Saturday, October 5, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၅-၁၀)

သစ်ထူးလွင်



Posted: 05 Oct 2013 06:53 AM PDT
မျိုးစောင့်ဥပဒေ ထွက်ပေါ်လာရေး အတွက် ထောက်ခံ လက်မှတ်တစ်သန်းကို ယခုလထဲတွင် ပြည်သူ့ လွှတ်တော် ဥပဒေ ကြမ်း ကော်မတီသို့ ထပ်မံပေးပို့ သွားမည်ဖြစ်ကြောင်း အဆိုပါ ဖြစ်မြောက်ရေး အတွက် ဦးဆောင်ဦးရွက် ပြုနေသော အမျိုးဘာ သာ၊ သာသနာ ထိန်းသိမ်း စောင့်ရှောက်အရေး အဖွဲ့ ရုံးအဖွဲ့မှူး ဆရာတော် အရှင်စန္ဒာသီရိက မော်ကွန်းသို့ ပြောသည်။ အဆိုပါအဖွဲ့အနေဖြင့် မျိုးစောင့် ဥပဒေဖြစ်မြောက်အရေး အတွက် ထောက်ခံ လက်မှတ်များကို ယခုနှစ် မတ်လကတည်းက ကောက်ခံစုစည်းလာရာ ယခင်လများက ပေးပို့ထားသော လက်မှတ်ပေါင်း သုံးသန်းနှင့် ယခုပေးပို့မည့် လက်မှတ်တစ်သန်းကို ပေါင်းလိုက်လျှင် ထောက်ခံလက်မှတ်ပေါင်း လေးသန်း အထိရှိခဲ့ပြီဖြစ်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 05 Oct 2013 03:34 AM PDT

အောက်တိုဘာလ (၇)ရက်နေ့ထုတ် The Voice Weekly Vol.9/No.39

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 05 Oct 2013 03:31 AM PDT

အောက်တိုဘာလ (၅)ရက်နေ့ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ်သတင်းစာ၊ အတွဲ(၂)၊ အမှတ်(၃၀)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 05 Oct 2013 03:13 AM PDT

နိုင်ငံတော်သမ္မတရဲ့ ပြည်ထောင်စု ၀န်ကြီးဦးအောင်မင်း၏ ““ငြိမ်းချမ်းရေးကို လိုချင်လွန်းလို့ အိမ်ရောင်း၊ ကားရောင်း ပြီးလုပ်နေတာပါ””ဟု ပြောစကားကိုဖတ်ရ တော့ အပျိုကြီးတကယ်လုပ်မှာလား သီချင်းကိုသွားအမှတ်ရမိလိုက်တယ်
။ ၀န်ကြီးကဒီစကားကို အပြည်ပြည် ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာပြောလိုက်တာ။ တကယ့်နေ့ထူးနေ့မြတ်မှာ စကားထူး၊ စကားမြတ် မင်္ဂလာစကားပါပဲ။ သို့သော်၊ သို့သော်၊ သို့သော် ၀န်ကြီးကသူ့ဆီမှာ ကြိုက်တဲ့ပိုက်ဆံစစ်ပါ။ ငြိမ်းချမ်းရေးကို လိုချင်လွန်းလို့ အိမ်ရောင်း၊ ကားရောင်း ပြီး အိတ်စိုက်ငွေကုန်ခံလုပ်နေပါတယ်တဲ့။ ပြီးတော့ ဘယ်အိမ်တွေရောင်းလဲဆိုတာ သိချင်ရင် လိပ်စာပေးမယ်၊ သွားကြည့် ကြပါတဲ့။
ဝန်ကြီးကိုတော့အားနာပါတယ်။ မေးစရာလေးတော့မေးခွင့်ပြုပါ။ ဘယ်အချိန် ဘယ်အခါက ဘယ်ကဲ့သို့ ရထားသောငွေနဲ့ ၀ယ်ထား၊ ဆောက် ထားတဲ့ကားတွေ၊ အိမ်တွေလည်းဆိုတာ ပြည်သူသိအောင် မီဒီယာကတစ်ဆင့်ဖော် ပြပေးနိုင်ရင် သွားကြည့်တာထက်အများ ပိုသိနိုင်တာပေါ့။ ငြိမ်းချမ်းရေးလုပ်ဖို့ ကားဘယ်နှစ်စီး၊ အိမ်ဘယ်နှစ်လုံးရောင်း လိုက်ရတယ်ဆိုတာပါ ထုတ်ပြောရင်ပို ကောင်းမယ်။ ဒါမှဝန်ကြီးရဲ့ နိုင်ငံတော် ပေါ်ထားတဲ့ စေတနာ၊ ငြိမ်းချမ်းရေးကို မြတ်မြတ်နိုးနိုးလိုချင်တဲ့ အာသီသတွေပို ပေါ်လွင်တော့မပေါ့။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 05 Oct 2013 02:57 AM PDT

