Friday, October 4, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၄-၁၀)

သစ်ထူးလွင်



Posted: 04 Oct 2013 06:39 AM PDT

ညမထွက်ရထုတ်ပြန်ထားတဲ့ သံတွဲမြို့နယ်မှာ မီးရှို့မှုနဲ့ဆက်စပ်ပြီး ဖမ်းဆီးနေတဲ့ကြားက အောက်တိုဘာ ၃ ရက်နေ့ ညပိုင်းက မီးရှို့မှုတချို့ ထပ်မံဖြစ်ပွားခဲ့သလို လူတချို့ကိုလည်း ထပ်မံထိန်းသိမ်းခဲ့ပါတယ်။ မနေ့က ညနေပိုင်း ၆ နာရီကျော်လောက်မှာ ဗောဓိကုန်းအရပ်ဖြစ်တဲ့ ငါးရပ်ကွက်၊ ခြောက်ရပ်ကွက်က မွတ်စလင်အိမ်တွေကို ခဲနဲ့ပစ်တယ်၊ အစ္စလာမ်တွေအိမ်မှာ ငှားနေတဲ့ ဗုဒ္ဓဘာသာတွေကို ဖယ်ခိုင်းပြီး ညကျရင် ဘာကြောင့်ဖယ်ခိုင်းတယ်ဆိုတာကို သိလိမ့်မယ်လို့ ပြောတယ်လို့ဆိုပါတယ်။ ရဲကို သတင်းပို့တဲ့အခါ သေနတ် ဆယ်ချက်ပစ်ဖောက်သတိပေးလို့ လူစုကွဲသွားတယ်လို့ ဆိုပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 04 Oct 2013 06:36 AM PDT

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် နတ်မောက်လမ်းသွယ် (၁) လမ်းတွင် အောက်တိုဘာလ ၃ ရက် နံနက် ၃ နာရီ ၃၀ မိနစ်က တိုယိုတာ အငှားယာဉ်မောင်းထံမှ ငွေများ လုယက်ကာ ထွက်ပြေး ခဲ့သည့် လူငယ်လေးဦးကို ယင်းနေ့ နံနက် ၄ နာရီခန့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ဗဟန်းမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။ အဆိုပါ လုယက်ခံရသူ အငှားယာဉ်မောင်းသည် တောင်ဥက္ကလာပမြို့နယ် (၇) ရပ်ကွက်တွင် နေထိုင်သူ အသက် ၄၅ နှစ် အရွယ်ရှိ ဦးအောင်ဇော်ဦး ဖြစ်ပြီး ယင်းနေ့ နံနက် ၁ နာရီခွဲခန့်က သင်္ဃန်းကျွန်းမြို့နယ် ဘက်သို့ မောင်းနှင်လာစဉ် ဘီအိုစီ မှတ်တိုင်အနီး၌ လူငယ်လေးဦးက ဗဟန်းမြို့နယ် ဖိုးစိန်လမ်းသို့ ငှားရမ်းခဲ့ပြီး နတ်မောက်လမ်းသွယ် (၁) လမ်းသို့ ပို့ဆောင်ခိုင်းရာမှ ယင်းလမ်းအရောက်တွင် ကားနောက်ခန်းတွင် ထိုင်နေသူ လူငယ်သုံးဦးက ယာဉ်မောင်း ဖြစ်သူ၏ ပါးစပ်ကို လက်ဖြင့်ပိတ်ကာ စကေဘာဖြင့် လည်ပင်းကို ထောက်ပြီး၊ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဓါတ်ပုံ - Yangon Police


Posted: 04 Oct 2013 06:31 AM PDT

မန္တ လေးမြို့သစ်ရှိ ပန်နာဆိုးနစ် ကုမ္ပဏီ(မန္တလေးရုံးခွဲ)အတွင်း လူသုံး ဦးအသတ်ခံရမှုဖြစ်စဉ်တွင် တရား ခံအား အမြန်ဆုံးဖမ်းဆီးရမိရေး အတွက် အမှုစစ်အဖွဲ့ ဖွဲ့စည်း ပြီး ဖော်ထုတ်သွားမည်ဖြစ်ရာ မသင်္ကာ ဖွယ်ရာလူတစ်ဦးကိုလည်း စတင် စစ်ဆေးနေပြီဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ သေဆုံးသူ သုံးဦးစလုံးသည် မျက်နှာနှင့် ဦးခေါင်းတို့တွင် ထု ရိုက်ဒဏ်ရာများ ရရှိထားသည်ကို စစ်ဆေးတွေ့ရှိရပြီး ကုမ္ပဏီမန်နေ ဂျာ ဦးလှဖုန်းကျော် ၏ ပြောဆို ချက်အရ ကုမ္ပဏီအပေါ်ထပ်အ ရှေ့ဘက်ခန်းရှိ အမြင့်သုံးပေ၊ တစ် ပေခွဲပတ်လည်အကျယ်ရှိ Leeco အမျိုးအစားမီးခံသေတ္တာသော့ အား မာသောကိရိယာဖြင့်ဖွင့်ရန် ကြိုးစားမှုတွေ့ရှိရသော်လည်း ပစ္စည်းတစ်စုံ တစ်ရာပျောက်ဆုံးမှု မတွေ့ရကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်တိုင်းမ်နေ့ စဉ်သတင်းစာသို့ ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 04 Oct 2013 06:28 AM PDT

