Wednesday, October 9, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၉-၁၀)

သစ်ထူးလွင်



Posted: 09 Oct 2013 05:42 AM PDT

၂၀၁၃ ခုနှစ် ဇူလိုင်လ ဟောင်ကောင်လေဆိပ် တစ်နေရာ [A]....။

ဥရောပခရီးကအပြန် ခရီးတစ်ထောက် ရောက်နေတဲ့ ပြည်မကြီးက တရုတ်လူမျိုး အယောက်လေးဆယ်ပါတဲ့ အဖွဲ့။ ဝယ်ခြမ်းခဲ့တဲ့ ပိုးသားပဝါတွေ၊ ဆွစ်နာရီတွေ၊ နာမည်ကြီး လူးဝစ်ဗီတန် (Louis Vuitton) အိတ်တွေ အပြည့်နဲ့ပေါ့။ အဲ ... နောက်ထပ် ထူးခြားတာတစ်ခုက ကလေးနို့မှုန့်တွေ အပြည့်အသိပ် သယ်လာတာပါပဲ။
သူတို့ထဲက တစ်ယောက်က ‘ဂျာမနီက ကုန်တိုက်ကြီးတွေမှာ တက်သုတ်ရိုက်ပြီး ဝယ်ခဲ့ရတာဗျ။ တစ်ယောက်ကို နို့မှုန့်ဘူး ဒါဇင်ဝက် လောက်တော့ အိတ်ထဲထည့် သယ်နိုင်ခဲ့တယ်’ လို့ ပြောတယ်။ တရုတ် အမျိုးသမီး တစ်ယောက်ကလည်း “အခုထက် သယ်ရတာ လွယ်လို့ကတော့ အများကြီး ဝယ်ခဲ့ချင်တာပေါ့ရှင်။ အဲဒီမှာက ကောင်းလည်းကောင်း၊ ဈေးလည်းချိုတယ်ရှင့်” လို့ ဆိုတယ်။ သူမက နို့မှုန့်နှစ်ဘူးပဲ ဝယ်ခဲ့တာလေ။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 09 Oct 2013 05:38 AM PDT

စာနယ်ဇင်းလောကတွင် လွတ်လပ် စွာရေးသားခွင့်ပြုလာသည်နှင့်အမှ
ျ နိုင် ငံရေးဆောင်းပါးများကို မိမိတို့အမြင် နှင့် ရေးသားသည်များလည်း မှိုလိုပေါက် လာ၏။ နယ်ေ ဟာပြောပွဲများတွင် ဟော ပြောသော စာရေးဆရာများမှာ နိုင်ငံ ရေးအကြောင်းများသာ ပြောလာကြ သည်။ ထိုသို့ပြောရာတွင် ယခင်က နိုင်ငံ ရေးဆန့် ကျင်သူများ က လည်း နိုင်ငံရေး အကြောင်း ပြောလာကြသည်။ စာသင် စားသော ကျူရှင်ဆရာများကလည်း ဗိုလ်ချုပ်အောင်ဆန်း အကြောင်း၊ ဗိုလ် ချုပ်ကတော်ေ ဒ်ါခင်ကြည် အကြောင်း၊ ဗိုလ်ချုပ်၏ သားသမီးများ အကြောင်း ကို သူတို့နှင့် လက်ပွန်းတတီး နေလာသ လိုဟောပြောပွဲများ၌ပြောလာကြသည်။----
ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 09 Oct 2013 03:32 AM PDT

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မည်ဟုဆိုသောအခါ အသစ်ရေးဆွဲခြင်းနှင့် အဟောင်းကိုပြန်လည်ပြင်ဆင်ခြင်း လမ်းကြောင်းနှစ်မျိုး ကွဲပြားထွက်ပေါ်လာသည်။ ထိုလမ်းကြောင်းနှစ်ခုတွင် မည်သည့်လမ်းကြောင်းသို့ ဦးတည်သွားမည်၊ မည်သည့်လမ်းကြောင်းက ပိုမိုလွယ်ကူနိုင်သည်ကို မေးခွန်းထုတ်ငြင်းခုံကြဆဲဖြစ်
သည်။ နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားအဖွဲ့အစည်းများကြား အကျေအလည် ညှိနှိုင်းနေရသည့် ဥပဒေပြင်ဆင်ရေးအပေါ်တွင် ချင်းအမျိုးသားတပ်ဦး CNF နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကို တည်ထောင်သူများတွင် ပါဝင်ခဲ့သော ဒေါက်တာဆလိုင်းငွန်ကျုံးလန်နှင့် 7Day News က တွေ့ဆုံမေးမြန်းခဲ့ပါသည်။ ---
အင်တာဗျူး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 09 Oct 2013 03:29 AM PDT

မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုမြို့တော်ဟု သတ်မှတ်ထားသော မန္တလေးမြို့တွင် နေ့ခင်းကြောင်တောင် လုယက်လူသတ်မှုများ၊ လူစည်ကားရာ ကျူံးဘေးပတ်လည်၌ ဓားဖြင့်လိုက်ခုတ်သည့် ဖြစ်စဉ်များ၊ ဆိုင်ကယ်ဖြင့် အဖိုးတန်ပစ္စည်းများ လိုက်လံလုယူနေသည့် ဖြစ်စဉ်များကြောင့် မြို့ခံများ၏ လုံခြုံရေးပူပန်မှုဒီရေကို အရှိန်မြင့်စေခဲ့သည်။ မန္တလေးမြို့ပေါ်တွင် နေအိမ်များအတွင်း ၀င်ရောက်ကာ ပစ္စည်းလု၊ လူသတ်မှု သုံးလဆက်တိုက် ဖြစ်ပွားခဲ့သည်။ သြဂုတ်လအတွင်းက ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှ
ိ အိမ်တစ်အိမ်တွင် နေ့ခင်းကြောင်တောင် အမျိုးသမီးတစ်ဦးကိုသတ်ကာ ငွေကျပ်သိန်းတစ်ရာယူသွားသည့်အမှု ဖြစ်ခဲ့သည်။ စက်တင်ဘာလတွင်လည်း ချမ်းအေးသာစံမြို့နယ်၊ တိုက်ခန်းတစ်ခုတွင် နေ့ခင်းကြောင်တောင် တစ်ဦးတည်းရှိနေသည့် အိမ်အကူအမျိုးသမီးကိုသတ်ကာ ငွေနှင့်တန်ဖိုးကြီးပစ္စည်းများ ယူဆောင်သွားမှုဖြစ်ခဲ့ပြန်သည်။ ---
ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 09 Oct 2013 03:18 AM PDT

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(
NLD) ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ နန်းခင်ထွေးမြင့်နှင့် အဖွဲ့ဝင်များသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် သို့မဟုတ် အသစ်ပြန်လည်ရေးဆွဲရန်အတွက် ကရင်ပြည်နယ်၊ ဖားအံမြို့ ကန်သာဦးခမ်းမတွင် ပြည်သူများနှင့် အောက်တိုဘာ ၆ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ၎င်းဆွေးနွေးပွဲတွင် NLD က ၂၀၀၈ အခြေခံဥပဒေ၏ အားနည်းချက်၊ အားသာချက်များကို ရှင်းလင်းတင်ပြပြီး ပြင်ဆင်ခြင်း၏ ကောင်းကျိုး၊ ဆိုးကျိုးများနှင့် အသစ်ပြန်လည်ရေးဆွဲခြင်း၏ ကောင်းကျိုးဆိုးကျိုးများကို နှိုင်းယှဉ်ပြီး ပြည်သူများကို တွေ့ဆုံရှင်း လင်းကာ ဆန္ဒကောက်ခံခဲ့ခြင်းဖြစ်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 09 Oct 2013 03:14 AM PDT

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စကုမြို့နယ်ထဲက ကျေးရွာတချို့မှာ ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းဖို့အတွက် မြေတူးပြီး မြေစာတွေပုံခဲ့တဲ့ လယ်မြေတွေကို နစ်နာကြေးတွေ ပေးမသွားဘူးလို့ ဒေသခံတွေက ပြောပါတယ်။ စကုမြို့နယ် အိုင်းမကျေးရွာအုပ်စုရှိ လက်ပန်တောကျေးရွာက လယ်မြေဥယျာဉ်ပိုင်ရှင် ၂၆ ဦးဟာ ဆုံးရှုံးမှုတွေအတွက် ဘာနစ်နာကြေးမှ မရရှိသေးဘူးလို့ ပြောပါတယ်။  တရုတ်နိုင်ငံကို တင်ပို့တဲ့ ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာ မင်းဘူးခရိုင် စကုမြို့နယ် အိုင်းမကျေးရွာအုပ်စုရှိ လက်ပန်တောကျေးရွာက လယ်ယာမြေတွေပေါ်ကို မြေစာတွေ ပုံခဲ့တဲ့အတွက် စိုက်ပျိုးမရတော့သလို ဥယျာဉ်ခြံမြေတွေက အပင်တွေကိုလည်း ခုတ်လှဲ မီးရှို့ခဲ့တဲ့အတွက် အားလုံး ပျက်စီးကုန်တယ်လို့ ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 09 Oct 2013 03:07 AM PDT