၎.၁၀.၂၀၁၃ရက်နေ့ ၀၇၀၀အချိန် လှိုင်သာယာမြို့နယ်၊(၅)ရပ်ကွက်နေ ဦးတင်သိန်းသည် သားဖြစ်သူ မောင်ဇော်နှင့် သားဖြစ်သူ၏သူငယ်ချင်း ကိုသူ တို့နှစ်ဦးမှာ လှိုင်သာယာမြို့နယ်၊ (၅)ရပ်ကွက်ရှိ Music Box KTV ဆိုင်တွင် အသတ်ခံရကြောင်း ကြားသိရသဖြင့် သွားရောက်ကြည့်ရှုရာ KTV ဆိုင်၏အခန်းအတွင်း၌ သားဖြစ်သူမောင်ဇော်နှင့် ကိုသူ တို့အား ဓါးဒဏ်ရာများဖြင့်သေဆုံးနေကြသည်
ကို တွေ့ရှိရသဖြင့် စုံစမ်းအရေးယူ ပေးပါရန် တိုင်တန်းခဲ့၍ လှိုင်သာယာမြို့မရဲစခန်း (ပ) ၁၁၃၁/၂၀၁၃၊ ပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက် ခဲ့ပါသည်။ အမှုမှပြစ်မှု ကျူးလွန်သူ တရားခံများအား ကရင်ပြည်နယ်  ဘားအံမြို့နယ်၊ ဇာသပြင် အနောက်ကျေးရွာရှိ လှည်းလမ်း မှာ ဖမ်းဆီး ရမိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ က သတင်းထုတ် ပြန်ထားပါသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို


Posted: 05 Oct 2013 02:32 AM PDT

သံတွဲမြို့တွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုနှင့် ပတ်သက်၍ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များနှင့် မလေးရှားနိုင်ငံသားအချို့သည် အောက်တိုဘာ ၄ ရက်တွင် မလေးရှားနိုင်ငံရှိ မြန်မာသံရုံးရှေ့၌ ဆန္ဒပြခဲ့ကြောင်း သတင်းရရှိသည်။ ““လေးငါးယောက်လောက် လာရပ်ပြီး ဆန္ဒပြတယ်။ စာလည်းပေးသွားတယ်။ သံတွဲကိစ္စပဲဖြစ်မှာပါ””ဟု မလေးရှားနိုင်ငံ မြန်မာသံရုံးမှ အလုပ်သမားရေး တာဝန်ယူထားသူ ဦးစိုးဝင်းကပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မလေးရှားနိုင်ငံ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြနေသည့် မလေးရှားနိုင်ငံသားနှင့် မြန်မာမွတ်ဆလင်အချို့ ဓာတ်ပုံ - Storm Rider


