ရှေးအခါက လုလင်တစ်ယောက်သည် တက္ကသိုလ်ပြည်သို့သွားလျက် ပညာသင်ယူရာတွင် နှစ်များစွာ ကြာသောအခါ အိမ်
ကိုလွမ်းဆွတ်သဖြင့်
ပြန်ပါရစေဟု ဆရာကြီးထံမှာ ခွင့်တောင်းလေသည်။ ထိုအခါ ဆရာကြီးက
ပြန်စေခွင့်ပြုပြီးလျှင် “ငါ့တပည့်ကို လက်ဆောင်ပေးလိုက်သည်။
ထိုလက်ဆောင်သည်ကား ငွေသုံးရာကို ယူမည်လား၊ စကားသုံးခွန်းကို ယူမည်လား၊
လိုရာကို ပြောပါ” ဟု ဆိုလေသည်။ တပည့်ဖြစ်သူက “ဆရာကြီးခင်ဗျား
စကားသုံးခွန်းကိုသာ လိုချင်ပါသည်” ဟု ဆိုလေသည်။ ထိုအခါ ဆရာကြီးက “
ကောင်းပြီ တပည့်၊ စကားသုံးခွန်းသည်ကား မစူးမစမ်း အပြစ်မတင်ရာ၊ မမေးမမြန်း
အမျက်မဆင်ရာ၊ အရာခပ်သိမ်းကို စဉ်းစားဆင်ခြင်ရာ ဖြစ်ပေတယ်” ဟု ဆိုလေသည်။
လုလင်သည်လည်း စကားသုံးခွန်းကို မှတ်သားပြီး ဆရာကြီးကို
ရိုသေစွာကန်တော့ပြီးလျှင် ပြန်လာလေသည်။
အိမ်သို့ရောက်သောအခါ ထိုစကားသုံးခွန်းကို ကမ္ပည်းတင်လျက်အိမ်အ၀င်ခြံတံခါးဝ
တွင်
ချိတ်ဆွဲထားလိုက်သည်။ လုလင်သည် အိမ်တွင် အတန်ကြာအောင်နေပြီးသောအခါ
ဥစ္စာပစ္စည်းရှာဖွေရန်အတွက် မယားဖြစ်သူနှင့်ခွဲကာ အရပ်တစ်ပါးသို့
ခရီးထွက်လေသည်။ ခရီးထွက်ခါနီးတွင် မယားဖြစ်သူက “အမောင် ကျွန်မမှာ
ပဋိသန္ဓေရင့်မာနေပါပြီ။ ကြာကြာမနေပါနှင့်” ဟု ဆိုလေသည်။
လုလင်သည် ဥစ္စာရှာဖွေရင်းဖြင့် အရပ်တစ်ပါးတွင် အနေကြာသွားခဲ့သည်။
ဆရာကြီးပေးလိုက်သော စကားသုံးခွန်းကိုလည်း အမြဲရွတ်ဆိုခြင်းမပြုသောကြောင့်
မေ့ပျောက်နေလေသည်။ နှစ်များစွာကြာသဖြင့် ဥစ္စာပစ္စည်းအတော်အတန်စုမိလေလျှင်
လုလင်သည် အိမ်သို့ပြန်လာလေသည်။ လုလင်အိမ်ပြန်ရောက်သောအချိန်သည်
တစ်ရွာလုံးအိပ်စက်လျက် တိတ်ဆိတ်နေသောညဥ့်အချိန်ဖြစ်လေသ
ည်။
ထို့ကြောင့် လုလင်ပြန်ရောက်လာသည်ကို မယားဖြစ်သူကလည်း မသိချေ။ မယားသည်လည်း
အိပ်ခန်းထဲတွင် အိပ်မောကျလောက်ပြီဟုထင်ကာ ခြေကိုဖွဖွနင်းလျက်အိပ်ခန်းတွင်
း ၀င်လေသည်။ ထိုအခါ သူ၏မယားဖြစ်သူသည် လုလင်ငယ်တစ်ယောက်၏လည်ကိုဖက်လျက်
နှစ်ခြိုက်စွာယှဉ်တွဲအိပ်နေသည်က
ို
မြင်လေသည်။ လုလင်လည်း ဒေါသအမျက်ထွက်လျက် ငါသည်ကား မနားမနေ
စီးပွားရှာနေသော်လည်း မယားဖြစ်သူကား သစာဖောက်လျက်
တစ်ယောက်သားနှင့်ဖောက်ပြားရက်လေ
ခြင်းဟု
လွယ်ထားသောဓားဖြင့် ခုတ်သတ်မည်ပြုလေသည်။ ထိုအခါ ခြံဝတွင် ကမ္ပည်းတင်ထားသည့်
ဆရာကြီးဖြစ်သူ၏ စကားသုံးခွန်းကို အမှတ်ရလျက် ဓားကို
ဓားအိမ်တွင်းပြန်သွင်းလျက် အိမ်ပေါ်မှဆင်းပြီး ခြံဝမှစာကိုပြေးဖတ်လိုက်သည်။
“သြော် ငါ့ဆရာမှာလိုက်သည်မှာ မစူးမစမ်း အပြစ်မတင်ရာ ဟုဆိုထားပါလား။ ငါ
သူတို့ကို နှိုးပြီးမေးဦးမှပဲ။ မမေးမမြန်း အမျက်မဆင်ရာလို့လဲ ပါသေးတယ်။
ပြီးတော့ အရာခပ်သိမ်းကိုစဉ်းစားဆင်ခြင်ရမ
ယ်တဲ့။
ငါမှားတော့မလို့ပါလား” ဟု တွေးလျက် အိပ်မောကျနေသော မယားကို
လှုပ်ကာနှိုးလေသည်။ မယားဖြစ်သူ နိုးလာလေလျှင် “ ဟင် အမောင် ပြန်ရောက်လာပြီ”
ဟု ၀မ်းသာအားရဖြင့် လည်ကိုဖက်လျက်အိပ်စက်နေသောလုလင်
ငယ်ကိုခေါ်နှိုးလျက်
“ အမောင့်သားလေ ကြည့်ပါဦး၊ မွေးလာကတည်းက ဒီနေ့အထိ အမေကို
မခွဲဘဲအမြဲအတူအိပ်ခဲ့တာ ” ဟုပြောလျှင် လုလင်သည် စိတ်ထဲတွင်
ဆရာပေးလိုက်သောစကားသုံးခွန်းကြေ
ာင့်သာ တို့မိသား စုဒုက္ခဆင်းရဲ မရောက်ရလေ
တယ်ဟုတွေးလျက် ဆရာကြီးကို ကျေးဇူးတင်မဆုံးအောင် ရှိနေလေတော
့သည်။
(ထိုပုံပြင်ကို အစွဲပြုလျက် “မစူးမစမ်း အပြစ်မတင်ရာ” ဟူသော စကားပုံတစ်ခု ပေါ်ထွန်းလာရလေသည်။) — at Myanmar.
0 comments:
Post a Comment