Tuesday, October 15, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၁၅-၁၀)

သစ်ထူးလွင်



Posted: 15 Oct 2013 06:00 AM PDT

ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှု မှ ဒဏ်ရာရသူ အမေရိကန် နိုင်ငံသူကို ယနေ့ ညနေ ၃ နာရီခွဲခန့်တွင် ဘန်ကောက်ရှိ ဆေးရုံသို့ ပို့လိုက်ပြီဟု ဟိုတယ် ခရီးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဒေါက်တာတင်ရွှေ ကပြောသည်။

"အမျိုးသမီးရဲ့ ကိုယ်ပေါ်မှာ ဗုံးအစအန ဒဏ်ရာရှိတယ် ။ဓာတ်မှန် မှာကြည့်ရတာတော့ ကျောက်ကပ်သွေးခြေဥတယ်လို့ သိရတယ်။ ကျွန်တော်တို့ ဒီနေ့ပဲ သူ့ကို သွားကြည့်ခဲ့ပါတယ် ။ အမေရိကန် သံရုံးကလည်း လာတွေ့တယ် ။ ဒီနေ့ပဲ SOS အေဂျင်စီ ရဲ့ လူနာတင်ယာဉ် နဲ့ လေယာဉ်ပေါ်တင်ပြီး ထွက်သွားပါတယ်" ဟု ၄င်းကပြောသည်။

ကုန်သည်ကြီးများ ဟိုတယ်အခန်းနံပါတ် ၉၂၁ တွင် အောက်တိုဘာ ၁၄ ရက် ည ၁၁ နာရီ ၁၀ မိနစ်တွင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အမေရိကန် နိုင်ငံသူ Mrs.Tialoris ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

MZ
Popular Myanmar News Journal


Posted: 15 Oct 2013 05:23 AM PDT

မန္တလေးမြို့တော်ရှိ ကျူးကျော် ဆိုင်ခန်းများကို ပြီးခဲ့သည့် ဇူလိုင်လ ဒုတိယပတ်ခန့်က ရှင်းလင်း အရေးယူ ဒဏ်ရိုက်ခဲ့သော်လည်း ဆက်လက်၍ ဆိုင်ခန်းများ ကျူးကျော် ဖွင့်လှစ်နေသဖြင့် မြို့တော် စည်ပင်သာယာရေး ကော်မတီက ဒုတိယအကြိမ် ထပ်မံအရေးယူ ဒဏ်ရိုက်သွားမည် ဖြစ်ကြောင်း အဆိုပါ ကော်မတီ သန့်ရှင်းရေးဌာန တာဝန်ရှိသူထံမှ သိရသည်။ ယင်းကဲ့သို့ ပြန်လည် ကျူးကျော်သည့် ဆိုင်ခန်းများတွင် လက်ဖက်ရည်ဆိုင်၊ မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်များ၊ အဝတ်အထည် အရောင်းဆိုင်များ ပါဝင်ပြီး ကျူးကျော်မှု အများဆုံးမှာ မန္တလေးတက္ကသိုလ် သွားရာ အဓိက လမ်းမကြီး ဖြစ်သည့် ၇၃ လမ်း၊ ၃၅ လမ်းမှလမ်း ၄၀ အတွင်း ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 15 Oct 2013 05:19 AM PDT

ဘီးလင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး ဒု-ရဲအုပ် ပန်းဦးနှင့် အင်တာဗျူး

ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်တွင် အောက်တိုဘာလ ၁၄ရက် ည၁၁ နာရီကျော်က ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုတွင် သံသယရှိသူ ဖာပွန်မြို့နယ် သူမွဲထကျေးရွာတွင် နေထိုင်သော အသက် ၂၆နှစ်အရွယ် စောမြင့်လွင်အား မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ဘီးလင်း-နတ်ကြီးကားလမ်းပေါ်တွင် ရဲတပ်ဖွဲ့က အောက်တိုဘာလ ၁၅ရက် နံနက်က ဖမ်းဆီးခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ဘီးလင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒု-ရဲအုပ် ပန်းဦးကို မဇ္ဈိမက ဆက်သွယ်မေးမြန်းထားပါသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ရန်ကုန်မြို့ ၃၈ လမ်း၊ မဟာဗန္ဓုလလမ်းထိပ်တွင် အောက်တိုဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းက ဗုံးလန့်မှုတစ်ခု ဖြစ်ပွါးခဲ့စဉ်။ (ဓါတ်ပုံ - ဟောင်ဆာ၊ မဇ္ဈိမ) အမှိုက်ပုံးဘေးနားမှ လေးထောင့်ဘူးတစ်ဘူးအား တွေ့ရှိရာမှ သက်ဆိုင်ရာရဲများနှင့် စစ်တပ်များမှ လာရောက်စစ်ဆေးပြီး ဗုံးလန့်ဖြစ်စဉ်ဟု အတည်ပြုပြောကြားခဲ့သည်။


