ပုံပျက်သွားတဲ့ ရိုးသားမှု
တစ်ခါက အာရပ်ကုန်သည် တစ်ဦးတွင် သန်မာလှပသော မြင်းတစ်ကောင်ရှိသည်။ ထိုမြင်းသည် တစ်နေ့အတွင်း မိုင်ပေါင်းများစွာခရီးတွင်
တစ်နေ့တွင် ဒုတိယကုန်သည်မှာ မြင်းပိုင်ရှင်အား ကုလားအုတ်နှင့်မြင်း လဲလှယ်ရန် စကားကမ်းလှမ်းခဲ့သည်။ မြင်းပိုင်ရှင်က ငြင်းဆန်ခဲ့သည်။ ကုန်သည်က ဤမြင်းအား ရှိသမျှစည်းစိမ်နှင့်လဲမည်ဟ
တစ်နေ့တွင် သူသည် အဝတ်အစား စုတ်စုတ်ပြတ်ပြတ်ဝတ်ဆင်လျှက
မြင်းပိုင်ရှင်က “ ကောင်းပြီလေ... မြင်းကို ခင်ဗျားပိုင်သွားပါပြီ... ဒါပေမယ့် ခင်ဗျားထွက် မသွားခင် ကျွန်တော်စကားတစ်ခွန်း ပြောချင်သေးတယ်။ ဒီစကားကို ခင်ဗျား သေချာမှတ်ထားပေးပါ”
“ မြင်းကို ကျွန်တော်ပိုင်ပြီပဲ... တစ်ခွန်းမကဘူး..ခင်ဗျားကြို
“ တကယ်လို့ လူတွေက ဒီမြင်းကို ခင်ဗျားဘယ်လိုရခဲ့သလဲလို့ မေးလာရင် အဖြစ်မှန်ကို မပြောပါနဲ့..ဒီစကားကို မှတ်ထားပေးပါ”
“ဘာလို့လဲ...”
“ဒီမြင်းကို ဘယ်လိုရခဲ့တယ်ဆိုတဲ့အကြောင်
မြင်းပိုင်ရှင်၏ ထိုစကားကို ကြားသောအခါ ဒုတိယကုန်သည်မှာ တခဏမျှ ဆွံအသွားခဲ့သည်။ ထို့နောက် ရှက်ရွံ့အားနာစွာနှင့် မြင်းပေါ်မှ ချက်ချင်းဆင်းကာ မြင်းပိုင်ရှင်အား တောင်းပန်လေသည်။
“ရမ္မက်လောဘနဲ့ လိုချင်တပ်မက်တဲ့ စိတ်က ကျွန်တော်ရဲ့ဂုဏ်သိက္ခာနဲ့ ရိုးသားမှုကို ပုံပျက်အောင်လုပ်ခဲ့မိတယ်။ အရှက်တရားနဲ့ နောင်တတွေ ရလိုက်ပါတယ်။ ခင်ဗျားရဲ့ မြင်းကို ပြန်ယူပါ... ကျွန်တော့်ကို ခွင့်လွှတ်ပါဗျာ”
နိုင်းနိုင်းစနေ ဘာသာပြန်သည် (Monday, April 23, 2007)
0 comments:
Post a Comment