Posted: 05 Oct 2013 02:25 AM PDT

မလေးရှားနိုင်ငံရှိ ဂျိုဟိုးပြည်နယ်၊ စီနိုင်မြို့၊ တမန်ဘင်တန်း ရပ်ကွက်ရှိ TDK လျှပ်စစ်ပစ္စည်းထုတ်စက်ရုံ၌ အလုပ်လုပ်ကိုင်သည့်  မြန်မာအမျိုးသမီးတစ်ဦးကို မလေးရှားနိုင်ငံသားသုံးဦးက မုဒိမ်းကျင့်ကာ ရိုက်နှက်ပြီး သင်္ချိုင်းကုန်းအနီး ပစ်ထားခဲ့ကြောင်း သတင်းရရှိသည်။ အောက်တိုဘာ ၃ ရက် ည ၈ နာရီတွင် TDK စက်ရုံမှ အချိန်ပိုဆင်းရန်မရှိသဖြင့် ပြန်လာသော အသက် (၂၄)နှစ်အရွယ် မြန်မာအမျိုးသမီး ကရင်တိုင်းရင်းသူတစ်ဦးကို မလေးရှားနိုင်ငံသားသုံးဦးက ကားဖြင့် ခေါ်ဆောင်သွားကာ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်
း သတင်းရရှိသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 05 Oct 2013 06:54 AM PDT
၈၈ မျိုးဆက်ပွင့်လင်း လူ့အဖွဲ့ အစည်းရဲ့ ခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးမင်းကိုနိုင်ဟာ ချက်နိုင်ငံရဲ့ လူအခွင့်အရေး ဆိုင်ရာ ဆုကို ချက်နိုင်ငံမှာ အောက်တိုဘာ ၃ ရက်နေ့က လက်ခံရ ယူခဲ့ပါတယ်။
ဒီ Homo Homini Award ဆုကို ၁၉၉၄ ခုနှစ်က စတင်ပြီး ကမ္ဘာတ၀န်းရှိ ပဋိပက္ခ ဖြစ်ပွားရာ ဒေသတွေမှာ လူ့အခွင့်အရေးအတွက် စွန့်လွှတ်စွန့်စားဆောင်ရွက်သူ
တွေကို နှစ်စဉ် ချီးမြှင့်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
လယ်သမားအရေး လှုပ်ရှားဆောင်ရွက်နေတဲ့ ဒေါ်စုစုနွေး၊ အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် ဝေဒနာသည်တွေကို ကူညီစောင့်ပေးနေတဲ့ အန်အယ်လ်ဒီ လွှတ်တော်အမတ် ဒေါ်ဖြူဖြူသင်း၊ ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်း
က ဒေါ်နီလာသိန်းတို့ကိုလည်း  Homo Homini Award ဆုကို ၂၀၀၇ ခုနှစ်က ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
by webteam (ဒီဗွီဘီ)



Posted: 05 Oct 2013 01:36 AM PDT

မိကျောင်းကန် မြေသိမ်းပြဿကို လွှတ်တော်မှာ အထူးကိစ္စရပ်တခုအနေနဲ့ ဆောင်ရွက် ပေးမယ်ဆိုတဲ့ ကတိကြောင့် မဟာဗန္ဓုလပန်းခြံနားက သပိတ်စခန်းကို ဒီနေ့ မွန်းလွဲပိုင်းက ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ ရန်ကုန်တိုင်း လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေး ကော်မရှင်အဖွဲ့ဝင် ဦးခိုင်မောင်ရည်နဲ့ မိကျောင်းကန်ဆန္ဒပြအဖွဲ့ ကိုယ်စားလှယ်တို့ ဒီနေ့မနက်ပိုင်းမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် သပိတ်စခန်းရုပ်သိမ်းဖို့ သဘောတူညီမှု ရရှိခဲ့ကြတာဖြစ်ပါတယ်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 05 Oct 2013 01:14 AM PDT

ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကတော့ ဗိုလ်ချုပ်ကို ဘယ်လောက် ချစ်သလဲ။ မချစ်လဲ ထင်ထင်ရှားရှား မြင်တွေ့ နေရပါပြီဆိုတဲ့ စကားလေးကို ခရီးသွား ဟန်လွှဲ ကြားလိုက် မိပေမယ့် နျူကလီးယား ဗုံးထက် ကြောက်စရာကောင်းတဲ့ စကားလုံးအဖြစ် နားလည် လိုက်မိပါတယ် . . . ပထမအကြိမ် ရန်ကုန်တိုင်း ဒေသကြီး  လွှတ်တော်၊ ဆဋ္ဌမ ပုံမှန် အစည်းအဝေးကို ၁၂-၉-၂၀၁၃ (ကြာသပတေးနေ့) တွင် စတင် ကျင်းပ ပြုလုပ် ခဲ့ပါသည်။ အစည်းအဝေး ကျင်းပမည့် နေရာသို့ ၁နာရီစော ရောက်ရ မည်လို့ နှိုးဆော် ထားတာကြောင့် ၀ီရိယ ကောင်းစွာဖြင့် ၉နာရီ မထိုးခင် ရောက်အောင် သွားသော်လည်း ကျွန်တော့် ထက်ဦး သူဖြစ်တဲ့ ကမာရွတ်မြို့နယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးမြငွေကို မရွှင်ပျတဲ့ မျက်နှာနှင့် တွေ့လိုက် ရလို့၊ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 05 Oct 2013 01:00 AM PDT