လွိုင်ကော်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ သွားလာသည့် လမ်းများတွင် ခလရ ၂၅၀တပ်မှ သံဆူးကြိုးဖြင့် လမ်းပိတ်ထားလိုက်သဖြင့် တောင်သူများသွားလာရန် အခက်အခဲကြုံတွေ့နေကြပြီး တခြားလမ်းများကို အသုံးပြုသွားလာနိုင်ရန် ကိုယ်ထူကိုယ်ထ စတင်ဖောက်လုပ်နေကြရသည်ဟု ဒေသခံတောင်သူတဦးဖြစ်သော ဦးရယ်က ပြောသည်။ “တောင်သူတွေခြံထဲသွားဖို့ လာဖို့အဆင်ပြေအောင် အရင်ကဟိုဘက်မှာသွားတယ်။ အခုက တပ်ကပိတ်လိုက်တဲ့အခါကျတော့ ဒီဘက်မှာသွားဖို့ကမရှိတော့ ဒီဘက်ရွာကလူတွေနဲ့ ပေါင်းပြီးတော့ ဒီလမ်းနဲ့ဒီတံတားကို လုပ်တာပါ” ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဒေသခံတောင်ယာသွားလမ်း စစ်တပ်သံဆူးကြိုးများဖြင့် ပိတ်ထား (ဓါတ်ပုံ-ကေတီ)

လမ်းတံတားကို ကိုယ်ထူကိုယ်ထ အသစ်ပြန်လည် ဖောက်လုပ်နေကြ (ဓါတ်ပုံ-ကေတီ)

Posted: 09 Oct 2013 03:03 AM PDT

ပဲခူးတိုင်း သနပ်ပင်မြို့နယ် ပြည်သူတွေဟာ မှတ်ပုံတင်လုပ်ဖို့အတွက် ကျပ် ၁ သောင်းကနေ ကျပ် ၄ သောင်းအထိ ပေးနေရကြောင်း သနပ်ပင်မြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးမြင့်ဦးက ပြောဆိုလိုက်ပါတယ်။
အောက်တိုဘာ ၈ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ခုလို ပြောဆိုပြီး လ၀က၀န်ကြီးဌာနကို ဘယ်လို လုပ်ကိုင်ပေးနိုင်မလဲ မေးခွန်းထုတ်လိုက်တာ ဖြစ်ပါတယ်။

လက်ရှိ လ၀က၀န်ကြီးဌာနက ကြေညာနေတဲ့ မိုးပွင့်စီမံချက်ဟာ သာမန်အောက်ခြေ ပြည်သူလူထုတွေအတွက် ဘာမှ အကျိုးမရှိဘူး၊ အစိုးရရဲ့ အဂတိလိုက်စားမှုဟာလည်း အရင်ခေတ်ကအတိုင်း မပြောင်းလဲဘူးလို့ ဝေဖန်ပါတယ်။

သူတို့ မြို့မှာဆို အသက်ပြည့်သူ ၃၀၀ လောက်ရှိပေမယ့် ၁၀ ယောက်လောက်ပဲ မှတ်ပုံတင်ရှိပြီး တချို့ဆို အသက် ၄၀ ပြည့်သည်အထိ မှတ်ပုံတင် မရှိဘူးလို့ ရှင်းပြပါတယ်။

လ၀က၀န်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးကျော်ကျော်ဝင်းကတော့ အဂတိ လိုက်စားတာတွေကို တိုင်ကြားရင် အရေးယူမယ်လို့ ဖြေရှင်းသွားပါတယ်။

