Wednesday, October 9, 2013

တွေးမိသမျှ ဗြုပ်စဗျင်းတောင်း (၈)



၈၈ အရေးအခင်းကြီး မဖြစ်ခင်က ရန်ကုန်ဆိုတာ ဂျိုးဖြူရေ သောက်တဲ့မြို. ၊ ချိုးရေလဲ ဂျိုးဖြူ ၊ သောက်ရေလည်း ဂျိုးဖြူ ၊ အိမ်သာသုံးတာလဲ ဂျိုးဖြူ ၊ မန်းလေးကတော့ ကျုံးရေ သောက်တဲ့မြို. တခြားလည်း သောက်စရာမရှိဘူး ။ တချို.တွေကတော့ အဝီစိရေ (ရေချို ) ကို သောက်ခွင့်ရကြတယ် ။

၁၉၉၀ နောက်ရောက်တော့ ဈေးကွက်စီးပွားရေး ဆိုပြီ ကျင့်သုံးလိုက်တာ ရေသန့်စက်တွေပေါ်လာရော ။
ပေါ်ခါစတော့ အထူးအဆန်းအနေနဲ့ လူနည်းစုပဲ သောက်ကြတယ်။ နောက်တော့ သောက်ရေ သန့် ကောင်းကျိုးသိကြတော့ ရေသန့်မှ ရေသန့် ဖြစ်လာကြတယ် ။ ရေသန့်မဟုတ်ရင်တောင် မသောက်ချင်ကြတော့ဘူး ။

ကျွန်တော်တို့ရွာမှာ ကိုကျော်ကျော် ဆိုတဲ့လူရှိတယ် ။ တောသားလူလည် ၊ နယ်အတော်များများလဲ ရောက်ဖူးတဲ့လူ ။ ရွာမှာ စီးပွားရေးလုပ်ဖို့ အကြံကောင်းရပြီး ရွာပြန်လာသူ ။
သူ့စီးပွားရေးက ရေသန့်ဆိုင်ဖွင့်မယ်ဆိုတော့ ၊ ကျွန်တော်က ဖြစ်ပါ့မလား ချောင်းရေလောက်သာ သောက်ရေထင်တဲ့ ရွာသားတွေ ဘယ်လို ရေသန့်သောက်မလဲဆိုတော့ ။ သူက ။
မင်းစောင့်ကြည့်နေပါ ။ လူဆိုတာ အကောင်းကြိုက်တဲ့ အမျိုး ၊ မကြိုက်ရင်လည်း ကြိုက်အောင် ကျင့်ပေးရတယ်တဲ့ ။
သူ့ရေသန့်ဆိုင် ဖွင့်ခါစ ဆိုတော့ လူတွေက လှည့်တောင်မကြည့်ဘူး ။ ကိုကျော်ကျော်ကလည်း လူလည် ဆိုတော့ သွားလေရာ ရေသန့်ဘူး တကိုင်ကိုင်နဲ့ ရေသန့်မှသောက်တယ်ဆိုတဲ့ အထာနဲ့ ။
ရွာသားတွေရှေ.မှာ ရေသန့်သောက်ခြင်းအကျိုးကျေးဇူးတွေကို တရားဟောလေ့ရှိတယ် ။ ရွာသားတွေက ရေသောက်ဖို့ ပိုက်ဆံအကုန်မခံချင်ပေမဲ့ စမ်းသပ်ကြည့်တဲ့အနေနဲ့တော့ စဝယ်သောက်ကြတယ် ။
နောက်တော့ ဘယ်သကောင့်သားက အကြံရသွားတယ် မသိ ၊ အရက်ကို ရေရောတဲ့ အခါ ရေသန့်နဲ့ ရောရင်ကောင်းတယ်ဆိုပြီး အရက်သမားတွေ စတင်ပြီး ရေသန့်ကို ကောင်းကောင်းသုံးကြတော့တယ် ။
မကြာပါဘူး တဖြည်းဖြည်းနဲ့ ရေသန့်မသောက်ရင်ဘဲ ခေတ်မမှီသလိုလို ၊ တရွာလုံး ရေသန့်မှ ရေသန့် ဖြစ်လာကြတယ် ။ အခြားရေသန့်ဆိုင်တွေလည်း အပြိုင်အဆိုင်ပေါ်လာတော့တယ် ။