Posted: 15 Oct 2013 04:23 AM PDT
မန္တလေးမြို့ ရွှေဘဲစားတော်ဆက်အနီးမှာတွေ့ရှိခဲ့တဲ့ ဗုံးနဲ့ပတ်သတ်ပြီး မသင်္ကာဖွယ်ရာ နိုင်ငံခြားသားနှစ်ဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က စစ်ဆေးနေ တယ်လို့သတင်းရရှိပါတယ်။

မလေးရှားနိုင်ငံပတ်စပို့ ကိုင်ဆောင်ထားသူ အမျိုးသားတစ်ဦး၊ အမျိုးသမီး တစ်ဦးကို မန္တလေးတိုင်းဒေသကြီးနဲ့ ခရိုင်ရဲတပ်ဖွဲ့တို့က တောင်သမန်အင်းမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

နိုင်ငံခြားသားနှစ်ဦးဟာ ရွှေဘဲစားတော်ဆက် စားပွဲအမှတ် ၁၄ မှာ နောက်ဆုံး ထိုင်ခဲ့သူတွေဖြစ်ပြီး အထုပ်တစ်ထုပ်ကျန်ခဲ့လို့ စားပွဲထိုးတွေက လိုက်လံပေး ရာ သူတို့ပစ္စည်းမဟုတ်ကြောင်း ငြင်းဆိုခဲ့သူတွေဖြစ်တယ်လို့သတင်း ရရှိပါ တယ်။

The Modern News Journal


Posted: 15 Oct 2013 04:13 AM PDT

မြန်မာ စစ်ဘက် အရာရှိတွေကို ဗြိတိသျှက စစ်သင်တန်းပေးမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး သတင်း လွတ်လပ်ခွင့် အရ တောင်းဆို တာကို ဗြိတိန် ကာကွယ်ရေး ၀န်ကြီးဌာနက ပယ်ချခဲ့ပါတယ်။ ဗြိတိန်နိုင်ငံ အခြေစိုက် မြန်မာ့အရေး လှုပ်ရှား ဆောင်ရွက်သူများ အဖွဲ့ (Burma Campaign UK) က ဗြိတိန် ကာကွယ်ရေး ၀န်ကြီးဌာနကို တောင်းဆိုရာမှာ အခုလို ငြင်းပယ်ခံရ တာပါ။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

၆၇ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင်တွေ့ရသည့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်(ဓာတ်ပုံ- ရိုက်တာ)


Posted: 15 Oct 2013 03:41 AM PDT

အောက်တိုဘာလ ၁၅ ရက်နေ့နံနက်က ကျင်းပပြုလုပ်သော ပထမအကြိမ် ပြည်သူ့လွှတ်တော် အဌမပုံမှန်အစည်းအဝေး ဒသမနေကို တက်ရောက်လာစဉ် လတ်တလော ပြည်တွင်းတွင် ဖြစ်ပေါ်လျက်ရှိသော ဗုံးကိစ္စနှင့် ပတ်သက်၍ မီဒီယာများ မေးမြန်းမှုကို တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားရာတွင် ---
ဒါကတော့ အုပ်ချုပ်ရေးပိုင်းနှင့် ဆိုင်တဲ့ ကိစ္စဘဲ အမေတို့က လိုက်ဖမ်းနိုင်တဲ့ သူတွေမှ မဟုတ်တာ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 15 Oct 2013 03:30 AM PDT
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ညောင်လေးပင်မြို့နယ် အေးရွာတဲစုပိုင်း တွင်နေထိုင်သူ အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦးမှာ အချိန်မတိုင်မီ သွေးနီဥ ကျေပျက်ရောဂါ (Thalasammia) ခံစားနေရမှုကြောင့် အဆမတန် ကြီးမားနေသော သရက်ရွက်ကို ခွဲစိတ်ကုသရန်အတွက် ကုသစရိတ် လိုအပ်လျက် ရှိကြောင်း အဆိုပါကလေးကို လိုက်လံကူညီ ဆောင်ရွက်ပေးသူ ဒိုက်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးမျိုးရွှေက ပြောကြားသည်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 15 Oct 2013 03:05 AM PDT