ပြည်ထောင်စုလွှတ်တော်က  ဖွဲ့စည်းပေးထားတဲ့  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီဟာ   ဖွဲ့စည်းပုံပြင်ဖို့   ပြည်သူ့ဆန္ဒအကြံပြုချက်တွေ ရယူသွားမယ်လို့  သတင်းထုတ်ပြန်လိုက်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး အများပြည်သူတွေရဲ့ သဘောထားကို ကျယ်ကျယ်ပြန့်ပြန့်သိရှိဖို့ ကော်မတီအနေနဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး နဲ့ တရားစီရင်ရေး မဏ္ဍိုင်တွေဆီက လေ့လာသုံးသပ် အကြံပြုချက်တွေကို ပြည်ထောင်စုလွှတ်တော်က တဆင့် တောင်းခံသွားမယ်လို့ အောက်တိုဘာ ၃ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်တာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 04 Oct 2013 02:51 AM PDT


ကျွန်တော် (ဦးစိုးသိမ်း) ရယ်၊ ဦးအောင်မင်းရယ်၊ ဦးခင်ရီရယ် ပြောရင်တဲ့ ပြောတဲ့ လူတွေဟာ ဟတ်လိုင်နာ တွေပဲဆိုတော့ သူတို့က ဘာတွေလဲ မသိဘူး။ ဟတ်လိုင်နာဆိုတဲ့ လူတွေကို ထောက်ပြစမ်းပါ ဘယ်နားမှာလဲ။ ဘာလို့ ဟတ်လိုင်နာလို့ ခေါ်လဲ။ ဘယ်သူတွေက ဟတ်လိုင်နာတွေလဲ နည်းနည်းလေး ဖော်ပြစမ်းပါလို့။ ဒါပေမဲ့ တစ်ယောက်က ပြန်ရေးထားတယ် မဟုတ်လား”” ဟု ၄င်း၏ သဘောထားကို ဦးအောင်သောင်းက ဟက် ဟက်ပက်ပက် ရယ်မောလျက် ပြောကြားခဲ့သည်။


သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 04 Oct 2013 02:46 AM PDT

”ရေယာဉ်ပေါ်တွင် ဈေးမရောင်းရ၊ တွေ့ရှိ ပါက ဒဏ်ငွေ ၅ဝဝဝ ဆောင်ရမည်”ဟူသော ဆိုင်းဘုတ်မှာ ပန်းဆိုးတန်း ဒလသွား ကူးတို့ရေ ယာဉ်ပေါ်တွင် ရေးသားထားသော ဌာနဆိုင်ရာ အမိန့်တစ်ခု ဖြစ်ပါသည်။ သို့သော် ကူးတို့ရေယာဉ်စီးဖူးသူတိုင်း ကြုံ တွေ့ရသည်ကား ယင်းသင်္ဘောပေါ်တွင် ဈေးရောင်း ချသူ၊ ဈေးသည်များ၏ဒုက္ခဖြစ်ပါသည်။ သင်္ဘော ပေါ်တွင် လွတ်လပ် နယ်မြေလို၊ မိမိအိမ်လို၊ ဆိုင် လို၊ တစ်ဦးနှင့်တစ်ဦး နောက်ကြ၊ ပြောင်ကြ၊ဆော့ ကစားကြ၊ အသံမျိုးစုံဖြင့် ကြော်ငြာမျိုးစုံဟစ်အော် ရောင်းချနေသည်မှာလည်း နားကွဲမတ တ်ပင်၊ မည်သူမျှ မပိတ်ပင်၊ မည်သူမျှ မတားဆီးပါ။ ညွှန် ကြားချက်ကိုလည်း မည်သူမျှ ဂရုမစိုက်ပါ။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 04 Oct 2013 02:42 AM PDT

