Monday, October 7, 2013

အသိဥာဏ်ရဲ့ ဘရိတ်ထားတဲ့ ချစ်ခြင်း


အို !
ဆိုတဲ့ အာမေဋိတ်သံလေး တစ်ခု ကျွန်မရင်ထဲ မြည်ဟိန်းသွားခဲ့သည် ။ ကျွန်မနဲ့ မျက်နှာချင်းဆိုင် စားပွဲတစ်ခုမှာ ကော်ဖီသောက်နေသူ ကောင်းလေး ၃ ယောက် ။ ဒီထဲက တစ်ယောက်သော သူ။ ချောလိုက်တာဆိုတဲ့ စကားလုံးထက် ပိုပြီး ပြီးပြည့်စုံအောင်
ချောမောပြေပြစ် သူကောင်လေး တစ်ယောက် ။ ဖြူဖွေးသန့်စင်နေတဲ့ အသားရေက အစပြုလို့ ပျော့ပျောင်းပြီး ၀ဲကျနေတဲ့ သူရဲ့ ဆံနွယ်တွေက အဆုံး အပြစ်ဆိုဖွယ် တစ်ခုမှ မရှိအောင် အလွန်ကြည့်ကောင်းပါဧ။်  ။ ပျော့ပျောင်းပြီး ၀ဲကျနေတဲ့ သူရဲ့ ဆံနွယ်လေးတွေက ဆွဲဆောင်မှု အပြည့် ။ စီးကရက်တစ်လိပ်ကို ဟန်ပါပါ ဖွာရှိုက်နေပုံက အစ ကြည့်ကောင်းလှပေသည် ။ သူငယ်ချင်းတွေနဲ့ စကားတွေဖောင်ဖွဲ့နေတဲ့ သူကတော့
 ဘေးပတ်ဝန်းကျင်ကို သတိ ထားမိပုံ မပေါ် ။ ဒီတော့ သူကို ငေးကြည့်ဖို့ အခွင့်ရေးတွေ
ကျွန်မ အပြည့်ဝ  ။ လူတစ်ယောက်ကို မြင်မြင်ချင်း ဒီလောက်ထိ နှစ်သက်မိ
တဲ့ အဖြစ်မျိုး ကျွန်မဘ၀မှာ တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဘူးပါ ။ သူဆီမှာ ရှိနေတဲ့ ကျွန်မမျက်လုံးတွေက တခြားနေရာတစ်ခုကို ရွေ့လျားဖို့ မေ့လျော့နေမိဧ။် ။
သူတို့ ဆိုင်ထဲက ထွက်ဖို့ ပြင်တာနဲ့ ငြိမ်သက်နေတဲ့ ကျွန်မခြေထောက်တွေကလည်း အလိုလို လှုပ်ရှားလာကြသည် ။ သူတို့သွားတဲ့ နောက်ကနေ မသိမသာ လိုက်ကြည့်နေမိ
ခဲ့သည် ။ IOI shopping mall PUCHONG ရဲ့ ဒုတိယထပ်က Beauty salon တစ်ခုထဲကို သူတို့ ၀င်သွားကြ ပါပြီ ။ ကံကောင်းချင်တော့ အဲဒီဆိုင်ရှေ့က ပတ်လမ်းလေးမှာ ခုံတန်လျားတွေ ရှိနေခဲ့သည် ။ ထိုခုံလေးကနေ သူကို ကျွန်မ ဆက်ငေးနေမိပါသည် ။ အဲဒီ Beauty salon   က သူတို့ ကိုယ်ပိုင် ဆိုင်လေး ဖြစ်နေခဲ့ပြန်သည် ။
