“တစ်ဦးတစ်ယောက်ကို အားနာမိလို့ အနာဂတ်ရဲ့ သစ္စာဖေါက်ဖြစ်မှာ…စိုးကြောက်ပါသည်”
October 2, 2013 at 7:20am
ကုလားဆိုတဲ့ ဝေါဟာရကိုသုံးလို့
ကျွန်တော်တို့တွေလည်း မိ,မဆုံးမ ဖ,မဆုံးမတွေဖြစ်ရ
ကျွန်တော်တို့မိဘ ဘိုးဘွားတွေလည်း စော်ကားခံရ
ကျွန်တော်တို့ရဲ့ အာစရိယ ဆရာသခင်တွေလည်း စော်ကားခံရတာ….
ကြေကွဲနာကျင်ရလွန်းလို့…..။
ကျွန်တော် ဆရာကြီး ဘဘဦးသုခရေးတဲ့…“သုခမှတ်စု”ထဲမှာဖတ်ဖူးတယ်
ကုလားအမျိုး (၆၀) တယ်တဲ့ဗျာ....
ကုလားအမျိုး (၆၀) ထဲမှာ….ကျွန်တော်တို့အနေနဲ့.…..
ဘယ်သူက ဘယ်ကုလားမျိုးလဲဆိုတာ ဘယ်လိုခွဲခြားရမလဲ
နှဖူးမှာလည်းစာကပ်ထားတာမဟုတ်……
ဒီတော့ ကုလားအမျိုး(၆၀)ကို ကိုယ်စားပြုလို့ အလွယ်ဆုံးခေါ်ဝေါ်ရတာက
“ကုလား”လို့ပါပဲ…..ဒါဟာအဆင်အပြေဆုံးအခေါ်အဝေါ်ပါပဲ…
စော်ကားလိုတဲ့သဘောမျိုးလည်းမပါဝင်ပါဘူး…….
ရှေးအစဉ်အဆက် ခေါ်ဝေါ်သုံးစွဲခဲ့ကြတဲ့ ဝေါဟာရတစ်ခုပါ…..။
ဒါကိုပဲ ရေးကြီးခွင်ကျယ်လုပ်လို့….ပျစ်ပျစ်နှစ်နှစ် ပြောရက်တာကို
ခံစားရလွန်းလို့ ဝေဒနာတွေကုဖို့ ဒေတာတွေလျှောက်ရှာမိရာက
တွေ့ရတာလေးတွေကို တင်ပြရင်း…
“ဒါမိဘတွေက မသင်တာပဲ ဆရာ ဆရာမတွေက မသင်တာပဲ ဆိုတဲ့စကားကို
အလေးအနက် ကန့်ကွက်ပါတယ်”
“သမိုင်းအထောက်အထား စာတမ်း”
လွန်ခဲ့တဲ့ နှစ် (၇၀) ကျော်လောက်က “ဆရာမောင်သိန်းဖေ” ရေးခဲ့တဲ့
“ကုလား-ဗမာတိုက်ပွဲ” စာတမ်းမှာ…..
ကုလားကို ကုလားလို့ခေါ်ဝေါ်သုံးစွဲခဲ့တာကို
ကျွန်တော်တို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးဗိသုကာကြီး၊
လူထုခေါင်းဆောင်ကြီး၊ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင်
မြန်မာ့နိုင်ငံရေးသမိုင်းမှာ ထင်ရှားလှတဲ့ ဝန်ကြီးချုပ် ဦးနု၊
တို့ဗမာ အစည်းအရုံးက သခင်တင်မောင်၊
မြန်မာ့လွတ်လပ်ရေး လှုပ်ရှားမှုသမိုင်းမှာ အထင်ကရ ခေါင်းဆောင်တွေဖြစ်တဲ့
ကိုဘဟိန်း၊ ကိုဘဆွေ၊ ကိုထွန်းအေး၊
ကိုထွန်းရွှေ၊ ကိုထွန်းအုံ၊ ကိုထိန်ဝင်းတို့ကိုယ်တိုင်
“ငါတို့ ထောက်ခံ၍ သူနှင့်အတူ ထုတ်ဝေရာ၌ တာဝန်ယူကြောင်း” ….ဆိုပြီး
ပုံနှိပ်အက္ခရာတင်ခဲ့တာ သမိုင်းအထောက်အထားနဲ့တကွ ရှိခဲ့ပြီးသားပါ…။