မီဒီယာများတွင် ရေးသား ဖော်ပြခဲ့သည့် နိုင်ငံခြားဘဏ်တွင် ငွေစားရင်း ငါးခုဖြင့် ကန်ဒေါ်လာ၁၁ဘီလီယံ စာရင်းဖွင့်ထားမှုနှင့် ပတ်သက်၍ မသိကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ်ဥက္ကဌက ပြည်ထောင်စု လွှတ်တော်တွင် ငြင်းဆိုလိုက်သည်။ “ဗဟိုဘဏ်ရယ်၊ နိုင်ငံတော်ပိုင်တဲ့ ဘဏ်တွေ ရှိပါတယ် MFTB၊ MICB ၊MEB တို့ပုဂ္ဂလိက ဘဏ်တွေကိုလဲ နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့် ပေးထားတဲ့ အတွက်ကြောင့် သူတို့မှာ လဲနိုင်ငံခြား ငွေစားရင်းတွေ ဖွင့်ထားပါတယ်၊ အဲဒါတွေ စုစုပေါင်း ဟာ ၁၀၊၉၊၂၀၁၃ရက်နေ့မှာ ရှိတဲ့ နိုင်ငံခြားငွေ စုစုပေါင်း (၇ဒဿမ၆)ဘီလီယံဆိုတာ အနီးစပ်ဆုံး ယူထားတဲ့ စားရင်းပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 04 Oct 2013 02:06 AM PDT

သတင်းစာနဲ့ ဂျာနယ်တွေမှာ ဖော်ပြနေတဲ့ မြန်မာနိုင်ငံက ဘဏ်စာရင်း အကောင့် ၅ခုနဲ့ နိုင်ငံခြားဘဏ်တွေမှာ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ အပ်နှံထားတယ်ဆိုတဲ့ကိစ္စ မသိရှိပါကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က ပြောပါတယ်။ ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး
မှာ သူက ခုလို ရှင်းပြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံပိုင်ဘဏ်၊ ပုဂ္ဂလိကဘဏ်တွေကနေ နိုင်ငံခြားဘဏ်တွေမှာ အပ်နှံထားတဲ့ နိုင်ငံခြား အရန်ငွေဟာ စက်တင်ဘာလ ၁၀ ရက်နေ့အထိ စုစုပေါင်း ၇ ဒသမ ၆ ဘီလီယံပဲ ရှိပြီး ကျန်ဘဏ်စာရင်းနဲ့ ငွေစာရင်းတွေကိုတော့ မသိကြောင်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 04 Oct 2013 01:55 AM PDT
မီဒီယာများအနေနဲ့ အစိုးရကို မေးမြန်းရမည့် အချက်များအား မမေးမြန်းခြင်းသည် မီဒီယာ၏ အားနည်းချက်ကို ဖော်ပြသလို ဖြစ်နေပြီး အတိုက်အခံများအား မေးမြန်းသည့်အတိုင်း မေးမြန်းသင့်သည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာလ ၁ ရက်နေ့က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။ နေပြည်တော်ရှိ တရားဥပဒေစိုးမိုးရေး ကော်မတီရုံးခန်း၌ သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် သတင်းထောက်များက စက်တင်ဘာလ ၁၉ ရက်နေ့က နေပြည်တော်၊ ဗုဗ္ဗသီရိမြို့နယ်၊ ၀ဲကြီးကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခနှင့် ပတ်သက်၍ လက်ရှိတာဝန်ရှိသူများကို သတင်းမီဒီယာများက မေးမြန်းသော်လည်း ပြန်လည် မဖြေကြားသည့်အပေါ် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ အနေနှင့် မည်ကဲ့သို့ သဘောထားရှိကြောင်း မေးမြန်းသည့်အပေါ် ယခုကဲ့သို့ ပြန်လည်ေ ဖြကြားခဲ့ခြင်း ဖြစ်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 04 Oct 2013 01:40 AM PDT

ရဲအုပ်ဖြစ်သူကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် ဒုရဲအုပ်အား ရဲတရားရုံးမှ ထောင်ဒဏ်သုံးနှစ် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ နေပြည်တော် ရဲတပ်ဖွဲ့ဌာနချုပ်၏ ခွင့်ပြုချက်ဖြင့် တိုင်းရဲရုံးမှ ဖွဲ့စည်းထားသည့် ရဲတရားရုံးမှ ရဲဝန်ထမ်းတစ်ဦးဖြစ်နေသည့် တရားခံကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ ရဲအရာရှိက ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဒုရဲအုပ်က သေနတ်ဖြင့်ပစ်၍ သေဆုံးသွားသော ရဲအုပ်နာရေးတွင် တွေ့ရစဉ် ဓာတ်ပုံ-မောင်တာ

