Thursday, October 17, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၁၇-၁၀)

သစ်ထူးလွင်


Posted: 17 Oct 2013 07:03 AM PDT

ရန်ကုန်မှာတော့ သီတင်းကျွတ် မီးထွန်းပွဲတော်စတင်နေပါပြီ။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဗုံးကွဲမှုတွေ၊ မပေါက်ကွဲသေးတဲ့ ဗုံးတွေ နေရာအနှံ့တွေ့ရှိပြီးတဲ့နောက်မှာတော့ ယာယီငြိမ်သက်သွားတဲ့ ရန်ကုန်ဟာ ဘာသာရေးပွဲတော်တွေနဲ့ ပြန်လည်အသက်ဝင်လာနေပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 17 Oct 2013 06:59 AM PDT

အောက်တိုဘာလ(၁၈)ရက်နေ့ ထုတ် Auto World Vol 2 Issue 39

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 17 Oct 2013 06:37 AM PDT

အောက်တိုဘာလ(၁၉)ရက်နေ့ ထုတ် Netguide Vol(3) , Issue (6),

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 17 Oct 2013 06:35 AM PDT

အောက်တိုဘာလ(၁၇)ရက်နေ့ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ - ၄၊ အမှတ် - ၁၆၇

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 17 Oct 2013 06:32 AM PDT
အောက်တိုဘာလ(၁၇)ရက်နေ့ ထုတ် အားကစားမြင်ကွင်းဂျာနယ် အတွဲ(၂) အမှတ်(၄၁)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ





Posted: 17 Oct 2013 01:55 AM PDT

ကော့သောင်းထောင်အတွင်း ထောင်အာဏာပိုင်တွေက အကျဉ်းသားတွေကို လက်ကိုင်တုတ်နဲ့ ၀ိုင်းရိုက်ခဲ့တာဟာ လူ့အခွင့်အရေးချိုးဖောက်တာလို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း တနင်္သာရီတိုင်း ကော့သောင်းထောင် ဆူပူမှုဖြစ်စဉ်ကို သွားရောက်စစ်ဆေးခဲ့ပြီးတဲ့နောက် အခုလို ထုတ်ဖော်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ကော့သောင်းထောင်ဆူခဲ့တဲ့ ဖြစ်စဉ်ကို မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်ရဲ့ အတွင်းရေးမှူး ဦးစစ်မြိုင် ခေါင်းဆောင်တဲ့အဖွဲ့က သွားရောက် စစ်ဆေးခဲ့တာ ဖြစ်ပြီး စစ်ဆေးတွေ့ရှိချက်တွေအရ  လူ့အခွင့်အရေး ချိုးဖောက်တာလို့  ပြောလိုက်တာ ဖြစ်ပါတယ်။