မြန်မာနိုင်ငံ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ တောင်ငူအပါအ၀င် မြို့ကြီးအချို့မှာ အခုရက်ပိုင်းအတွင်း ဗုံးပေါက်ကွဲမှုနဲ့ ဗုံးတွေ့ရှိမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။ ဗုံးပေါက်ကွဲမှုတွေကြောင့် သေဆုံး ဒဏ်ရာရမှုတွေ ရှိသလို ပြည်သူတွေကလည်း စိုးရိမ်ထိတ်လန့်နေကြပါတယ်။
အခုလို ဗုံးတွေ ဆက်တိုက်ပေါက်ကွဲနေတဲ့အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဒုဥက္ကဋ္ဌ ဦးဌေးဦး၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးရဲထွဋ်တို့ရဲ့ အမြင်သဘောထားတွေကို ဒီနေ့ ကျင်းပမယ့် ပြည်သူ့ လွှတ်တော်မစတင်မီ သတင်းထောက်တွေက မေးမြန်းထားပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 15 Oct 2013 03:03 AM PDT

မလေးရှားနိုင်ငံတွင် တရားမ၀င်နေထိုင်သော မြန်မာနိုင်ငံသားများကို တရားဝင် နေထိုင်ခွင့်ရရှိရေးအတွက် ပတ်စ်ပို့စာအုပ်နှင့် ပါမစ်များ အောက်တိုဘာ ၁ရက် ထုတ်ပေးမည်ဟု မလေးရှားအစိုးရက ကြေညာထားပြီးမှ အောက်တိုဘာ ၂၁ ရက် သို့ ပြောင်းရွှေ့သွားကြောင်း သတင်းရရှိသည်။ ““အရင်က ဒီလတစ်ရက်နေ့မှာ ထုတ်ပေးမယ်လို့ ကြေညာထားပါတယ်။ ထုတ်မပေးသေးလို့ လူတွေက စောင့်နေကြတာ။ ခုတော့ ၂၁ ရက်မှာ ထုတ်ပေးမယ့်လို့ ပြန်ကြေညာပါတယ်””ဟု မလေးရှားနိုင်ငံ ဧရာဝတီ လူမှုကူညီရေးအသင်းမှ ဦးအောင်သန်းဦးကပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 15 Oct 2013 02:58 AM PDT

မွန်ပြည်နယ်ရှိ ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်နိုင်သော နေရာများ ဖြစ်သည့် စက်စဲကမ်းခြေ၊ ကရင်တောင် ကမ်းခြေနှင့် ကျိုက္ခမီကမ်းခြေတို့တွင် ဆောက်လုပ်ရေး လုပ်ငန်းသုံး ကျောက်စရစ်နှင့် သဲစုပ်ယူခြင်း လုပ်ငန်းများကို မွန်ပြည်နယ် အစိုးရက ပိတ်ပင်လိုက်ကြောင်း မွန်ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးမျိုးညွန့်က ပြောကြားသည်။ ယင်းကမ်းခြေများတွင် ကျောက်စရစ်နှင့် သဲအမြောက်အမြား ထုတ်ယူခြင်းကြောင့် ကမ်းပါးပြိုကြခြင်းများ ဖြစ်ပွားမှု မြင့်တက်လာပြီး အပန်းဖြေကမ်းခြေများ အတွင်းတွင် မြေနုကျွန်းများ ဆက်တိုက် ထွန်းကားလာသဖြင့် သဘာဝပတ်ဝန်းကျင် ထိခိုက်လာသောကြောင့် ယင်းလုပ်ငန်း များကို ပိတ်သိမ်းရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 15 Oct 2013 02:56 AM PDT

