Friday, December 20, 2013

Myanmar Youth Media Club 16 Dec 2013

MYMC - MYMHOT



Posted: 16 Dec 2013 09:46 PM PST
PygmyPygmy ဆိုတာ ဘယ်လို လူမျိုးတွေပါလဲ။ Pygmy တွေဟာ ရှေးကျတဲ့ လူမျိုးနွယ်စု တစ်ခု ဖြစ်ပြီး ဒဏ္ဍာရီ ထဲမှာသာရှိ တယ်လို့ ဟိုးယခင် ကတည်းက ယူဆခဲ့ ကြပါတယ်။
ဥရောပ တိုက်သား တွေက pygmy တွေဟာ ဒဏ္ဍာရီ မှာသာ ရှိတယ်လို့ ဟိုးယခင် ကတည်းက ယူဆခဲ့ ကြပါတယ်။ ရှေးဟောင်း အီဂျစ်နဲ့ ဂ ရိစာ တွေမှာ အာဖရိကတွင် အလွန် ပုသော လူမျိုးများ ရှိကြောင်း ဖော်ပြ ပါရှိပါတယ်။
ရှေးဟောင်း ဂရိ လူမျိုး တွေဟာ "Pugmaeus" ဆိုတဲ့ စကားလုံး အကြောင်း ပြောတတ် ကြပါတယ်။ "foot" "ပေ" လို့ အဓိပ္ပာယ် ရပြီး အတိုင်းအတာ ယူနစ် အနေနဲ့ သုံးကြတာပါ။ ၁၈၇၄ ခုနှစ် မှာတော့ ဂျာမန်လူမျိုး စူးစမ်း လေ့လာသူ တစ်ဦးဟာ ဥရောပ သားထဲက ပထမဦးဆုံး တွေ့ဖူးတဲ့ pygmy လူပုလေး တွေကို ကွန်ဂိုနိုင်ငံ မှာ တွေ့ခဲ့ပါတယ်။ တကယ်တော့ pygmy တွေဟာ dwarf လို့ခေါ်တဲ့ လူပုလေး တွေနဲ့ မတူပါဘူး။ Pygmy သွေးစစ်စစ် အမျိုးသား တွေဟာ ပျမ်းမျှ အရပ် ၁.၄၅ မီတာ (၄ ပေ ၁၀ လက်မ) ရှိပြီး အမျိုးသမီး တွေကတော့ ၁.၃၃ မီတာ (၄ ပေ ၁ လက်မ) ရှိကြပါတယ်။ သူတို့ဟာ အာဖရိ ကန် လူမည်းမျိုး လူပုလေးတွေ မဟုတ် ကြပါဘူး။ သူတို့ရဲ့ ကိုယ်ခန္ဓာ အချိုးအစားဟာ တခြား လူမျိုးတွေနဲ့ အတူတူ ပါပဲ။ ဒါကြောင့်လည်း သူတို့ ရဲ့ ခေါင်းဟာ ကျန်တဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းထက် ကြီးတယ်လို့ ထင်ရတာပါ။ ဒါကလွဲလို့ ကျန်တာ တွေက အချိုးအစား ပြေပြစ်ကောင်း မွန်ပါတယ်။ Dwarf တွေကတော့ အချိုးအစား မကျပါဘူး။



