အရှက်ကွဲရန် ၂ လခန့်သာ လိုပါတော့သည်
ဆီးဂိမ်းက တော်တော်နီးကပ်လာပြီ ဖြစ်သလို အရှက်ကွဲဖို့ လည်း တော်တော် နီးကပ်နေပြီမို့
စိတ်လှုပ်ရှားမိပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်လူမျိုးအကြောင်း - အူမ ချေးခါးက အစမကျန်
သိနေလို့ပဲဗျာ။ ဗီဇရယ်၊ စိတ်ဓာတ် ရယ်၊ စာရိတ်္တတွေရယ် ပေါင်းလိုက်တော့
ကိုယ့်ပေါင်ကိုယ် လှန်ထောင်းနေသလိုပါ။
ဒါမှလည်း သူများလာထောင်းပြီး
ကဲ့ရဲ့မယ့် အရေးက သက်သာရာ ရမှာပေါ့။
ဗီဇဆိုပါတော့။ တိုးတက် ကြီးပွားတဲ့ လူမျိုးတွေရဲ့ ဗီဇကို
အရင်ပြောကြည့်ကြတာပေါ့။ သူတို့ရဲ့ ဗီဇကိုက သူများနိုင်ငံတွေထက် မသာရင်
ရှက်တတ်တဲ့ ဗီဇပါနေကြ ပါတယ်။ နယ်စပ်ချင်း ထိစပ်နေတဲ့ နေရာတွေကို ကြည့်ရင်ပဲ
မတူညီတဲ့ ဗီဇတွေ ကွဲပြားခြားနားနေတာကို မြင်နိုင်ပါတယ်။ နောက်ပြီး
ကိုယ့်တိုင်းပြည်၊ ကိုယ့်မြို့ ကိုယ့်အိမ်တွေကို နိုင်ငံခြားသားတွေ
လာလည်ပတ်ကြလို့ သန့်သန့်ရှင်းရှင်း မရှိမှာ အထင်သေးသွားမှာကို အလွန်
ရှက်ကြပါတယ်။
ခြွင်းချက်အနေနဲ့ လူမျိုးကြီးတွေမှာလည်း ပေပေတေတေ နေတတ်တဲ့ အဆင့်နိမ့်သူတွေ
မရှိမဟုတ်၊ ရှိပါတယ်။ ဒါပေမဲ့ အရေအတွက် အလွန်နည်းပါတယ်။
စိတ်ဓာတ်ပိုင်းမှာကျတော့ ကပ်တွက်တဲ့စိတ် နည်းပါးပါတယ်။ ကူညီဖို့လည်း
ဝန်မလေးပါဘူး။ ဒါကြောင့် လူမျိုးကြီး သို့မဟုတ် နိုင်ငံကြီးသားလို့
အခေါ်ခံရတာပါ။ သူတို့ ပြည်သူတွေရဲ့ စိတ်ဓာတ် အဆင့်မြင့်တော့ အစိုးရလည်း
သက်သာပါတယ်။ ဥပမာ သူတို့ရဲ့ စုပေါင်းတိုက်ခန်း နေအိမ် တွေမှာ
ကျုပ်တို့ဆီကလို ကွမ်းတံတွေးတွေ ညစ်ပေနေတာမျိုး အမှိုက်တွေ
လှေကားထောင့်တွေမှာ စုပုံနေတာမျိုး၊ အနံ့ အသက်တွေ နံဟောင်နေတာမျိုးတွေ
လုံးဝ မရှိပါဘူး။ တစ်တိုက်လုံးရဲ့ သန့်ရှင်းရေးကို ညီညီညွတ်ညွတ်နဲ့ ခွဲဝေ
ဆောင်ရွက်ကြပါတယ်။ ၀တ်ကျေ တမ်းကျေ မဟုတ်ဘဲ စိတ်ပါလက်ပါ လုပ်ကြလို့ အမြဲ
သန့်ပြန့်နေပါတယ်။
စာရိတ်္တ - စရိုက်နဲ့ စည်းကမ်းပိုင်းမှာလည်း အများ သဘောတူ
သတ်မှတ်ထားတာတွေကို ကတ်ဖဲ့ယပ်ဖဲ့ မလုပ်ဘဲ လေးလေးစားစား လိုက်နာပါတယ်။
နောက်ထပ် ၂ လလောက်မှာ ကျုပ်တို့ နိုင်ငံကို နိုင်ငံပေါင်းစုံက
လူမျိုးခြားတွေ လာရောက်ကြမှာပါ။ ဒီအခါမှာ သူတို့ မြင်တွေ့ရမယ့် ကျုပ်တို့