by ဒီဗွီဘီ


Posted: 17 Oct 2013 01:00 AM PDT

တောင်တွင်းကြီးမြို့တွင် လှုပ်ရှားလျက်ရှိသော ဓာတုဆိုးဆေးပါ နိုင်ငံခြားဖြစ်နှင့် ပြည်တွင်းမုန့်များ ဆန့်ကျင် တိုက်ဖျက်ရေးနှင့် မြန်မာ့ရိုးရာမုန့်များ ပြန်လည် ဖော်ထုတ်ရေး လှုပ်ရှားမှု (မုန့်တိုက်ပွဲ) ကို ဦးဆောင် လှုပ်ရှားမှုကြောင့် တောင်တွင်းကြီးမြို့ ပြည်သူ့ဆေးရုံမှ သွားနှင့်ခံတွင်း ဆရာဝန် ဒေါက်တာကျော်ဆွေကို တောင်တွင်းကြီး ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက အောက်တိုဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ခေါ်ယူစစ်ဆေးကြောင်း ဒေါက်တာကျော်ဆွေက The Voice သို့ ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 17 Oct 2013 12:36 AM PDT
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ မြို့လယ်ဘုရားကျောင်း အနီးတွင် ဗုံးသုံးလုံး ဆက်တိုက်ပေါက်ကွဲရာ လူတစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရကြောင်း သျှမ်းသံတော်ဆင့်မှ သတင်းရရှိသည်။ “မနေ့ ည ၁၀း၅၀ လောက်မှာ တစ်လုံးပေါက်တယ်၊ ဒီမနက် ၇း၀၀ နာရီ နဲ့ ၇း၃၀ မှာ တစ်ကြိမ်စီပေါက်ကွဲ တယ်၊ ဒီမနက် ပထမတလုံး ပေါက်တဲ့ဗုံးက အမှိုက်ရှင်းတဲ့ စည်ပင်ဝန်ထမ်းတစ်ဦး ၀မ်းဗိုက်ပေါက်ကွဲပြီး ပွဲချင်းပြီးသေဆုံးတယ်၊ ဒုတိယပေါက်တဲ့ဗုံး ကတော့ အသက် ၁၅ နှစ်အရွယ် ကလေးတစ်ဦးရယ် ပေါက်တဲန့်မ ရပ်ကွက်က တရုတ် အဖိုးကြီးတစ်ဦးရယ် ထိခိုက်ဒဏ်ရာရသွားတယ် ” ဟု အခင်းဖြစ်ပွားမှု တွင် မြင်တွေ့ရသူ စိုင်းအိုက်လှ ကပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 17 Oct 2013 12:34 AM PDT

ကုန်သည်ကြီးများ ဟိုတယ် ဗုံးဖောက်ခွဲမှုတွင် သံသယဖြင့်ဖမ်းဆီးခံထားရသူက ၎င်းသည် ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ဗိုလ်မှူးအဆင့်ရှိသူတစ်ဦး၏ ခိုင်းစေခြင်းကြောင့် ပြုလုပ်ရခြင်းဖြစ်သည်ဟု ၀န်ခံထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်(နေပြည်တော်)မှ ရဲအရာရှိတစ်ဦးကပြောကြားသည်။ ““စစ်ဆေးချက်အရတော့ စေခိုင်းချက်အရ အခကြေးငွေယူပြီး ဖောက်ခွဲရေးလုပ်တာလို့ သိရတယ်။နိုင်ငံရေးဆွေးနွေးပွဲတွေ ထဲထဲဝင်ဝင်လုပ်နေတဲ့အချိန်မှာ ဆွမ်းဆန်ထဲ ကြွက်ချေးရောပါတဲ့သူတွေပါ။ KNUအဖွဲ့အစည်းက ဗိုလ်မှူးအဆင့်ရှိတဲ့သူကစေခိုင်းတာလို့ ၀န်ခံထားပါတယ်””ဟု အထက်ပါအရာရှိက ပြောကြားသည်။ --

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 17 Oct 2013 12:35 AM PDT
တစ်ထောင်ကျပ်တန် ငွေစက္ကူအတု လုပ်သူများထံမှ ငွေတုလုပ်သည့် ကာလာပရင်တာ စက်နှင့်အတူ ကျပ်ငွေအတု စုစုပေါင်း ၃၁ သိန်းကျော် ဖမ်းဆီးမိကာ စီအိုင်ဒီက စစ်ဆေး နေကြောင်း သတင်းရရှိသည်။ အောက်တိုဘာ ၁၂ ရက် တွင် တာမွေမြို့နယ်၊ အရိုးကုန်း ရပ်ကွက်၊ ဗညားဒလလမ်းနှင့် ၁၄၆ လမ်းထောင့်ရှိ လက်ဖက်ရည်ဆိုင်သို့ ရောက်လာသည့် အမျိုးသမီး တစ်ဦးကို ရှာဖွေရာ ၎င်းကိုင်ထားသော လက်ဆွဲ အိတ်တစ်လုံး အတွင်း အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်စာတန်းပါ ငွေစက္ကူအတု တစ်ထောင်ကျပ်တန် အသေးရွက်ရေ ၄၁၀ နှင့် ဆင်းမ်ကတ်ပါ လက်ကိုင်ဖုန်း တစ်လုံးတို့ကိုတွေ့၍ သိမ်းဆည်းခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့ မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

