စိတ်နေသဘောထားက ခေါင်းဆောင်မှုအပေါ်ဘယ်လို ရိုက်ခတ်သလဲ အပိုင်း (၇)
Yangon Media Group's status.
နဂိုမှန်အဆို (၄)- အလုပ်အစမှာရှိနေတဲ့ ကျွန်တော်တို့ရဲ့စိတ် သဘောထားတွေ က
အခြားအချင်းအရာတွေ ထက် နောက်ဆုံး ရလာဒ်အပေါ် အကျိုးသက်ရောက်မှု ပိုရှိတယ်။
မာကျောလှတဲ့ပြိုင်ဘက်အသင်းနဲ့ယှ ဉ်ပြိုင်ဖို့အတွက် ကစားပွဲမစခင်မှာ ကိုယ့်အသင်းရဲ့စိတ်သဘော ထားတွေမှန်မှန်ကန်ကန်ရှိနေဖို့ အရေးကြီးလှတာကို နည်းပြတွေကနားလည်ကြတယ်။ခွဲစိတ်မှုမပြုခင်မှာ ကိုယ့် ရဲ့လူနာတွေစိတ်ပိုင်းဆိုင်ရာအဆင်သင့်ဖြစ်နေပြီးတာကို
ခွဲစိတ်ဆရာဝန်တွေ ကမြင်လိုကြတယ်။အလုပ်လျှောက် တဲ့အခါ အလား အလာ ရှိတဲ့
အလုပ်ရှင်က ကိုယ့်မှာရှိတဲ့ ကျွမ်းကျင်မှုဆိုတာမျှ တင်မကဘဲ ကိုယ့်ဆီက
လိုချင်တယ်ဆိုတာအလုပ်ရှာ သူတွေသိကြတယ်။ အများပြည်သူရှေ့ဟောပြောတဲ့သူဟာ
သူစကားမပြောခင် သူ့ ကိုအထောက်အကူပြုမယ့် ဝန်းကျင်အနေအထားဖြစ်စေချင် တယ်။
အဲဒါဘာဖြစ်လို့ဆိုတော့ ကနဦးအစမှာရှိတဲ့ မှန်ကန်တဲ့ စိတ်သဘောထားက အဆုံးမှာ
အောင်မြင်မှုကို အာမခံနိုင်လို့ဖြစ်ပါတယ်။
အစကောင်းမှ အနှောင်း သေချာဆိုတဲ့စကားပုံလိုပဲပေါ့။
စီမံကိန်း အများ စုဟာ မစခင်က တည်းက ကျရှုံး ဒါမှမဟုတ်အောင်မြင်ပြီး သားဖြစ်နေတတ်ပါတယ်။ လူရွယ်တောင်တက် သမားတစ်ယောက်နဲ့ အတွေ့အကြုံရှိတဲ့ လမ်းညွှန်တစ်ယောက် ဆီးရတ်စ်မှာရှိတဲ့ တောင်တစ်လုံး ရဲ့တောင်ထွတ် အငူကိုတက်နေကြတယ်။အဲဒီလိုနဲ့ တစ်ရက် မနက်စောစော မှာ အက်ကွဲသံ ကြီးတစ်ခုကြောင့် လူရွယ်လေးလန့်နိုးလာတယ်။သူက ကမ္ဘာတော့ပျက်တော့ မယ်ဗျလို့ အသေအချာပြောချ လိုက်တယ်။ လမ်းညွှန်အဖော်က ဒီလိုတုန့်ပြန်တယ်။
`ဒါကမ္ဘာပျက်တာမဟုတ်ဘူး။ နေ့သစ်အစ အရုဏ်ဦးတစ်ခု သာဖြစ်ပါတယ်`။
ဆောင်းပါးအပြည့်အစုံသို့=>http://goo.gl/jSpcio
မာကျောလှတဲ့ပြိုင်ဘက်အသင်းနဲ့ယှ

0 comments:
Post a Comment