Pygmy တွေဟာ ရှေးကျတဲ့ လူမျိုးနွယ်စု တစ်ခု ဖြစ်ပြီး ယနေ့ခေတ် လူသား မျိုးနွယ် တွေထဲမှာ တောင်အာဖရိက မှာသာ တွေ့နိုင် တော့တဲ့ bushmen လို့ခေါ်တဲ့ Khoi-San လူမျိုးစု တစ်ခုသာ pygmy တွေထက် ပိုရှေး ကျပါတယ်။ သူတို့ဟာ အာရှ လူမည်းများလို့ ခေါ်တဲ့ အိန္ဒိယ၊ နယူးဂီနီ၊ မလန် နီးရှားနဲ့ ဩစတြေး လျတိုက် ဒေသခံ Aborigines လူမျိုးတွေနဲ့ မျိုးနွယ်ချင်း နီးစပ်ပြီး တောင်အာရှနဲ့ Polynesia ဒေသတွေက လူသားတွေနဲ့ မျိုးဗီဇ ချင်းလည်း နီးနီးစပ်စပ် ရှိပါတယ်။ အာဖရိက လူမည်းတွေနဲ့ ကွာတာကတော့ pygmy တွေဟာ ကိုယ်ခန္ဓာနဲ့ မျက်နှာမှာ အမွေးတွေ ရှိကြပြီး ရှေးရောမ လူမျိုးများလို နှာရိုး ကောက်ပြီး ထင်ရှားတဲ့ နှာခေါင်းမျိုး ရှိကြပါတယ်။ အရေပြား ရောင်လည်း ပိုလတ်ပါတယ်။ တကယ်တော့ pygmy တွေဟာ အာရှကို နယ်ချဲ့ဖို့ အာဖရိက တိုက်ကနေ ထွက်လာကြတဲ့ ပထမဦးဆုံး မျိုးနွယ်စု တွေထဲက တစ်မျိုး ဖြစ်ပြီး သူတို့တွေဟာ တစ်ချိန်က အာရှတိုက် တောင်ဘက် နေရာ တော်တော် များများမှာ ကျက်စားခဲ့ ကြပါတယ်။ Pygmy မျိုးနွယ်ရဲ့ ခေတ်သစ် လက်ကျန် လူမျိုးတွေကို အာဖရိက မှာတင်မက အာရှတိုက် တောင်ပိုင်း နေရာ တော်တော်များများမှာ တွေ့နိုင်ပါတယ်။ ဖိလစ်ပိုင်က Aeta လူ မျိုး၊ မလေးက Semang လူမျိုး၊ ထိုင်းက Mani လူမျိုး၊ ကပ္ပလီ ကျွန်းစုက Andamanese မျိုးနွယ်စု၊ Flores Island က Rampasasa လူမျိုး၊ နယူး ဂီနီရှိ တောင်တန်း တွေနဲ့ Vanuatu ကျွန်းစု တွေမှာ နေထိုင်ကြတဲ့ pygmy လူမျိုးစုတို့ပဲ ဖြစ်ပါတယ်။ ဩစတြေး လျတိုက်၏ အရှေ့ မြောက်ပိုင်း Queensland ပြည်နယ်ရှိ pygmy လူမျိုး တွေကတော့ ၂၀ ရာစုလယ် လောက်က မျိုးသုဉ်းသွား ခဲ့ပါတယ်။