by ဒီဗွီဘီ
Posted: 09 Oct 2013 02:59 AM PDT

သာသနာ့နယ်မြေ ကျူးကျော်ကိစ္စ အကြောင်းပြု၍ မသမာသူများက ရွာ လယ်ရှိ သာသနာ ၂၅ဝဝ စေတီ စိန်ဖူး တော်မြေခအောင် ဖျက်ဆီးမှု မွန်ပြည် နယ် ရေးမြို့ ကလော့ကျေးရွာ၌ ဖြစ်ပွား ခဲ့သည်။ ”ဘုရားရဲ့စိန်ဖူးတော်ကို ကြိုးနဲ့ဆွဲ ထားတဲ့ပုံစံ။ ပြီးတော့ ဘုရားရဲ့ ခြံစည်း ရိုးတိုင်တွေအပေါ်မှာ ထိုင်းကလာတဲ့ မီး လုံးအဝိုင်းကြီးတွေ အလှဆင်ထား တယ်။ အလုံး ၄ဝ ကျော်ပေါ့။ သူတို့ ရိုက်ခွဲထားတယ်။ ပြီးတဲ့အခါကျတော့ ဘုရားသုံးဖို့အတွက် ရေပေါ့နော်။ သောက် တော်ရေအတွက်ပိုက် သူတို့ဆင်ထား တယ်။ ပိုက်တွေ မြေမြှုပ် ထားတာကို လည်း သူတို့ပေါက်တူးနဲ့ ပေါက်ထား တယ်။ ပေါက်တူး တစ်လက်ကျန်ခဲ့ တယ်”ဟု ရေးမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မိမြင့်သန်းက ပြော သည်။----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 09 Oct 2013 02:53 AM PDT

ပျော်ရွှင်မြူးထူးနေသည့်ဟန်ဖြင့် ရယ်ရယ်မောမောနှုတ်ဆက်ကာ အိမ် ပေါ်မှ ဆင်းသွားသည့် စုံတွဲကိုကြည့်ရင်း ကိုကျော်ကြီး သက်ပြင်းချသည်။ ပြီး တော့မှ ”ဒီလို သီတင်း ကျွတ်လတိုင်း   မင်္ဂလာဆောင်တစ်ခုနဲ့ပတ်သက်ပြီးသူ ငယ်ချင်းတစ်ယောက် ဆုံးရှုံးခဲ့ရတာကို အမြဲသတိရနေတယ်”ဟု ပြောလိုက် သည်။ ဤကဲ့သို့ ဝါလကင်းလွတ်ပြီဖြစ် သည့် တစ်ခုသော သီတင်းကျွတ်တွင် ဖြစ်သည်ဟု တာမွေမှ ဝပ်ရှော့ဆရာ ကိုကျော်ကြီးက ပြန်ပြောင်းပြောသည်။ သူ၏ အရင်းနှီးဆုံးသူငယ်ချင်း တစ်ယောက်က မင်္ဂလာဆောင်ပါသည် တဲ့။ တိုက်ဆိုင်စွာပင် ထိုနေ့ထိုရက်တွင် ကိုကျော်ကြီးတို့ လင်မယားအကြောင်း တစ်ခုကြောင့် ရန်ဖြစ်ကြသည်။ ငွေရေး ကြေးရေးဟု သူကဆိုပါသည်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 09 Oct 2013 02:46 AM PDT
ယခုဆွေးနွေးနေသည့် အစိုးရနှင့် ကေအိုင်အိုကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ဒုက္ခသည်များ နေရပ်ပြန်ပို့ရေး ဆွေးနွေးမှုသည် အရေးကြီးသည့် အချက်တစ်ခုအဖြစ် ပါဝင်နေသည်။ ထိုဆွေးနွေးပွဲမှတစ်ဆင့် စစ်မှန်သည့်ငြိမ်းချမ်းရေး အမြန်ရရှိပြီး၊ နေရပ်ဇာတိများသို့ အမြန်ဆုံးပြန်လည်အခြေချနေထိုင်နိုင်ရန် ကချင်စစ်ဘေးဒုက္ခသည်များအားလုံးက မျှော်လင့်နေကြသည်။ “အသက်ရှင်နေသည့်ကာလမှာ ကိုယ့်မှာရှိတဲ့ စွမ်းအားတွေ အားလုံးနဲ့ အမျိုးသားရေးအတွက်၊ ကိုယ့်လူမျိုးအတွက် ဘုရားသခင်အလိုအတိုင်း အသက်ရှင်နေထိုင်သွားမယ်” ---
ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 09 Oct 2013 02:42 AM PDT

ပုဂ္ဂလိက ဆေးခန်းငယ်များတွင် အပ်ပုန်းဟုခေါ်သည့် ရမ်းကုများက အပေါစား ကျန်းမာရေး ၀န်ဆောင်မှုများကိုသာ မှီခိုနေရသည့် အများပြည်သူလူနာများကို ဆရာဝန်အယောင်ဆောင် လှည့်ဖြား ကုသနေခြင်းသည် မလိုလားအပ်သော ပြဿနာများဆီသို့ ဦးတည်နေကြောင်း ကျန်းမာရေးအသိုင်းအ၀ိုင်းက သုံးသပ်ပြောဆိုသည်။ ရန်ကုန်မြို့စွန် ဆင်ခြေဖုံးရပ်ကွက်တစ်ခုတွင် အစိမ်းရောင်ဆိုင်းဘုတ်ငယ်လေးမျာ
း တန်းစီချိတ်ထားသည့် ဆေးခန်းတစ်ခုကို တွေ့ရသည်။ အထွေထွေရောဂါကု၊ ကလေးအထူးကု၊ သားဖွားမီးယပ် စသည်ဖြင့် အစုံဖြစ်သည်။ ၂၄ နာရီဖွင့်လှစ်သည့် ဆေးခန်းဖြစ်ကြောင်းလည်း ထင်ထင်ရှားရှားရေးထားသည်။ ---
ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ) - 7Day News Journal

