Tuesday, October 8, 2013
သူတစ်ပါးကို အားကိုးတတ်တဲ့ အကျင့်ဆိုးတွေကို ကုစားဖို့ အတွက် နည်း
January 18, 2013 at 5:58pm
သူတစ်ပါးကို အားကိုးတတ်တဲ့ အကျင့်ဆိုးတွေကို ကုစားဖို့ အတွက် နည်းလေးတွေ ရှိပါတယ် ။
၁။ မိမိမှာ ပြည့်စုံတဲ့ အရည်ချင်းတွေရှိလာအောင် လေ့ကျင့်ပါ ။
၂။ မည်သည့်အရာကို မဆို ငါလုပ်ကို လုပ်နိုင်ရမယ်ဆိုတဲ့ စိတ်ဓာတ်ကို မွေးမြူပါ။
၃။ လေ့လာဆည်းပူးသင့်သော ပညာရပ်များ ၊ ဆရာသမားများထံတွင် ရိုးကျိုးစွာလေ့လာဆည်းပူးပါ။
၎။ အားကိုးခြင်းနဲ့ သင်ယူခြင်းကို ခွဲခြားသိမြင်တတ်ပါ။
၅။ ကျူးလွန်မိတဲ့ မကောင်းမှုတွေကို ကြိုးစားပြီး မေ့လိုက်ပြီး၊ မကျူးလွန်ရသေးတဲ့ မကောင်းမှုကို
 မကျူးလွန်မိအောင် ကြိုးစားပါ။
၆။ ကိုယ်ရည်ရွယ်ချက်ပန်းတိုင်ကို ကိုယ်တိုင်သေချာ ရွေးချယ်ပါ ။
၇။ အလုပ်တစ်ခုကို စွဲစွဲမြဲမြဲ လုပ်ဆောင်တတ်သော အလေ့ကျင့်ကို မွေးမြူပါ။
၈။ စာအုပ် စာပေကောင်းတွေဟာ တိုးတက်နေသူတွေ ရဲ့ အရင်းနှီးလက်နက်ကောင်း တစ်ခုဆိုတာကို
 အသိစိတ်ထဲမှာ မှတ်သားပြီး စာဖတ်တဲ့ အလေ့ကျင့် မွေးမြူပါ။
၉။မိမိကိုယ်ကို လေးစားနိုင်မှုကို တည်ဆောက်နိုင်အောင်ကြိုးစားပါ။
ဒီအချက်လေးတွေကို စနစ်တကျလေ့လာ မွေးမြူမယ်ဆိုရင်၊ အနာဂတ်နေ့ရက်တိုင်းမှာ သင်ဟာ
 မိမိကိုယ်ကို ကိုးကွယ်အားကိုး တတ်လာပါလိမ့်မယ် ။
မိမိကိုယ်ကို ကိုးကွယ်တတ်ဖို့ဆိုတာ သူတစ်ပါးဆီက အတင်းတောင်းလို့မရသလို၊ ငွေနဲ့
မိမိသန္တာန်မှာ အမြဲတမ်း ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိဖို့သာ အဓိက ကျပါတယ် ။
ကြိုးစားအားထုတ်မှုတွေနဲ့ ကျင့်ကြံနေထိုင်မယ်ဆိုရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ
 တိုးပွားလာမယ်ဆိုတာ ဧကန်မုချပါပဲ ။
သူတစ်ပါးကို အကူညီတောင်းချင်စိတ်တွေ သူတစ်ပါးအပေါ် အားကိုးချင်စိတ်တွေ ကိုးကွယ်လိုတဲ့
 စိတ်ဆန္ဒတွေ ဖြစ်လာပြီဆိုတာနဲ့၊ မိမိကိုယ်သာ ကိုးကွယ်ရာဆိုတဲ့ အသိလေးကို ချက်ချင်းပြန်ခေါ်ပါ ။
ပါးစပ်ကနေပါ ထုတ်ရွတ်ဆိုခြင်းဖြင့် စိတ်ဓာတ်တွေကို ပြန်လည်မြှင့်တင်ပေးပါ ။
ဘာပဲလုပ်လုပ် ငါလုပ်ကို လုပ်နိုင်ရမယ်ဆိုတဲ့ တိကျတဲ့ ဆုံးဖြတ်ချက်ချထားပါ ။
ယုံကြည်ချက် ခိုင်မာမယ် ၊ ဇွဲလုံ့လရှိမယ်ဆိုရင် မဖြစ်ဘူးဆိုတာ မရှိသလောက်ရှားပါတယ် ။
ကြိုးစားမှုရဲ့ ရလာဒ်ဖြစ်တဲ့ ပန်းတိုင်ကို မလွဲဧကန် ရရှိပိုင်ဆိုင်ရမှာ ဖြစ်ပါတယ် ။
ဘ၀ရှိရင် ဒုက္ခဆိုတာလည်း ရှိနေဦးမှာပါပဲ။
ဒုက္ခဆိုတာကို ထိုင်တွေးငိုင်ဆွေး မနေဘဲ သတ္တိရှိရှိ ရင်ဆိုင်ဖြေရှင်းခြင်းဟာ အကောင်းဆုံး
 နည်းလမ်းတစ်ခုပါပဲ။
အခက်ခဲတွေကို ဖြေရှင်းအောင်မြင်နိုင်လေလေ၊ မိမိကိုယ်ကို ယုံကြည်မှုတွေ တိုးလေလေပါပဲ။
“ယခင်မကောင်းခဲ့လို့ ယခုမကောင်း၊ ယခု ထပ်မကောင်းလျှင် နောင် သည့်ထက်ဆိုးမည်သာ”
 ဆိုတဲ့စကားလေးထဲကလို၊
မကောင်းခြင်းတွေ မကောင်းတဲ့ အကျင့်တွေ သံသရာ မရှည်စေဖို့ ယခုချိန်ကစပြီး ကောင်းတဲ့
 အကျင့်ခံယူချက်လေးတွေကို ပြောင်းလဲ ပြင်ဆင်လိုက်ပါ။
" သံသရာမှ ထွက်မြောက်အောင် မည်သူမျှ မည်သူ့ကို မကယ်နိုင်ပါ "ဆိုတဲ့ အချက်ကို သတိမူ
 မှတ်သားဆင်ခြင်ကာ၊ မိမိကိုယ်ကိုယ်ကို အားကိုးရာဖြစ်အောင် ကိုယ်စီကိုယ်ငှ ကျင့်ဆောင်ကြိုး
စားနိုင်ကြပါစေ။ “ယခင်ကောင်းလို့ ယခု ကောင်းပါသည်၊ ယခုကောင်းလို့ နောင် ကောင်းပါလိမ့်မည်။”
ဆိုသည့် ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး၏ အဆုံးအမအတိုင်း၊
ယခုအချိန်ထဲက စတင်ပြီး " မိမိသည်သာ မိမိ၏ ကိုးစားရာ ဖြစ်၏ " ဆိုတဲ့ စိတ်ကို၊
ကိုယ့်ရင်ထဲမှာ ကိုယ့်နှလုံးသားထဲမှာ ကိုယ့်အသိဥာဏ်ထဲမှာ စွဲမြဲစွာ မှတ်သားပြီး၊
ရခဲလှတဲ့ လူ့ဘ၀မှာ မိမိကိုယ်ကို အားကိုးသူတွေ အဖြစ် ကြိုးစားနေထိုင်သွားကြပါစို့
0 comments:
Post a Comment
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...