မိန်းကလေးတွေကော ယောကျာ်းလေးတွေကိုပါ  ဆံပင်အလှပြင်ပေးနေတဲ့ သူကို ကြည့်နေတဲ့ ကျွန်မ စိတ်ထဲမှာ သူ့ဟာ *  ငေး *တစ်ယောက် ဖြစ်နေမလားလို့ တွေးလိုက်မိပါ
သည် ။ ငေး တစ်ယောက်နဲ့ တူတဲ့ အပြုမှုမျိုး သူဆီမှာ ဘာတစ်ခုမှ မတွေ့ရပြန်ဘူး ။
ဝါသနာပါလို့ ဒီလုပ်ငန်းကို လုပ်ဖြစ်တယ် ထင်ပါတယ် ဆိုတဲ့ ဖြေသိမ့် အတွေးတစ်ခုနဲ့
 ပြန်လာခဲ့ပါသည် ။ အိမ်ပြန်ရောက်ပေမယ့် ကျွန်မစိတ်တွေက သူဆီမှာဘဲ ကျန်နေခဲ့မိဧ။် ။
ကျွန်မဟာ သူများနိုင်ငံမှာ အလုပ်လာလုပ်နေရသူတစ်ယောက် ဖြစ်တဲ့ အတွက် သေချာနေတာက သူနဲ့ ကျွန်မ ဘာသာ မတူနိုင်ဘူး ဆိုတဲ့ အသိတစ်ခု
ကျွန်မခေါင်းထဲကို အရင်ဝင်လာပါသည် ။ ဒါပေမယ့် သူကို ကျွန်မ နောက်ထပ် အကြိမ်ကြိမ် တွေ့ချင်နေမိဧ။် ။ တစ်ပတ်မှာ တစ်ရက်သာ ပိတ်ရက်ရှိသူ ကျွန်မအဖို့ သူကို မြင်ရဖို့ဆိုတာ အခွင့်ရေးနည်းပါး လှဧ။်  ။ သေချာသွားတာကတော့ ကျွန်မရဲ့  ပိတ်ရက်တိုင်းမှာ သူရှိနေမယ့် နေရာကို ရောက်နေတော့မည် ဆိုတာပါပဲ ။
ဒီချိန်ကစလို့  တနင်္ဂနွေတိုင်းကို ကျွန်မ ချစ်မြတ်နိုးတတ်လာပါသည် ။ တနင်္ဂနွေ
တိုင်း သူဆိုင်မျက်စောင်းထိုးက ခုံတန်းလျားလေးမှာ ကျွန်မရှိနေတတ်ပါပြီ။ ဘယ်လောက် ရူးသလဲ ။ လှုပ်ရှားမှုမရှိခဲ့တဲ့ ကျွန်မနှလုံးသားတစ်စုံဟာ သူနဲ့တွေ့မှ စတင် အလုပ်လုပ်တတ်
ခဲ့သည် ။ ကျွန်မ သူကို သိပ်ချစ်သည် ။ အချစ်ဆိုတဲ့ အရသာကို ကျွန်မ နှစ်သက်ပါသည် ။
တစ်ပတ်မှာ ခြောက်ရက်တိတိ သူ့ကို လွမ်းရတဲ့ ဝေဒနာကို ကျွန်မ မက်မောသည် ။ သူ သိသိ မသိသိ သူကို ကျွန်မချစ်နေရတာကိုလည်း ကြည်နူးမိပါသည် ။ သူဆိုင်ရှေ့က ခုံတန်းလျား
လေးမှာ ကျွန်မရဲ့ ပိတ်ရက်အချိန်တွေကို ကုန်ဆုံးစေရတာ ကျွန်မအတွက်သိပ်ကို ကျေနပ်စရာ
ကောင်းနေခဲ့ပါဧ။် ။

မနက်ခင်းလေး တစ်ခုကနေ အစပြုကာ သူကို တွေ့ခဲ့ရသည် ။ အမှတ်မထင် အခိုက်တန့်လေး
မှာဘဲ သူကို ကျွန်မ သိပ်ချစ်သွားခဲ့သည် ။ မစခင်ထဲက သိမ်းနေရတဲ့ ကျွန်မတို့ ဇာတ်လမ်း။