ပုဂံမြို့၏ ခရီးသွားရာသီအစဖြစ်သော အောက်တိုဘာလတွင် လာရောက်လည်ပတ်သည့် ဂျာမနီနိုင်ငံသူနှစ်ဦး၏ပစ္စည်း
များ လုယူခံရပြီး ယခုနှစ်တွင် ပုဂံညောင်ဦးသို့လာရောက်သော ခရီးသွားများထံမှ ပစ္စည်းလုယူမှု ရှစ်ကြိမ်မြောက် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။  အောက်တိုဘာ  ၁၃ ရက် ည ၇ နာရီက  ရှုခင်းများကြည့်ပြီး ဟိုတယ်သို့ စက်ဘီးစီးပြန်လာသော ဂျာမနီနိုင်ငံသူနှစ်ဦးထံမှ စိမ်းညက်ညီအစ်မဘုရားအနီး၌  ဆိုင်ကယ်စီးသမားတစ်ဦးက ပစ္စည်းများ   လုယူသွားကြောင်း သတင်းရရှိသည်။ ပစ္စည်းလုယူမှုကြောင့် ကင်မရာနှစ်လုံး၊ ဒေါ်လာတစ်ရာ၊ မြန်မာငွေနှစ်သောင်း၊ ဈေးဝယ်ကတ် တစ်ကတ် ပါသွားကြောင်း သတင်းရရှိသည်။  ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ပုဂံတွင် စက်ဘီးများဖြင့် လှည့်လည်သွားလာနေကြသည့် ခရီးသွားများကို ဇူလိုင်လကတွေ့ရစဉ် ဓာတ်ပုံ-ငြိမ်းချမ်း 7Day Daily


Posted: 15 Oct 2013 02:52 AM PDT

အင်းလုပ်ကွက်တွေမှာ ငါးဖမ်းခွင့်ရရေးအတွက် ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်က ရွာသားတွေ ဒီနေ့မနက် ဆန္ဒပြခဲ့ပါတယ်။

မအူပင်မြို့နယ် စံလင်းထောင့်ကျေးရွာအုပ်စုက ကံကုန်း၊ ကံစု၊ ပုလဲကုန်း၊ ဗောင်းတော်စု၊ သရက်လှနဲ့ ၀က်စု အစရှိတဲ့ ရွာပေါင်း ၇ ရွာက ရေလုပ်သားပေါင်း ၁၅၀ ကျော်ဟာ ဒီနေ့ မနက် ၁၀ နာရီခွဲကနေ ၁၁ နာရီခွဲထိ ကုန်ကားဝင်းကနေ ခရိုင်ငါးဦးစီးလုပ်ငန်းရုံးထိ လမ်းလျှောက် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ဒီဆန္ဒပြမှုကို အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး အချက်ပေါင်း ၃ ချက် တောင်းဆိုကြတယ်လို့ ဆန္ဒပြခေါင်းဆောင်တဦးဖြစ်သူ ကံကုန်းရွာသား ဦးကျော်မင်းက ခုလို ပြောပါတယ်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ရေလုပ်သမားများ လမ်းလျှောက်ဆန္ဒပြနေကြစဉ် (ဓာတ်ပုံ - ကျော်သက်ဦး)



Posted: 15 Oct 2013 02:48 AM PDT

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းမှာ ကမ္ဘာလှည့်ခရီးသွားတွေ အလည်အပတ်များတဲ့ ကျွန်းတွေမှာ အောက်တိုဘာ ၁၅ ရက်နေ့က ၇ ဒဿမ ၂ ပြင်းအားရှိတဲ့ ငလျင်လှုပ်ခတ်ပြီး အဆောက်အအုံတွေ ပြိုကျလို့ အနည်းဆုံး လူ၂၀ လောက် သေဆုံးသွားပါတယ်။ မနီလာမြို့တော်ရဲ့ အရှေ့တောင်ဘက်က ကီလိုမီတာ ၄၀၀ အကွာမှာ ရှိတဲ့ ဘိုဟိုကျွန်းမှာ လူ ၄ ယောက် သေဆုံးခဲ့ပြီး အဆောက်အအုံတွေလည်း ပြိုကျသွားတယ်လို့ အရာရှိတွေကို ကိုးကားပြီး ဖိလစ်ပိုင်ရေဒီယိုတွေမှာ ဖော်ပြပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 15 Oct 2013 02:42 AM PDT