Posted: 04 Oct 2013 01:33 AM PDT

သန်လျင်မြို့နယ်တွင် မိခင်အားမကျေနပ်၍ နေအိမ်ကို မီးလောင်စေရန် ကြံစည်လုပ်ဆောင်ခဲ့သူအား ရဲစခန်းက အောက်တိုဘာ ၂ရက်တွင် အမှုဖွင့်ပြီး လိုက်လံဖမ်းဆီးလျက်ရှိသည်။ အမှုမှာ အောက်တိုဘာ ၂၂ ရက် ည ၁၀ နာရီ ၄၅ မိနစ်အချိန်က သန်လျင်မြို့နယ်၊ မြို့ဟောင်းရပ်ကွက်၊ ဦးဖိုးသိန်း လမ်း၊ အမှတ် (၂၃)နေအိမ်တွင် မီးလောင်ကြောင်း သတင်းရရှိသဖြင့် ရဲတပ်ဖွဲ့ကသွားရောက် စစ်ဆေးခဲ့ကြသည်ဟု ဆိုထားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 04 Oct 2013 01:26 AM PDT

ကမာရွတ်မြို့နယ် အမှတ်(၂)ရပ်ကွက် အင်းစိန်လမ်းမဘေးမှ အမှတ် ၁၄၄ မြေညီထပ်တွင်ရှိသည့် “Relax” အမည်ရှိ အနှိပ်ခန်းကို အောက်တိုဘာ ၂ရက်ညတွင် ရဲကအသွင်ယူသက်သေများ ကြိုတင် စေလွှတ်ပြီးနောက် ၀င်ရောက် ဖမ်းဆီးခဲ့ကြောင်း ရန်ုကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက ဆိုသည်။ အဆိုပါ အနှိပ်ခန်းကို တရားမ၀င်လုပ်ဆောင်နေကြောင်း ကြိုတင်သတင်းရရှိထားချက်အရ တိုင်းအဆင့်ရှိ ရဲတပ်ဖွဲ့ များက ၀င်ရောက်ဖမ်းဆီးခဲ့ခြင်းလည်း ဖြစ်သည်။ အဆိုပါ အနှိပ်ခန်းကို ၀င်မဖမ်းခင်တွင် ဦးရဲမြင့် စိုး(၂၆)နှစ် လှိုင်မြို့နယ်နေသူနှင့် ဦးအောင်နိုင်(၄၂)နှစ်၊ ကြည်မြင့်တိုင်မြို့နယ်နေသူတို့ နှစ်ဦးကိုကြိုတင် စေလွှတ်ခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 04 Oct 2013 01:15 AM PDT

မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေခံဥပဒေကို ၂၀၁၅ ရွေးကောက်ပွဲအတွက် အချိန်မီ ပြင်ဆင်ပြောင်းလဲနိုင် လိမ့်မယ်လို့ မျှော်လင့်ကြောင်း အမေရိကန် အစိုးရက ပြောပါတယ်။

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ အပြည့်အ၀ လွတ်လပ်မျှတပြီး၊ မြန်မာပြည်သူတွေအနေနဲ့ နိုင်ငံ့ ခေါင်းဆောင်ကို လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့်ပေးနိုင်အောင် အခြေခံဥပဒေဆိုင်ရာ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းတွေ အချိန်မီ ပေါ်ပေါက်လာလိမ့်မယ်လို့ မိမိတို့ မျှော်လင့်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Jason Rebholz က မနေ့က ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဒီလုပ်ငန်းစဉ် အပြည့်အ၀အောင်မြင်ဖို့အတွက် လူနည်းစု အခွင့်အရေး၊ အရပ်ဘက်က ထိန်းချုပ်တဲ့ စစ်တပ်၊ ခေါင်းဆောင်တွေကို လွတ်လွတ်လပ်လပ်ရွေးချယ်နိုင်တဲ
့ နိုင်ငံသားအခွင့်အရေး တွေ အပါအ၀င်၊ ခေတ်မီ နိုင်ငံတော်တစ်ခု ရဲ့ နိုင်ငံတကာ စံနှုန်းတွေ နဲ့ကိုက်ညီတဲ့ ဥပဒေဆိုင်ရာ အဆောက်အအုံ အခင်းအကျင်း တစ်ရပ် လိုအပ်လိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရသူ က ပြောကြားခဲ့ပါတယ်။
RFA Burmese