လူဆိုတာ မျက်စိအကျင့် ဝမ်းအချင့် ဆိုတဲ့ စကားရှိတယ် မဟုတ်လား ။ အလေ့အကျင့်ပဲ ၊ စည်းကမ်းရှိတဲ့ ပတ်ဝန်းကျင်မှာ နေရင် စည်းကမ်းရှိတဲ့လူပဲ ဖြစ်လာမှာပဲ ။ တောသားတွေ အိမ်သာတက်ရင် ဒုတ်ချောင်းပဲ သုံးတယ် ၊ စက္ကူကောင်းကြောင်း ၊ ရေအိမ်သာဟာ ကျမ်းမာရေးအတွက် ကောင်းကြောင်း လေ့ကျင့်ပေးရင် သူတို့လည်း တိုးတက်လာမှာပဲ ။

ဒီမိုကရေစီဆိုတာလည်း အစတော့ ယောင်တောင်တောင်ပဲ ။ ဒီမိုကရေစီဆိုတာ ဘာလည်း လူတွေသိလာကြရင် ၊ ရေသန့်လိုပဲ ဒီမိုကရေစီမှ ဒီမိုကရေစီ ဖြစ်လာကြမယ် ။ ဒီမိုကရေစီ နိုင်ငံတွေရဲ့ ကျင့်ဝတ်တွေနဲ့ မညီရင် ခေတ်မမှီတော့သလိုလို ၊ သိက္ခာမရှိတော့သလိုလို ခံစားလာကြလိမ့်မယ် ။ နေ့ခြင်းညခြင်း ဒီမိုကရေစီ ဆိုပြီး ပုံစံခွက်ထဲ ထည့်လို့တော့မရဘူး ။ အချိန်လိုမယ် ၊ အလေ့အကျင့်လိုမယ် ။ သင်ပေးရမယ် ၊ သင်ယူစရာ နမူနာတွေလိုတယ် ။ ဒီနေ့ ဒီမိုကရေစီ နိုင်ငံလို့ ကျွေးကြော်နေတဲ့ နိုင်ငံတွေကရော နေ့ခြင်းညခြင်း ဒီမိုကရေစီတာ မဟုတ်ဘူး ။ သူတို့လည်း အချိန်အများကြီးယူခဲ့ရတယ် ၊ အလေ့အကျင့် အများကြီးလုပ်ခဲ့ရတယ် ။ မျိုးဆက်တွေ အမြောက်အများ ရင်းခဲ့ရတာပဲ ။ မျိုးဆက်တခုနဲ့ တခုကြားမှာ မတူညီတဲ့ အရာတွေကိုလည်း အဆင်ပြေအောင် ပြင်ဆင်ယူခဲ့ကြတာပဲ ။
ဒီနေ့ အတင်းကြီး ဒီမိုကရေစီနေရအောင် ဘယ်အရာကို စံထားမှာလည်း ၊ ဘယ်နိုင်ငံကို စံထားမှာလည်း ။ ဒီမိုကရေစီနိုင်ငံတွေကို ကြည့်လိုက် နိုင်ငံတခုနဲ့ တခု မတူဘူး ။ သူ့နိုင်ငံနဲ့ လိုက်လျောညီထွေမဲ့ ဒီမိုကရေစီကို ကျင့်သုံးနေကြတယ် ။
မြန်မာနိုင်ငံက သူများ ဒီမိုကရေစီလို့ လိုက်စီတာ ဟုတ်ပါပြီ ။ သူများနိုင်ငံကို အားလုံးအတုခိုးလို့ မရဘူး ၊ ပုံတူကူးလို့မရဘူး ။ ပြဿနာပေါင်းစုံ ၊ လူမျိုးပေါင်းစုံ ၊ အယူအဆပေါင်းစုံ ဘယ်လိုမှ ဆက်စပ်လို့မရတဲ့ အရာတွေက အုပ်စုတခုနဲ့ တခုကြားမှာ အများအပြား ။

ဒီမိုကရေစီစံနှုန်းနဲ့ မညီလို့ ဖွဲ.စည်းပုံ ကို ပြင်မယ်ဆိုရင် နောက်ထပ် ၁၀ နှစ်ထပ်ကြာသွားမယ် ။ လိုအပ်တဲ့ အချက်တွေကို အားလုံးနဲ့ လိုက်လျောညီထွေအောင် အမြဲ ပြင်နေရမှာပဲ ။ အခုဖွဲ.စည်းပုံတခုလုံးကို ပြင်လိုက်နိုင်တယ် ဆိုရင်တောင် နောက်မျိုးဆက်အတွက် အဆင်မပြေရင် နောက်မျိုးဆက်က ပြန်ပြင်ကြအုံးမှာပဲ ။ ဖွဲ.စည်းပုံကိုပဲ အာရုံစိုက်နေတာလောက်နဲ့တင် အချိန်တွေ အကုန်မခံသင့်ဘူး ။