ရန် ကုန်တိုင်းဒေသကြီး စည်ပင်သာ ယာနယ်နိမိတ်အတွင်း ယာဉ်စည်း ကမ်းဖောက်ဖျက်မှုကြောင့် စီမံ ချက်ဖြင့်ဖမ်းဆီးနေသည့်စနစ်ကို ယခုအောက်တိုဘာ ၁ရက်မှစ တင်ကာ ဖျက်သိမ်းလိုက်ပြီဖြစ် ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ယာဉ်စည်းကမ်းကြီးကြပ်ထိန်းသိမ်း ရေးကော်မတီမှ ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောကြားလိုက်သည်။ ယခင်က ယာဉ်စည်းကမ်း ကြီးကြပ်ထိန်းသိမ်းရေး ဥပဒေပါ ဒဏ်ကြေးငွေများမှာ အလွန်နည်း ပါး နေခြင်း ကြောင့် ယာဉ်အသုံးပြု သူများအနေဖြင့် လိုက်နာမှုရှိစေ ရန်ရည်ရွယ်၍ ဒဏ်ငွေများ စီမံ ချက်အနေဖြင့် တိုးမြှင့်သတ်မှတ်ခဲ့ ခြင်းဖြစ်ပြီး ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ရွှေဂုံတိုင်လမ်းဆုံအနီးတွင် ယာဉ်ကြောရှင်းလင်းနေသော တာဝန်ကျ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးကို စက်တင်ဘာ ၃ရက်က တွေ့ရစဉ်။ ဓာတ်ပုံ-အီးပီအေ

Posted: 05 Oct 2013 12:47 AM PDT

မ ရမ်းကုန်းမြို့နယ် အမှတ်(၁)ရပ် ကွက်အတွင်း မြင်းတစ်ကောင်က အရိုင်းစိတ်ဝင်ကာ ရပ်ကွက်အတွင်း သွားလာနေသော လူခုနစ်ဦးအား လိုက်လံကိုက်ခဲ့သည့် ဖြစ်စဉ်တစ် ခု ယနေ့နံနက် ၇ နာရီခန့်က ဖြစ် ပွားခဲ့ ကြောင်း ဒေသခံများထံမှ သိရသည်။ ''ဒီနေ့မနက်က အဲဒီ့ မြင်း က ရူးပြီးတော့ လမ်းမှာသွားနေတဲ့ သူတွေကို လိုက်ကိုက်တယ်။ မ နက်ခင်းဖြစ်တော့ တော်တော်များ များအလုပ်သွားတဲ့အချိန်ဖြစ်တဲ့ အတွက် အကိုက်ခံရတော့ ထိခိုက် ဒဏ်ရာတွေရတာများတယ်။ ပုံစံ ကခွေးရူး အကိုက် ခံရလို့ ခွေးရူး ပြန်ပြီး လိုက်ကိုက်တာလို့ ထင် တယ်''ဟု အမှတ်(၁)ရပ်ကွက်နေ ဒေါ်သက် က ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 05 Oct 2013 12:40 AM PDT

ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် စက်တင်္ဘာလ ၂၈ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော့ ပဋိပက္ခနှင့် ဆက်စပ်ပြီး ဖမ်းဆီးခံရသူ ရခိုင်အမျိုးသား အရေအတွက်မှာ စုစုပေါင်း ၃၆ ဦးရှိပြီသွားပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။ အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး ရဟန်းတော်များ အဖွဲ့ (သံတွဲ) ဥက္ကဌ ဆရာတော် ဦးကောသလက ယနေ့ထိ ဖမ်းဆီးခံရသူ ရခိုင်လူမျိုး ၃၆ ဦး ရှိသွားပြီ ဖြစ်ကြောင်းကို ယခုလို နိရဉ္စရာသို့ အတည်ပြု ပြောဆိုသည်။ “ နောက်ထပ် တစ်ခါ သံတွဲမြို့ပေါ်က  ၆ ယောက်ကို ထပ်ဖမ်းတယ်။ ဒါကြောင့် သံတွဲမြို့ပေါ်က ဖမ်းခံရသူ  ၁၄ ဦး၊ ဆင်ခေါင်း ကျေးရွာက ၁၀ ဦးနဲ့ သဗြုချိုင်ကျေးရွာက ၁၂ဦး ဆိုရင် စုစုပေါင်း ၃၆ ဦး ရှိသွားပြီးဖြစ်ပါတယ်” ဟု ဆရာတော်က ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 05 Oct 2013 12:31 AM PDT