Pygmy

Pygmy တွေဟာ လွန်ခဲ့တဲ့ နှစ်တစ်သောင်းနဲ့ နှစ်နှစ်သိန်း ကြားက လူတွေလို တောထဲ အမဲလိုက်တဲ့ ရိုးရာ လူနေမှု ပုံစံအတိုင်း နေထိုင်နိုင် မယ့် အပူပိုင်း သစ်တော တောနက်ကြီး တွေလို လူနေဖို့ မသင့်တော်တဲ့ ပတ်ဝန်းကျင် ကြမ်းကြမ်းထဲမှာပဲ ပတ်ဝန်းကျင် ကလူမျိုးနွယ် တွေနဲ့ မပတ်သက်ဘဲ သီးသီး သန့်သန့် နေကြ ပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်သန်းက pygmy တွေဟာ ကွန်ဂိုမြစ်ဝ အာဖရိက အလယ်ပိုင်း နေရာ တွေမှာ နေထိုင် ကျက်စား ခဲ့ကြပါတယ်။ အရှေ့တောင်ဘက် နိုင်ဂျီးရီးယား မှစလို့ အရပ် ပိုရှည်တဲ့ အာဖရိက လူမည်းတွေ ပြောင်းရွှေ့ ရောက်ရှိလာ ပြီး စိုက်ပျိုးရေးနဲ့ အဆင့်မြင့် သံခေတ် နည်းပညာတွေ သုံးစွဲ လာတာကြောင့် ကျောက်ခေတ်က pygmy မျိုးနွယ်တွေ နေရာ ပျောက်သွား ခဲ့ပါ တယ်။ ယနေ့ ခေတ်မှာတော့ pygmy တွေဟာ သူတို့ရဲ့ ကနဦး ဘာသာစကား ပျောက်ခဲ့ရပြီး ဒေသချင်း ကပ်နေတဲ့ Bantu ဘာသာ အသုံး အနှုန်း တွေကိုပဲ ပြောဆိုကြ ပါတော့တယ်။ တကယ်တော့ သူတို့က Bantu လူမျိုးတွေနဲ့ ကုန်သွယ် ကြတာမို့ Bantu ဘာသာ စကားကို ပြော ကြ ရတာပါ။ ယနေ့ခေတ်မှာ အာဖရိက pygmy တွေကို Gabon, Cameroon, Zaire, Congo, Central African Republic, Rwanda နဲ့ Burundi တို့မှာ တွေ့နိုင် ပါတယ်။ Pygmy မျိုးနွယ် နှစ်သိန်း ဝန်းကျင် ရှိမယ်လို့ ယုံကြည် ကြပါတယ်။ အာဖရိက  တွေက သူတို့ကိုယ် သူတို့ ba Kola, baBongo, baAka, baMbenzele, baTwa, baMbuti စသဖြင့် ခေါ်ဝေါ် သုံးစွဲကြ ပါတယ်။ Pygmy တွေဟာ စက်ဝိုင်းပုံစံ တည် ဆောက် ထားတဲ့ တဲဆယ်လုံး ဆယ့်ငါးလုံးခန့် သာရှိတဲ့ လူနေစခန်း တစ်ခုနဲ့ ပိုတူတဲ့ ရွာလေးတွေမှာ နေကြပါတယ်။ တဲအိမ်တွေဟာ ထိပ်လုံး ပုံသဏ္ဍာန် ရှိကာ သစ်တောထဲက သစ်ကိုင်း၊ သစ်ရွက်တွေကို သုံးပြီး အမျိုးသမီး တွေက တည်ဆောက် ကြပါတယ်။ တဲအိမ် တွေဟာ တစ်မီ တာ (သုံးပေ) သာသာ လေးသာ မြင့်တာကြောင့် သူတို့ရဲ့ အရပ်နဲ့ကြည့်ရင်တောင် အရွယ်အစား အလွန် သေးငယ် ကြပါတယ်။ အိမ်ထဲ ကို လေးဘက်ထောက် ဝင်ရပြီး အထဲမှာတော့ အစားအစာ ပြင်ဆင်ဖို့နဲ့ တောရိုင်း တိရစ္ဆာန် တွေကို ခြောက်လှန့်ဖို့ မီးမွှေးထား ကြပါ တယ်။ တဲအိမ် တွေဟာ အိပ်ဖို့နဲ့ မိုးခိုဖို့သာ ဖြစ်ပြီး pygmy တွေရဲ့ ဘဝကတော့ အပြင်ဘက်မှာ ရှင်သန် လှုပ်ရှားကြ တာပါ။ Pygmy တွေ ဟာ အိမ်ခြေ ရာမဲ့ လွတ်လပ်စွာ သွားလာ သူတွေ (Nomadic people) ဖြစ်တာမို့ သူတို့ နေထိုင်ရာ နေရာ တွေဟာ တကယ်တော့ ယာယီ စခန်း သာလျှင် ဖြစ်ပါတယ်။ အိမ်ခြေ နေရာတကျ ဖြစ်စေဖို့ ကြိုးပမ်းမှု များဟာလည်း မအောင်မြင် ခဲ့ပါ။ တစ်ခါတလေဆို တောနက်ကြီး ထဲကို လပေါင်း များစွာ ပျောက်သွား တတ်ကြ ပြန်ပါတယ်။