ရင်နာနာနဲ့ ကနေရသလိုပါပဲ ။ ဘာမှ ဖြစ်မလာနိုင်ဘူးဆိုတာ သိနေပေမယ့် သူကို ကျွန်မ
သိပ်ချစ်ပါသည် ။ သူဘက်က ကျွန်မကို ချစ်လာခဲ့သည်ဆိုရင်တောင် လက်ခံဖို့ ကျွန်မ အသိ
တွေက ခွင့်မပြုကြပါဘူး ။ အဝေးကနေ သူမသိအောင် ချစ်နေရတဲ့ ဘ၀လေးကိုဘဲ ကျေနပ်
နေမိသည် ။ တစ်ခါတစ်ရံ အမှတ်မထင် အကြည့်ချင်းစုံမိတဲ့ အကြိမ်တိုင်း  ပရမ်းပတာ ခုန်သွားတတ်သည့် ကျွန်မ ရင်ခုန်သံတွေကို  သူကြားများ သွားလေမလားလို့ စိုးရိမ်ခဲ့ရတာ အကြိမ်ကြိမ် ပါပဲ ။

အမှတ်မထင် တွေ့ဆုံမှုတွေကို အဆုံးသတ်စေဖို့ ရာဇသံတစ်ခု ကျလို
လာခဲ့ပါပြီ ။ ကျွန်မ မြန်မာပြည်သို့ ပြန်ရပါတော့မည် ။ သူနဲ့ ခွဲရမယ်ဆိုတဲ့ အသိက ကျွန်မ
အတွက် ခံစားရဆိုးတဲ့ ဆေးခါးကြီး တစ်ခွက်လိုပါပဲ ။ အမှတ်မထင် ချစ်ခဲ့ရပေမယ့် ကျွန်မ
သူကို သိပ်ချစ်ခဲ့ပါဧ။် ။ သူနဲ့ ကျွန်မအတွက် နောက်ဆုံးတွေ့ဆုံခွင့်ရတဲ့ တနင်္ဂနွေလေးမှာ
သူကို ကြည့်နေကြ ခုံလေးမှာ ထိုင်ရင်း သူပုံလေးတစ်ပုံကို အမိရ ဓာတ်ပုံ ရိုက်ယူ ခဲ့ပါသည်။
သူရှိတဲ့ ဆိုင်လေးထဲကို ကျွန်မ ၀င်ခဲ့သည် ။ သူကိုယ်တိုင် ပြင်ပေးတဲ့ ဆံပင်လေးကို ကျွန်မ
ပိုင်ဆိုင်ချင်ပါသည် ။ အဲဒီနောက်ဆုံး တွေ့ဆုံမှုလေးဟာ ကျွန်မ အတွက် အဓိပ္ပါယ် များစွာ
ရှိစေခဲ့ပါသည်  ။ သူကိုယ်တိုင် ကျွန်မဆံနွယ်လေးတွေကို ပြုပြင်ပေးနေတဲ့ အချိန်ဟာ သူနဲ့ ကျွန်မ အတွက် နောက်ဆုံး အနီးကပ်နေခွင့်ရရှိခြင်းဆိုတဲ့ အသိဝင်ရောက်လာတော့ ကျွန်မ
ရင်တွေ တုန်ရီမောဟိုက်လာဧ။်  ။ စွဲလန်းမြတ်နိုးရလွန်းသူ ချစ်သူလေးရယ် ငါရင်တွေ
တစ်စစီ ကွဲကြေခဲ့ရပါပြီ ။ သူကို ကျွန်မ ရင်ထဲမှာ နာမည်လေး တစ်ခုကို တိတ်တခိုးလေး
ပေးထားမိပါသည် ။ * ကောင်လေး * ကျွန်မ သိပ်ချစ်ရတဲ့ ကောင်လေး ပေါ့ ။ ကောင်လေး
ရယ် မင်းအကြောင်းတွေ တွေးနေရရင်တောင် ကျွန်မက ကြည်နူးနေတတ်တစ်ယောက်ပါ။