စာတမ်း တစ်ခုလုံး အစ-အဆုံး စာမျက်နှာ (၂၆) မျက်နှာမှာ
“ကုလား” ဆိုတဲ့စကားလုံး (၁၅၀) ထက်မနည်း
သုံးစွဲ ရေးသားထားတာ တွေ့ရပါတယ်။
“ကုလားဆိုသောစကားလုံး” ကိုသာ ရေပက်မဝင် သုံးစွဲရေးသားထားပြီး
အိန္ဒိယနွယ်ဘွားတို့ မွတ်ဆလင်တို့ စတဲ့စကားလုံးများဖြင့်
ခေါ်ဝေါ်သုံးစွဲ ရေးသားထားတာ မတွေ့ရပါဘူး……။
ကုလား-ဗမာတိုက်ပွဲ စာတမ်း စာမျက်နှာ (၇) မှာ…
ရေးသားထားတာလေးကို ကောက်နုတ် တင်ပြလိုက်ပါတယ်။
“ဗမာများက လူဝင်လူထွက် ကန့်သပ်ရေးကို တောင်းဆိုသောအခါ
ဗမာပြည်ရှိ ကုလားများသည် ဘိလပ်ရောက်အောင် ဆူပူကြသည်။
ကုလားအစိုးရကပါ သဘောတူမှ ကန့်သပ်နိုင်ရန် တောင်းကြသည်။
ကုလားပြည်နေ ဗမာပြည်ရှိ အခြေအနေကို နကန်းတလုံးမျှ မသိကြသော
ကုလားတို့ကပါ ထောက်ခံ ဝိုင်းအော်ကြသည်။”
(မူရင်းစာတမ်းပါ သတ်ပုံများအတိုင်း ဖော်ပြထားခြင်းဖြစ်ပါသည်။)
ဒါ့အပြင်…ဆီးဘန်နီဆရာတော်ရဲ့“မှတ်ပါရစ်စေ” ချီရတုမှာ
“ မိစ္ဆာမောဟ၊ ပြွမ်းပြွမ်းထသည်၊
ကုလားနိုင်ငံ၊ လွှဲပြောင်းစံရှင့် ” ဟု၎င်း။
အဖိုး သခင်ကိုယ်တော်မှိုင်းကလည်း “ဗိုလ်ဋီကာ”တွင်“(သြော်) တရားပျက်ကွက်လို့ ပြုတ်ဖို့ ဓမ္မတာကိန်းပေထင့်၊
(ဝန်မင်းရယ်) ကုလားတက်လို့ ကျုပ်တို့အညာကို သိမ်း” ဟု၎င်း။
အချုပ်တန်း ဆရာဖေ၏ ကဗျာမှာလည်း
“မြန်မာချင်း ကြွားကြချင်
ဓားပြသွင် လူဆိုး
ကုလားမြင် သူ့အမေ ရိုးတော့မလို့” ဟု ၎င်း။
ရုပ်သေးစင် ဆရာကြီး ဦးဖူးညို ရဲ့
“သီဟာပျံ နန်းဘုံမြင့်မှာလေ” အလွမ်းဘွဲ့မှာ
“ကုလားဘုရင့်ပြည်မှာ ပတ္ထမြားပွင့်မစီသာ
နှစ်ပါးရှင် ပြဒုဖွားငယ်နှင့် စုဖုရားအငယ်ပါ
ကုလားဘုရင် သူ့နယ်သွား သနားစရာ့ နွယ်မဟာ” ဟု၎င်း။
ကုလားဟူသော ဝေါဟာရကို ရေးသားစပ်ဆို သုံးနူန်းခဲ့ကြတာ တွေ့ရပါတယ်….။
ဒါကိုကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ မမွေးခင်ကတည်းက
“ကုလားဟူသောဝေါဟာရ” ကို ခေါ်ဝေါ်သုံးစွဲခဲ့ကြတာ အထင်အရှားတွေ့နိုင်ပါတယ်….။
ရှေးအစဉ်အဆက် ဘိုးဘေးဘီဘင်တွေ ကတည်းက
ခေါ်ဝေါ်သုံးစွဲခဲ့တဲ့….“ကုလားဆိုတဲ့ ဝေါဟာရ”တစ်ခုကို
လက်ဆင့်ကမ်း ခေါ်ဝေါ်သုံးစွဲခဲ့ကြတာနဲ့ ကျွန်တော်တို့တွေ…..