Posted: 04 Oct 2013 01:10 AM PDT

သပိတ်စခန်းဖွင့်ကာ ဆန္ဒပြနေသော မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ ရပ်ကွက်နေ ပြည်သူများကို သပိတ်စခန်း ဆက်လက်ဖွင့်ကာ ပြုလုပ်နေပါက ဖယ်ရှားမည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ
့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောသည်။ ခွင့်ပြုမိန့် မတောင်းခံဘဲ မဟာဗန္ဓုလပန်းခြံဘေးတွင် အောက်တိုဘာ ၂ ရက်မှစ၍ သပိတ်စခန်းဖွင့်ကာ မြေနေရာ ပြန်လည်ရရှိရေးအတွက် တောင်းဆိုခြင်းကို ဥပဒေနှင့်မညီသောကြောင့် ဖယ်ရှားသွားမည်ဟု ဗိုလ်မှူးကြီးတင်ဝင်းက မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခြင်းဖြစ်သည်။
““အင်အားသုံးပြီး ဖယ်ရှားရင် နိုင်ငံတော်ထိခိုက်ပါတယ်။ တောင်းဆိုတဲ့အထဲမှာလည်း အသက်အရွယ်ကြီးအမျိုးသမီးတွေ များနေတယ်။ အဲဒါကြောင့် ချိန်ဆနေတာပါ။ သူတို့ဘက်က အခြေအနေပေါ်မူတည်ပြီး ဆောင်ရွက်မှာပါ”” ဟု ဗိုလ်မှူးကြီးတင်ဝင်းက ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
မြို့တော်ခန်းမရှေ့မှာ သပိတ်စခန်းဖွင့်  / ဓါတ်ပုံ -  RFA 

Posted: 04 Oct 2013 12:46 AM PDT

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် တာဝန် ထမ်းဆောင်သော တပ်မတော်(လေ)မှ ဗိုလ်မှူး ဟိန်းထက်အောင် မောင်းနှင်သည့် ဟိုင်းလတ် ဆပ်(ဖ်)ကားသည် စက်တင်ဘာ ၂၉ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (ပဲခူးအပိုင်) မိုင်တိုင် ၅၀ အနီး တိမ်းမှောက်ခဲ့ရာ အရှိန်ပြင်းထန်၍ ကား မှန်တံခါးများ ပွင့်ထွက်ပြီး ယာဉ်ပေါ်အတူ လိုက်ပါလာသော ဖခင်ဖြစ်သူ ဦးသန်းအေး အသက်(၆၃)နှစ်၊ မိခင် ဒေါ်မေစီလှ အသက် (၅၈) နှစ်နှင့် ဇနီးသည် မကေသီခိုင် အသက် (၂၄) နှစ်တို့ ၎င်းနေ့တွင်ပင် ပွဲချင်းပြီး သေဆုံး သွားခဲ့ကြောင်း၊ ယင်းဖြစ်စဉ်ကို ပဲခူး၊ ဘောနက်ကြီး၊ အမြန်လမ်း ရဲစခန်းက (ပ) ၈/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈ အရ အရေးယူထားကြောင်း သိရှိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

လေတပ်ဗိုလ်မှူး မောင်းသောကားမှောက်၍ မိဘနှစ်ပါးနှင့် ဇနီး ပွဲချင်းပြီး။ ဓါတ်ပုံ - ရဲဇာနည်


Posted: 04 Oct 2013 12:38 AM PDT

““အဲဒါရေးရင်တော့ ခင်ဗျားတို့ကို ကျွန်တော် တစ်ခုခုလုပ်မယ်””
လွှတ်တော်၌ မေးမြန်းသော သတင်းထောက်ကို ကြံ့ခိုင်ရေး ဒုဥက္ကဋ္ဌ ဦးဌေးဦးပြော

ကြံ့ခိုင်ရေးပါတီ ဒုဥက္ကဋ္ဌ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးကို အောက်တိုဘာ ၂ ရက် လွှတ်တော် အစည်းအဝေးအပြီး မြန်မာသံတော်ဆင့် သတင်းထောက်က တွေ့ဆုံမေးမြန်းခဲ့ရာ ဦးဌေးဦးက အဆိုပါ သတင်းထောက်ကို သံတော်ဆင့်အနေဖြင့် ၎င်းအပေါ် ရေးသားချက်ရှိပါက တစ်ခုခု ပြန်လုပ်မည်ဟု ပြင်းထန်စွာ ထည့်သွင်း ပြောကြားခဲ့သည်။ ဦးဌေးဦးကို မေးမြန်းချက်များနှင့် ၎င်း၏ ဖြေကြားချက်များမှာ-