သူ့ဆိုင်လေးထဲက ပြန်ထွက်လာချိန်မှာတော့ ကျွန်မခြေလှမ်းတိုင်းဟာ အဓိပ္ပါယ်မဲ့နေခဲ့ပါပြီ ။

ဒီလိုနဲ့ အမိမြေကို ပြန်ရောက်ခဲ့ရပါပြီ  ။ ပြန်ရောက်တာနဲ့ ကျွန်မ ပထမဆုံးလုပ်ဖြစ်တာက ဖုန်းထဲမှာ ရှိနေတဲ့ ကောင်လေးပုံလေးကို  လူတစ်ရပ်စာလောက် အမြင့် ရှိတဲ့ ဓာတ်ပုံ
သွားထုတ်ခဲ့သည် ။  ကောင်လေးပုံလေးကို ကျွန်မ အခန်းထဲမှာ မြတ်မြတ်နိုးနိုး ချိတ်ဆွဲထား
ခဲ့သည် ။ နေ့တစ်နေ့ကို အစပြုတယ်ဆိုရင်ဘဲ ကောင်လေးမျက်နှာလေးကို အရင်ဆုံးတွေ့
မြင်ခွင့်ရနေခဲ့တာဟာ ကျွန်မအတွက် ဘုရားပေးတဲ့ ဆုတစ်ခုလိုပါပဲ ။ အချိန်တွေ နှစ်တွေ
ဘယ်လို ပြောင်းပြောင်း ကျွန်မရင်ထဲက ချစ်ခြင်းတရားကတော့ မြူမှုန်တစ်မှုန်စာတောင်မှ
ပြောင်းလဲခြင်း မရှိခဲ့ပါဘူး ။ ကျွန်မအိမ်က ဘယ်လို အကြောင်းအရာတွေနဲ့ တိုက်တွန်းစေ
ကာမူ အိမ်ထောင်ပြုခြင်း ကိစ္စကို ကျွန်မခေါင်းထဲက အဲပြီးတိုင် ထုတ်ပယ်ထားပစ်ခဲ့သည်  ။
ကျွန်မချစ်တဲ့ သူကို မပိုင်ဆိုင်ရရင်လည်း နေပါစေ ။ ကျွန်မ မချစ်မနှစ်သက်သော သူကိုလည်း
ဘယ်တော့မှ ကျွန်မ လက်မထပ်လိုပါ ။ ကျွန်မ ရင်ထဲတွင် ကောင်လေးကို တိတ်တခိုးလေး
ချစ်နေရရင် ကျေနပ်နေပါပြီ ။ ဒီလိုနဲ့ အလုပ်တွေထဲမှာ စိတ်ရော လူပါ နှစ်ထားလိုက်တာ ရက်ကိုလစား ၊ လကို နှစ်စား ၊  အချိန်တွေ အချိန်တွေ အကုန်မြန်လိုက်တာ ခုဆို ကျွန်မ
အသက် 45တိုင်ခဲ့လေပြီ ။ ကောင်လေးကို ချစ်တဲ့ အချစ်တွေကလည်း အေချမ်းစွာ တည်မြဲနေဆံပါပဲ ။ ကောင်လေးအပေါ်ထားတဲ့  မြတ်နိုး တွယ်တာမှုတွေက
ကျွန်မကို ပျော်ရွှင် ကျေနပ် မှူတွေကိုပေးစေခဲ့ပါသည် ။ ဘယ်လောက်ထိ
စိတ်ကူးယဉ်တတ်တဲ့ ကျွန်မလည်းဆိုရင် မလေးရှားကနေပြန်လာပြီး နောက်ပိုင်း လုပ်ဖြစ်
သမျှ အလှုတိုင်းမှာ နှစ်ဖက်မိဘတွေကို အမှူးထားပြီး  ကောင်လေး နှင့်ကျွန်မ နှစ်ယောက်
နာမည် တွေနဲ့ချည်း လှူဒါန်းဖြစ်ခဲ့သည် ။ အဖြစ်ပျက်လေးတွေဟာ အခိုက်တန့်တွေ့ဆုံမှု