နိုင်ငံတော်သမ္မတ၏ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း သံတွဲမြို့နယ် တွင် ဖြစ်ပွားခဲ့သည့် ဆူပူ အကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက် သည်ဟုဆိုကာ သံတွဲမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ဥက္ကဋ္ဌ အပါအဝင် ဒေသခံ ၁၆ ဦးကို ဖမ်းဆီးထားကြောင်း သံတွဲခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်တင့်က ပြောကြားသည်။ သံတွဲမြို့နယ် RNDP ဥက္ကဋ္ဌ အပါအဝင် ဒေသခံခြောက်ဦးကို အောက် တိုဘာလ ၂ ရက်နေ့ည ၁၀ နာရီကျော်တွင် ဖမ်းဆီးခဲ့ပြီး မီးရှို့အကြမ်း ဖက်မှုများ ဖြစ်ပွားခဲ့သည့် သဗြုချိုင်ကျေးရွာမှ ဒေသခံငါးဦးကို အောက်တို ဘာလ ၃ ရက်နေ့တွင် ထပ်မံဖမ်းဆီးခဲ့ကြောင်း၊ နောက်ထပ် ဒေသခံ နှစ်ဦး ကို အောက်တိုဘာလ ၃ ရက်နေ့ည ၉ နာရီနှင့် ၁၁ နာရီ ဝန်းကျင်တို့တွင် ဖမ်းဆီးခဲ့ကြောင်း ၎င်းကဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 05 Oct 2013 12:25 AM PDT

အပြုသဘောဆောင်သော အစိုးရသစ်လက်ထက် ဘက်စုံပြုပြင် ပြောင်းလဲမှုများကြောင့် နိုင်ငံတကာ အလှူရှင်များ နှစ်စဉ် များပြားလာရာ မိခင်နှင့်ကလေး ကျန်းမာရေး စောင့်ရှောက်မှုများအတွက် လာရောက် ကူညီလိုသော နိုင်ငံတကာ အဖွဲ့အစည်းများ နှစ်ဆနီးပါး တိုးလာကြောင်း ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေး ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသိင်္ဂီမြင့်က The Voice သို့ ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 04 Oct 2013 04:19 PM PDT
ဘင်္ဂလာဒေခ်ျ့နိုင်ငံကနေ ဆေ၀ါးအမျိုးမျိုးကို အတုလုပ်ပြီး နိုင်ငံတကာကို ပို့နေတဲ့ ဆေးအတု ထုတ်လုပ်တဲ့ ဂိုဏ်းတစ်ခုကို ဘင်္ဂလာဒေခ်ျ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ မနေ့က ဖေါ်ထုတ် ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အဲဒီဖမ်းမိတဲ့ ဆေးဝါး အတု ထုတ်လုပ်တဲ့ ဂိုဏ်းမှာ ပါဝင် ပတ်သက်နေတဲ့သူ ၁၀ ဦးကို ဖမ်းဆီးမိရာမှာ ၇ ဦးက တရုတ်လူမျိုးတွေလို့ ပြောပါတယ်။ ကျန်တဲ့ ၃ ဦးကတော့ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားတွေ ဖြစ်ကြပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 04 Oct 2013 02:19 PM PDT

အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်း ဖေါ်ဆောင်ရေး ကော်မတီရဲ့ ဒုတိယ ဥက္ကဌ ဦးသိန်းဇော် ဦးဆောင်တဲ့ အဖွဲ့ဟာ ရှမ်းပြည် မြောက်ပိုင်း ၀ ဌာနချုပ် ပန်ဆန်းမှာ ရောက်နေပြီး ၀ ပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော် UWSA နဲ့ အပစ်ခတ် ရပ်စဲရေး တွေ့ဆုံ ဆွေးနွေးခဲ့ ကြတယ်လို့ သိရပါတယ်။ ဦးသိန်းဇော် ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ဝင် ၄၀ ကျော်တို့ဟာ ပန်ဆန်းမြို့ကို မနေ့က အောက်တိုဘာလ ၄ ရက်နေ့မှာ ရဟတ်ယဉ်နဲ့ ရောက်ရှိတာဖြစ်ပြီး UWSA ဒု ဥက္ကဌ ရှောက်မီလျံ ဦးဆောင်တဲ့အဖွဲ့ဝင် ၄၀ ကျော်တို့နဲ့ နေ့လည် ၁၂ နာရီကနေ ညနေ ၅ နာရီခွဲအထိ ထာဝရ ငြိမ်းချမ်းရေး ကိစ္စရပ်တွေနဲ့ ပက်သက်ပြီး အကြိတ်အနယ် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ရှမ်းပြည်မြောက်ပိုင်းက UWSA တပ်ဖွဲ့ဝင်များ

