Friday, October 11, 2013

*** ပျော်ရွှင်စေမယ့် နည်းလမ်း (၁၀) သွယ် ***

Cloud Cuckoo Land shared MyanmarDaily.net's photo.





(၁)ပြောင်းလဲပစ်လို့ မရနိုင်တဲ့အရာအတွက်၊ အရှိကိုအရှိအတိုင်းသာ လက်ခံပေးလိုက်ပါ (ဒီလိုပါဘဲ လောကကြီးမှာ ဖြစ်ချင်တာ ရယ် ဖြစ်သင့်တာရယ်ဖြစ်လာတာရယ် ဆိုတာတွေဟာ ဘယ်တော့မှ တထပ်တည်းမကျနိုင်ပါဘူးလေ) 

(၂) သင့်ကို အကောင်းမမြင်/အထင်သေးတဲ့ ပတ်ဝန်းကျင်မှာနေရတာ(လုံးဝ)မပျော်ပိုက်ဘူးဆိုရင်တော၊့ သင်ကစပြီး အဲဒီပတ် ၀န်းကျင်ကခွဲထွက်လိုက်ပါ။ (လူ့ ဘ၀ကသိပ်တိုလို့  မိမိရဲ့ စိတ်ဆန္ဒကိုချိုးနှိမ်ပြီး နေစရာမလိုအပ်ပါဘူး) 
(၃) စိတ်ငြီးငြူလာတဲ့အခါ မိမိအကြိုက်ဆုံးသီချင်းကိုဖွင့်နားထောင်ပြီးသီချင်းလိုက်ဆိုပါ(သို့ မဟုတ်)တေးသွားလေးတွေကို မျက်လုံးလေး မှိတ်ပြီးစိတ်လွတ်/ကိုယ်လွတ် လိုက်ပြီးညီးတွားပေးပါ (စိတ်ပျိုကိုယ်နုစေပြီးမမြင်ရတဲ့ အားသစ်တွေရလာစေပါ တယ် ) 
(၄)စိတ်မကျေနပ်ချက် တစုံတရာခံစားရတဲ့အခါ၊အပြေးလေ့ကျင့်ခဏ်းလုပ်ပါ။မကျေနပ်တာတွေ အနည်ထိုင်သွားတဲ့အထိ ဆက်ပြေးလိုက်ပါဦး။ (တဖြည်းဖြည်းမောလာတဲ့ခံစားချက်က၊ စိတ်မကျေနပ်မှုတွေကို ပြေပျောက်သွားစေတဲ့ အကောင်းဆုံးအစားထိုးမှုလေးပါဘဲ) (၅)၀မ်းနည်းစိတ်ခံစားရတဲ့အခါမျိုးမှာ၊ မိမိ အချစ်ရဆုံးသူ လူ(သို့မဟုတ်)တိရိစ္ဆာန်ရဲ့  နံမည်ကို မိမိ နားနဲ့ ကြားရရုံလောက် အ ဖန်တလဲလဲထပ်ခါထပ်ခါခေါ်ပေးပါ။ (အဲဒီနည်းက စိတ်ပျော်ရွှင်စေမယ့် အကောင်းဆုံးနဲ့အထိရောက်ဆုံးနည်းလေးဖြစ်ပါတယ်) 
(၆) တခါမှမသိမမြင်ဖူးတဲ့ မျက်နှာစိမ်း ယောက်ျား(သို့ မဟုတ်)မိန်းမတစ်ယေက်ယောက်ကို အားရပါးရအပြုံးလက်ဆောင်ပေး လိုက်ပါ။ (တဘက် သူရဲ့ ရောင်ပြန်ဟပ်လာတဲ့ အပြုံးက သင့်ကို မထင်မှတ်တဲ့စိတ်ခွန်အားဖြစ်စေပါတယ်) 
(၇) မိတ်ဆွေ/သူငယ်ချင်း/လုပ်ဖော်ကိုင်ဖက်/လက်အောက်ငယ်သား တွေရဲ့ လုပ်ဆောင်ချက်တစ်ခုခုအတွက် အနည်းဆုံး စ ကားလေးနဲ့ ဘဲဖြစ်ဖြစ် အသိအမှတ်ပြုချီးကျူးဂုဏ်ပြုစကားပြောပေးလိုက်ပါဦး။ (အပြန်အလှန် ယုံကြည်မှုဆိုတဲ့ခံစားချက်က သင့်ကိုနွေး ထွေးလုံခြုံမှုပေးပါတယ်) 
(၈) မိမိကိုယ်ကိုဘဲဖြစ်စေ၊ တခြားသူအပေါ်မှာဖြစ်စေ မချိတင်ကဲမကျေနပ်ချက်တွေ့ လာခဲ့ရင် ပါးစပ်ကထုတ်ပြောမနေပါနဲ့ ။ စာ ရွက်တရွက်ပေါ်ပျစ်ပျစ်နှစ်နှစ် စိတ်ကြိုက်ရေးချလိုက်ပါ။ ပြီးရင် အဲဒီစာရွက်ကိုအစိပ်စိပ်အမွှာမွှာဆွဲစုတ်လိုက်ပါ (သို့ မဟုတ်) မီးရှို့ ပစ်လိုက်ပါ။(အဲဒီစာရွက်နဲ့ အတူ မကျေနပ်တာတွေအားလုံး ဇာတ်သိမ်းသွားပြီမို့ စိတ်လက်ပေါ့ပါးသွားပြီပေါ့ရှင်
(၉) အကြိုက်ဆုံး ရုပ်ရှင်(သို့ မဟုတ်)အကြိုက်ဆုံး ၀တ္တုစာအုပ်ကို အစကနေပြန်ကြည့်ပါ။ (အကြိုက်ဆုံး ခံစားမှုတွေက သင့်ကို စိတ်ကျေနပ်မှုဖြစ်စေနိုင်လို့ ပါဘဲ) 
(၁၀) “သူများတွေမှာ မရှိ/မသိ/မရ နိုင်တဲ့မွေးရာပါကိုယ်ရည်ကိုယ်သွေးငါ့မှာရှိနေတယ်၊ ငါလုပ်နိုင်တယ် ” ဆိုတဲ့ မိမိကိုယ်ကို ယုံကြည်ချက်ထားပါ။(မိမိကိုယ်ကိုယုံကြည်ချက် အပြည့်အ၀ရှိနေရင် ဘယ်ပြင်ပယောဂမျှအလဲထိုးခံရမှာမဟုတ်တော့ဘူးပေါ့) 

(ပေါက်ပေါက်…..မျှဝေသည်) 
(မှီငြမ်း…. Well Living on 4th October ’13)--*promise.pauk* *
(ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။ သို့သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)* 9-10-2013 နေ့ ထုတ်ပြည်ထောင်စုနေ့ စဉ်သတင်းစာမှာ ဖော်ပြခံရတဲ့ဆောင်းပါးလေးပါ။ 
FB မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ ကြပါစေကြောင်း မျှဝေလိုက်ရပါတယ်ရှင်။

 (စေတနာများစွာဖြင့်.....ပေါက်ပေါက်)+++++++++++++++++++++++

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...