Saturday, October 12, 2013

ရွာလည်တဲ့ စာ


ထုံးစံအတိုင်းပေါ့ဗျာ။ မနက်လင်း တာနဲ့ ဒီထုံးစံအတိုင်းဆိုတာကြီးက စ တော့တာပါပဲ။ ပထမဆုံးကတော့ တစ် . . .နေရာယူ။ မနက်ကနေ စတယ်ဆို တော့ ကာယလေ့ ကျင့်ခန်း လုပ်မလို့ လား ထင်ပါမယ်။ ဟုတ်ပါဘူးဗျာ။ ဘတ်စ်ကား စောင့်နေတာပါ။ အဲဒီလို နံပါတ်တစ် နေရာယူပြီးတာနဲ့ ဟောလာ ပါပြီဗျာ။
လမ်းကို ကန့်လန့်ဖြတ်ကွေ့ပြီး ဂငယ်ကွေ့ထိုးဆိုက်လာတဲ့ ကားသေး သေးကွေးကွေး။ ဟုတ်ပါပြီ ဒါဆို နံပါတ် ရယ်တဲ့မှနှစ်။ အပြေး တက်ကြဟေ့။ အဲဒီအချိန်မှာတော့ စိုင်းထီးဆိုင် သီချင်း ကောင်း တစ်ပုဒ်တော့ အား နာပါတယ်။ တောင်းပန်ပါတယ်။ တကယ်လိုက်ဖက် လို့ပါဗျာ။ ဟိုသီချင်းဗျာ။ တစ်ကြောင်း တည်းယူသုံးမှာပါ။ xxx ပျိုတယ် အို တယ်ဆို တဲ့ ကျဉ်းမြောင်းတဲ့ အယူအဆ တွေနဲ့xxxx— တကယ်ပါပဲဗျာ။ ဒီလို ကားဆိုက်လို့ ပြေးတက်ရပြီဆိုမှဖြင့် အပျိုလေးလည်း နုနေ နွဲ့နေလို့မရ။ အအိုမို့လို့ ဘာလို့နဲ့ လည်း ညှာ တာနေ မှာမဟုတ်။ အစီအစဉ်အရ ကိုယ်တစ် ခြမ်းပဲရရ၊ တစ်ဝက်ပဲရရ ကားပေါ် ခြေ ချနိုင်ပြီဆို အောင်မြေတစ်ဝက်နင်းပြီ ပေါ့ဗျာ။ အစီအစဉ်သုံးကတော့ ထုံးစံ အ တိုင်း ကားပေါ်က နိစ္စဓူဝ ရင်ဆိုင်ရတာ တွေပေါ့။
တိုင်းလုံးကျော်ရယ် ဘာမှ မဆန်းတာကို အဆန်းလုပ်ရေးနေပါ လားလို့ စိတ်အလိုစောပြီး ဘုမတော ပါနဲ့ဦး။ ဒီလိုဗျ။ တိုင်းလုံးကျော်တို့လို လူတန်းစားတွေက ဘတ်စ်ကား နဲ့ မကင်း တော့ နေ့စဉ် အသွားအပြန် စီးနေခဲ့ရ တာကြာလာတာနဲ့အမျှ ဘတ်စ်ကားပေါ် မှာ လူတွေရဲ့စိတ်နဲ့ စရိုက်စုံကို တွေ့ရ တာပေါ့။ အဲလိုတွေ့ရလေ တိုင်းလုံး ကျော် အတွက်တော့ ပညာတွေတိုးလေ ပါပဲဗျာ။