Posted: 04 Oct 2013 02:11 PM PDT

ရခိုင်ပြည်နယ် သံတွဲမြို့မှာ သွေးထွက်သံယို ဆူပူအကြမ်းဖက်မှုတွေ သီတင်း တပတ် နီးပါးကြာ ဖြစ်ပွားခဲ့ပြီးတဲ့နောက် အခုအခါ အခြေအနေဟာ ငြိမ်သက်စ ပြုလာပါတယ်။ သံတွဲမြို့နဲ့ အနီးအနားကျေးရွာတွေမှာ စနေနေ့က စတင်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာ ထိခိုက်သေဆုံးမှုတွေ၊ နေအိမ် အဆောက်အဦးတွေ၊ ဗလီတွေ မီးရှို့ဖျက်ဆီး ခံခဲ့ရပြီးနောက်မှာတော့ လုံခြုံရေးတွေကိုလည်း တိုးမြှင့်ချထားခဲ့တာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 04 Oct 2013 01:50 PM PDT
အမေရိကန် ပြည်ထောင်စုမှာ ဘဏ္ဍာရေးအသုံးစရိတ်သတ်မှတ်ရေး လွှတ်တော်မှာ သဘောတူညီမှုမရနိုင်ရာက အစိုးရရဲ့လုပ်ငန်းတချို့ ရပ်ဆိုင်းထားရတာ ၄ ရက်အထိ ရှိလာပြီဖြစ်တာကြောင့် အခုနောက်ဆုံး သမ္မတဘရက်ခ် အိုဘားမားက သူ့ရဲ့အာရှခရီးစဉ်တခုလုံးကို ဖျက်လိုက်ပါတယ်။ အစိုးရ လုပ်ငန်းတွေ ပြန်လည်စတင်နိုင်ရေး လွှတ်တော်တွင်းမှာ မဲခွဲဆုံးဖြတ်ဖို့ အတိုက်အခံ ရီပတ်ဘလစ်ကန် ပါတီဝင်တွေအပေါ် ဆက်လက် ဖိအားပေးရမှာဖြစ်တဲ့အတွက် ပြည်ပခရီးထွက်ဖို့ အခက်အခဲ ရှိနေတာကြောင့် အစီအစဉ်ကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ရတာလို့လည်း သမ္မတအိမ်ဖြူတော်ရဲ့ ပြောခွင့်ရသူက ကြာသပတေးနေ့ကပဲ ကြေညာခဲ့တာပါ။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

သမ္မတအိုဘားမားက အစိုးရဘဏ္ဍရေးဆိုင်ရာ အကျပ်အတည်းကို မေရီလဲန်းပြည်နယ်က ဒေသတွင်း အသေးစားစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ M. Luis Construction မှာ ရှင်းလင်းပြောကြားစဉ်။ (အောက်တိုဘာ ၃၊ ၂၀၁၃)။



Posted: 04 Oct 2013 01:32 PM PDT
အောက်တိုဘာလ(၅)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ
သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 04 Oct 2013 01:29 PM PDT

အောက်တိုဘာလ(၅)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 04 Oct 2013 11:14 AM PDT

မြန်မာနိုင်ငံမှာ ပြဌာန်းကျင့်သုံးနေတဲ့ ငြိမ်းချမ်းစွာဆန္ဒပြခြင်းနဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဟာ နိုင်ငံရေးလွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးကို ချိုးဖေါက်ရာရောက်နေပြီလိ...ု့  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဒီနေ့ ကြေညာစာတမ်းထုတ်ပြီး ပြောဆိုလိုက်ပါတယ်။ ပုဒ်မ ၁၈ စတင်ပြဌာန်းလိုက်တဲ့ မနှစ်က ဇူလိုင်လကနေ တနေ့အချိန်အထိ ထောင်ချခံထားရသူ အယောက် ၃ဝ လောက်ရှိပြီး၊ တရားရင်ဆိုင်နေရသူက အယောက် ၁ဝဝ ကျော်ရှိတယ်လို့  AAPP ကဆိုပါတယ်။ ဒါကြောင့် ပြုပြင်ပြောင်းလဲရေးဆောင်ရွက်မှု
တွေ အောင်မြင်အောင် ပုဒ်မ ၁၈ ကို ဖျက်သိမ်းဖို့  အစိုးရကိုတိုက်တွန်းတယ်လို့ AAPP အတွင်းရေးမှူး ကိုတိတ်နိုင်က RFA ကို ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 04 Oct 2013 08:25 AM PDT