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 04 Oct 2013 12:33 AM PDT

ပန်းဆိုး တန်း-ဒလကူးတို့ သမ္ဗန်စီးနင်း ရာ တွင် အသက်ကယ်အကျီ င်္ဝတ်ဆင် ၍စီးနင်းကြရန် ညွှန်ကြားထားမှု များရှိသော်လည်း ခရီးသည်အများ စုမှာ လိုက်နာမှုအားနည်းနေ ကြောင်း ကူးတို့ဆိပ်ကြီးကြပ်မှုရုံး (ကမာအောင်)မှသိရသည်။ ရန်ကုန်မှဒလ သို့ ကူးတို့သမ္ဗန် ဖြင့်စီးနင်းသူအများစုမှာ အသက် အန္တရာယ်ရှိမှန်းသိသော်လည်း အ သက်ကယ်အကျÐဝတ်ဆင်၍ စီး နင်းလိုခြင်းမရှိကြောင်း ကူးတို့ဆိပ် ကြီးကြပ်မှုရုံး(ကမာအောင်)ဥက္ကဋ္ဌ ဦးတင်နီက ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 03 Oct 2013 08:09 PM PDT

ရခိုင်ပြည်နယ် သံတွဲမြို့မှာ မကြာသေးခင်က လူအနည်းဆုံး ၆ဦးသေဆုံးပြီး ရွာတစ်ရွာလုံးနီးပါး မီးရှို့ဖျက်ဆီးမူတွေဖြစ်ပွားပြီ
းမှာတော့ မနေ့ကညအထိ အနီး တ၀ိုက်က ကျေးရွာတွေ အနေနဲ့ တည်ငြိမ်မူမရှိသေးဘဲ မီးရှို့ဖျက်ဆီးခံရမူတွေ ရှိနေသေးသလို ခြိမ်းခြောက်မူ မီးရှို့ဖို့ကြိုးစားမူတွေကြောင့် သံတွဲမြို့ပေါ် မှာလည်း အာဏာပိုင်တွေက သေနတ်နဲ့ ပစ်ဖေါက် လူစုခွဲရမူတွေရှိနေဆဲဘဲလို့ သိရပါတယ်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ရခိုင်ပြည်နယ် သဗျူချိုင်ကျေးရွာတွင်း နေအိမ်များ မီးရှို့ဖျက်ဆီးခံရစဉ်။ (အောက်တိုဘာလ ၃၊ ၂၀၁၃)

Posted: 03 Oct 2013 04:28 PM PDT

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီအနေနဲ့ အရင်က တရားစီရင်ရေးဌာနတွေကိုပဲ လေ့လာခဲ့ရာကနေ မကြာခင်မှာ အုပ်ချုပ်ရေးရုံးတွေ အကျဉ်းဦးစီးဌာနရုံးတွေကိုပါ လေ့လာပြီး တွေ့ရှိချက်ကို အစိုးရဆီတင်ပြသွားမယ်လို့ သိရပါတယ်။ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီအနေနဲ့  တရားစီရင်ရေးစနစ်အပြင် အုပ်ချုပ်ရေးစနစ်ရဲ့ အားနည်းချက်တွေကိုပါ ထောက်ပြဖို့ သမ္မတ ဦးသိန်းစိန်က တိုက်တွန်းချက် သဝဏ်လွှာကို မနေ့က လွှတ်တော်ကနေတဆင့် ပေးပို့လိုက်တဲ့အတွက် ရှေ့ဆက်လုပ်ဆောင်ရမယ့် ကိစ္စတွေအတွက် ပိုပြီးအဆင်ပြေသွားနိုင်ဖွယ်ရှိ
တယ်လို့  ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 03 Oct 2013 04:17 PM PDT

စက်တင်ဘာလကုန်က မိုးသည်းထန်ခဲ့တာကြောင့် ကလေးမြို့နယ် အတွင်းမှာ ရေကြီးရေ လွှမ်းမိုးမှုဖြစ်ခဲ့ပြီး ထောင်နဲ့ချီတဲ့ ရေဘေး သင့်သူတွေဟာ ကယ်ဆယ်ရေး စခန်း၆ခုမှာ ခိုလှုံနေရသလို မိုးစပါး စိုက်ဧက၆ထောင်ကျော်လောက် ရေလွှမ်းမိုး ခဲ့ပါတယ်။ လောလောဆယ် မှာ ဒေသခံ အုပ်ချုပ်ရေး အဖွဲ့တွေက ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေပြီး ပျက်ဆီးဆုံးရှုံးမှု စာရင်းကို ကောက်ယူနေ ဆဲဖြစ်ပါတယ်။  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဧရာဝတီမြစ်ရေကြီးစဉ် (သြဂုတ် ၂၄၊ ၂၀၁၂)။