ဖွဲ.စည်းပုံကို အားလုံးအာရုံစိုက်နေသလို တိုင်းပြည်စီးပွားရေးကိုလည်း အာရုံစိုက်သင့်တယ် ။ ရေမြင့်ရင် ကြာမြင့်မယ် ။ တိုင်းပြည် စီးပွားရေးတိုးတက်လာရင် ပြဿနာတွေ ၅၀ % ကို ဖြေရှင်းပြီးဖြစ်လိမ့်မယ် ။ ငွေကြေးပြည့်စုံလာကြရင် လူတွေရဲ့ အတွေးအခေါ်ပုံစံပြောင်းလာမယ် ။ ပညာရေး မြင့်တက်လာမယ် ။ ပြည်ပနဲ့ ကူးလူးဆက်ဆံလာတာများရင် အကျင့်ကောင်းတွေ ပိုင်ဆိုင်လာမယ် ။ ကျမ်းမာရေးအတွက် ပိုပြီး အာမခံချက်ရှိလာမယ် ။
မရှိလို့မလှူ ၊ မလှူလို့ မရှိဆိုတဲ့ အယူအဆလိုပဲ ။ တိုင်းပြည်က ဆင်းရဲနေတာကို ပိုဆင်းရဲအောင်လုပ်နေရင် ဒီမိုကရေစီလည်း ဖြစ်လာမှာမဟုတ်ဘူး ။ စစ်အာဏာရှင်ကိုလည်း နိုင်အောင်မတိုက်နိုင် ပြည်သူလည်း ဆင်းရဲတွင်းနက်သထက်နက်လာမယ် ဆိုရင် အားလုံးနစ်နာမယ် ။ ဒီမိုကရေစီဆိုတာ ပြည်သူတွေက ထူထောင်မှ မြန်မြန်ဆန်ဆန်အောင်မြင်မယ် ။ ပြည်သူတွေ ဝမ်းဝဖို့ ခါးလှဖို့ အရင်လိုမယ် ။ ပြည်သူတွေမှာ ဒီမိုကရေစီ အကျင့်ကောင်းတွေရှိဖို့ စီးပွားရေးကို အရင်မြှင့်တင်သင့်တယ် ။ အစိုးရဆိုတာ ပြည်သူကတင်မြှောက်မှ ဖြစ်တာ ၊ အသိဥာဏ်နည်းတဲ့ ပြည်သူက တင်မြှောက်တဲ့ အစိုးရဟာ ဘယ်လို အစိုးရမျိုးဖြစ်မလည်း ။ ဝါဒမှိုင်းမိနေတဲ့ပြည်သူ ၊ ပုဂ္ဂိုလ်ရေး ကိုးကွယ်ဖို့လောက်သာ သိတဲ့ ပြည်သူ ၊ ဒီလိုလူတွေက တင်မြှောက်လိုက်တဲ့လူကရော ဘယ်လိုလူစားမျိုး ဖြစ်မလည်း ။ ပြည်သူကို ဟိတ်ဟန်နဲ့ လိမ်လည်ပြီး အသုံးချမဲ့ ခေါင်းဆောင်မျိုးတွေပဲ ပေါ်ထွက်လာမှာပဲ ။ ပြည်သူကို ကောင်းကောင်းလှည့်စားနိုင်သူ ခေါင်းဆောင်ဖြစ်လာမှာပဲ ။ ဒီတော့ အရွေ.ကမရှိတော့ဘူး ။ ဒုတ်ရင်းပဲ နောက်ပြန်လည်နေမယ် ။