မြန်မာ့နိုင်ငံရေးမှာ အမျိုးသမီးနိုင်ငံရေးခေါင်းဆော
င်တွေ နည်းပါးနေခြင်းရဲ့ အဓိကအကြောင်းဟာ စစ်အာဏာရှင်စနစ်အောက်မှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရတာကြောင့်ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်မှာ ဒီနေ့စတင်ကျင်းပတဲ့ "နိုင်ငံရေးတွင် အမျိုးသမီးများ ဦးဆောင်မှုဆွေးနွေးပွဲ" မှာ ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံက အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဥရောပတိုက်က အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်နေကြတဲ့ ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောဆိုခဲ့တာပါ။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 04 Oct 2013 07:16 AM PDT

မွန် ပြည်နယ် သံဖြူဇရပ်မြို့တွင် အစ္စလာမ်ဘာသာဝင်များ က ပရဟိတ ဆွမ်းလောင်းအသင်းမှ သံဃာ တော် များ ကို အပတ်စဉ်လောင်း လှူသည့် ဆွမ်းဆန်စိမ်းလောင်းပွဲ အတွက် ဆန်အိတ် များ လှူဒါန်းခဲ့ သည့်အပြင် သံဃာတော်များကိုပါ ကိုယ်တိုင်ကိုယ် ကျ ဆွမ်းလောင်း လှူခဲ့ကြကြောင်း ပရဟိတဆွမ်း လောင်း အသင်းဥက္ကဋ္ဌက ရန်ကုန် တိုင်းမ်သတင်းစာသို့ ပြောသည်။ ''မနေ့က မွန်းလွဲ ၁နာရီမှာ သံဖြူဇရပ်မြို့နယ်က အစ္စလာမ် ရပ်မိရပ်ဖတွေက ဆွမ်းဆန်စိမ်း လောင်းလှူပွဲအတွက် ဆန်ငါးတင်း ကို လာရောက် လှူဒါန်းသွားပါ တယ်''ဟု သံဖြူဇရပ်မြို့နယ် ပရ ဟိတ ဆွမ်းလောင်းအသင်းဥက္ကဋ္ဌ ဦးညွန့်ကြည်က ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 04 Oct 2013 06:52 AM PDT

မန္တလေးမြို့ အနောက်ဘက် ဧရာဝတီမြစ်အတွင်းရှိ တောင်သူများလုပ်ကိုင်နေသော ကျွန်းမြေများကို  မန္တလေးမြို့မှ တရုတ်ကုန်သည်များက ဈေးပြိုင်ပေးကာ ၀ယ်ယူနေကြောင်း သတင်းရရှိသည်။ ပုသိမ်ကြီးမြို့နယ် မင်းရဲလှ ကျေးရွာအုပ်စု၊ သံဗိုလ်ကျွန်းကျေးရွာရှိ ဧက ၃၀ နှင့် ၅၀ ကြားရှိမည့် ကျွန်းမြေများကို တရုတ်လုပ်ငန်းရှင်တစ်ဦးက ၀ယ်ယူထားပြီး ဟင်းရွက်စုကျေးရွာနှင့် ညောင်ပင်သာကျေးရွာရှိ ကျွန်းမြေများကိုလည်း အခြားတရုတ်ကုန်သည်များက ၀ယ်ယူထားပြီးဖြစ်ကြောင်း ယင်းကျေးရွာများတွင်နေထိုင်သော ဒေသခံများက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မန္တလေးမြို့ အနောက်ဖက် ဧရာဝတီမြစ်အတွင်းရှိ ကျေးရွာများကို တွေ့ရစဉ် ဓာတ်ပုံ-ညီညီဇော် - 7Day Daily


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...