင်မလေးက...
" ဟုတ်တယ်လေ... အကို့စာကို ညီမက ဖတ်လိုက်ရင်း... ဆဲလိုက်ရင်း...
မကျေနပ်လို့.. ထပ်ဖတ်ရင်း.. ထပ်ဆဲလိုက်ရင်း...နဲ့.. ဒီနေ့အထိ ပါပဲ..." တဲ့..
အဆဲခံပေတော့ညီရေ ငိငိ
0 comments:
Post a Comment