ပြည်သူတွေကတော့ နတ်ကရာ ကြည့်မော ၊ ဟိုလူကပြောလိုက် ယောင်လိုက် ၊ ဒီလူကပြောလိုက် ယောင်လိုက်နဲ့ ။ ဘာလုပ်ရမှန်းမသိကြဘူး ။ အာရုံစိုက်စရာ စီးပွားရေးကလည်း မဖွံ.ဖြိုးတော့ သူများဒီမို ဆို လိုက်ဒီမို ရတော့တာပဲ ။ ကမ္ဘာနိုင်ငံတွေ အရှိန်အဟုန်နဲ့ တိုးတက်နေချိန် ၊ မြန်မာကတော့ နောက်ပြန်နေတယ် ။ နိုင်ငံရေးမတည်ငြိမ်သ၍ တိုင်းပြည်လည်း ရှေ.တိုးမှာ မဟုတ်ဘူး ။ မအောင်မြင်တဲ့ တော်လှန်ရေးအကြောင်းတွေနဲ့ပဲ အချိန်တွေကုန် နာကျည်းလက်စားချေရေး ကို ဦးစားပေးနေရင် စစ်တပ်ကလည်း နောက်ကြောင်းပြန်ဖို့ ဝန်လေးနေမှာ မဟုတ်ဘူး ။ ပါးနပ်ဖို့လိုမယ် ၊ ကိုယ်ရင်ဆိုင်နေရတာက နိုင်ငံရေးပါးဝနေသူတွေ ၊ တိုင်းပြည်တခုကို ကောင်းကောင်း လှည့်စားနိုင်သူတွေ ။ ဆင်ကောင်ကြီးကို ဦးချိုနဲ့ ပြေးဝှေ.တဲ့ ဆိတ်လိုပဲ ဖြစ်မယ် ။ မရနိုင်တာတွေ အတင်းလုပ်နေမဲ့အစား အချိန်တွေမကုန်အောင် ရရာစီးပွားရေးကို အစွမ်းကုန် တိုးမြှင့်သင့်တယ် ။ မနိုင်နိုင်ရာ ကုန်းကိုက်မှာပဲ ဆိုရင်လည်း လူကိုတော့ ကိုက်လို့ ရမှာမဟုတ်ဘူး ။ ဖိနပ်ပဲ ကိုက်မိမှာပဲ ။

သူများအပြစ်ရှာ မကောင်းကြောင်းပြောတာလွယ်တယ် ။ မြန်မာ့နိုင်ငံရေးဆိုတာလည်း လက်ညှိုးထိုး နိုင်ငံရေးပဲ ၊ တယောက်နဲ့ တယောက်လက်ညှိုးတွေ အပြန်အလှန်ထိုး အပြစ်ရှာဖို့လောက်ပဲ တတ်တဲ့ နိုင်ငံရေးပဲ ။ စီးပွားရေးအကြောင်းပြောတဲ့သူမရှိဘူး ။ အကြောင်းက လက်ညှိုးထိုးနိုင်ငံရေးက လွယ်တယ် ။ လူတိုင်းလုပ်နိင်တယ် ။ စီးပွားရေးအကြောင်းဆို အတွေ.အကြုံတွေလိုမယ် ၊ ပညာလိုမယ် ။ ဒီတော့ လက်ညှိုးထိုးနိုင်ငံရေးလောက်ပဲ လူတွေက အမြီးကျက်အမြီးစား ၊ ခေါင်းကျက်ခေါင်းစား ၊ အရင်းမစိုက် လှေထိုးလိုက်ကြတော့တယ် ။ နိုင်ငံရေးဆိုတာ ကိုနေရာရဖို့လုပ်တာ ၊ ကိုယ်နေရာရဖို့ သူများကို နိင်ရမယ် ၊ သူများကိုနိုင်ဖို့ ၊ အပြစ်ရှာ လက်ညှိုးထိုး ဒုက္ခပေးရတော့မယ် ။ ဘယ်လောက်ပူလောင်လိုက်သလဲ စဉ်းစားသာကြည့်တော့ ။ ဒီလိုလူတွေ ပါးစပ်က မေတ္တာစကားတွေ ကြားရတဲ့အခါ ၊ ကြေးစည်ကွဲကြီးထုသလိုပဲ ။
လူထုတော်လှန်ရေး ရဲ့ အကျိုးဆက် ဒီနေ့ရနေတဲ့ အခွင့်အရေးတွေကို ဆုပ်ကိုင်ပြီး အတွေးအခေါ်တော်လှန်ရေး စတင်သင့်ပြီ ။ စီးပွားရေးတော်လှန်ရေး စတင်သင့်ပြီ ။
အချိန်တွေက မြန်လွန်းတယ် ။ ကိုယ်အာဏာရဖို့ ကြည့်ပဲ တွေးမနေနဲ့ နောက်မျိုးဆက်တွေအတွက်လည်း ထည့်စဉ်းစားအုန်း ။ မနိုင်မှန်းသိရင်လည်း ရှုံးမဲ ၊ မဲနေသမျှ အမှားများဖို့ပဲ ရှိမယ် ။ ကိုယ်က မွှန်နေတာကိုး ။ လှုပ်ပါများရင် သစ်ငုတ်တောင် ပြုတ်ထွက်တယ် ဆိုတဲ့ အယူအဆမျိုးနဲ့တော့ အလုပ်မဖြစ်ဘူး ။ အနှစ်တရာလောက် လှုပ်ရမဲ့ သစ်ငုတ်ဆိုရင် သိပ်မဟန်ဘူး ။

ရဲသူရိန်မင်း
071013

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...