နိုင်ငံရဲ့ မြင်ကွင်း ကတော့ ကြက်သီးထ စရာပါပဲ။ “မင်္ဂလာပါ” နှုတ်ဆက်ပြီး
ပြုံးလည်း ပြလိုက်ရော ပေရေနေတဲ့ နှုတ်ခမ်းကြီးက ပွင့်အာလာပြီး သွားမှာ
သွေးတွေ ပေကျံနေတာ မြင်ရရင် နိုင်ငံခြားသားတွေအတွက် သွေးပျက်ပြီး
ထိတ်လန့်စရာ မြင်ကွင်းတစ်ခုပါ။ သူတို့က ငယ်စဉ်ကတည်းက “ဒရက်ကူလာ” ခေါ်တဲ့
သွေးစုပ်ဖုတ်ကောင်တွေနဲ့ ရုပ်ရှင်တွေ ထဲမှာ ယဉ်ပါးခဲ့တာကလား။ ပါးစပ်ထဲ
ကွမ်းယာအပြည့်နဲ့ ပြုံးဖြဲပြီး ပြလိုက်ရင် နေ၀င်ရီတရော ဆိုလို့ကတော့
နိုင်ငံခြားသားတွေ ကြောက်ပြီး ထွက်ပြေးမယ် ထင်ပါတယ်။
ကျုပ်ကတော့ ကွမ်းယာကို အစလုပ်ပြီး အစားသင်နေတဲ့ အချိန်မှာ ရင်းနှီးတဲ့
သူငယ်ချင်းတစ်ယောက်က နောက်ပြောင်တာ ခံရပြီး နောက်ပိုင်း မစားဖြစ်တော့ပါ။
နိုင်ငံတကာနဲ့ ရင်ပေါင်တန်းပြီး ဆက်ဆံရမယ့် အချိန်မှာ ဒီကွမ်းယာ ကိစ်္စက
လူမျိုးနဲ့ချီပြီး အထင်အမြင် အသေးခံရ မယ့် ပြဿနာ ဖြစ်ပါတယ်။ ၀က်ခြံထဲမှာ
ဝက်တွေဟာ ရွှံ့တွေ ၀က်ချေးတွေနဲ့ လူးလဲ ပျော်ရွှင်နေကြသလို ကျုပ်တို့
လူမျိုးဟာလည်း ကွမ်းတံတွေးတွေနဲ့ နပန်းလုံးပြီး နေခဲ့ရတာ ကြာပါပြီ။
ကားပေါ်ကလည်း ပျစ်ခနဲ၊ ရထားပေါ်ကလည်း ပျစ်ခနဲ ပလက်ဖောင်းတွေ
တိုက်ခန်းလှေကားတွေ ရုံးတွေ ကားဆိပ် သင်္ဘောဆိပ်တွေအားလုံး အကျည်းတန်
အရုပ်ဆိုးအောင် အားမနာစတမ်း လုပ်နေကြပါတယ်။
ကိုယ့်နိုင်ငံကို အလှဆင်ဖို့ မကူညီတဲ့အပြင် ၀ိုင်းပြီး ဖျက်ဆီးနေပုံဟာ
တကယ့် လူဆိုးလူရိုင်းတွေ အတိုင်းပါပဲ။ ကွမ်းယာဟာ ခံတွင်းနဲ့
လည်ချောင်းကင်ဆာရောဂါရမှာကလွဲလိ
ု့
ဘာကောင်းကျိုးမှ မရှိပါဘူး။
နောက်ထပ် အရှက်ရမယ့် ကိစ်္စက စွန့်ပစ်အမှိုက်တွေနဲ့ အများသုံး
အိမ်သာကိစ်္စတွေပါပဲ။ ကျန်တဲ့ နေရာတွေ မပြောတော့ပါဘူး။
ရန်ကုန်မြို့လယ်ခေါင် လမ်းထောင့်တွေမှာ အမှိုက်ပုံတွေက ပြန့်ကျဲ၊
ခွေးလေခွေးလွင့်တွေနဲ့၊ ဆောင်းပါးတစ်ပုဒ်မှာ ရန်ကုန်မြို့ထဲကြည့်ပြီး
နိုင်ငံခြားသား က မေးတယ်တဲ့ “ဒါ ဆင်ခြေဖုံး ရပ်ကွက်လား” လို့။ ဘယ်လို
နိုင်ငံခြားသား အသိမိတ်ဆွေကို ဒါ ငါတို့မြို့တော်လို့ ပြရဲမှာလဲ။
ပန်းခြံတွေထဲ ခေါ်ပြရင် ပိုဆိုးဦးမယ်။ ပန်းခြံထဲက ရေကန် ဥပမာ၊
ကန်တော်ကြီးကရေတွေဟာ ကျန်းမာရေး ထိခိုက်နိုင်လောက်အောင်တောင် water
pollution သိပ်ဆိုးနေတာ တွေ့ရပါမယ်။