Pygmy

Pygmy တွေဟာ အများအားဖြင့် တစ်လင် တစ်မယား စနစ်ကို လိုက်နာ ကျင့်သုံး ကြပေမယ့် အလွယ်တကူ ကွာရှင်း နိုင်ပြီး တခြား အဖော် တစ်ဦးနဲ့ အတူနေ ဖို့လည်း ခွဲခွာနိုင်ပါတယ်။ ဖခင် သို့မဟုတ် အိမ်ခြေ စခန်းမှာ အသက် အကြီးဆုံး လူက အလေးစား ခံရဆုံး ပုဂ္ဂိုလ် ဖြစ်ပါ တယ်။ ဩဇာ ညောင်းတဲ့ ခေါင်းဆောင် ဆိုတာမျိုးတော့ မရှိပါဘူး။ Pygmy တွေဟာ ကလေးတွေကို အလွန် တန်ဖိုးထား ပါတယ်။ သူတို့ဟာ ဂီတကို နှစ်သက် ခုံမင်တတ် ကြပါတယ်။ Bantu လူမျိုး တွေကနေ ပုံစံတူ ယူထားတဲ့ သစ်ပင်ရဲ့ ပင်စည် ခေါင်းပေါက်ကို သားရေပြား အုပ် ထားတဲ့ ဗုံတွေနဲ့ ကျူရိုးနဲ့ ပြုလုပ်ထားတဲ့ panpipe တွေကို တီးမှုတ်တတ် ကြပါတယ်။ Pygmy အကရဲ့ ကကွက် တွေဟာ အသက်ဝင် လှ ပြီး သူတို့ အမဲလိုက် လိုတဲ့ တိရစ္ဆာန်တွေရဲ့ လှုပ်ရှားမှု တွေကို တုပပြီး လွန်စွာမှ စိတ်လှုပ်ရှား ဖွယ်ကောင်းကာ သွက်လက် လှပါတယ်။ ဒီလို တုပ ကခုန်ခြင်းဖြင့် တိရစ္ဆာန် တွေကို ပြုစားနိုင်ပြီး အမဲလိုက် ရာမှာ လွယ်ကူ စေတယ်လို့ ယုံကြည် ကြပါတယ်။ Pygmy တွေဟာ စိုက် ပျိုးရေး မလုပ်ကြ ပါဘူး။ သူတို့ရဲ့ အဓိက အစား အစာက အမဲလိုက်ရာ ကရတဲ့ သားကောင် တွေပါပဲ။ တကယ်တော့ သူတို့ရဲ့ တစ်မျိုးတည်း သော အိမ်မွေး တိရစ္ဆာန် ကတော့ အမဲလိုက်ဖို့ မွေးထားတဲ့ ခွေးတွေပဲ ဖြစ်ပါတယ်။ ဒီခွေးတွေဟာ အလွန် အကြမ်းခံ ကြပြီး တောအုပ် ထူထူ ထဲမှာ သားကောင်ကို ခြေရာခံဖို့ အာရုံ တွေလည်း အထူး ကောင်းမွန်လှ ပါတယ်။ သူတို့ဟာ လေး၊ ဆင်နှလုံး ကိုတောင် ရပ်တန့် သွားစေ နိုင်တဲ့ အပင် အဆိပ်လူး ထားတဲ့ မြားတံတွေ၊ လှံ၊ ဆူးတင်းပုတ်၊ ဓား၊ ပုဆိန်တွေ၊ နွယ်ပင်တွေနဲ့ ပြုလုပ်ထားတဲ့ အမဲလိုက် ပိုက်ကွန်တို့ကို အသုံးပြု ကြပါတယ်။ Bantu မျိုးနွယ်တွေ အသုံးများတဲ့ ထောင်ချောက် ကိုတော့ သုံးခဲပါတယ်။ Bantu တို့ရဲ့ လက်နက် တစ်မျိုးဖြစ်တဲ့ ဒူးလေးကို လည်း အသုံးပြုနိုင် ကြပါတယ်။