Posted: 09 Oct 2013 02:38 AM PDT

သီတဂူအထောက် အကူပြုအဖွဲ့ (မလေးရှား) နှင့် ကမ္ဘောဇ ဘဏ်လီမိတက် တို့ ပူးပေါင်းလှူဒါန်းမှုဖြင့် တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးနေသည့် မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့် တရားမဝင် မြန်မာလုပ်သား ၁၈၀ ကျော်ကို အောက်တိုဘာလ ၈ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်ခေါ်လာကြောင်း အဆိုပါ လုပ်သားများက ပြောကြားသည်။ MAI စင်လုံးငှား လေယာဉ်ဖြင့် ရောက်ရှိလာသည့် အဆိုပါ မြန်မာ ၁၈၅ ဦး တွင် ဒုက္ခသည်စခန်း များတွင် ရောက်ရှိနေသည့် မြန်မာလုပ်သား ၈၀ ကျော် ပါဝင်ကြောင်း မလေးရှားအခြေစိုက် သီတဂူ အထောက်အကူပြု အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 09 Oct 2013 02:34 AM PDT

ဖြတ်ခနဲ ရုတ်တရက် မှောင်မိုက်သွားသောကြောင့် ကလေးများက ဟေးခနဲ အော်ကြလိုက်သည်။ လူကြီးအချို့က မကျေမနပ် မြည်တွန် တောက်တီးကုန်ကြသည်။ လက်ဖက်ရည်ဆိုင် တစ်ခုလုံး တီးတိုးတီးတိုး စကားသံများသာ ထွက်ပေါ်နေသည်။ မိုးရာသီ မကုန်သေးသော်လည်း မီးက ယခုကဲ့သို့ အလျဉ်းသင့်သလို ပြတ်တောက်လေ့ ရှိသည်။ လိုင်းပြဿနာများ အပါအဝင် အမျိုးမျိုးသော အကြောင်းများကြောင့် မကြာခဏ မီးပျက်တတ်ကြောင်း ဗဟန်းမြို့နယ် လျှပ်စစ်ရုံးမှ ဝန်ထမ်းတစ်ဦးက ဆိုသည်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 09 Oct 2013 02:31 AM PDT

အရာရှိ ရာထူးအဆင့်ကို အလွယ်တကူ မရရှိခြင်းနှင့် လစာနည်းပါးမှုများ ကြောင့် အမျိုးသားကျောင်းဆရာ များ အလုပ်ထွက်ကြခြင်းဖြစ် ကြောင်း အခြေခံပညာအသိုင်း အဝိုင်းမှ သိရသည်။ ယခင်က ဆရာ၊ ဆရာမ များအနေဖြင့် အသက် ၄၅နှစ်၊ ၅၀ နှစ်ခန့်ရှိလာပါမှ အရာရှိအဆင့် ကို ခံစားခွင့်ရှိခဲ့ကြောင်း SAT, ATEO, နှင့် အလယ်တန်းကျောင်း အုပ်များသည် လစာတန်းတူရရှိ ခဲ့ကြောင်း၊ အရာရှိအဆင့်ကို နှစ် တိုအတွင်း ခံစားခွင့် မရှိခဲ့ကြောင်း သိရသည်။...