ကန်တော်ကြီးပန်းခြံဆိုတာ အလုပ်လုပ်တဲ့ လူမျိုးတွေ လက်ထဲမှာ
တန်ဖိုးမဖြတ်နိုင်တဲ့ ပန်းခြံတစ်ခုပါ။ ဒါပေမဲ့ မယုံရင် သွားကြည့်ပါ၊
လူတွေကလည်း စည်းကမ်းမရှိ ၀န်ထမ်းတွေက အလုပ်မကြိုးစား၊ လူကြီးလုပ်တဲ့ သူတွေက
စိတ်မ၀င်စားဆိုတော့ အိတ်ခွံတွေ၊ ပလတ်စတစ်တွေ အမှိုက်သရိုက်တွေက မပြုပြင်ဘဲ
ပစ်ထားတဲ့ ဇရပ်တစ်ခုရဲ့ မြင်ကွင်းလိုပါပဲ။ တကယ်လို့သာ
ရန်ကုန်မြို့တော်ဝန်ဟာ ဆွဲခန့်မဟုတ်ဘဲ တစ်နည်းအားဖြင့် မိုးပေါ်က ကျလာသူ
မဟုတ်ဘဲ လူထုက ရွေးကောက်တဲ့ မြို့တော်ဝန်ဖြစ်ခဲ့ရင် ဆန့်ကျင်ဘက် ရလဒ် -
မြို့တော်နဲ့ ပန်းခြံတွေ လှပ သန့်ရှင်း လာမလား တွေးမိပါတယ်။
ဒီ အခြေအနေတွေဟာ နိုင်ငံရေး အခြေအနေပေါ် အများကြီး တည်နေပါတယ်။ ဒီမိုကရေစီ
အမည်ခံ ဘ၀မှာပဲ ရှိနေသေးတော့ ပြည်သူ့ဆန်္ဒ အပြည့်အ၀ ဖော်ထုတ်နိုင်ခြင်း
မရှိသေးပါဘူး။ ဖော်ထုတ်ခွင့် ရလာတဲ့ ဆန်္ဒတချို့တွေဟာ လည်း ပမာမခန့်
လုပ်ခံနေရပါတယ်။ နေရာတိုင်းမှာ ပြည်သူက မဲဆန်္ဒနဲ့ ခန့်နိုင် ဖြုတ်နိုင်မှသာ
ပြည်သူ့ဆန်္ဒက အရေးပါလာမှာ အမှန်ပါပဲ။
ကွမ်းတံတွေးနဲ့ အမှိုက်ပြဿနာကို အသေးအဖွဲ ကိစ်္စလို့ သဘောထားရင်တော့
အုပ်ချုပ်သူများမှာ အောက်ခြေ လွတ်ပြီး လက်တွေ့ဘ၀နဲ့ မနီးစပ်ဘူး
ဖြစ်နေပါပြီ။ နိုင်ငံကို ဂုဏ်ကျက်သရေတင့်ပြီး အဆင့်မြင့်လာစေဖို့
ဒီနှစ်ခုနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ဥပဒေအသစ် ထုတ်နိုင်ခဲ့ပါ သလား။
လွှတ်တော်သက်တမ်း ထက်ဝက်ကျော်လာပြီ၊ ကွမ်းတံတွေး ပေကျံနေတဲ့
အမှိုက်တွေကြားမှာ ပြည်သူတွေ နေကြရဆဲပါ။ ဂျာမနီနိုင်ငံမှာတော့ ဘီယာဘူးခွံတွေ
လမ်းပေါ်မှာ ပြန့်ကျဲ အရုပ်ဆိုးနေတဲ့ ပြဿနာကို လွှတ်တော် က အလေးထား
ဖြေရှင်းပေးတာ တစ်လ နှစ်လ အတွင်း ပြေလည်သွားပါတယ်။
အစိုးရရဲ့ အုပ်ချုပ်ရေးပိုင်းနဲ့ ပတ်သက်လို့ အရှက် ရစရာတွေကလည်း
အများကြီးပါ။ လာလည်ကြမယ့် နိုင်ငံခြားသားတွေက တစ်နေရာတည်း နေမှာမဟုတ်ဘဲ
နေရာအနှံ့ လည်ကြ ပတ်ကြဦးမှာပါ။ ဒီအခါမှာ သူတို့အတွက် မကြုံဖူးတဲ့
ထိတ်လန့်စရာ ဒုက်္ခကြီးက လျှပ်စစ်မီးပျက်တဲ့ ဒုက်္ခပါပဲ။
တခြားနိုင်ငံတွေမှာက လျှပ်စစ်မီးက မျက်တောင် တောင် မခတ်ပါဘူး။
မီးပျက်တာကို သူတို့သိပ် မကြုံဖူး ကြပါဘူး။ ကိုယ်မရောက်ဖူးတဲ့နေရာ