Posted: 03 Oct 2013 04:13 PM PDT

နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စုဝန်ကြီးတွေဟာ ပါတီနိုင်ငံရေး လုပ်ငန်းတွေမှာ ဝင်ရောက်ဆောင်ရွက်မှုမရှိဘူးလို့ သမ္မတရုံးဝန်ကြီး ဦးစိုးမောင်က ဒီနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဖြေကြားခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က နိုင်ငံတော်သမ္မတ နဲ့ ပြည်ထောင်စုဝန်ကြီးတွေဟာ ပြဌာန်းချက်တွေ အတိုင်း ပါတီတာဝန်တွေကို တရားဝင်ဆောင်ရွက်ခြင်း ရှိ၊ မရှိ မေးမြန်းရာမှာ သမ္မတရုံးဝန်ကြီး ဦးစိုးမောင်က အခုလို ရှင်းလင်းတင်ပြခဲ့တာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 03 Oct 2013 04:11 PM PDT

ဧရာဝတီတိုင်းဒေသကြီး ၊ မြောင်းမြ မြို့နယ်အတွင်းရှိ ရေလုပ်သား အချို့သည် ပြီးခဲ့သည့် သြဂုတ်လ နောက်ဆုံးပတ် အတွင်းက ပင်လယ်တွင်း မုန်တိုင်းမိပြီး မျောနေခဲ့ရာ ပျောက်ဆုံး နေသည့် ရေလုပ်သား များ အနက် ကျန်ရှိသည့် ခြောက်ဦးပြန်လည် ရောက်ရှိလာပြီ ဖြစ်သည်ဟု ရေလုပ်သား များ အရေး ကူညီ ဆောင်ရွက်နေသော ဧရာဝတီတိုင်း ၊ တောင်သူလယ်သမား သမဂ္ဂ အတွင်းရေးမှုး ဦးသန့်ဇော်ဦးက မဇ္စျိမကို အောက်တိုဘာ ၃ ရက်တွင် ပြောသည်။ --

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 03 Oct 2013 04:08 PM PDT

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား မလေးရှားဘုရင်က ဂုဏ်ထူးဆောင်ဘွဲ့တံဆိတ်ကို မလေးရှားတပ်မတော်၏ နှစ်(၈၀)မြောက်နေ့တွင် ပေးအပ်ခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနှင့် မလေးရှားတပ်မတော်တို့အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆောင်ရွက်မှုနှင့် တပ်မတော်နှစ်ခုကြား ချစ်ကြည်ရင်းနှီးမှု ပိုကောင်းအောင် စွမ်းဆောင်နိုင်သည်ဟုဆိုကာ ယခုကဲ့သို့ ဆုချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား မလေးရှားဘုရင်က ချီးမြှင့်ခဲ့သည့်ဆုသည် "Honourary Malaysian Armed Forces Order For Valour (First Degree)- Gallant Commander of Malaysian Armed Forces"ဘွဲ့တံဆိပ်ဖြစ်သည်။

ထိုဘွဲ့တံဆိပ်အား မြန်မာ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်အပါအဝင် ဖိလစ်ပိုင်တပ်မတော်နှင့် ယူအေအီးတပ်မတော်မှ ဦးစီးချုပ်များကိုလည်း ချီးမြှင့်ခဲ့သည်ဟု နိုင်ငံပိုင်သတင်းစာများ၏ ဖော်ပြချက်အရ သိရသည်။

မဇ္ဈိမသတင်းဌာန


Posted: 03 Oct 2013 04:05 PM PDT

" ၉နာရီခွဲမှာ ကျနော်တို့ အမှတ်(၆) ရပ်ကွက်မှာ အိမ်ကြီးတစ်ဆောင်ကို မီးရှို့ပစ်လိုက်တယ်။ သမ္မတ အဏ္ဏဝါရိပ်သာမှာ  ရှိနေတဲ့အချိန်မှာပဲ ညဘက် ၉နာရီခွဲမှာ မီးရှို့တာ။ ကမန်တွေလည်း ရောင်းလှည့်နေတာရှိပါတယ်။ လုံထိန်းတပ်ဖွဲ့လည်း ရှိပါတယ်။ အဲ့ဒီ့ရပ်ကွက်မှာ ဦးကျော်စံလှက အိမ်ဝယ်ထားတာရှိပါတယ်။ နေတာက ဗုဒ္ဓဘာသာမိသားစုတစ်ခုနေတာ၊ ညီအစ်ကိုလို တယောက်ကိုတယောက် ခင်မင်ရင်းနှီးလို့ အဲ့ဒီ့မှာ ထားပါတယ်။ အဲ့ဒီ့မိသားစုတွေလဲ ဘာပစ္စည်းတခုမှ မရလိုက်ဘူး။ " ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရခိုင်ပြည်နယ် ခရီးစဉ် ( သတင်းမှတ်တမ်း၊ နိုင်ငံတော်သမ္မတရုံး)