တစ်ထောင်ကျပ်တန်ငွေစက္ကူအတုများနှင့်ဖမ်းမိသူ Yangon Police

Posted: 16 Oct 2013 11:54 PM PDT

ယနေ့ နံနက် ၉နာရီခန့် အချိန်တွင် သင်္ဃန်းကျွန်း စံပြဈေးမီပွင့်တွင် ယာဉ်ထိန်းရဲ နှင့် ၃၉ ဝါဆိုဦးခရီးသည်တင် ယာဉ်မောင်းတို့ အပြန်အလှန် သတ်ပုတ်ဖြစ်ပွားကြောင်း အဆိုပါနေရာသို့ရောက်ရှိနေသည့် People Power သတင်းထောက်ကြည်ပြာက သတင်းပေးပို့သည်။ ဖြစ်ပွားပုံမှာ အဆိုပါခရီးသည်တင်ယာဉ်သည် တောင်ဒဂုံမှ ရန်ကုန်ဘက်သို့ မောင်းနှင်လာရာ စံပြဈေးမီးပွိုင့်အရောက် မီးဝါဖြတ်မောင်းစဉ် ယာဉ်ထိန်းရဲမှတားဆီးရာ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 16 Oct 2013 11:36 PM PDT

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ရဲဘော်စိုက်ကွင်းအရှေ့ပိုင်း ၁၁လမ်း အကွက်အမှတ် ၄၁၀ ရပ်ကွက်တွင် အောက်တိုဘာလ ၁၆ရက် နေ့လည် ၃နာရီ ၁၅မိနစ်က မီးလောင်ကျွမ်းခဲ့သည့် နေရာအား မြင်တွေ့ရစဉ်။ (ဓာတ်ပုံ- အောင်ကိုဦး၊ မဇ္ဈိမ)

၄၁၀ ရပ်ကွက် နေအိမ်တစ်လုံးတွင် ကလေးငယ်က ဗျောက်ဖောက်ကစားရာမှ စတင်ကာ အိမ်ခြေ ၁၈လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု ၂၅စု၊ လူဦးရေ ၈၈ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသောကြောင့် ထိုရပ်ကွက်ရှိ မိုးကောင်းဓမ္မာရုံတွင် ကယ်ဆယ်ရေးစခန်း ဖွင့်ထားရသည်ဟု မန္တလေးတိုင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

Mizzima - News in Burmese
Posted: 16 Oct 2013 11:27 PM PDT
ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့တော်အနီး ဖြစ်ပွားနေသော တိုက်ပွဲများကြား ပိတ်မိနေသည့် ဆီးရီးယား နိုင်ငံသားများ အစားအစာ ပြတ်လပ်မှုမှ သက်သာစေရန် ခွေးသား၊ ကြောင်သားစသည့် ယခင်က တားမြစ်ထားသည့် အသားများကို စားသောက်နိုင်သည်ဟု မွတ်ဆလင် ဘာသာရေး ခေါင်းဆောင်များက အမိန့်ထုတ်ပြန်ခွင့် ပြုလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 16 Oct 2013 11:22 PM PDT

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၊ ကသာအကျဉ်းထောင်၌ အောက်တိုဘာ ၁၅ ရက်နံနက် ၉ နာရီ အချိန်ခန့်က ထောင်ဝင်စာလာရောက်တွေ့သူ အမျိုးတစ်ဦးထံမှ ဘိန်းမဲဟု ယူရသော မူးယစ်ဆေးဝါး (၁၅) ထုပ်အား ထောင်စာ ဌာနမှ စိစစ်တွေ့ရှိရသဖြင့် ကသာမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူလိုက်သည်။ အဆိုပါ ဘိန်းမဲဟုယူဆရသော မူးယစ်ဆေးဝါးများသည် ထောင်ဝင်စာတွေ့ဆုံရာတွင် ပေးရန်ယူဆောင်လာခဲ့သည့် ငပိကြော်ဘူးအတွင်း၌ ပလပ်စတစ်အိတ်ဖြင့် ထုတ်၍ထည့်ကာ ယူဆောင်လာသည်ကို အကျဉ်းထောင်မှ တာဝန်ရှိ တချို့နှင့် ကသာမြို့မ ရဲစခန်းမှ ဒု-ရဲအုပ်ဌေးဝင်းနှင့် အဖွဲ့တို့မှ စိစစ်တွေ့ရှိခဲ့ရ ခြင်းဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဘိန်းမဲသုံးစွဲပုံ

