Sunday, October 20, 2013

လှတစ်မျက်နှာ သန့်စင်စရာ…

October 18, 2013 at 8:01pm
မမ လှလှ ညီမ လှလှ များအတွက် လှသည်ထက် လှစေဖို့ ကျွန်မ လက်ရှိသုံးနေတဲ့ မျက်နှာသန့်စင်တဲ့ ပစ္စည်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်…။ ကျွန်မကို အဲဒီပစ္စည်းလေးနဲ့မိတ်ဆက်ပေးခဲ့တာကတော့ ချစ်သူငယ်ချင်း ချောချော ပါ။ သူ သုံးနေတာ အတော်လေး အဆင်ပြေတယ်၊ကောင်းတယ်လို့ ပြောပြပြီး သူကိုယ်တိုင်ပဲ ယူအက်စ်ကနေ မှာပေးပါတယ်။
အဲဒါကတော့ Clarisonic Skin Cleansing Product တွေထဲက Clarisonic Mia 2 ဆိုတဲ့ ပစ္စည်းလေးပါ။


ပြောရရင်တော့ မျက်နှာကို ပွတ်တိုက် ဆေးကြောတဲ့ မော်တာတပ် သွားပွတ်တံအကြီးစားပါပဲ…။ ကိုယ် ကြိုက်တဲ့ မျက်နှာသစ် ဆပ်ပြာ အခဲ၊ အရည်၊ Foam ဘယ်လိုမျိုးနဲ့မဆိုတွဲပြီး သုံးလို့ရပါတယ်…။ တခုပဲ… သဲဆပ်ပြာလို Facial Scrub တွေနဲ့တော့ တွဲသုံးလို့မရဘူး…။

Clarisonic ကို ကျွန်မ သုံးဖြစ်တာ သုံးလ ကျော်ပါပြီ။သာမန်အတိုင်း မျက်နှာသစ်တာထက် အဆပေါင်းများစွာ မျက်နှာကို သန့်စင်သွားစေတယ်လို့ခံစားရတယ်…။ မျက်နှာပေါ်က ကိုယ် မမြင်နိုင်တဲ့ ချေးညှော်တွေကို အကုန်သန့်စင်သွားစေပြီးအသား အရည် ပိုမို ချောမွေ့ တင်းရင်းပြီး အရောင်လည်း လင်းလာပါတယ်…။ မျက်နှာပေါ်မှာဖြစ်တတ်တဲ့ တော်ရုံ အစက်အပျောက် အညို အမည်းလေးတွေ၊ ဆားဝက်ခြံ လို့ ခေါ်ကြတဲ့အစက်တွေကိုလည်း အချိန်အတိုင်းအတာ တခုအတွင်းမှာ ပျောက်ကင်းစေနိုင်ပါတယ်။

အဲဒီ Brush လေးနဲ့ တစ်ရက်ကို တစ်ကြိမ် မျက်နှာသစ်ဖို့အချိန် တစ်မိနစ်ပဲ လိုပါတယ်။ ပုံမှာ ပြထားတဲ့အတိုင်း နဖူးကို စက္ကန့် ၂၀၊နှာခေါင်းနဲ့ မေးစေ့ တွေကို စက္ကန့် ၂၀ နဲ့ ပါး တစ်ဖက်ကို ဆယ်စက္ကန့်စီနဲ့ စက္ကန့်၂၀… စုစုပေါင်း တစ်မိနစ်ပါ…။



အဲဒီပစ္စည်းကို http://www.clarisonic.com/
မှာ Online ကနေတဆင့် ၀ယ်လို့ရပါတယ်။ စကာံပူမှာတော့ Sephora မှာ ၀ယ်လို့ရပါတယ်…။ ဈေးလည်း အရမ်းမများပါဘူး…။ နောက်ပြီး မိန်းကလေးတွေတင် မဟုတ် ယောက်ျားလေးတွေလည်းသုံးလို့ရပါတယ်…။ ထိပ်က Brush Head ကိုတော့ သုံးလ တစ်ခါ လဲနိုင်ရင်ပိုကောင်းပါတယ်…။ အဲဒီ Brush Head အပိုလေးတွေကိုလည်း Sephora မှာပဲဝယ်လို့ရပါတယ်…။
ကိုယ်နှစ်သက်တဲ့ ပစ္စည်းမျိုး၊ ကိုယ်တိုင် သုံးကြည့်လို့အဆင်ပြေတဲ့ ပစ္စည်းမျိုးကို ကိုယ် ချစ်သူ ခင်သူတွေပါ သုံးစွဲစေချင်တဲ့ စေတနာနဲ့ဒီပိုစ့်ကို ရေးသား မျှဝေပါတယ်။


Foot Note -
Sephora မှာ တစ်ခုကို စလုံး ၂၁၅ ပါ... ယူအက်စ်ကနေ မှာလိုက်တာ (သူငယ်ချင်း ၃ ယောက် အတွက် ၃ စုံ) Tax ရော Postage ရော ဒီမှာ Tax နဲ့ GST ပေးရတာနဲ့ရော Paya Lebar Post Office မှာ သွားရွေးရတာနဲ့ရော... တခုကို ၂၈၀ လောက် ကျသွားတယ်... ဒီတော့ စလုံးမှာဆို ဟိုကို လှမ်းမှာမနေပဲ ဒီမှာ ၀ယ်တာက ကိုယ့်ဆီ ပစ္စည်းလည်း ချက်ချင်းရောက် ချက်ချင်း သုံးရတာပေါ့။ သူ့ Website မှာ ရေးထားတဲ့ $150 ဆိုတာက US$ ပါ...။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...