သူစိမ်းတွေကြားထဲမှာ မှောင်မည်းနေရင် ဘယ်လိုနေမလဲ စဉ်းစားသာ ကြည့်ကြပါ။
အစိုးရသက်တမ်း ၅ နှစ်ပြည့်တဲ့အထိ ဒီလိုပဲ သွားတော့ မှာပါ။ ကျေးရွာတွေ
မီးရရှိရေးကတော့ သိပ် အလှမ်းဝေး ပါတယ်။ မြို့ပေါ်တောင် မီးမမှန်ပါဘူး။
ကျေးရွာတွေမှာ “လေအားလျှပ်စစ်” လို့ခေါ်တဲ့ လက်တွေ့မပါဘဲ ပါးစပ်က
လေနဲ့ပေးတဲ့ လျှပ်စစ်ပဲရမှာ သေချာပါတယ်။
နောက်ထပ် အရှက်ကွဲမှာတွေလည်း တစ်ပုံတစ်ပင် ကြီးပါပဲ။
အချိန်မလေးစားတဲ့ ပြဿနာ၊ အချိန်မတိကျတဲ့ ပြဿနာ အစီအစဉ်တွေ လွဲချော်တာ၊
စားရေးသောက်ရေး မှာ အရှက်ကွဲတာ၊ ခုထိ တချို့ စားသောက်ဆိုင်တွေမှာ
လက်အိတ်မသုံးဘဲ လက်နဲ့ အစားအသောက်ကို ကိုင်တွယ် တာ။ ခြင်တွေ ယင်တွေ
အင်းဆက်တွေ ပိုးကောင် မွှားကောင်တွေကလည်း အရှက်ခွဲဖို့ အဆင်သင့် စောင့်နေ
ကြပါတယ်။
မြန်မာလူမျိုးများဟာ ရွံရှာတတ်တယ်တဲ့။
ဒါပေမဲ့ ရွံပုံရွံနည်းက မှားနေပါတယ်။ အိမ်သာတွေ ရေချိုးခန်းတွေမှာ ကိုယ်
သုံးပြီးရင် ရွံတတ်လို့ လှည့်မကြည့်ဘဲ တစ်ချိုးတည်း လစ်ကြတယ်။ ဒီတော့
ကိုယ်သုံးခဲ့ရာမှာ နောက်လူအတွက် သန့်ရှင်းမှုရှိရဲ့လား အသေအချာ စစ်ဆေးခြင်း
မရှိတော့ပါဘူး။ ကိုယ်ရွံသလို သူတစ်ပါးလည်း ရွံမှာပဲဆိုတဲ့ ကိုယ်ချင်းစာစိတ်
မရှိဘဲ ကိုယ်လွတ်ရုန်း ပြေးသလို ဖြစ်သွားပါတယ်။ ဒီလို
တာဝန်မဲ့သူတွေများပြီး သန့်ရှင်းရေး ၀န်ထမ်းကလည်း ၀တ်ကျေတမ်းကျေ
ပေါင်းမိသွားတော့ နိုင်ငံတစ်ဝန်းလုံးက အိမ်သာအားလုံး ညစ်ပတ်ပေရေနေကြတာပါ။
စစ်ဆေးမယ့် သူတွေကလည်း ရွံတတ်လို့ အနားမကပ်ဘူးနဲ့ တူပါရဲ့ဗျာ။
နောက်ထပ် အရှက်ကွဲစရာက မြန်မာလူမျိုးများ ဘယ်လောက် တန်းစီခိုင်းခိုင်း
နှစ်ထပ် သုံးထပ်စီရင်းနဲ့ ကျော်တက်တတ်ကြပါတယ်။ အမျိုးသမီးတွေ၊ ကလေး တွေနဲ့
အသက်ကြီးသူကို ဦးစားပေးဖို့ကတော့ အိပ်မက် တောင် မမက်ကြပါဘူး။
ကားမောင်းနေကြပုံ ကြည့်ရင်လည်း စိတ်ဓာတ်နိမ့်ကျတာ ပေါ်ပါတယ်။
အကြမ်းဖက်သမားတွေ အရှက်ခွဲ ဒုက်္ခပေးမယ့် အရေး ကိုလည်း ကြိုတင် သတိထားပြီး
ဆီးဂိမ်းအတွက် လုံခြုံရေး အထူး ဂရုစိုက်ဖို့ တင်ပြလိုက်ရပါတယ်။
Kaung125@gmail
ပြည်သူ့ခေတ် ဂျာနယ် အတွဲ - ၄၊ အမှတ် - ၁၆၆ မှ ဆရာကောင်းဆက်နိုင်၏ ဆောင်းပါး
...
0 comments:
Post a Comment