Posted: 16 Oct 2013 10:58 PM PDT
တစ်ဧက ကျပ်သိန်းသုံးဆယ်နှုန်းဖြင့် ၀ယ်ယူမည်ဆိုသည့်အခါမှာတော့ သူမငြင်းနိုင်တော့။ ပိုင်ဆိုင်သည့် မြေသုံးဧကကို ရောင်းချဖို့ ကိုပေါက်စ ဆုံးဖြတ်လိုက်ပါသည်။ ၂ နှစ်အရွယ် သားငယ်နှင့် သမီးတစ်ဦးရှိသည့် ကိုပေါက်စက မြေယာရောင်းပြီး ရလာသည့်ငွေဖြင့် အခြားစီးပွားရေးတစ်ခု လုပ်ရန်လည်း မစဉ်းစားထားခဲ့။ ငွေသိန်းကိုးဆယ်ဖြင့် သားငယ်ကို ရှင်ပြုရန်စီစဉ်ခဲ့သည်။ “ယာမြေရောင်းလို့ရတဲ့ငွေနဲ့ သားကိုရှင်ပြုလိုက်တယ်။ နေဖို့ အိမ်လေးဆောက်ခဲ့တယ်။ ခုတော့ ငွေကလည်းကုန်ပြီ။ မြေလည်း သူများလက်ထဲရောက်သွားပြီ။ အိမ်လေးပဲ အဖတ်တင်တယ်”ဟု တံတားဦးမြို့နယ် ခေါင်းကွဲရွာမှ အသက်သုံးဆယ်ကျော်အရွယ် ကိုပေါက်စကပြောသည်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





ဓာတ်ပုံ- ညီညီဇော် - 7Day News Journal
Posted: 16 Oct 2013 10:52 PM PDT
စစ်အာဏာရှင် လက်အောက်တွင် နှစ်ပေါင်းများစွာ ကျရောက်ခဲ့ပြီးနောက် မြန်မာ့ ပညာရေး အတွက် အဆိုးဝါးဆုံးများ ထဲမှတစ်ခုမှာ တက္ကသိုလ်ပတ်ဝန်းကျင် ကောင်းများ ပျောက်ဆုံး၍ လွင်တီး ခေါင်ပြင်များတွင် တက္ကသိုလ် အဆောက်အအုံများ ပေါ်ထွန်း လာခြင်းဖြစ်သည်။ ကျောင်းသား လူငယ်များ စုစည်း မိမည်ကို စိုးရိမ်ခြင်းကြောင့် မြို့တွင်းရှိ တက္ကသိုလ်များကို ပိတ်ပစ်ခဲ့ပြီး နေရာထိုင်ခင်း၊ ခရီးသွားလာမှုနှင့် အခြားဝန်ဆောင်မှုများ အသင့်မဖြစ်သေးမီ တက္ကသိုလ်သစ်များကို မြို့ပြင်ထုတ်၍ လွင်တီးခေါင်များတွင် တည်ဆောက်ဖွင့်လှစ်ခဲ့သည်။ ----

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဓာတ်ပုံ- နစ်ကီ - 7Day News Journal

Posted: 16 Oct 2013 06:56 PM PDT

ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ် ဗုံးဖောက်ခွဲမှုမှာ ပါဝင်ပတ်သက်လို့ မသင်္ကာမှုနဲ့ ဖမ်းဆီး ထိန်းသိမ်းခံရထားသူတွေဟာ အဖွဲ့အစည်း တခုခုနဲ့ ဆက်နွယ်မှု ရှိနိုင်ပြီး သူတို့ကို တစုံတဦးက ငွေပေးခိုင်းလို့ လုပ်တာ ဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။ ဒီကနေ့မှာ ရန်ကုန်မြို့တ၀ိုက်နဲ့ တခြား ဒေသတွေမှာ နောက်ထပ်ဗုံးတွေ မတွေ့တော့ပေမဲ့လည်း လူထုအကြား ဗုံးလန့်တာတွေကတော့ မကြာခဏ ဖြစ်ခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 16 Oct 2013 06:50 PM PDT

တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) ဟာ တရုတ်နိုင်ငံကို အလည်အပတ်ရောက်နေတဲ့ မြန်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မနေ့ ဗုဒ္ဓဟူးနေ့က ဘေဂျင်းမြို့မှာ တွေ့ဆုံခဲ့ပါတယ်။ တရုတ်-မြန်မာ ဆက်ဆံရေးဟာ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်းအဖြစ် ရှိခဲ့တယ်လို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ဗဟိုစစ်ကော်မရှင်ဥက္ကဌလည်းဖြစ်တဲ့ သမ္မတ ရှီကျင့်ဖျင် က ပြောဆို မှတ်ချက်ပြုခဲ့တယ်လို့ တရုတ်အစိုးရပိုင် Xinhua သတင်းမှာ ရေးသားဖော်ပြထားပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မြန်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံကို သွားရောက်စဉ်။ (ဓာတ်ပုံ - http://www.mod.gov.mm/news)


Posted: 16 Oct 2013 06:31 PM PDT

ဖိလစ်ပိုင်နိုင်ငံမှာ ​ရစ်တာ ​စကေး ​၇.၁ ​ပြင်းအားရှိတဲ့ ​ငလျင်တခု ​မနေ့မနက်ပိုင်းက ​လှုပ်ခတ်ခဲ့တဲ့ ​နောက်ပိုင်း ​လူတွေဟာ ​မိမိတို့ရဲ့ ​အိမ်တွေကို ​မပြန်ရဲတော့ပဲ ​လမ်းတွေမှာ ​စုဝေးနေကြတယ်လို့ ​သိရပါတယ်။ ဘိုဟောလ် ​ကျွန်းကိုဗဟိုပြုပြီး ​လှုပ်ခတ်ခဲ့တဲ့ ​ဒီငလျင်ဟာ ​လူပေါင်း ​၃ ​သန်းနီးပါး ​ဒုက္ခရောက်နေကြရပါတယ်။ အခုအချိန်အထိရရှိထားတဲ့ ​သတင်းတွေအရ ​ဒီငလျင်ကြောင့် ​လူပေါင်း ​၁၅၀ ​နီးပါး ​သေဆုံးခဲ့ပြီး ​၃၀၀ ​ကျော် ​ဒဏ်ရာ ​ရရှိခဲ့ကြပါတယ်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ငလျင်ကြောင့် လူပေါင်း ၁၅၀ နီးပါးသေဆုံးခဲ့ပြီး ၃၀၀ ကျော်လည်း ထိခိုက်ဒဏ်ရာရခဲ့ (Credit: ABC licensed) 

Posted: 16 Oct 2013 06:11 PM PDT

လာအိုနိုင်ငံပိုင် ​လေယာဉ်တစင်း ​ပျက်ကျခဲ့တဲ့အတွက် ​သြစတြေးလျနိုင်ငံသား ​၆ ​ဦးအပါဝင် ​လေယာဉ်ပေါ်မှာ ​လိုက်ပါလာတဲ့သူ ​၄၉ ​ဦးလည်း ​သေဆုံးခဲ့တယ်လို့ ​သက်ဆိုင်ရာ ​အစိုးရဌာတွေက ​ပြောပါတယ်။ Lao ​Air ​QV301 ​လေယာဉ်ဟာ ​ဗီယက်နမ်နိုင်ငံမြို့တော် ​Hanoi ​ကနေထွက်ခွာခဲ့ပြီး ​လာအိုနိုင်ငံတောင်ပိုင်းမှာရှိတဲ့ ​Pakse ​မြို့ကို ​အသွားမှာ ​လမ်းခုလပ်မှာပဲ ​မဲခေါင်မြစ်ထဲကို ​ထိုးကျ ​ပျက်ဆီးခဲ့တာဖြစ်ပါတယ်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