ဘာပညာတွေလဲဆိုတော့ လူတွေ ရဲ့အတ္တတွေ မြင်ရတယ်။ ခဏတာလေး စီးရမယ့် ကားပေါ်မှာတောင် နေရာလို ချင်ပြီး အကြီးအငယ် မညှာတာတဲ့ တစ် ကိုယ်ကောင်း စိတ်တွေ မြင်ရတယ်။ အခွင့်အရေးသမားတွေ မြင်ရတယ်။ လူသားချင်းစာနာမှုတွေ မြင်ရတယ်။ ဘဝအမောတွေ မြင်ရတယ်။ ဘတ်စ် ကားဟာ တကယ့် ကို ကျောင်းေ တ်ာကြီး လိုပါပဲလားဗျာ။ တကယ်တော့ ဘတ်စ် ကားစီးရတဲ့ဒုက္ခဟာ နေ့စဉ်ကြုံနေရပေ မယ့် ရိုးမသွားဘူးဗျ။ လူတွေလေ စက် ရုပ်မှမဟုတ်တာ။ အလုပ်သွား ဖို့ လန်း လန်းဆန်းဆန်းမဖြစ်ရ (ကားကျပ်တာနဲ့ ကားပိတ်တဲ့ဒုက္ခက အတော်ဆိုးသကိုး)။ အိမ်ပြန်ဖို့ပင်ပန်းရ (ကားကျပ်တာနဲ့ အလုအယက် တိုးစီးရတဲ့ ဒုက္ခကလည်း ဆိုးပါ့)။ သေ ချာတာကတော့ စီးနေတဲ့ လူဦးရေနဲ့အရေအတွက်က မျှကို မမျှ တာပါ။ ဒါကိုလည်းပြောတာ ထပ်နေ ပါပြီ။ အဲလိုမမျှပေမယ့် ကားတွေက တော့ ကိုက်မယ်ဗျ။ ကားမေ လာက်လေ တစ်စီးတစ်စီးဆို အလုအယက်စီးကြ ရတော့ ဒီကဆွဲနေတဲ့ အန်းတိတ်ကား တွေရဲ့ မူရင်းထုတ်လုပ်သူတွေ သာ မြင်ရင် သူတို့ထုတ်တဲ့ကား လူဦး ရေ သတ် မှတ်ထားတာထက် ဆံ့နိုင် မောင်း နိုင်တာမြင်ရင် အံ့သြကြမှာပါပဲဗျာ။

အဲဒီမှာလည်း အထူးကားဆိုပြီး ပေါ်လာ တဲ့ကားတွေကလည်း ကျပ်ညပ်စုတ်ပြတ် နေတာအများကြီး။ ခုံတွေကလည်း ဘယ်လိုဥာဏ်နဲ့ တပ်ထားတယ် မသိ။ ကွေးမရ ဆန့်မရ။ ဘယ်နှယ့်ဗျာ။ တိုင်း လုံးကျော်တို့ မြန်မာလူမျိုးတွေလည်း တော်တော်ခံနိုင်ရည်ရှိတဲ့ လူတွေ။ ကား ကျပ်တာတစ်မျိုး၊ အပေါက်ဆိုးဆိုး စပယ်ယာ နဲ့ တွေ့ရင် တစ်မျိုး။ ဒေါ်မြ လေး လေသံနဲ့ဆို ပြောကိုမပြောချင် ဘူးပေါ့လေ။ နောက်ထပ်ရတဲ့ ပညာ ကတော့ နေရာလုခြင်းဆိုတာနဲ့ တစ် ကိုယ်ကောင်း ဆန်ခြင်းတွေ ပါပဲ။ အား လုံးပင်ပန်းကြမှာပါဗျာ။ ဒါပေမဲ့ နုနု နယ်နယ် မိန်းမငယ်လေးတွေက ကိုယ့် ရှေ့မှာမတ်တပ်။ ကိုယ်က အခန့်သား ကြီး ခုံမှာအားနွဲ့ သူလုပ်နေ တာမျိုးကျ တိုင်းလုံးကျော် လည်း ကြုံဖူးပါတယ်။ မျက်နှာမထားတတ်ဘူး။ တိုင်းလုံးကျော် တော့ဖြစ်နိုင်ရင် မတ်တပ်ပဲစီးတာများ ပါတယ်။ ချောင်ချောင် ချိချိအချိန် ဆိုရင် တော့ တစ်မျိုးပေါ့လေ။ တကယ်က ဒါက ဘာမှမဟုတ်ဘူး မထင်နဲ့ဗျ။ တ ကယ်ပြောတာပါ။ ဒါ ကားစီးတာဆို ပေမယ့် ဒါဟာ စိတ်ဓာတ်ယဉ်ကျေးမှုပဲ။ အနစ်နာခံ တတ်တဲ့စိတ်ကို ပျိုးထောင် ခြင်းတမျိုးပဲ။ ဘယ်သူမှလည်းမသိဘူး။ ဆုတံဆိပ်လည်း မရပေမယ့် ဒါဟာ လူ လူချင်းကြားက တန်ဖိုးပဲဗျ။ တိုင်းလုံး ကျော် အဲလိုပဲယုံပါ တယ်။ နေရာမလု တာ၊ ၊ နှမသားချင်း စာနာတာ၊ အခွင့်အ ရေးပိုမယူတာတွေဆိုတာက တိုင်းလုံး ကျော်တို့ဆီမှာ မွေးမြူစရာ၊ ပျိုးထောင် သင်ကြားပေးစရာနေရာက ရှားပါတယ်။ အပိုပြောနေ တယ် မထင်ပါနဲ့ဗျာ။ ဒီလို အခြေခံစိတ်တွေမရှိတော့ ဘာဖြစ်လဲ မေးမယ်။ ဘာဖြစ်လဲ။ ကဲ ဘာဖြစ်ကြ သတုန်း အရပ်ကတို့။