သံတွဲမြို့ ပဋိပက္ခနှင့် ဆက်စပ် ဖမ်းဆီးခံရပြီး ကျောက်ဖြူထောင်သို့ ပြောင်းရွှေ့ခံရထားရသူများကို အာဏာပိုင်များက ကျောက်ဖြူထောင်ထဲတွင် ပြင်းပြင်းထန်ထန် ညှဉ်းပမ်းနှိပ်စက်နေကြောင်း သတင်း ရရှိသည်။ ယင်းပြင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ သံတွဲမြို့နယ် ဥက္ကဌ ဦးစောလိုင် (ခေါ်) ဦးမောင်ပု အပါအ၀င် လူ (၇) ဦးကိုလည်း ကျောက်ဖြူထောင်ထဲတွင် တိုက်ပိတ်ထားသည်ဟု ထောင်ထဲမှ များမကြာခင်က လွှတ်မြောက်လာသူများကို ကိုးကားပြီး ကျောက်ဖြူ ဒေသခံ ဦးသန္တာမောင်က ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 15 Oct 2013 02:34 AM PDT

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော ထိန်းသိမ်းရေး နယ်မြေအတွင်း ၂ နှစ်အတွင်း မိကျောင်းကောင်ရေ နှစ်ဆတိုး ပေါက်ဖွားလာကြောင်း မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောမှ တောအုပ်ကြီး ဦးဇော်ထူးအောင်က ပြောကြားသည်။ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်တွင် မိကျောင်းကောင်ရေ ၁၅၀ ကျော်သာ ရှိခဲ့ရာမှ ယခု ၂၀၁၃ ခုနှစ်တွင် ကောင်ရေ ၃၀၀ ခန့်အထိ တိုးပွားလာခြင်း ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 15 Oct 2013 02:32 AM PDT

မြန်မာနိုင်ငံတွင် စီးပွားရေး ဖွံ့ဖြိုးမှု အားအကောင်းဆုံးနှင့် လူဦးရေ အထူထပ်ဆုံး မြို့ကြီးနှစ်မြို့ ဖြစ်သော ရန်ကုန်မြို့တော်နှင့် မန္တလေးမြို့တော်တို့တွင် အောက်တိုဘာလ ၁၄ ရက်နေ့က လက်လုပ် ချိန်ကိုက်ဗုံး နှစ်ကြိမ်တွေ့ရှိမှု အပါအဝင် ဗုံးလန့်မှု ခြောက်ကြိမ် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ဒေသခံ သတင်းထောက်များထံမှ သိရှိရသည်။ ရန်ကုန်တိုင်းတွင် အောက်တိုဘာလ ၁၃ ရက်နေ့က ဗုံးလေးလုံး တွေ့ရှိကာ ဗုံးပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီးနောက် အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၁၁ နာရီခန့်က ရန်ကုန်မြို့၏ ငါးလုံးမြောက် ဗုံးတစ်လုံးကို အလုံမြို့နယ် ကမ်းနားလမ်းပေါ်ရှိ Western Park II စားသောက်ဆိုင်တွင် ထပ်မံတွေ့ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 15 Oct 2013 02:22 AM PDT

၁၄.၁၀.၂၀၁၃ ရက်နေ့ ၁၅၃၀အချိန် ရွာငံမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီး ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ရွာငံမြို့၊ ရွှေပွင့်လင်းဘုရားမုဒ်ဦး ရှေ့၊ အောင်ပန်း-ဟန်မြင့်မိုရ် သွားကားလမ်းမပေါ်တွင် ယာဉ်များအား ရှောင်တခင် စစ်ဆေးနေစဉ် စန်းဖေ၊ ၃၇နှစ်(ဘ)ဦးချစ်မုန်း၊ တောင်သူ၊ ပစ်ဆိုင်ကျေးရွာ၊ ပင်လယ်ဘူးမြို့၊ စစ်ကိုင်းတိုင်း ဒေသကြီးနေသူ မောင်းနှင်လာသော ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်ပေါ်တွင် တင်ဆောင်ထားသော ပီနံအိတ်အတွင်းမှ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 15 Oct 2013 02:11 AM PDT