လေးတစ်ခုဆိုပေမယ့် ပြန်တွေးမိတိုင်း ကျေနပ်ပီတိ ဖြစ်ခဲ့ရသည် ။ ကောင်လေးနဲ့ ပတ်သတ်
လာရင် ပျော်ရွှင် ကျေနပ် မှူတွေနဲ့ ပြည့်နှက်နေခဲ့ရသူပါ ။ သူ ကျွန်မကို ချစ်သည်ဖြစ်စေ
မချစ်သည်ဖြစ်စေ ကျွန်မသူ့ကို သိပ်ချစ်ပါသည် ။ သူကလွဲရင် ဘယ်သူမှ မရှိတော့အောင်ကို
ကျွန်မအချစ်တွေ အားလုံးသူ့ဆီမှာ ပုံအောခဲ့သူပါ ။ တစ်ခုတော့ ရှိပါသည်း နှလုံးသားရဲ့
ချစ်ခြင်းတရားကို လွတ်လပ်စွာ ခံစားချစ်တတ်ခဲ့သော်ညားလည်း အသိဥာဏ်ရဲ့ ဘရိတ်ထား
ခြင်းကိုလည်း ကျွန်မ ကျေနပ်စွာ နာယူနိုင်ခဲ့ပါသည် ။ ဘာသာတရား မတူညီ ။ လူမျိုးမတူညီ
တဲ့ ကျွန်မတို့နှစ်ယောက် နှစ်ကိုယ်တူ ချစ်ကြဖြူခဲ့ပါလျှင် ကျွန်မတို့ ချစ်ခြင်းတွေ ခုချိန်ထိ
ခိုင်မြဲနိုင်ဖို့ မသေချာပါ ။ ဘ၀အဖော်မွန်ရွေးကြတဲ့နေရာမှာ သစ္စာမေတ္တာတွေအရေးပါကြ
သလို ဘာသာတရားတူညီမှု ၊ လူမျိုးတူညီမှုဆိုတာတွေဟာလည်း အဓိကနေရာမှာ ရှိနေပါ
သည် ။ ဒါတွေကို လစ်လျှူရှု့ထားဖို့ကို နှလုံးသားက လှိုးဆော်ပေမယ့် ဦးနှောက်အသိက
တော့ ငြင်းဆန်နေခဲ့ပါသည် ။ အင်္ဂလိပ် ကဗျာဆရာကြီး အဲလ်ဖရက်တင်နီဆင်(Alfred Tennyson) က “ ချစ်ပြီးတော့ ယင်းအချစ်ကိုဆုံးရှုံးလိုက် ရခြင်းသည် ဘယ်တော့မှ မချစ်ဘူးတာထက်တော့ ပိုကောင်းပါသည်” ဟုဆိုခဲ့ဖူးပါသည်။ ကျွန်မသည်လည်း အချစ်ကို
တွေ့ရှိခံစားခဲ့ဖူးပါသည် ။ ခုချိန်ထိလည်း မြတ်နိုးစွာ ထိုအချစ်ဆိုသည့်အရာကို တန်ဖိုးထား
နေခဲ့ပါသည် ။ သို့သော် ထိုအချစ်ဆိုသည့် အရာကို ဖမ်းဆုပ် ပိုင်ဆိုင်ဖို့ကိုတော့ ဘယ်သော
အခါမှ ကျွန်မ ကြိုးစားတော့မည်မဟုတ်ပါ ။ အဘယ်ကြောင့်ဆိုသော်
ကျွန်မသည် ဗုဒ္ဓဘာသာဝင် မြန်မာအမျိုး သမီးတစ်ယောက်ဖြစ်နေခဲ့သော ကြောင့်ပင် ဖြစ်ပါသည်  ။
ခိုင်လေး ( ရွှေတောင် )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...