အိမ်ကမိဘတွေကလည်း စားဝတ် နေရေးငွေရှာပေး ကျေးဇူးကြီးပေလောက် ပဲ အသုံးဝင်တာ။ ကျောင်းမှာကျတော့ လည်း လာမူကြိုဆီး ထံနီးလုပ်ကျွေးစာ ရင်းပေး ကျူ ရှင်တက်ဖို့သာဆိုတော့ကာ ကလေးတွေလည်း တခြားပညာရပ်တွေ မှာ တော်ချင်တော် တတ်ချင်တတ်မယ်၊ လူသားစိတ်ကလေးတွေကတော့ ခပ် မာမာ ခပ်ထန် ထန်ေ လးတွေ ထင်ပါရဲ့ ဗျာ။ မြို့ပြရဲ့ထုံးစံအတိုင်း ဘဝရပ်တည် မှုခက်ခဲတာရယ်၊ လူနေမှုစရိတ်ကြီး မြင့် မှုတွေရယ်က ဖိစီးနေတော့ လူကြီးတွေ လည်း ကလေးတွေကို အသိ ဥာဏ်ကောင်း တွေ ပေးချိန်မရ။ လူတွေက ငွေရဖို့ သက်သက် စိတ်ပဲကျန်တော့ရင် ကရု ဏာတို့၊ မေတ္တာတို့ ၊ မုဒိတာတို့တွေ လည်း ဝေလာဝေး။ အသား လိုလို့ အရိုး တောင်း၊ ရော့ပတ္တမြား ရော့နဂါးဆိုတဲ့ အပေးအယူကမ္ဘာကြီး ဖြစ်တော့မှာပါပဲ။ အဲလိုသာဆို ကိုယ်ချင်းစာစိတ်တွေ၊ ဝေမျှ အနစ်နာခံတာတွေက ပိုပိုခန်း လာ တော့မှာ ပါ။ အဲဒီတော့ဘာဖြစ်လဲ ဆို တော့ ကမ္ဘာကြီးက အထိမခံရွှေပန်းကန် လို ထိတာနဲ့ကွဲ၊ ငြိတာနဲ့ ဆော်ဆိုတဲ့ ဟို နေရာလည်း စစ်၊ ဒီနေရာလည်းစစ်။ ငါ့ အတွက် ငါ့ဟာ ငါမှငါ ဆိုတဲ့ အရိုင်းအ စိုင်း ယဉ်ကျေးမှုကြီး ထွန်းကားလာတော့ မှာပါဗျာ။ ဒါတွေကတော့ တိုင်းလုံးကျော် ရဲ့ ဘတ်စ်ကားပေါ်မှ အတွေးများပါပဲ။ ဒီရက်ထဲ ထူးထူးခြာြး ခားတွေ မရှိပေမယ့် နှစ်ပေါင်း ငါးဆယ်လောက်အဆက်ပြတ် နေတဲ့ မယ်စကြာဝဠာပြိုင်ပွဲကို ဒီနှစ်မှာ မြန်မာနိုင်ငံက ပထမဆုံးပြန်ပြီး ဝင် ရောက်ယှဉ်ပြိုင်ဖို့ လူရွေးတဲ့ ပွဲလေး က တော့ အများကြိုက်ပေါ့လေ။