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 09 Oct 2013 02:21 AM PDT

ပဲခူးတိုင်း ဒေသကြီး တောင်ငူမြို့ (၁၃)ရပ်ကွက် အောင်မြင့်မိုရ် အမျိုးသမီး ဘော်ဒါဆောင်ရှေ့ ဦးမှန်း လမ်းပေါ်၌ ယမန်နေ့ ည ၁ဝ နာရီ မိနစ် ၅ဝ က ဂီတာတီးနေသော အဖွဲ့အား အမည်မသိ လူငါးဦးမှ တုတ်၊ ဓားများဖြင့် ဝင်ရောက် ခုတ်မှုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ တောင်ငူမြို့ (၁၃)ရပ်ကွက် အမှတ်(၁၃/၃၇ဝ) အောင်မြင့်မိုရ် အမျိုးသမီး ဘော်ဒါဆောင် ရှေ့၌ ဂီတာတီး နေသော အောင်ခန့်ထည် ၂ဝ နှစ်(ဘ) ဦးဝင်းမြင့်အောင် (ရန်ကင်းအဆောင်) မိုးသောက်ကြွယ် ဘုရားလမ်း (၂)ရပ်ကွက် တောင်ငူမြို့တွင် ယာယီနေထိုင်ပြီး ၎င်း၏ သူငယ်ချင်း များ ဖြစ်သော ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 09 Oct 2013 02:18 AM PDT
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်းတွင် ပါဝင်သော ရွှေ့ပြောင်းရမည့် ဝက်မှေးရွာဟောင်းမှ ဒေသခံပြည်သူ လူထုများ လျှောက်ထားသည့်ဆန္ဒထုတ်ဖော်ခွင့်အား ယခုလ ၁ဝ ရက် နံနက် ၁ဝ နာရီမှမွန်းတည့် ၁၂နာရီ အထိ အင်အား ၁၅ဝဝ ဖြင့် ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တရားဝင်ခွင့်ပြုလိုက်ပြီဖြစ် ကြောင်း ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးအောင်ကျော်ကပြောသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 09 Oct 2013 02:13 AM PDT
ပြီးခဲ့တဲ့ အောက်တိုဘာလ (၅)ရက်နေ့ က စစ်ကိုင်းတိုင်းဒေသကြီး ၊ မော်လိုက်မြို့နယ် လောင်းကောင်းကျေးရွာတွင် မိုးအဆက်မပြတ်ရွာသွန်းကာ ချင်းတွင်းမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးမြေပြိုမှု ဖြစ်ပွားရာ နေအိမ် (၂)လုံး ပြိုကျကာ  အိမ်ခြေပေါင်း(၁၄)လုံး ဘေးလွတ်ရာသို့ ပြောင်းရွေ့ခဲ့ရပြီး ပြိုကျနေသော အိမ်ထဲတွင် ခါးကျိုးနေသော အဖွားကြီးတစ်ဦးအား ဘုန်းကြီးတစ်ပါးမှ ကယ်တင်လိုက်ရပါသည်။ မီးနေသည် အမျိုးသမီးတစ်ဦးသည်လည်း မိမိ၏ ပြိုကျနေသော အိမ်ကိုကြည့်ပြီး
သွေးလန့်သွားကြောင်း သိရှိရပါသည်။ လောင်းကောင်းကျေးရွာသူရွာသားမျာ
း ကမ်းပါးမြေပြိုမှုဖြစ်ပွားသဖြင့် အခက်အခဲကြုံတွေ့နေရပါသည်။
by Myanmar News Now







Posted: 09 Oct 2013 02:04 AM PDT
ချင်းတွင်းမြစ် ၀ှမ်းဒေသ ရေစကြိုမြို့အပိုင် ကျေးရွာသုံးရွာတွင် မြစ်ရေ တိုက်စားမှုကြောင့် မြေပြိုမှုများဖြစ်ပြီး နီးစပ်ရာ ကျေးရွာများသို့ အရေးပေါ်ပြောင်းရွှေ့ နေထိုင်နေရသဖြင့် အကူအညီများ လိုအပ်နေရာ သွားရောက် ကူညီရန်ရှိသည်ဟု White Sharing ပရဟိတလူငယ်အဖွဲ့မှ မအိပွင့်ရှီဇံက မဇ္ဈိမသို့ပြောသည်။ မြေပြိုမှုကြောင့် ပြောင်းရွှေ့ရသော ရွာများအနက် ရှစ်အိမ်တန်းရွာသည် ရွာလုံးကျွတ် ပြောင်းရွှေ့ရန် လိုအပ်နေသဖြင့် နေရာထိုင်ခင်းအတွက် အခက်အခဲဖြစ်နေသည်ဟု ဆက်ပြောသည် ။----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မော်လိုက်မြို့နယ် လောင်းကောင်းကျေးရွာတွင် မိုးအဆက်မပြတ်ရွာသွန်းကာ ချင်းတွင်းမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးမြေပြိုမှု ဖြစ်ပွားပုံ