Posted: 03 Oct 2013 03:58 PM PDT

သံတွဲမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများသည် သမ္မတ၏ ရခိုင်ခရီးစဉ်နှင့် အချိန်ကိုက်လုပ်ဆောင်ခဲ့သည်ဟု သံသယရှိကြောင်း သမ္မတ ဦးသိန်းစိန်က အောက်တိုဘာလ ၃ရက် နံနက်က သံတွဲမြို့ အဏ္ဏဝါရိပ်သာ၌ နှစ်ဘက်ရပ်မိရပ်ဖများနှင့် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။

သံတွဲမြို့အနီးရှိ ကျေးရွာများကို လာရောက်မီးရှို့ ဖျက်ဆီးသူများသည် ထိုကျေးရွာသားများကိုယ်တိုင်မဟု
တ်ဘဲ ပြင်ပကျေးရွာများမှ လာရောက်သူများဖြစ်ကြောင်း အထောက်အထားများ ရရှိထားသည်ဟုလည်း သမ္မတက ဆိုသည်။
"စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ မောင်တောနယ်မြေများသို့ မိမိရောက်နေချိန်တွင် သံတွဲမြို့နယ်အတွင်း သာမန်အငြင်းပွားမှုတစ်ခုမှ စတင်၍ ပဋိပက္ခအချို့ ပေါ်ပေါက်ခဲ့ကြောင်း၊ မိမိခရီးစဉ်နှင့် အချိန်ကိုက် လုပ်ဆောင်ခဲ့သည်ဟုပင် သံသယဖြစ်စရာ အကြောင်းများရှိသည်"ဟု သမ္မတက ပြောကြားခဲ့ကြောင်း သမ္မတရုံး ဝဘ်ဆိုက်တွင် ထုတ်ပြန်ထားသည်။

ထို့ကြောင့် သွေးထိုးလှုံ့ဆော်သူများနှင့် ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးနိုင်ရန် အားလုံးပူးပေါင်းဆောင်ရွက်မှသာ ပြဿနာ၏ အရင်းအမြစ်ကို ရှင်းလင်းနိုင်မည်ဖြစ်ပြီး ရခိုင်ဒေသတွင် တရားဥပဒေစိုးမိုးမှုရှိစေရန် ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပေးထားသည့် နည်းလမ်းအားလုံးကို အသုံးပြုကာ လူမျိုး၊ ဘာသာမခွဲခြားဘဲ တရားဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဟု ပြောကြားလိုက်သည်။

စက်တင်ဘာ ၂၈ ရက်မှ စတင်ခဲ့သော ပဋိပက္ခကြောင့် ဖြစ်ပွားခဲ့သော သံတွဲပဋိပက္ခဖြစ်စဉ်တွင် နေအိမ်တစ်ရာ ခန့်ပျက်စီးပြီး အိမ်ထောင်စု ၄၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည်။ ၄င်းအိုးအိမ်မဲ့ ဒုက္ခသည် များကို ယာယီတဲများဆောက်လုပ်ပေးထားပြီး လုံခြုံရေးများချထားပေးကာ နေအိမ်များ ပြန်လည် ဆောက်လုပ်ရာတွင်လည်း အစိုးရအဖွဲ့က ကူညီပံ့ပိုးပေးရန်လည်း သမ္မတက ညွှန်ကြားခဲ့သည်ဟု သံတွဲမြို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးကဆိုသည်။

သံတွဲမြို့တွင် လက်ရှိ လုံခြုံရေးရဲအင်အား ၂၅၀ နှင့် စစ်တပ်အင်အား၂၀၀ ခန့်ချထားပြီး ဒေသ တည်ငြိမ်လျှက်ရှိသည်ဟု အစိုးရအဖွဲ့က ဆိုသည်။

သိင်္ဂီထွန်း
Mizzima - News in Burmese

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
နိုင်ငံတော် သမ္မတ သံတွဲမြို့ သို့ ရောက်ရှိစဉ် ၊ ဓါတ်ပုံ - သမ္မတရုံး ၀က်ဆိုဒ် 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...