ဒီပွဲကို လည်း စကိုင်းနက်ဆိုတဲ့ ရုပ်သံမီဒီယာ ကြီးက တိုက်ရိုက်လွှင့်တော့ အချိန်နဲ့ တစ်ပြေးညီ ငမ်း အဲ ကြည့်ခွင့်ရကြ သည် ပေါ့လေ။ နိုင်ငံ တကာပွဲ ဆိုတော့ လည်း နိုင်ငံ တကာ စံနှုန်းပေါ့လေ။ ဒီလိုနဲ့ ဖေ့စ်ဘွတ်မှာလည်း ဆုရသွားတဲ့မယ်လေး မိုးစက်ဝိုင် မိုးစက်ဝိုင် ဆိုတာနဲ့ ပြည့်သွား ပါလေရောလား။ ဒါက မဆန်း ပါဘူး။ ဒါပေမဲ့ တိုင်းလုံးေ ကျာ်ဘဝင် မကျတာက ဒီကလေးမက ဘယ်နှယ့် ပွဲ မတိုင်ခင်က တည်းက ရေပန်းစားနေတာ တော့ နည်းနည်းဆန်း တယ်ထင်တာပါ ပဲ။ ဘာလို့ ဆို အစိမ်းသက် သက်ကြီး လေ။ တိုင်းလုံးကျော်အတွက် ပြောတာ နော်။ အဲလိုစားတဲ့ အတိုင်းလည်း ရသွား လေတော့ရာ အင်း ထင်ပေါ်လို့စင်တော် ကကောက်တယ်ပဲလို့ လက်ခံပါတယ် ဗျာ။ တိုင်းလုံးကျော်က အဲဒီလိုင်းသိမှ မသိဘဲလို့နော်ဗျာ။ ဘာပဲဖြစ်ဖြစ် ကြည့် ရတာ ကောင်းလိုက်တာ အဲ လှပါတယ် ပြောတာပါဗျာ။ နောက်ထပ် ထူးခြားတာ ကေ တာ့ ဒေါ်အောင်ဆန်းစုကြည်က မီဒီယာတွေ ကို ထောက်ပြဝေဖန်တဲ့အ ချက်နဲ့ မီဒီယာအချို့ရဲ့ ဘီလူးဆိုင်း တွေ ပါပဲ။ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

