Wednesday, December 25, 2013

ဘ၀ အထွေထွေ မိုးလို စွေ . . . ( ၂ )



အခု ဆို လေး ငါးနှစ်လောက်တောင်ကြာခဲ့ပြီဆိုတော့ ကျနော့်တပည့်ကြောင်ကုတ်
တို့အဖွဲ့လည်း တက္ကသိုလ် ဒုတိယနှစ်လောက်တော့ ရောက်ရောပေါ့ ။ အခုနေများ
လမ်းမှာတွေ့ရင်တောင် ဆရာတပည့်တွေ မှတ်မိမယ်မထင် ။


ကျောင်းဆရာဘ၀ မှာ ပီတီစားရတယ်ဆိုတာတကယ်မှန်တယ် ။ ကိုယ့်တပည့်တွေ
ကိုယ့်ကို နည်းနည်းပါးပါး သိတတ်ရင်ပဲ အရမ်းပီတိဖြစ်ရတာ ၊ စိတ်ချမ်းမြေ့ရတယ်။
ကျနော့် တပည့်တွေက ကျနော့်ရှေ့မှာသာ ဆရာကျော်ကျော်ခေါ်တာ နောက်ကွယ်
မှာ ကျနော့်နာမည်ပြောင်က ဆရာလူနီ တဲ့ ၊ ဆရာအင်္ဂလိပ်တဲ့ ၊ ဆရာဆံနီ တဲ့ ။
အမျိုးမျိုးဖျက်ခေါ်ကြတော့တာပဲ ။ ရယ်တော့ရယ်ရတယ် ။ ကျနော်လည်း တပည့်
တွေကို နာမည်အမျိုးမျိုးဖျက်တယ် ။ လက်ရေးစုတ်ပြတ်သတ်နေအောင်ဆိုးတဲ့
တပည့်နာမည်ကိုကြောင်ကုတ်လို့ပေးတယ် ။ စာအုပ်ပေါ်မှာ ကြောင်ကုတ်ထားရင်
တောင်မင်းလက်ရေးထက်လှတယ်ပေါ့ ။ အမြဲတမ်းနှပ်တချုံ့ချုံ့နဲ့ ကောင်မလေးနာ
မည်က တွဲလောင်း ။ အဲ့လို ။ အဲ့လို ။

အညာမှာက ငါးရှားပြီး အသားပေါတယ် ။ အသားထက်ပေါတာက ပဲ ပဲ ။ ပဲကတော့
နေ့တိုင်းစားရတယ် ။ ကျနော်နေတဲ့ နေမျိုးအဖိုးအိမ်ကလည်း ပဲ စိုက်တာလည်းပါ
မှာပေါ့ ။ ပဲကို ဧကလိုက်ကို စိုက်တာ ။ ပြောရအုန်းမယ် ။ အဖိုးနာမည်ကိုတော့မမှတ်
မိတော့ဘူး ။ မှတ်မိတာက အဖိုးက သူ့ခေတ် သူ့အခါက နာမည်ကြီး ဓါးမြတဲ့ ။
တော်တော်မိုက်တယ်လို့ပြောတယ် ။ ကျနော်နဲ့တွေ့ရချိန်မှာတော့အသက်ရှစ်ဆယ်
ကျော်လောက်ရှိပြီ ။

သူခေတ်တုန်းက သူဘယ်လောက်မိုက်လည်းဆိုရင် ရွာဘုရားပွဲကိုတောင် မြင်းနဲ့ဝိုင်း
ပြီး ဓါးပြတိုက်ယူတာတဲ့ ၊ ဓါးပြအဖွဲ့က လူသုံးလေးဆယ် ၊ လက်နက်တွေနဲ့ဝိုင်းပြီးတော့ အကုန်ငုတ်တုတ်ထိုင်ခိုင်းထားတာ ။ ပြီးမှ တယောက်
ခြင်း ပစ္စည်းတွေ ချွတ်ယူတာတဲ့ ။ လွန်ခဲ့တဲ့ နှစ်ငါးဆယ်လောက်ကပေါ့ ။ ဒီလို ဓါးပြ
တိုက်နေတုန်း ရွာဦးဘုန်းတော်ကြီး အသက် ခြောက်ဆယ်ကျော် က ကြိမ်နဲ့လိုက်ရိုက်
လို့ ဓါးပြတွေ ခွေးပြေး ၀က်ပြေးပြေးခဲ့ရတယ် လို့လည်း ကြားရတယ် ။ ဘာပဲဖြစ်ဖြစ်
အညာဒေသမှာတော့ ရွာဦးဘုန်းတော်ကြီးနဲ့ သံဃာတော်တွေဟာ တကယ်အာဏာ
ရှိတယ် ၊ သြဇာရှိတယ် ။