လေယာဉ်ပျက်ကျရာမှာ သေဆုံးသွားခဲ့တဲ့ သြစတြေးလျနိုင်ငံသား Rhodes မိသားစုဝင်တွေ (Credit: ABC licensed) 

Posted: 16 Oct 2013 06:01 PM PDT

မန္တလေး    အောက်တိုဘာ   ၁၆

မန္တလေးမြို့ ဈေးချိုတော်အရှေ့မြောက်ဘက် အေရုံ ပထမထပ်ဝရန်တာရှိ  ထုပ်တန်းပေါ်တွင် မသင်္ကာဖွယ် ဂျပ်စက္ကူဖာတစ်ခုကို အောက်တိုဘာ ၁၆ ရက် နံနက် ၈ နာရီခန့်ကတွေ့ရှိပြီး   အထိတ်တလန့်ဖြစ်ပွားခဲ့သည်။ လှထိပ်တင်အလှကုန်ဆိုင်က စတင်တွေ့ရှိခဲ့ပြီး ဆိုင်ရှင် ဦးအောင်နိုင်က ရုံလူကြီးအား အကြောင်းကြားခဲ့ခြင်းဖြစ် သည်။

“မနက်ဆိုင်ခင်းနေတုန်း ကလေးတွေက တန်းပေါ်မှာ ဂျပ်ဘူးတစ်ခုတွေ့တယ်။ မသင်္ကာဘူးဆိုတာနဲ့ ကျွန်တော် ရုံလူကြီးကို အကြောင်းကြားပါတယ်။  သိပ်မကြာခင်မှာပဲ ရဲတပ်ဖွဲ့ဝင်တွေနဲ့ စည်ပင်ဝန်ထမ်းတွေ ရောက်လာပြီး ရှင်းလင်းရေးအတွက် စတင်လုပ်ဆောင်ပါတယ်”ဟု ဦးအောင် နိုင်က ပြောပြသည်။ အဆိုပါ မသင်္ကာဖွယ်ဂျပ်စက္ကူတွေ့ရှိရာနေရာအား လုံခြုံရေးရယူကာ သဲအိတ်များဖြင့် အကာအရံပြုလုပ်ပြီး မသင်္ကာဖွယ်ဂျပ်ဘူးအား ချိတ်ဖြင့်ဆွဲချရာ ဂျပ်ဘူးစက္ကူဖာအလွတ်တစ်ခုသာဖြစ်ကြောင်း တွေ့ရသည်။

သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း
Posted: 16 Oct 2013 05:57 PM PDT

အောက်တိုဘာလ(၁၈)ရက်နေ့ ထုတ် Hot News Weekly Vol 4 No 162

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 16 Oct 2013 05:52 PM PDT

အောက်တိုဘာလ (၁၇)ရက်နေ့ ထုတ် မြန်မာ့အလင်းနေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကိုနှိပ်ပါ



Posted: 16 Oct 2013 05:50 PM PDT
အောက်တိုဘာလ (၁၇)ရက်နေ့ ထုတ် ကြေးမုံနေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကိုနှိပ်ပါ





Posted: 16 Oct 2013 09:50 AM PDT

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ရက်ကဖြစ်ခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သက်လို့  အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နဲ့  သြစတေးလျနိုင်ငံ အစိုးရတွေက သူတို့ နိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံကိုခရီးသွားတဲ့အခါ အထူးသတိထားသွားလာကြဖို့ ကြေညာချက်ထုတ်ပြီး သတိပေးထားပါတယ်။ ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်က ပေါက်ကွဲမှုမှာ အမေရိကန်အမျိုးသမီးတစ်ဦး လက်နဲ့ ပေါင်မှာ ဒဏ်ရာရသွားပြီးတဲ့နောက် အခုလိုထုတ်ပြန်သတိပေးကြတာ ဖြစ်ပါတယ်။  မြန်မာနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှု အန္တရာယ်အတော်ကြီးနေပြီလို့ ဗြိတိန်အစိုးရ နိုင်ငံခြားရေးဌာနက ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...