Posted: 09 Oct 2013 01:38 AM PDT

ထိုင်း- မြန်မာနယ်စပ် မဲဆောက်မြို့ တောင် ဘက် ဖုတ်ဖရ်မြို့နယ် စအိုတိုက် နယ်ရှိ ၃၆ကီလိုမီတာတွင် အောက် တိုဘာ ၆ရက် ည ၁၁နာရီ မိနစ် ၂ဝခန့်တွင် ကလေးတစ်ဦးနေအိမ် အတွင်း အိပ်ပျော်နေစဉ် သေနတ် ထိမှန်မှုဖြစ်ပွားခဲ့ကြောင်း သိရ သည်။ နေအိမ်အိပ်ခန်းတွင် မောင် နှမသုံးဦးအိပ်ပျော်နေရာမှ၊ မိဘ နှစ်ပါးက မိမိတို့သားငယ်ငိုသံကြား ပြီး အိပ်ခန်းထဲဝင်ကြည့်ရာမှ ကလေး ၏ညာဘက်ပေါင်တွင် ထုတ်ချင်း ပေါက်သေနတ်မှန်ခဲ့ပြီး၊ သေနတ် ကျည်ဆန်ထိပ်ဖူးကိုလည်း အိပ်ရာ ပေါ်တွင် တွေ့ရှိခဲ့ရသည်ဟု ဖခင် ဖြစ်သူက ပြောသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

သေနတ်ထိမှန်ခံရသော ကလေးကို တွေ့ရစဉ်။ ဓာတ်ပုံ - မွန်ကြီး

Posted: 09 Oct 2013 01:24 AM PDT

ဖွဲ့စည်းပုံ အခြေခံဥပဒေကို အမျိုး သား ၂၅ ရာခိုင်နှုန်း၏ သဘောတူညီ ချက်ရမှ ပြင်ဆင်နိုင်မည် ဆိုခြင်းသည် အခြေခံဥပဒေပါ ကျား၊ မခွဲခြားခြင်း မရှိ ဆိုသည့် အချက်ကို ချိုးဖောက်ခြင်း ဖြစ် ကြောင်း (NLD)ဥက္ကဋ္ဌဒေါ်အောင်ဆန်း စုကြည်က ပြောသည်။ ”ဥပဒေကနေပြီးတော့ ကျား၊ မ ခွဲ ခြားခြင်းကို လက်မခံဘူးဆိုလို့ရှိရင် ဖွဲ့ စည်းပုံ အခြေခံဥပဒေ အတွင်းက တချို့ သော ပုဒ်မတွေရဲ့ ကျား၊ မခွဲခြားခြင်းရဲ့ အကျိုးဆက် ကို ဖြစ်စေတာကို ဘာလို့ လက်ခံနေသလဲလို့ မေးရမှာပဲ။ ဒါ ကြောင့်မို့လို့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြောင်းကိုပြောင်းရမယ်။ ပြောတော့ သာ ဖွဲ့စည်းပုံအခြေခံဥပဒေ က ကျား၊ မ မခွဲခြားဘူးလို့ ဆိုတယ်။ တချို့ပုဒ်မ တွေမှာ ကြည့်လိုက်ရင် ကျား၊ မခွဲခြား ခြင်းရှိတယ်” ဟု ၄င်းက ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 08 Oct 2013 05:16 PM PDT

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးကျေးရွာတွင် (၄-၁၀-၂၀၁၃)နေ့ ည(၈း၀၀)အချိန်ခန့်ကညီအကိုများ အရက်စုသောက်ရာမှ အစာအဆိပ်သင့်၍လူ(၂)ဦးသေဆုံးသွာ
းခဲ့သည်။
ဖြစ်စဉ်မှာ သေဆုံးသူ ၀င်းစိုး၊(၄၈)နှစ်၏ နေအိမ်တွင် ညီအကိုများ ဖြစ်ကြသော ဖိုးသင်္ကြန်(၂၁)နှစ်၊တင့်နိုင်ဦ
း(၄၃)နှစ်၊ အောင်နိုင်(၂၄)နှစ် တို့သည် အရက်အတူသောက်ကြပြီး အမြည်းအဖြစ် ဘဲဥကြော်၊ဖန်းခါးသီး၊ ရွက်ယိုသီး၊ ငရုပ်သီးတောင်းတို့အား အမြည်းအဖြစ်စားသောက်ကြရာ (၁၅)မိနစ်ခန့်အကြာတွင် ၀င်းစိုးနှင့် ဖိုးသင်္ကြန်တို့(၂)ဦးမှာ ပါးစပ်မှ အမြုပ်ထွက်၍ သတိလစ်သွားသဖြင့် ဘီးလင်းဆေးရုံသို့ တင်ပို့ရန် သယ်ဆောင်လာစဉ် လမ်း၌၄င်းတို့နှစ်ဦးသေဆုံး သွားခဲ့သဖြင့် ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် ဘီးလင်းရဲစခန်းမှ သေမှု သေခင်းအမှတ်စဉ် - ၅/၂၀၁၃ အရ အမှုဖွင့်လှစ်ထားကြောင်းသတင်းရရှိသည်။
Ko Thant Zin