(၁၅-၁၀-၂၀၁၃)ယနေ့နံနက် (၀၉း၄၅)နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်မှ ( NLD )ပါတီ ရပ်ကွက် စည်းရုံးရေးမှူး ဦးမြင့်ဦးနှင့် လူငယ်ခေါင်းဆောင် ကိုလွင်ထွန်းဦးတို့ ဦးဆောင်ကာ အင်အား(၁၅)ဦးခန့်သည် ရပ်ကွက်ပါတီရုံးမှ စုဝေး၍  “၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဒီမိုကရေစီစနစ်နှင့်မကိုက် ညီသော ဥပဒေပုဒ်မများအား ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီပြင်ဆင်ပေး
ရန် ပြည်ထောင်စုလွှတ်တော်အား ကျွန်ုပ်တို့ မှတောင်ဆိုပါသည်”ဆိုသည့် ဆိုင်းဘုတ်ကိုကိုင်ဆောင်ကာ၊ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ပါသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 15 Oct 2013 01:55 AM PDT

ရန်ကုန်၊ အောက်တိုဘာ ၁၅
ရန်ကုန်တိုင်း ဒေသကြီး နယ်မြေအတွင်း ပြည်သူလူထုအား ထိတ်လန့် တုန်လှုပ်မှုနှင့် စိုးရိမ်ကြောင့်ကြမှုများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက်ဖြင့် မသမာသူများမှ ၁၄.၁၀.၂၀၁၃ရက်နေ့ ၁၈၁၅အချိန် လှိုင်မြို့နယ်တံတားဖြူ မှတ်တိုင်အနီး ဆက်သွယ်ရေးဖုန်း ပုံးပေါ်တွင် သတင်းစာနှင့်ထုပ်ပြီး ကြွပ်ကြွပ်အိတ်အဖြူရောင်နှင့် ထုပ်ထားသည့် အထုပ်(၂)ထုပ်တွေ့ရှိသဖြင့် အမှတ်(၉၀၅)စစ်မြေပြင် အင်ဂျင်နီယာတပ်ဖြင့် ၎င်းအထုပ်(၂)ထုပ်အား ရှင်းလင်းခဲ့ရာ သတင်းစာစက္ကူများသာ ထုပ်ထားသည့် အထုပ်(၂)ထုပ်ဖြစ်ကြောင်း စစ်ဆေးသိရှိရပါသည်။

၁၅.၁၀.၂၀၁၃ရက်နေ့ ၁၀၀၀အချိန်တွင်လည်း ကျောက်တံတားမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ မဟာဗန္ဓုလ လမ်းနှင့် (၃၈)လမ်းထောင့်ရှိ City Star Mobile and Electric ဆိုင်ရှေ့ရှိ စည်ပင်အမှိုက်ပုံးအနီးတွင် မသင်္ကာဖွယ် အလျား(၁၆)လက်မ၊ အနံ (၁၁)လက်မ၊ ထု (၄)လက်မရှိ Raganတံဆိပ်ပါ ခဲရောင် အတာချီကော့စ် (၁)လုံးအား တွေ့ရှိရသဖြင့် အမှတ်(၉၀၅) စစ်မြေပြင်အင်ဂျင်နီယာတပ်မှ ရှင်းလင်းခဲ့ရာ အတွင်း၌မည်သည့် ပစ္စည်းမျှမရှိသည့် သေတ္တာအခွံအဖြစ်စစ်ဆေးသိရှိရကြော
င်း သတင်းရရှိပါသည်။
Yangon Police
Posted: 14 Oct 2013 10:15 PM PDT

(၁၄.၁၀.၂၀၁၃)နေ့ည သန်းခေါင်ယံ အချိန်တွင် ကုန်သည်ကြီးများ ဟိုတယ် ပေါက်ကွဲမှုတွင် သံသယရှိသူ စောမြင့်လွင်၊(၂၆)နှစ်၊(ဘ)ဦးကိ
ုညွန့် ၊နိုင်ငံသား စီစစ်ရေး ကဒ်ပြား အမှတ်-၃/ဖမန(နိုင်)၀၂၂၅၇၆ သူမွဲထကျေးရွာ၊ ဖာပွန်မြို့နယ် နေသူအား (၁၅.၁၀.၂၀၁၃)နေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊ ဘီးလင်း မြို့နယ်၊ ဘီးလင်း - နတ်ကြီး ကားလမ်းပေါ်၌ ဆိုင်ကယ်စီးလာစဉ် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ အထူး ဖမ်းဆီးရေးအဖွဲ့ မှ  ဖမ်းဆီးလိုက်ကြောင်း သတင်း ရရှိပါတယ်။
အဆိုပါ ဗုံးဖောက်ခွဲမှု သံသယဖြစ်ခံရသူအား အလုံမြို့ နယ် western park II စားသောက်ဆိုင်မှာ ဗုံးတွေ့  မှု  ဖြစ်စဉ်ကတည်းက  စတင်ခြေရာခံ မိခဲ့တာလို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ရဲ အရာရှိတဦးက Myanmar News Now ကို ပြောပါတယ်။