Pygmy

Bushmen တွေလိုပါပဲ သူတို့ဟာ အမဲလိုက် ရာမှာ သားကောင်ကို အုပ်စုလိုက် မြားပစ်နိုင် လောက်တဲ့ အထိ ပြေးလွှား လိုက်တတ် ကြပါတယ်။ Pygmy တွေဟာ မျောက်ကစလို့ ငှက်၊ ကျွဲ၊ ရှဥ့်နဲ့ အခြားမျိုးတူ အကောင်တွေ၊ ချေ၊ တောဝက်နဲ့ တောအုပ် ထဲက အကြီးဆုံး အကောင်ဖြစ်တဲ့ ဆင်အထိ သားကောင် အကုန်လုံးကို အမဲလိုက် ကြပါတယ်။ သားကောင် ပေါပေါများများ ရတဲ့ အချိန်တွေမှာ သိမ်းဆည်းထားလို့ မရတာမို့ မြောက်မြားစွာ စားသောက် တတ်ကြပြီး ဒီနောက် မှာတော့ ရက်သတ္တပတ် များစွာ အစာ အနည်းအကျဉ်း နဲ့ပဲ အသက်ဆက် ကြပါတယ်။ အ မဲလိုက် ခြင်းဟာ အစာ အမြဲ မရနိုင် တာမို့ မိန်းမ တွေနဲ့ ကလေးတွေ အစာရှာခြင်း တာဝန်ဟာ အရေးပါ လာပါတယ်။ သစ်သီး၊ ဘယ်ရီသီး၊ မှို၊ အခွံမာသီး၊ သစ်ရွက်၊ သစ်မြစ်၊ ကြွက်၊ မြွေ၊ ဖွတ်၊ ဖား၊ ခြ၊ အင်းဆက် ပိုးကောင်များ၊ ခူကောင်၊ ဘောက်ဖတ်၊ တီနဲ့ ပျားရည် စတာတွေကို ရှာဖွေ စုဆောင်းတတ် ကြပါတယ်။  အနီး ဝန်းကျင်မှာ နေကြတဲ့ Bantu လူမျိုးတွေဟာ ဖော်ပြပါ ပစ္စည်းတွေကို pygmy တွေဆီကနေ ပစ္စည်း လဲလှယ် ကုန်သွယ် ရယူကြပါတယ်။ Pygmy တွေဟာ အနီး ဝန်းကျင်က လူမည်းတွေ နဲ့လည်းပဲ ကုန်စည် တိုက်ရိုက် လဲလှယ် ကုန်သွယ် ကြပါတယ်။ အမဲလိုက် လို့ရတဲ့ အသား အပိုတွေ၊ သစ်တောထွက် ပစ္စည်း တွေကို ပေးကြပြီး လက်နက်၊ အိုး၊ ဓား၊ ဆူးတင်းပုတ်၊ ပုဆိန်၊ ဆား၊ ပိတ်စ၊ အုန်းဆီ၊ ပီလောပီနံ၊ ငှက်ပျောစိမ်း၊ အရက်၊ ဆေးရွက်၊ ဆေးခြောက် စတာတွေကို လဲလှယ် ယူကြတာပါ။ တစ်ခါ တလေတော့ pygmy တွေကို ကော်ဖီ ဒါမှမဟုတ် ကိုကိုး စိုက်ခင်း တွေမှာ အလုပ် ခိုင်းစေတတ် ကြပါတယ်။ သူတို့ဟာ ရက်သတ္တပတ် အနည်းငယ် အလုပ်လုပ် ကြကာ လုပ်ခ ရပြီးတာနဲ့ တောနက်ကြီး ထဲမှာ လပေါင်း များစွာ ပျောက်သွားပြန် တာပါပဲ။ သူတို့ တွေဟာ တောတွင်း ဆေးဖက်ဝင် အပင်တွေ ကိုလည်း ကျွမ်းကျွမ်းကျင်ကျင် နှံ့နှံ့စပ်စပ် သိကြ ပါတယ်။ အူလမ်း ကြောင်းက သန်ကောင်များ၊ မြွေကိုက်ခြင်းနဲ့ မျက်စိရောဂါ စတာ တွေကို ပျောက်ကင်း စေတဲ့ ဆေးပင်တွေကို သိနားလည် ကြပါတယ်။