မီဒီယာတွေဟာ နိုင်ငံရေး သမားတွေ၊ လွှတ်တော်အမတ်တွေကို မေးတဲ့အခါ အားမနာတမ်း မေးသ လောက် အစိုးရကိုကျ သူတို့ ရှောင်ဖြေ တဲ့အခါ ရှောင်ဖြေ တာကို နားလည်ပေး ပြီး ညှာမေးနေတာ မဖြစ်သင့်ဘူးလို့ ဆို လို တာပါပဲ။ အဓိကကတော့ဗျာ။ တာ ဝန်ယူမှုရှိနေတဲ့ အစိုးရအနေနဲ့ တာဝန် ယူဖြေနိုင်ဖို့လိုတဲ့အတွက် မီဒီယာအနေ နဲ့ သိလိုတာမေးတာပဲ၊ သူတို့တွေ ရှောင် တာကို လှည့်ထွက်တာကို မျက်ခြည်မ ပြတ်မေးရမယ်။ ဖြေတာ မဖြေတာက တော့ သူတို့သမိုင်းပေါ့။ ဒီလိုဆိုလိုတာ ပါ။ တိုင်းလုံးကျော်တော့ ထောက်ခံပါ တယ်။ ဟုတ်တယ်လေဗျာ။ သူတို့က အမြဲလို တိုင်းလုံးကျော်ကြားဖူးတာက တော့ ”ဒါကတော့ဗျာ။ ကျွန်တော်တို့မှာ လည်း အခက်အခဲရှိပါတယ်။ အားလုံး လည်းသိတဲ့အတိုင်းပေါ့လေ” ဆိုတဲ့ စကားဗျ။ ဆိုလိုတာက သူတို့ပြောချင် တယ်။ ဒါပေမဲ့ ပြောမရဘူးး အလုပ် ပြုတ်မယ် ဘယ်လိုပေါ့။ ဘာဆိုင်တုန်းဗျ။ အားလုံးလည်းသိတဲ့အတိုင်းပဲလို့ ကြား တိုင်း တိုင်းလုံးကျော်ကလိကလိဗျ။ မသိ ပါဘူးဗျာလို့ တကယ်ဆို ထလုပ်လိုက် ရမှာ။ ဟုတ်တယ်ေ လ။ မေးတယ် ဖြေရုံ ပေါ့။ အင်း ဒါလည်း အသားမကျသေး လို့လား။ သတင်းရင်းမြစ်ရှားပါးတဲ့အ တွက် နောက်သတင်းမရမှာကိုစိုးလို့ငဲ့ ကြတာလားတော့မ သိ။ ဒေါ်စုပြော သလို မီဒီယာကလည်း ခပ်ရဲရဲနဲ့ သိသင့် သိ ထိုက်တာတွေကို တေ့တေ့ဆိုင်ဆိုင် မေး ပြီး မျှတစွာ ဖော်ထုတ်တင်ပြဖို့ကတော့ လိုနေတာ လည်းအမှန်ပါပဲလို့ မီဒီယာ လော ကသားဆိုပေမယ့် တိုင်းလုံးကျော် လည်း လိုအပ်ချက်ကို ထောက်ခံလိုက် ပါတယ်ဗျာ။ အဲအဲ ဒါပေမဲ့ ထင်တာ ထက်ကို ဘီလူးဆိုင်းတီးတဲ့ မီဒီယာ အချို့လ ည်း တွေ့ရသေး သဗျ။ တီးတာမှ တစ်ဖက်ကပြောတဲ့အတိုင်းကို မခြွင်းမ ချန်ကို ရေးပြီးတီးတာပါခင်ဗျာ။ ဒီတော့ သတင်းဆိုတာထက် ပုဂ္ဂိုလ်ရေး ကျကျ ဗြောင် တိုက်သလို မြင်မိပါတယ်။ ဘာ ကြောင့်ဒီလိုပြောသလဲဆို အဲလိုရေး တဲ့စာဟာ စာဖတ်သူအတွက် ဘယ်လိုအသိအမြင် အကျိုးတရားရှိ လဲဆိုတာ ပြန် သုံးသပ်ရမှာမို့ပါဗျာ။ ခက်တော့ လည်း ခက်သားလားဗျ။ ဂျာနယ်တွေ မီဒီယာတွေ ကြည့်လိုက်ရင်လည်း ထုတ် ဝေသူအများစုက အင်း မကင်းရာမ ကင်း ကြောင်းေ တွဖြစ်လိုဖြစ်၊ ကင်းတယ်ဆို လည်း လုပ်ငန်းသဘောအရ ဆက်စပ် ပတ်သက်နေသူတွေသာမက နိုင်ငံရေး

စင်မြင့်ထက်က ကြီးကြီး မာစတာတွေ ဆိုတော့ကာတစ်ခါတလေမှာ ဦးတည် ချက်တွေကလွဲပြီး ရုပ်ပျက်ဆင်းပျက်ဖြစ် နေတာတော့ တိုင်းလုံးကျော် ပွင့်ပွင့် လင်းလင်း ကို ပြောရဲသဗျာ။ အဓိကက တော့ မီဒီယာဟာ ဘယ်သူဘယ်ဝါရဲ့မှ လက်ကိုင်တုတ် မဖြစ်စေချင်သလို၊ ဝါဒ ဖြန့်ဖို့ နားလှည့်ပါးရိုက်လုပ်ဖို့ ခတ်ကွင်း ပြင် ထားတာမျိုးလည်း မလိုလားပါဘူး။ နောက်တစ်ချက်က မီဒီယာဟာ တိုင်း ပြည်တစ်ပြည်အတွက် အရေးပါတဲ့ ဒေါက်တိုင်တစ်ခုမို့ စစ်မှန်မျှတတဲ့ မီဒီ ယာရယ်လို့ပီပီပြင်ပြင် ဖြစ်မလာသေး ခင် အုတ်ရောရော ကျောက်ရောရော တွေကြားညပ်ပြီး အချောင်နာမည်ဖျက်ဖို့ အင်အားချည့်နဲ့ဖို့ လုပ်သလိုဆိုရင်တော့ သတိလေးတော့ထားကြဖို့ တိုင်းလုံး ကျော် လူမိုက် လုပ်ပြီး အသံထုတ်လိုက်ရ ပါကြောင်းဗျာ။

Posted by ခိုင်ရာဇာထွန်း (www.http://myominlatt.ning.com/)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...