တရားခံဟာ  Taxi  ပေါ်   မှတ်ပုံတင် ကျန်ခဲ့ရာ  သူ့ရဲ နေရပ်လိပ်စာကို အတည်ပြုနိုင်ခဲ့ပြီး။ ကုန်သည်ကြီးများ ဟိုတယ် CCTV မှတ်တမ်းအရ လူပုံကိုပါ ဖမ်းနိုင်ခဲ့ပါတယ်။

အဆိုပါ တရားခံကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ အထူးဖမ်းဆီးရေး ရဲမှူးကိုယ်တိုင်း ဦးစီးပြီး လိုက်လံဖမ်းဆီး ခဲ့ပြီး ယ္ခုအခါ ရဲမှူးကားနဲ့ အတူ တရားခံ စောမြင့်လွင် အား ရန်ကုန်မြို့ ကို ပြန်ခေါ်လာနေကြောင်း သိရပါတယ်။

by Myanmar News Now


Posted: 14 Oct 2013 09:55 PM PDT

ဘင်္ဂလားပင်လယ်အော်အတွင်းမှာ ဖိုင်လင်းမုန်တိုင်းဖြစ်ပွားခဲ့
ပြီးနောက် ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့က ကျားပိုက်ရေလုပ်သား၂၀ ကျော် ပျောက်ဆုံးနေပါတယ်။ ဘင်္ဂလားပင်လယ်အော် ဖိုင်လင်းမုန်တိုင်း ဖြစ်ပွားခဲ့ပြီးနောက် လေပြင်မုန်တိုင်း တိုက်ခိုက်ခဲ့တဲ့အတွက် ဘိုကလေးမြို့နဲ့ ဖျာပုံမြို့နယ်တွေက ကျားပိုက်ထောင်တဲ့ ရေလုပ်သာတွေ ပျောက်ဆုံနေကြောင်း ဘိုကလေးမြို့ခံတွေက ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 14 Oct 2013 09:37 PM PDT

တောင်ငူမြို့နှင့် ရန်ကုန်မြို့တို့တွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်ခဲ့ပြီး လူသေဆုံးမှု များကြောင့် မြန်မာတစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် သက်ဆိုင်ရာ အစိုးရများ၏ အစီအစဉ်ဖြင့် လုံခြုံရေး တိုးမြှင့်မှုများ ပြုလုပ်ထားကြောင်း နိုင်ငံတော်သမ္မတ ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။ အောက်တိုဘာလ ၆ ရက်နေ့က တောင်ငူမြို့ တည်းခိုခန်း တစ်ခုတွင် ဗုံးပေါက်ကွဲမှုကြောင့် နှစ်ဦး သေဆုံးခဲ့ပြီး ရန်ကုန်မြို့တွင် ၁၃ ရက်နေ့၌ ပေါက်ကွဲမှု နှစ်ကြိမ်၊ ထပ်မံ၍ ၁၄ ရက်နေ့တွင် ရန်ကုန်နှင့် မန္တလေးမြို့တို့၌ မပေါက်ကွဲသေးသောဗုံးများ ဆက်တိုက် တွေ့ရှိခဲ့သဖြင့် ယင်းသို့ လုံခြုံရေး တိုးမြှင့်လိုက်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 14 Oct 2013 07:53 PM PDT

ကုန်သည်ကြီးများ ဟိုတယ်၏ ညသန်းခေါင်ကျော် ပေါကိကွဲမူဖြစ်စဉ် တွင် အဓိက တရားခံကို ဖော်ထုတ်ရရှိထား ကြောင်းသက်ဆိုင်ရာမှသိရသည် အဆိုပါပုဂ္ဂိုလ်မှာ ပေါက်ကွဲမူမဖြစိပွားမှီ နောက်ဆုံးတည်းခိုခဲ့သူဖြစ်ပြီး အသက် ၂၇ နှစ်အရွယ် အမျိုးသား ဖြစ်ကြောင်း မှတ်ပုံတင်နံပါတ် ၃ /ဖမန (နိုင် )၀၂၂၅၇၆ ဖြစ်ကာ အမည်မှာ စောမြင့်လွင်(ဘ)ဦးကိုညွန့် ဖြစ်ကြောင်း သက်ဆိုင်ရာမှ လတ်တလော စုံစမ်းချက်များအရသိရသည်---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ကုန်သည်ကြီးများဟိုတယ် ပေါက်ကွဲမူကြောင့် လွင့်စင်လာသော မှန်ကွဲများကို မြို့တော်စည်ပင် ဝန်ထမ်းများက ညတွင်းချင်းရှင်းလင်းနေစဉ်