Pygmy

သူတို့ဟာ အနီး ဝန်းကျင်က လူမျိုးတွေနဲ့ ဆက်ဆံ ရာမှာ စကားနည်း တတ်ကြပြီး အရပ်ရှည်တဲ့ အာဖရိက လူမျိုးတွေက သူတို့ကို နိမ့်ကျပြီး အသိဉာဏ် နည်းတဲ့ လူမျိုးတွေ အဖြစ် ယူဆထား ကြတာကြောင့် ခေတ်အဆက်ဆက်မှာ စော်ကားသရော် ခံရခြင်း၊ လူမျိုးရေး ခွဲခြားဆက် ဆံခံရခြင်း တို့ကို ခံစားခဲ့ ကြရပါတယ်။ ဇိုင်ယာနိုင်ငံ (Zaire) မှာ မကြာသေး မီက ဖြစ်ခဲ့တဲ့ ပြည်တွင်းစစ် အတွင်းမှာတော့ Lendu စစ်သား များဟာ pygmy တွေကို လူသားစား ဓလေ့ရဲ့ သားကောင်တွေ အဖြစ် သတ်စားခဲ့ ကြပါသေးတယ်။ Lendu မျိုးနွယ်တို့ရဲ့ အယူအရ pygmy တွေရဲ့ ကလီစာ တွေဟာ မှော်အစွမ်း ရှိပြီး စားသုံးသူကို ဘေးအန္တရာယ်မှ ကာကွယ် ပေးပြီး ရဲစွမ်း သတ္တိတို့ကို ဖြစ်စေတယ်လို့ ယုံကြည်ကြ ပါတယ်။ ပဋိပက္ခ ဖြစ်နေတဲ့ နှစ်တွေ အတွင်းမှာ pygmy တွေဟာ တောအုပ် ထဲကို နက်သည်ထက် နက်အောင် တိုးဝင် နေထိုင် ကြပေမယ့် သစ်တော တွေကိုတော့ ဘယ်တော့မှ စွန့်ခွာ သွားလေ့ မရှိကြ ပါဘူး။ ယခုဆိုရင် pygmy တွေဟာ လူသားစား ဓလေ့ကို ကြောက်လန့်ပြီး သစ် တောတွေထဲမှ ထွက်လာကာ ဒုက္ခသည် တွေအနေနဲ့ သူတို့ အတွက် ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်မှာ ရှင်သန် နေထိုင်နေ ကြရပါတယ်။ Py gmy မျိုး နွယ် သုံးထောင်ခန့်ဟာ အိမ်နီးချင်း နိုင်ငံတွေ ဆီကို ထွက်ပြေး ခဲ့ပြီး ဖြစ်ပါတယ်။ နေရောင်ခြည်ကို ထိတွေ့လေ့ သိပ်မရှိ တာက တစ် ကြောင်း၊ သူတို့ စားနေကျ အစားအစာ မဟုတ်တဲ့ အမြဲလိုလို ကင်ထားတဲ့ တောငှက်ပျောနဲ့ တောထွက် သစ်သီးတွေ အပါအဝင် ဒုက္ခသည် စခန်းက အစားအစာ တွေကြောင့် တစ်ကြောင်း pygmy မျိုးနွယ် တော်တော် များများဟာ ရောဂါဘယ တွေနဲ့ သေဆုံးခဲ့ ကြပါတယ်။

Pygmy

Images from ytimg, smithsonianmag, dzanga-sangha, trekearth, yimg, creativeroots, mikaelstrandberg, probertencyclopaedia.


Author

Tornado

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...