မိ,မဆုံးမ ဖ,မဆုံးမ ဖြစ်ကြရပြီလားဗျာ…….။
ကုလားလို့ခေါ်တာ သူများကို စော်ကားတာဆိုပြီး …………..
“သိက္ခာမဲ့တဲ့သူတွေသာ ဒီလိုသူများကို စော်ကားပြီးတော့ ပြောတာ။
အဲဒီလို မသင်တာဟာ မိဘတွေကလည်း မသင်တာပါတယ်။
ဆရာ၊ဆရာမတွေကလည်း မသင်တာပါတယ်။”လို့ ပြောလိုက်တော့….
ဟုတ်ပါတယ် ကျွန်တော်တို့မိဘတွေ ကုလားလို့မခေါ်ရဘူးလို့မသင်ခဲ့ပါဘူး
ကျွန်တော်တို့မိဘတွေ ကုလားကို ကုလားလို့ပဲ ခေါ်ခဲ့ကြပါတယ်….။
ဟုတ်ပါတယ် ကျွန်တော်တို့ ဆရာတွေ ဆရာမတွေ ကုလားလို့ မခေါ်ရဘူးလို့ မသင်ခဲ့ကြပါဘူး
ကျွန်တော်တို့ ဆရာတွေ ဆရာမတွေ ကုလားကို ကုလားလို့ပဲ ခေါ်ခဲ့ကြပါတယ်…။
ကျွန်တော်တို့ အမျိုးသားခေါင်းဆောင်ကြီး လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကလည်း
ကုလားလို့ မခေါ်ပါနဲ့လို့ မပြောခဲ့ပါဘူး
ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ကုလားကို ကုလားလို့ပဲ ခေါ်ခဲ့ပါတယ်…။
ကျွန်တော်မေးပါရစေတော့ ….
စာဖတ်သူတို့လည်း နားနဲ့မနာ…ဖဝါးနဲ့သာနာကြပါတော့……
ဆီဘန်နီဆရာတော်၊ အဖိုးသခင်ကိုယ်တော်မှိုင်း၊
ကျွန်တော်တို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအဝင်
မြန်မာ့သမိုင်းက မျိုးချစ်ပုဂ္ဂိုလ် အကျော်အမော်ကြီးတွေ
ကျွန်တော်တို့ရဲ့ မိဘ ဘိုးဘွား ဆရာသမားတွေဟာ…..
ကုလားဆိုတဲ့ ဝေါဟာရကို သုံးစွဲ ခေါ်ဝေါ်ခဲ့ကြလို့……
((( “သိက္ခာမဲ့တဲ့သူတွေ….မိ,မဆုံးမ ဖ,မဆုံးမတွေ” ))) ဖြစ်ရပြီလားဗျာ…။
ကုလားကို ကာကွယ်ချင်ဇောနဲ့ ကိုယ့်အမျိုးသား ကိုယ့်ဘိုးဘွားတွေကို
စော်ကား နေမိပြီဆိုတာ သတိချပ်သင့်ပါတယ်…။
ပညာရှိ သတိဖြစ်ခဲ ဖြစ်နေသလားလို့ပါ…
မပြောခင် စဉ်းစားသင့်သလို
ပြောနေတုန်းလည်း စဉ်းစားသင့်ပါတယ်
ပြောပြီးစကားကိုလည်း ပြန်စဉ်းစားစေချင်ပါတယ်…။
ဆရာအောင်သင်း ပြောခဲ့တာလေး သတိရမိတယ်ဗျာ…
“သမိုင်းနဲ့ပတ်သက်ပြီး ရေးကြပြောကြတဲ့အခါ…
တစ်စုံတစ်ယောက်ကို အားနာနေရင်….
ဒါ…..အနာဂါတ်ကို သစ္စာဖေါက်တာပဲ”
ကျွန်တော်တို့လည်း အနာဂတ်ကို သစ္စာဖေါက်သူတွေ မဖြစ်ချင်လို့ပါ……။
(နဂါးမာန်)

ကလား-ဗမာတိုက်ပွဲ စာအုပ်အတွင်းမှ မြန်မာ့နိုင်ငံရေးခေါင်းဆောင်တို့၏ ထောက်ခံချက်..

0 comments:
Post a Comment