ရွာထဲက အမူုးသမား ဘယ်လောက်သောင်းကျန်းနေပါစေ ။ ဘုန်းကြီးရောက်လာပြီး
ဟိတ်ကောင် ဆိုတာနဲ့ တင်ပါ့ဘုရားဆိုပြီး လစ်တော့တာပဲ ။ ဘုန်းကြီးက ရိုက်ချင်
ရင် လိုက်မရိုက်ဘူး ။ ကျောင်းကို ဘယ်သူဘယ်ဝါ ငါ နေ့လည်စာဘုန်းပေးပြီး တဲ့
အချိန်လာခဲ့ ဆိုရင် ရောက်အောင် သွားရတာ ။ ဆိုးတဲ့လူတွေကို တိုင်ဖက်ပြီး ဓါတ်
ကြိုးနဲ့တွယ်တာ ဆရာ ။

မထင်ရင် ရွာလူကြီးလည်း ကွမ်းအစ်နဲ့ကောက်ပေါက်ချင်ပေါက်တာ ။ ရွာလူကြီးဆို
လို့ပြောရဦးမယ် ။ ရွာဥက္ကဌက ကျနော်တို့နဲ့သောက်ဖော်သောက်ဖက်ဗျ ။ အချဉ်
တော့မဟုတ်ဘူး ရယ် ။ အဝေးသင်နဲ့ ဘွဲ့ရထားတာ အသက်ကလည်း သုံးဆယ်
ငါးလောက်ပဲ ရှိဦးမယ် ။ ကျနော်တို့နဲ့ညီအကိုလိုခင်တယ် ။ နေမျိုးကတော့မူးလာ
ရင် ဥက္ကဌကိုရစ်တော့တာပဲ ၊ ကျုပ်တို့ရွာလည်း ခဗျားလက်ထက်ကျမှ ကျေးရွာအုပ်
စုခေါင်းဆောင်ရွာကြီး ဘ၀ကနေ ရိုးရိုးရွာဖြစ်ရတယ် ဘာညာပေါ့ ။ ဥက္ကဌက သည်း
ခံရှာတယ် ။ ကျနော်တို့ကို မြို့က ပညာတတ်ကျောင်းသားတွေဆိုပြီးတော့လည်း
လေးလေးစားစားဆက်ဆံတယ် ။

အင်တာနက်အကြောင်းမေးတယ် ။ နိုက်ကလပ်အကြောင်းမေးတယ် ။ မာဆတ်
အကြောင်းမေးတယ် ။ကေတီဗွီအကြောင်ေးမးတယ် ။ အကုန်မေးတယ် ။ ကျနော်
လည်း သိသမျှ အကုန်ဖြေရတယ် ။ အဲ့ဒါသူတယောက်ထည်းမဟုတ်ဘူးရယ် ။
တရွာလုံးက ကာလသားတွေ အကုန်လူုံး မေးကြတာပဲ ။ ရန်ကုန်ရောက်ဖူးတဲ့
လူ က နည်းတယ် ။ ရန်ကုန်ကလာတယ်ဆိုတာနဲ့ပဲ အကြားအမြင်ရ အကုန်သိ
တဲ့ ပုဂိုလ်တွေများထင်နေသလားမသိဘူး ။

ဆက်ရန်

မာဃ
၂၂ ။ ၁၂ ။ ၂၀၁၃

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...