ကုန်သည်ကြီးများဟိုတယ်ပေါက်ကွဲမူအားလာရောက်ကြီးကြပ်သူ ရန်ကုန်တိုင်းဒေသကြီး န
်ယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းကိုတွေ့ရစဉ်

ကုန်သည်ကြီးများဟိုတယ်ရှေ့ ပေါက်ကွဲမူ ဖြစ်ပွားစဉ် လွင့်စင်လာသော အပိုင်းအစများ

ပေါက်ကွဲမူဖြစ်ပွားခဲ့သည့် ကုန်သည်ကြီးများ ဟိုတယ်

Posted: 14 Oct 2013 07:24 PM PDT

ဒီနေ့ အောက်တိုဘာ ၁၅ ရက်နေ့ မနက်က စစ်ကိုင်းမြို့၊ ရွှေပြည့်စုံဟိုတယ် တတိယထပ် စားသောက်ခန်းမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့ စစ်ကိုင်းမြို့နယ် အုပ်ချုပ်ရေးမှုး ဦးထွန်းဝင်းအောင် က RFA ကို အတည်ပြုပြောဆိုပါတယ်။

ဗုံးကွဲမူကြောင့် အခန်းတွင်းက ပစ္စည်းအနည်းအကျဉ်းသာ ပျက်စီးသွားပြီး၊ထိခိုက်ဒဏ်ရာ
ရရှိသူ မရှိဘူးလို့ပြောပါတယ်။
ပေါက်ကွဲမှုနဲ့ ပက်သက်ပြီး ကျွမ်းကျင်သူတွေက စတင်စစ်ဆေးနေတယ်လို့ သိရပါတယ်။ အောက်တိုဘာ ၁၄ ရက်နေ့ညကလည်း ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်း Traders ဟိုတယ်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး တည်းခိုနေတဲ့ အမေရိကန်အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

RFA Burmese


Posted: 14 Oct 2013 07:16 PM PDT

ရခိုင်ပြည်နယ် ​သံတွဲမြို့မှာဖြစ်ပွားခဲ့တဲ့ ​ပဋိပက္ခတွေနဲ့ ​ပတ်သက်ပြီး ​ကျောက်ဖြူထောင်မှာ ​ဖမ်းဆီးခံထားရတဲ့ ​ရခိုင်တိုင်းရင်းသား ​၁၇ဦးထဲက ​၃ဦးကို ​မနေ့ ​ညနေပိုင်းက ​ပြန်လွတ်ပေးလိုက် ​တယ်လို့ ​သိရပါတယ်။ သံတွဲမြို့မှာ ​စက်တင်ဘာ ​၂၉ရက်နေ့က ​ဗုဒ္စဘာသာသာသနာအလံပါတဲ့ ​သုံးဘီးဆိုင်ကယ်ရပ်နားတဲ့ကိ
စ္စနဲ့ ​ပတ်သက်ပြီး ​ကမန်မွတ်စလင် ​အမျိုးသားတစ်ဦးနဲ့ ​ရခိုင်ဒေသခံ ​တစ်ဦးတို့ကြား ​အငြင်းပွားမှုတွေကြောင့် ​ ပဋိပက္ခတွေ ​ဖြစ်ပွားခဲ့ပြီးနောက် ​ပဋိပက္ခမှာ ​ပါဝင်ပတ်သက်သူတွေလို့ ​သံသယရှိတဲ့သူတွေကို ​ဖမ်းဆီးမှု ​တွေပြုလုပ်ခဲ့ ​တာဖြစ်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

သံတွဲမြို့နယ် ထန်းကုန်းကျေးရွာ ပဋိပက္ခအတွင်း မီးလောင်ခဲ့တဲ့နေရာ (Credit: Reuters) 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...