by Myanmar News Now


Posted: 08 Oct 2013 05:07 PM PDT

မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးမှာ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက ၅၆ ဦးကို ဒီကနေ့မှာပဲ အစိုးရက ပြန်လွှတ်ပေးလိုက်ပါတယ်။ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN ထိပ်သီးအစည်းအဝေးတက်ဖို့ သမ္မတ ဦးသိန်းစိန် ဘရူနိုင်းနိုင်ငံဆီကို သွားတဲ့နေ့နဲ့ တိုက်ဆိုင်စွာပဲ အခုလို လွှတ်ပေးလိုက်တာပါ။ ဒီနှစ်မကုန်ခင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးမယ်လို့ သမ္မတဦးသိန်းစိန်က ကတိပေးထားပေမဲ့ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ေ
ရး လှုပ်ရှားသူတွေကတော့ ဒီအပေါ် သံသယရှိကြပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

၁၂ အောက်တိုဘာ ၂၀၁၁ ခုနှစ်က ဓာတ်ပုံဖြစ်ပါတယ်။

Posted: 08 Oct 2013 05:20 PM PDT
တရုတ်နိုင်ငံ ရှင်ကျင်းပြည်နယ် အနောက်ပိုင်း မှာ အွန်လိုင်းက တဆင့် ကောလဟာလတွေ ဖြန့်ဝေတယ် ဆိုပြီး ၂လ အတွင်းမှာ လူ ၄၀၀ နီးပါးကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှု တွေ ပြုလုပ်ခဲ့ပါတယ်။ ကွန်မြူနစ်ပါတီက ထုတ်ဝေတဲ့ သတင်းစာစောင် တစ်ခုမှာတော့ အခု သံသယရှိသူတွေဟာ ဘာသာရေးအရ အစွန်းရောက်အောင်နဲ့ တည်ငြိမ်မှု ပျက်ပြားအောင် ဖြန့်ဝေနေကြတယ်လို့ ဖေါ်ပြထားပါတယ်။ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ လူပေါင်းက ၁၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

တရုတ်အာဏာပိုင်တွေက ရှင်ကျင်းပြည်နယ် တည်ငြိမ်မှုအတွက် စိုးရိမ်


Posted: 08 Oct 2013 04:55 PM PDT

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ အပြည်ပြည် ဆိုင်ရာ ပါလီမန်သမဂ်ဂအဖွဲ့ အိုင်ပီယူ ညီလာခံကို တက်ရောက်နေတဲ့ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းကို ဘီဘီစီ က ဆက်သွယ် မေးမြန်းခဲ့ပါတယ်။ အခု အိုင်ပီယူ အစည်းအဝေးရဲ့ အဓိက အကြောင်းအရာက နျူကလီးယား ကင်းစင်သော ကမ္ဘာ ဖြစ်ရေး ပါတယ်။ မြန်မာ့ နျူကလီးယား ရည်မှန်းချက်နဲ့ ပတ်သက် ပြီးလည်း ကမ္ဘာမှာ စိုးရိမ်မှုတွေ ရှိကြောင်း ပြောထားတာ ရှိတော့ ပါလီမန် ဘက်က ဒီစိုးရိမ်မှုတွေ ပြေပျောက်အောင် ဥပဒေကြောင်း အရ ဘာတွေ လုပ်နိုင်မှာပါလဲ ဆိုတော့ ဆွေးနွေးတဲ့ ခေါင်းစဉ်နဲ့ မြန်မာ နိုင်ငံက လုပ်ဆောင်ချက်တွေနဲ့ ဆက်စပ်မှု ရှိတဲ့ အကြောင်းနဲ့ ဆွေးနွေး တဲ့ ခေါင်းစဉ်ဖြစ်တဲ့ ဓာတုလက်နက် ဖျက်သိမ်းရေး တွေကို ပါလီမန်တွေက ကြီးကြပ် ဆောင်ရွက်ရေး ခေါင်းစဉ် ကိုလည်း မြန်မာ နိုင်ငံက ပါလီမန် တွေက ထောက်ခံတဲ့အကြောင်း အဆို တင်သွင်း ပြောကြား ခဲ့တယ်လို့ ဦးရွှေမန်းက ဆိုပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဖွဲ့စည်းပုံ ပြင်ဖို့ ထောက်ခံမယ်လို့ ဦးရွှေမန်းပြော

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...